Pages

Wednesday, August 31, 2011

Harley ဆိုင်ကယ်ရှိုး(သို့) blogger တို့အတွက် အိမ်မက်ရဲ့လက်ဆောင်

HARLEY ဆိုင်ကယ်ရှိုးပွဲကို ၂၀၁၁ ဂျူလိုင်လမှာ ကျင်းပခဲ့တာပါ.. ကျင်းပတဲ့မြို့ကတော့ FRANKFURT (GERMANY) ဖြစ်ပြီး လမ်းပေါ်မှာ ဆိုင်ကယ်စီး သူရဲကောင်းတွေနဲ့ အလွန်ကို ကြည့်လို့ကောင်းနေခဲ့တာပါ.. ရှိုးဖွင့်ချိန်မှာ ဆိုင်ကယ်အစီးပေါင်း ရာကျော်ဟာ လမ်းမကြီးတစ်လျှောက်လှည့်လည် မောင်းနှင်ပြသခဲ့ပါတယ်..HARLEY တံဆိပ် ဝတ်စုံကိုယ်စီ ဆိုင်ကယ်မျိုးပေါင်းစုံ ဒီဇိုင်းပေါင်းစုံနဲ့ ယောက်ျား မိန်းမ အားလုံးတို့ဟာ လမ်းမကြီးတစ်လျှောက်ပြည့်နှက်လို့ နေပါတယ်..လုံခြုံရေးအတွက်ကိုတော့ FRANKFURT POLIZEI မှ ဆိုင်ကယ် ကိုယ်စီ ဖြင့် စောင့်ကြပ်ပေးနေခဲ့ပါတယ်.. ဆိုင်ကယ် ကို CRAZY ဖြစ်သူများအတွက်တော့ အင်မတန်မှ စိတ်ကျေနပ်စရာကောင်းတဲ့ ရှိုးပွဲတစ်ခု အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်..

Harley ဆိုင်းဘုတ်နဲ့ အဝင်ဝ မြင်ကွင်း

ရှိုးပွဲကျင်းပရာ အဆောက်အဦး


ဘာကောင်ပါလိမ့်.......ဒါကြီးက


ဒီဆိုင်ကယ်လေးက မဒမ်ကိုးတို့ စုံတွဲအတွက် လက်ဆောင်


ကိုချင်းလေး အတွက် ချစ်သူနဲ့ တစ်ယောက်တစ်စီး အဖြူနဲ့ အမည်း


ဆိုင်ကယ် အိတ်ဇော အသေးဆုံးတောင် ယူရိုထောင်ကျော်တယ် သူများတစ်လလုပ်စာနီးနီး :(


ဒီဆိုင်ကယ်လေးက လုံးလုံးလေး နော်..


ဒီအဖြူရောင်လေးက အဖြူရောင်နတ်သမီးအတွက်..( နတ်သမီးကိုဆိုင်ကယ်စီးခိုင်းလို့ စိတ်ဆိုးမလား မသိ ဟိ)


မိုက်တယ်နော်... ကောင်းကင်ကိုပေးမယ် အိုကေ


အနီရောင် ဘယ်သူကြိုက်လဲမသိ....


ကိုထွဍ် အတွက် လက်ဆောင် ဟီး မကြိုက်ရင်ပြောနော် လဲပေးမယ်..


ရှရွန် နှင်းစီ အတွက် ဒီတခါ မြန်မာ နိုင်ငံပြန်ရင် စီးသွားဖို့..ဟဲ ဟဲ


Angelhling အတွက် အဝါရောင်ကြိုက်တက်လားမသိ..


ဟီး ဒါက T T Sweet အတွက် မီးရဲ့ လက်ဆောင်နော်..အရပ်မှီ လား တီတီ ... :p


အနီးကပ်


တက်တူးပုံစံ ဆိုင်ကယ် ထိုင်ခုံ



ဆုရထားတာတဲ့ ဘာဆုလဲတော့သိဘူး..


အရိုးခေါင်းပုံ


လိမ္မော်ရောင်က ပြောင်စပ်စပ်ကြီးလားလို့ ..လှဘူးနော် မိုက်တော့မိုက်တယ်


ဘယ်နေရာထိုင်ရမှာ ပါလိမ့်.... ဒုက္ခပဲ



မမမယ်ကိုး နဲ့ ညီမလေး တစ်ယောက်တစ်စီး ( များများစီးရင် အရပ်ရှည်လာမယ်ထင်တယ်နော်...)


အစ်မ သမီးစံ ဒါလေးစီးရင် ပိုမိုက်သွားမှာနော်....


ကို 8 Yar အတွက် ပါ..


မမ jasmine ဒါလေးကြိုက်လား.. ခါးသေးရင်သိမ် ဆိုတာ ဒါများလားမသိ


မမ မြသွေးနီအတွက် တစ်စီး အမျိုးသားအတွက်တစ်စီးလို့..အိမ်မက်ရဲ့လက်ဆောင်( လူကြီးကို နောက်လိုက်ဦးမယ် ဟိ ဟိ)



အစိမ်းရောင် ကြိုက်တဲ့ ချော ( အစိမ်းရောင်လွင်ပြင်) အတွက်....



နှစ်ယောက်ထိုင်လား တစ်ယောက်ထိုင်လား..



ဒါလေးက ချစ်စရာလေး...


အပျင်းပြေ ဖတ်ရအောင် blogger တို့ရဲ့ နာမည်လေးတွေ တွဲထည့်လိုက်တာပါ... စိတ်မဆိုးကြပါနဲ့နော်.. အိမ်မက် က ချစ်လို့ စတာပါလို့..

( တကူးတက ဓါတ်ပုံသွားရိုက်ပေးပြီး bluetooth နဲ့ ပြန်ပို့ပေးတဲ့ ကောင်းကင်ကို ကျေးကျေးပါရှင်..)



အားလုံးပျော်ရွင်ပါစေ

အိမ်မက်စေရာ

Sunday, August 28, 2011

Blog Day ( Tag Post)





Blog Day..........
Blog day.............


ဒီတစ်ခေါက်လဲ အစ်ကို ကိုချင်း tag ထားလို့ ရေးဖြစ်တယ်လေ.. blog စရေးတဲ့ အချိန်ကနေ ဒီနေ့အထိ tag လုပ်ပေးတဲ့သူဆိုလို့ အဟုတ် လက်ချိုးရေတွက် ကြည့်လို့ အစ်ကို ချင်း တစ်ယောက်ပဲ ရှိတာပါ . ဒါကြောင့် ပထမဆုံး အစ်ကိုချင်း chinmg.blogspot.com ကျေးဇူးတင်ကြောင်းလေး ပြောပါရစေ.
Blog day ဆိုတာ Aug 31 မှာ ကျရောက်တဲ့ အမှတ်တရနေ့လေးတစ်နေ့ပါ.. အထိမ်းအမှတ်အနေနဲ့ blogger တွေက blog အသစ် ၅ ခုကို စာဖတ်သူတွေ blogger တွေနဲ့ မိတ်ဆက်ပေးရတာပါ.. တဲ့
ဟုတ်ကဲ့ နံပါတ်တစ်က တော့ အိမ်မက်စေရာ ကျွန်မပါပဲ.. ၂၀၁၁ ဇန်နဝါရီလထဲ မှာ blog လောကထဲကို စဝင်ဖြစ်ခဲ့တာမို့ အသစ်ဆိုလဲဟုတ် အစိမ်းသက်သက် ဆိုလဲ ဟုတ်ပါတယ်..
blog လေး ဘယ်လိုဖြစ်လာလဲ ဆိုတော့.. သူများတွေ blog ရေးကြတာ အင်မတန်မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်လေးတွေနဲ့ပါ.. blog တော်တော်များများကို ဖတ်ကြည့်လိုက်ရင်ဖြင့် အားလုံးနီးပါးဟာ သုတ ရသ ..တွေ ဟာသ ရယ်ရွှင်စရာစေလေးတွေ အသိပညာ တွေ.. နူးညံ့တဲ့ စိတ်ခံစားမှုလေးတွေ ပေးနိုင်ကြတာ ချည်းပါပဲ..ဒါပေမယ့် အဲ့ဒီအထဲမှာ အိမ်မက်စေရာ မပါဘူး ထင်ပါရဲ့ .. :p


ဒီ Blog လေးကို စတင်ဖို့ အတွက် အဓိက တွန်းအားဖြစ်စေခဲ့တဲ့ blog လေးတစ်ခု ရှိပါတယ်.. အဲ့ဒါကတော့ မမမယ်ကိုး maecoe.blogspot.com ရဲ့ blog လေးပါပဲ.. ဘာကြောင့် စာရေးဖြစ်တာလဲ ဆိုရင် စိတ်ညစ်လို့ပါလို့ ပြောရမလိုပါ... တကယ်တော့ စိတ်ဓါတ်အရမ်းကျ နေတဲ့ အချိန်မှာ စတင်ပြီးတော့ စာရေးဖြစ်ခဲ့တာပါ.. ဘယ်သူမှ အားပေးမယ့်သူ မရှိသလို ဘယ်သူမှ ကူညီမယ့်သူ မရှိပဲ blog ကို တိတ်တိတ်လေး စတင်ဖြစ်ခဲ့တာပါ..မမမယ်ကိုးရေးတဲ့ အင်မတန်အနှစ်ပါတဲ့ စလေးတွေဖတ်ရင်းနဲ့ တစ်ယောက်ထဲ အရာရာကို ကြိတ်မှိတ်ခံစားနေမယ့်အစား စာရေးရင်းနဲ့ စိတ်ဖြေမယ် .. စိတ်အပြောင်းအလဲ လေးလုပ်မယ် ..လို့ စဉ်စားမိတယ်.. ငယ်ငယ်ကထဲက စာရေး ကဗျာရေးတော့ အရမ်းကို စိတ်ဝင်စားခဲ့တာပါ.. ပါရမီမပါသလို အရည်အချင်းလဲ မရှိလေတော့ စာကောင်းတစ်ပုဒ်ဖြစ်အောင်တော့ မရေးတက်ခဲ့ပါ. ဒါပေမယ့် စာရေးချင်တဲ့ စိတ်ကလေးနဲ့ ခြေထောက်သုံးချောင်းပါတဲ့ စားပွဲလို အနားမညီတဲ့ အိမ်မက်စေရာ ဆိုတဲ့ blog လေး ဖြစ်လာခဲ့တာပါ..

တိတ်တိတ်လေး ဟိုရေး ဒီရေး လုပ်နေရင်းက blgger တစ်ချို့ စတင် သထိတားဖို့ ဖြစ်လာခဲ့တာကလဲ မမမယ်ကိုးရဲ့ ကျေးဇူး ပါ. ဖေဖေါ်ဝါရီလမှာ ကျရောက်တဲ့ အိမ်မက်ရဲ့မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် သူ့ရဲ့ ဘလော့ဒ်မှာ post လေးတစ်ခုရေးပေးပြီး အိမ်မက်စေရာ link လေးကို အားလုံးစီကို အရောက်ပို့ပေးခဲ့တာပါ..
မမမယ်ကိုး အရမ်းကျေးဇူးတင်ကြောင်း ထပ်ပြီးပြောပါရစေ မမ....

ရောက်ဖြစ်တဲ့ Blog တွေကတော့ အများကြီးပါပဲ. . ဟင်းမချက်တက်တဲ့သူတွေအတွက် အဆင်ပြေပြီး ဖော်ရွေတဲ့ တီတီဆွိရဲ့ blog
သဘောကောင်းတဲ့ ကိုချင်း
အတက်ပညာတဲ့ ပါတက်တဲ့ ကိုထွဍ္ဍ် ရဲ့ Blog
ပြီး ဗဟုသုတတွေ မျှဝေပေးတဲ့ အစိမ်းရောင်လွင်ပြင်
ညီမလေး ဝက်ဝံလေး (ခုစာတွေ သိပ်မရးတော့ပါ)
စာရေးကောင်းတဲ့ နိုင်းနိုင်းစနေ
လပြည့်ရိပ်
Rose of sharon
အဖြူရောင်နတ်သမီး.... ဆက်ရေးရင် ဆံ့မှာ မဟုတ်တော့ပါဘူး.. အားတဲ့ အခါတိုင်းရောက်ဖြစ်တယ်ဆိုတဲ့အကြောင်းလေးပြောပါရစေ..နဲနဲ ရှည်သွားပြီထင်တယ်နော် Blog အသစ် ၅ခု က ခုနက တစ်ခုပြောပြီးသွားပြီ.. ကျန်တဲ့ စာရေးကောင်းတဲ့ သူတွေကတော့..
ဂငယ်၏လွယ်အိတ် 3rdalphabet.blogspot.com
ချက်လေး chatlay.blogspot.com
ပူးပူး su-lay.blogspot.com
မေသိမ့်သိမ့်ကျော် maytheint2kyaw.com


ကဲ နောက်ဆုံးအနေနေ့ ကျရောက်လာတဲ့ BLOG DAY နေ့ လေးမှာ စားရေးသူ Blogger အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ပြီး စာတွေအများ ရေးနိုင်ကြပါစေ လို့...........

မေတ္တာဖြင့်
အိမ်မက်စေရာ

Thursday, August 25, 2011

ဆင်ကြီးရဲ့ အံ့သြစရာ အနုပညာ


ကျွန်မတို့ ကရင်လူမျိုးများ ဆင်ကို ဘယ်လို လေ့ကျင့် သင်ကြားထားပေးလဲ တော့မသိပါ.. ဆင်ကြီး ကိုယ်တိုင်လဲ အနုပညာ ဝါသနာများ ပါလာလေသလား.. ကျွန်မ ကိုယ်တိုင်က မျဉ်းဖြောင့်တောင် ကောင်းကောင်းမဆွဲတက်လေတော့ ပန်းချီဆွဲတဲ့ ဆင်ကို မြင်တဲ့အခါ ကျွန်မမှာ ပါးစပ်အဟောင်းသား.. အော် လောက မှာ မဖြစ်နိုင်တာ မရှိဘူးဆိုတာကိုပဲ သရုပ်ပြသွားလေသလား မသိတော့ပါ....... ? ? ? ? ? ? ? ?










ဓါတ်ပုံကို forward mail က ယူပါတယ်.....






Wednesday, August 24, 2011

ပါရာစီတမောလ် နဲ့ ပက်ပစီ





တကယ်တန်းရေးနေတာ တခြားအကြောင်းအရာပါ.. connection အခက်အခဲ ကြောင့် ပုံတွေ download မရတာနဲ့ သူများရေးထားတဲ့ ပို့စ်လေးကို ဗဟုသုတ အဖြစ် ပြန်share ပေးလိုက်ပါတယ်..သိတဲ့သူတွေလဲ သိပြီးသားဖြစ်မှာပါ မသိသေးတဲ့ သူတွေအတွက်လဲ အကျိုးရှိမှာပါ.. သတိထားလို့ ရအောင်ပါ



ပါရာစီတမောလ် နဲ့ ပက်ပစီ

အားလုံးသိအောင်ဖော်ပြပေးလိုက်ပါ
တယ်။ အားလုံးသတိထားနိုင်အောင်လို့ ပါ။
ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ အပျော်ထွက်-ဈေးဝယ်လာ
တာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။ လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့
အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း
သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင်
တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ့တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့သေဆုံးသွား
ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။ ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား
တစ်ယောက်လည်းဆုံးပါးသွားပါပြီ။ သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး) နဲနဲကြာတော့ရင်တွေပူလွန်းလို့ ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို့ ဆေးရုံကိုပို့လိုက်ရပါတယ်။
အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။ အရင်ဆုံးကြားရတဲ့သတင်းကတော့
ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။ ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ
တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့
ပါဘူး။ နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။ အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို့ တစ်ယောက်သိ
ရင်တစ်ယောက်အသက်ကိုကယ်တင်ရာရောက်ပါတယ်။ဘလော့တွေအားလုံးကဖြစ်ဖြစ် ပြန့်ပွားအောင်
သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။ လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ။ တစ်ယောက်အားနဲ့မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။ သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။
ဆိုဒ်တစ်ဆိုဒ်ကတွေ့လို့မျှဝေလိုက်တာပါ (မိုးကောင်း)



Monday, August 22, 2011

ရာသီ ကဗျာ


ကျောင်းတက်စဉ်တုန်းက အတန်းထဲက ဆရာမက ရာသီဥတု အကြောင်းသင်တော့ မှတ်မိလွယ်အောင် ကဗျာလေးတစ်ပုဒ်သင်ပေးလိုက်တယ်.. တကယ်တော့ သူ့သမီးလေးရဲ့ စာအုပ်ထဲက ကလေး ကဗျာလေးပါ..
အားလုံးပျော်ပျော်ပါးပါးလိုက်ဆိုကြရင်း အမှတ်တရဖြစ်ခဲ့ရတဲ့ ကဗျာလေး..

WETTER (ရာသီဥတု)

Es war eine mutter
( တစ်ခါက အမေတစ်ယောက် ရှိတယ်)
Die hatte vier kinder.
( ကလေး လေးယောက်ရှိတယ် တဲ့)
Den Frühling( နွေဦး)
Den Sommer (နွေ)
Den Herbs(မိုး ) နဲ့
Den Winter( ဆောင်း) တဲ့
Der Frühling bringt blumen(နွေဦးက ပန်းကလေးတွေကို သယ်ဆောင်လာတယ်)
Der Sommer bringt klee( နွေက ရွက်ကြွေတွေကို သယ်ဆောင်တယ်)
Der Herbs der bringt trauben( မိုးကတော့ စပျစ်ကို သယ်ဆောင်ပြီး)
Der Winter bringt schnee( ဆောင်းက နှင်းကို သယ်ဆောင်တယ်) တဲ့....

ချစ်စရာကောင်းတဲ့ ကဗျာလေး ပါ.. သတိထားမိမယ်ဆိုရင် Den .. ရယ် Der ရယ် နှစ်မျိုးတွေ့ရပါလိမ့်မယ်.. Article ပါ.. Sommer ချင်းအတူတူကို Article ကပြောင်းသွားတာမျိုးပါ.. တကယ် တော့ စာကြောင်းတည်ဆောက်ပုံကြောင့်ဖြစ်ပါတယ်.. ဂျာမန် သဒ္ဒါက အင်မတန်မှကို မျက်နှာများတာပါ... article လဲ များပြီး verb ကို အခြေခံပြီးလဲ လိုက်ပြောင်းတက်ပါသေးတယ်....ဒါကြောင့် ဂျာမန်သဒ္ဒါကို ကြိုက်ပါဘူးကွယ်.. ခေါင်းမူးတယ်...

Thursday, August 11, 2011

နေ့ရက်အချို့ နှင့်



ကောင်းကင်ပေါ်မှာ ကြယ်တစ်ချို့နဲ့ လတစ်စင်းရှိလေရဲ့
အိပ်မပျော်တဲ့ ညတွေမှာ သူတို့က ကိုယ့်ရဲ့အဖော်တဲ့
လက်တွေ့ဆန်တဲ့ ဘဝထဲမှာတော့ ချစ်သူကကိုယ့်ရဲ့အဖော်ပေါ့


စိတ်ကူးယဉ်မဟုတ်တဲ့ တကယ့်နေ့ရက်တွေမှာ
ပင်ပန်းကြီးစွာနဲ့ အချိန်တွေကိုဖြတ်ကျော်ဖူးပါရဲ့
အဲ့ဒီ အချိန်မှာလဲ မျက်ရည်က ကိုယ့်အတွက်အဖော်တဲ့

သင်ခန်းစာတွေမကုန်ဆုံးနိုင်တဲ့ ပတ်ဝန်းကျင်မှာထဲမှာတော့

မကြာခဏရန်ဖြစ်ဖူးတဲ့ အချစ်ဆုံးသူက ကိုယ့်ရဲ့အဖော်ပေါ့............



အိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ ယန္တယားဆိုလို့

လက်နှစ်ဖက်ကလွဲရင် ဘာဆိုဘာမှ မရှိတဲ့ ကိုယ်က
အနားမှာအမြဲရှိနေတက်သူအတွက်ဆိုရင်
တရားမျှတမှုရှိရဲ့လားလို့ တွေးမိတဲ့အခါ
ကုန်ဆုံးခဲ့တဲ့ သူ့ရဲ့အတိတ်အတွက် သူ့အစားကိုယ်နှမြောမိတယ်...


ပြန်လည်ပေးဆပ်ဖို့ဆိုရင်လဲ ဘာမှနားမလည်တဲ့မျက်လုံးနှစ်လုံးနဲ့

ပုံမှန်မလည်ပတ်တဲ့ ခပ်တုံးတုံးခေါင်းတစ်လုံးပဲရှိတာမို့ ....
တစ်ချို့ သောညတွေမှာ ဆွဲဆောင်မှုမရှိတဲ့ အနမ်းတွေအတွက်တော့ အိပ်ပျက်မခံပါနဲ့တော့ ချစ်သူ....

Wednesday, August 3, 2011

Cats cats ...modell

ကြောင်လေးတွေ ချစ်ဖို့ကောင်းလွန်းလို့ပါ....