Pages

Sunday, October 30, 2011

Vampire Woman

Vampire Woman ( ကြောက်တက်သူများ ပုံ မကြည့်ပါနှင့်)


အသက် ၃၅ နှစ်ရှိတဲ့ Mexico သူ Maria Joes Cristerna ဟာ သူမကိုယ်သူမ vampire တစ်ကောင်အဖြစ် ခံယူထား သူဖြစ်ပါတယ်..
သူမဟာ တက်တူး ဝါသနာရှင်တစ်ဦး ဖြစ်သလို တက်တူးကို ရူးသွပ်သူတစ်ဦးဖြစ်တယ်.. သူမရဲ့ ခန္ဓာကိုယ်ပေါ်တော့ ၁၀၀% ပြည့် တက်တူးများကို ထိုးထားပါတယ်..ဒါ့အပြင် သူမရဲ့ နဖူးပေါ်မှာလဲ titanium နဲ့ပြုလုပ်ထားတဲ့ ဂျိုနှစ်ခုကို အသားထဲမြုပ်၍ တပ်ဆင်ထားပါတယ်..ချွန်ထက်တဲ့ တိရစ္ဆာန် အစွယ်နှစ်ချောင်းကိုလဲ သွားရဲ့ ထောင့်နေရာ တစ်ဖက်တစ်ချက်စီမှာ တပ်ဆင်ထားပါသေးတယ်..သူမရဲ့ အသွင်ကို သွေးစုပ်ဖုတ်ကောင်ကဲ့သို့ အသွင်ပြောင်းထားသော်လည်း လက်တွေ့ဘဝမှာတော့ သာမန်လူတစ်ဦးရဲ့ဘဝ ကဲ့သို့သာ နေထိုင်ရသူပါ.. သူမရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ပြုလုပ်ထားသောအရာများဟာ သူမအတွက် ရဲစွမ်းသတ္တိနှင့် ခွန်အားကို ရရှိတယ်လို့ ဆိုပါတယ်..ဒါတွေအာလုံးကို ထုံဆေးအသုံးမပြုပဲ တပ်ဆင်ထားခဲ့တာပါလို့ လဲ သူမက ဆိုပါတယ်..သူမရဲ့ဦးခေါင်းပေါ်မှာ ဘာကြောင့်ဂျိုတပ်ဆင်ထားရသလဲဆိုရင် ငယ်စဉ်ကထဲက သူမဟာ vampire များကို ရူးသွယ်စွဲလန်းသူတစ်ဦးဖြစ်ခဲ့လို့ပါပဲ..ဒါကြောင့် သူမရဲ့ ခန္ဓာကိုယ်ကို သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ပြောင်းလဲ ယုံမက မျက်လုံးအရောင်ကိုပါ သူမလိုချင်တဲ့ vampire မျက်လုံးကဲ့သို့ ပြောင်းလဲ ခဲ့ပါတယ်..အခုထက်ထိတော့ သူမရဲ့ ပြောင်းလဲ မှုတွေအားလုံး မပြည့်စုံသေးပါဘူး လို့ သူမက ဆိုပါတယ်..နောက်ထပ်ဂျိုများကိုလဲ သူမရဲ့ ဦးခေါင်းအနောက်ဖက်မှာ ထပ်မံထည့်သွင်းချင်ပါသေးတယ် ဟုဆိုပါသေးတယ်..
တက်တူးဆိုတာ ခန္ဓာကိုယ်မှာ ထာဝရ တည်ရှိနိုင်မယ့် အရာတွေဖြစ်ပြီး ဖြစ်နိုင်မယ်ဆိုရင်တော့ သေဆုံးခြင်းဆိုတာ မရှိတဲ့ သွေးစုပ်ဖုတ်ကောင်အစစ် ကဲ့သို့ ဖြစ်ချင်ပြီး သူမရဲ့ အသက်ဝိဥာဉ်ကို တစ်ပါးသူတစ်ဦးရဲ့ခန္ဓာကိုယ်နဲ့ ဆက်လက်အသက်ရှင်သွားနိုင်တဲ့ ဘဝကို ရလိုကြောင်း.... ကို သူမရဲ့ vampire အဖြစ်ခံယူပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်..

အိမ်မက်စေရာ


Maria Jose Cristerna, Mexico 'Vampire Woman,' အား ဘာသာပြန်သည်..
ကြောက်တက်ရင် အောက်က ပုံတွေ မကြည့်နဲ့နော်......!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!





တကယ့် vampire တောင်သူ့လောက် ရုပ်ဆိုးမှာ မဟုတ်ဘူး..း( လေဒယ်


ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး

သူ့ကြည့်ပြီး vampire တောင်လန့်သွားမယ့် ..ဘယ့်နှယ်ဟာကြီးတုန်းဆိုပြီး


တစ်နေကုန်ထိုင်ပြီး အစိမ့်စိမ့်ကြည့် ... ဖိုးကာ သီချင်းက သူ့တွက်ထင်တယ်နော်.. အဟီး

Tuesday, October 25, 2011

ကံကောင်းတဲ့သူတွေတော့ နှစ်ယောက်တွဲတောင် ယူကုန်ပြီ..


wichai အမည်ရှိတဲ့ အသက်၂၄ နှစ်အရွယ် ထိုင်းလူငယ်လေးတစ်ဦးဟာ Samut Songkram လို့ခေါ်တဲ့ ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်နည်တစ်ခုမှာ နေပါတယ်..သူဟာ ရှေးဟောင်းပစ္စည်းများ ဝယ်ရောင်းလုပ်တဲ့ လုပ်ငန်းတဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သာမာန်လူငယ်တစ်ဦးဖြစ်ပါတယ်..သူ့ရဲ့ဘဝကို ပုံမှန်လည်ပတ်သွားလာနေရင်းကနေ သူဟာ လက်ထပ်ဖို့ စဉ်းစားလာခဲ့တယ်..လက်ထပ်တာဟာ သာမာန် သမရိုးကျကိစ္စတစ်ခုပါ..ဒါပေမယ့် wichai ကတော့ တစ်မူထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်..
အဲ့ဒါကတော့...
အမွှာညီမနှစ်ဦးကို တစ်ပြိုင်ထဲ လက်ထပ်ဖို့ ပါပဲ..


wichai က သူမတို့ နှစ်ဦးစလုံးကို ညီမျှတဲ့ မေတ္တာစစ်နဲ့ ချစ်တယ်လို့ ဆိုပါတယ်..ဒါ့အပြင် အိမ်ထောင့်တာဝန်တွေ ထမ်းဆောင်ဖို့ကို လဲ သူဟာ အခက်အခဲ မရှိပါဘူးလို့..ဆိုပါတယ်..
wichai က ထိုအမွှာညီမ နှစ်ဦးစလုံးကို ရွှေ ၈ ကျပ်သား နဲ့ ထိုင်းဘတ်ငွေ ရှစ်သောင်း ဖြင့် တင်တောင်းခဲ့ပါတယ်.
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့မှာ တော့ wichai ဟာ သူ့ရဲ့ သတို့သမီး နှစ်ဦးဖြစ်တဲ့ Ms Sirintara and Ms Thipawan တို့ နှင့် လက်ထပ်ပွဲကို ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းများဖြင့် ပျော်ပျော် ရွှင်ရွင်ဆင်နွှဲခဲ့ပါတယ်..


wichai နဲ့ သူမတို့ နှစ်ဦးဟာ ငယ်စဉ်ကထဲမှ အိမ်နီးနားချင်း များဖြစ်ကြပြီး သူငယ်ချင်းကောင်းများလဲ ဖြစ်ကြပါတယ်.ဒါပေမယ့် wichai ဟာ တစ်ယောက်ယောက်ကို ပိုပြီး နှစ်သက်တာမျိုးမရှိခဲ့ပါဘူး..ဒါကြောင့်လဲ wichai ဟာ အရွယ်ရောက်လာတဲ့ အခါမှာ နှစ်ဦးစလုံးကို ချစ်ခွင့်ပန်ဖို့ ဆုံးဖြစ်ခဲ့ပါတယ်..ကံကောင်းတဲ့ wichai လို့ပဲ ဆိုရမလို ထိုအမွှာညီမ နှစ်ဦးစလုံးကလဲ wichai ကို ပြန်လည်မေတ္တာတုန့်ပြန်ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..


မင်္ဂလာပွဲ အပြီးမှာတော wichai က သူ့ရဲ့ မိသားစုအိမ်မှာ ပဲ အတူတူနေဖို့ ဆုံးစီစဉ်ခဲ့ပါတယ်..ပျော်ရွှင်နေတဲ့ wichai ရဲ့ မိခင်ကတော့ သူမရဲ့ သားအတွက် အိပ်ခန်း နှစ်ခန်း စီစဉ်ပေးခဲ့ပါတယ်..
wichai ရဲ့အစီအစဉ်ကတော့ တနင်္လာကနေ ဗုဒ္ဓဟူး နေ့အထိကို Ms Thipawan နဲ့ အိပ်ပြီး ကြာသာပတေးမှ စနေထိကိုတော့ Ms Sirinatara နဲ့ အိပ်မှာ ဖြစ်ပါတယ်..အဲ တနင်္ဂနွေနေ့ကို သုံးဦးသားအတူတူ ကုတင်တစ်လုံးမှာ စုအိပ်ကြမှာ ဖြစ်ပါတယ် လို့..wichai က ပြည်နယ် သတင်းစာတစ်စောင်ကို ပြောပြခဲ့ပါတယ်..

Thai-Man-Gets-Away-With-Marrying-Twin-Sisters သတင်းအား အဆင်ပြေသလိုဘာသာပြန်ထားပါသည်..

ချစ်တဲ့
အိမ်မက်စေရာ

Thursday, October 20, 2011

ဂျာမနီမှ Mandalay Buddha ဆင်းတုတော်



မနှစ်က My Zeil ဆိုတဲ့ ကုန်တိုက်မှာ တွေ့ခဲ့တာပါ..
Germany , Frankfurt မှာ ပါပဲ..
တခြား ဆင်းတုတော်( အသုံးအနှုန်းမှား ရင်ပြင်ပေးပါ အိမ်မက်မခေါ်တက်လို့ပါ) တွေလဲ တွေ့ခဲ့တယ် တခြားနိုင်ငံတွေက ပေါ့.. ထိုင်း တို့ နီပေါလ် အိန္ဒိယ စသဖြင့်ပေါ့..

ကုန်တိုက်မှာပြထားတာပါ.. အဲ့ဒီကုန်တိုက်က အထူးအဆန်းတွေ တခါတလေ ပြလေ့ရှိတယ်..ဆင်းတုတော်တွေရှိတဲ့နေရာတွေကိုတော့ နယ်မြေကန့်သတ်ထားတယ် ခြေနဲ့ မနင်းရဘူး ဆိုပြီးလေ..ခပ်လှမ်းလှမ်းက လှမ်းကြည့်ပေါ့..

တစ်ခုပြောချင်တာလေ အိမ်မက် ဘုရားဆင်းတုတော်ခေါင်းတွေတွေ့ခဲ့တယ်..ဓါတ်ပုံတော့ မရိုက်မိခဲ့ဘူး..ထိုင်းနိုင်ငံကပါ..အခု ဒီဘက်နိုင်ငံတွေမှာ ဆင်းတုတော်ခေါင်း တွေကို အလှထားကြတာ အရမ်းခေတ်စားနေတယ်..အိမ်မက်တော့ ဒါ မကောင်းဘူးလို့ထင်တယ်.. အလှထားစရာမှ မဟုတ်တာနော်..အိမ်မက် မိတ်ဆွေတစ်ယောက်လုပ်တဲ့ စားသောက်ဆိုင်မှာ ဆိုရင် ဘုရားဆင်းတုတော်ခေါင်းအကြီးကြီး ကို အပေါက်ဝမှာ ချထားတယ်တဲ့.. ထိုင်းဘုရားလို့ သူတို့ပြောတာပဲ..

ဒီ့အပြင်လဲ တခြားစားသောက်ဆိုင်တွေမှာလဲ တွေ့ဖူးတယ်.. အဝင်အဝတို့ အလှပစ္စည်းထားတဲ့နေရာတွေတို့မှာ ဒီလိုဆင်းတုတော်ခေါင်းတွေ အလှထားထားကြတယ်..အိမ်မက်က ဗုဒွဘာသာ( ဓ အသေးလေး keyboard မှာ ရှာမတွေ့လို့)မဟုတ်ပေမယ့် ဗုဒွဘာသာထွန်းကားတဲ့ တိုင်းပြည်မှာ ကြီးပြင်းလာတာဆိုတော့ မျက်လုံးထဲမှာ မသင့်တော်ဘူးလို့ မြင်သလို စိတ်မကောင်းလဲ ဖြစ်ရတယ်..

ဆင်းတုတော်တွေမှမဟုတ်ဘူး.. အိမ်မက်တို့ အထွတ်အမြတ်ထားတက်တဲ့ လက်ဝါးကပ်တိုင်ပုံ ခရစ်တော်ပုံတော်တွေ ဆိုလဲ ဒီလိုပါပဲ.. သူတို့ လုပ်ချင်သလိုလုပ်နေတာ.
အရမ်းဝမ်းနည်းတာတစ်ခုက အခုဆို လူတွေက လက်ဝါးကပ်တိုင်ပုံကို တက်တူးအဖြစ် ကျောတွေ လက်တွေ ရင်ဘက် တွေ.. စတဲ့ လူ့ခနွာကိုယ်ပေါ်မှာ အသုံးပြုအလှဆင်နေကြတာလေ..
ဒါတွေဟာ မကောင်းတဲ့ အပြုအမူလို့ပဲ အိမ်မက်မြင်တယ်..
ယဉ်ကျေးမှု မရှိတာ က တော်တော်.. ကိုးကွယ်ယုံကြည်မှု မရှိဘူးဆိုရင်တော့ လူလို့တောင်မခေါ်ထိုက်ဘူးလို့ပဲထင်တယ်...

တစ်ရက် အလုပ်က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း အိမ်မက်က ဘုရားကျောင်းသွားတက်တဲ့အကြောင်းပြောပြတော့ ..နင်ဘာသွားလုပ်တာလဲလို့ မေးတယ်..နင်က ငယ်သေးတယ် ဒါတွေ မလိုပါဘူးတဲ့.. ဘုရားကျောင်းဆိုတာ အသက်ကြီးတဲ့သူတွေ အချိန်ပိုနေလို့ သွားကြတာ တဲ့..ဝမ်းနည်းစရာကောင်းလိုက်တာနော်
အိမ်မက်တို့ တိုင်းပြည်မှာ ဘယ်ဘာသာဝင်မဆို လူကြီး လူလတ် ကလေး မကျန် ကိုယ့်ဘာသာကို သက်ဝင်ယုံကြည် ပြီး ကိုင်းရှိုင်းကြတာများ သူတို့ကို ခေါ်သွားပြချင်လိုက်တာ..

တစ်ချို့ ကမေးတက်သေးတယ်.. Do you like Religion ..ဆိုတာမျိုးလေ
သူတို့ နားလည်အောင်ဘယ်လိုရှင်းပြရပါ့မလဲ.. အိမ်မက်တို့က ဘာသာရေးကို နှစ်သက်လို့ ကျင့်စဉ်လို လုပ်နေကြတာမျိုးမှ မဟုတ်ကြတာ..ကိုယ်ကိုးကွယ်တဲ့ ဘုရားအပေါ်ယုံကြည်သက်ဝင်ပြီး မှ ကျင့်ကြံ နေထိုင်မှုပုံစံက သူ့အလိုလို ဖြစ်သွားတာပါ..


သြော်တခါတလေ တော့လဲ တွေးမိတယ်..
ဘုရားဆိုတာ မရှိဘူး..
ဘာသာရေး ဆိုတာ မလိုအပ်ဘူး..
ကိုယ်လုပ်မှ ကိုယ်စားရမှာ ဆိုတဲ့ အသိခေါက်ခက် အဝင်နက်နေတဲ့ ဒီလိုလူစားမျိုးတွေ အများအပြားရှိတဲ့ နေရာမျိုးမှာ အသက်ရှင်နေရတာလဲ ဒုက္ခတစ်မျိုးပါလား လို့.........း(

အိမ်မက်စေရာ

( မှတ်ချက်..အသုံးမှားတာရှိရင်မေတ္တာနဲ့ ပြင်ပေးစေလိုပါတယ်..ဗုဒွ ရေးတဲ့ အသေးလေး ဘယ်နားမှာ ရှိလဲ ဆိုတာလေးလဲ ပြောပေးပါဦးနော်..)


Wednesday, October 19, 2011

ချစ်သူငယ်ချင်းအတွက်မင်္ဂလာလက်ဖွဲ့

ချစ်သူငယ်ချင်းရေ ..
နင်ကတော့ ချစ်သူနဲ့ ရွှေလက်တွဲဖို့ အရေးကြိုးစားပမ်းစား ပြင်ဆင်နေတယ်ပေါ့..ဝမ်းသာပါတယ်သူငယ်ချင်းရယ် စိတ်မကောင်းတာတစ်ခုက ငါနင့်မင်္ဂလာပွဲမှာ ရှိမနေနိုင်တာကိုပါ..

ချစ်သူငယ်ချင်းရေ..
မှတ်မိသေးလား ငါတို့အိမ်ရှေ့က ကျောင်းကိုလေ.. ငါက ဆယ်တန်းအထိ တက်ခဲ့ပေမယ့် နင်က တော့ ၈ တန်းမှာ ကျောင်းပြောင်းသွားတယ်.. ကောင်မလေးတွေတိုင်းသဘောကျတက်တဲ့နင့်ကို ငါကြည့်မရပေမယ့် ငါ့သူငယ်ချင်းကတော့ နင့်ရည်းစားဖြစ်သွားသေးတယ်..
နင်နဲ့ သူပြတ်သွားတာ ငါ့မယောဂမကင်းဘူးလို့ တစ်ချို့ပြောကြပေမယ့် ငါက တော့ ငါ့လိပ်ပြာငါသန့် တယ် ..နင်လဲ ဒီလိုပဲမို့ ငါတို့တွေ အခင်အမင်မပြတ်ခဲ့ဘူးနော်..

တက္ကသိုလ်မှာလဲ မေဂျာမတူပေမယ့် ငါတို့ သူငယ်ချင်းတွေ အမြဲမခွဲပဲ တတွဲတွဲ ရှိနေတယ်နော်.. ကျောင်းသားရေးရာ ကန်န်တင်းကို မှတ်မိသေးရဲ့လား.နင်က နင့်ကောင်မလေးနဲ့ အတူတူ ထိုင်တိုင်း ငါတို့တွေမကျေမချမ်းဖြစ်ကြသေးတယ်..ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်နင်က အားလုံးထဲမှာ ပေါ်ပြူလာပဲ ပေါ့..း)

နင့်ရဲ့အရှုပ်ထုပ်တွေကြားထဲမှာ ငါက အမြဲကန့်လန့် ကန့်လန့် ဝင်လုပ်တက်တယ်.. နင်လဲငါ့ကို တစ်ခါတစ်လေခုတုံးလုပ်တယ်.. ဒါပေမယ့်ငါတို့ အခင်အမင်မပြတ်ခဲ့ဘူးရယ်နော်..

ဒုတိယနှစ်ရောက်တော့ အရမ်းလှတဲ့ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးနဲ့ နင့်ကို ငါအောင်သွယ်ပေးခဲ့တာလေ..မရမကကို ငါ အောင်သွယ်ခဲ့လို့ နင်တို့ ချစ်သူတွေ ဖြစ်ခဲ့ကြသေးတယ်.. သူက သိပ်ချစ်ပြီး နင်ကမချစ်လို့ နင်တို့ လမ်းခွဲခဲ့ကြပြန်ရော.. ငါနင့်ကို စိတ်တိုလိုက်တာလေ ဘာပဲဖြစ်ဖြစ်နင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတော့ဖြစ်နေဆဲပါနော်..

အဲ့ဒီလိုနဲ့ နင်နဲ့ အဝေးဆုံးကို ငါရောက်သွားလဲ သံယောဇဉ်တွေပြတ်သွားတယ်လို့မရှိပဲ နားလည်နေကြတုန်း..
ရုတ်တရက်ဆိုသလို နင်ငါ့ကို အဆက်အသွယ်ဖြတ်ခဲ့တယ်..
မှတ်မှတ်ရရ မိခင်များနေ့က ပေါ့ ..
ငါနင့်ညီလေး နဲ့တောင် အဲ့ဒီနေ့က စကားပြောခဲ့သေးတယ်.. ငါတို့နှစ်ယောက်စောင့်နေလဲ နင်ရောက်မလာခဲ့ဘူးရယ်....

နောက်ဆုံးတော့ မှ ငါသိရတာက နင့်ကောင်မလေးကမကြိုက်လို့တဲ့...
စိတ်မကောင်းပါဘူး လို့ ပြောယုံကလွဲ ငါဘာပြောရမလဲ သူငယ်ချင်းရယ်..
ငါတို့ သူငယ်ချင်းသံယောဇဉ် နှစ်ပေါင်းအများကြီး ရှည်ကြာခဲ့တာ..မိန်းကလေး တစ်ယောက်အတွက်နဲ့ သူငယ်ချင်းကို မမေ့တက်တာ ငါအသိ..

ခုတော့ နင်ပြောင်းလဲသွားပြီ နော်..
ဒါပေမယ့် ငါနားလည်ပါတယ်.. နင့်ရဲ့ဘဝလက်တွဲဖော်လေ နော်..
အပျော်တွဲတဲ့ ချစ်သူရည်းစားမဟုတ်ဘူးရယ်.. နင် သူ့အပေါ်အလေးအနက်ထားတာ ငါဝမ်းသာပါတယ်..
သစ္စာမတည် ဖောက်ပြန်တက်တဲ့ ယောက်ျားတွေထဲ ငါ့သူငယ်ချင်းနင်မပါဘူးရယ်ဆိုတာ ငါသေချာနေမှတော့ နင်ငါ့ကို အဆက်အသွယ်ဖြတ်လဲ ငါဝမ်းမနည်းပါဘူး...နင့်ရဲ့မင်္ဂလာပွဲအတွက် ငါတို့ရဲ့ သူငယ်ချင်းမေတ္တာကို လက်ဖွဲ့လို့ သဘောထားပါတယ်..နင်ဇနီးလောင်းလေး ကြည်ဖြူပါစေကွယ်...

နေကောင်းလား ဆိုတဲ့အမေးကို လဲ ပြန်မဖြေတော့..
အဆင်ပြေလားဆိုတာ လဲ အကြောင်းမကြားတက်တော့..
နင့်ကို သတိရတာတောင် အိမ်ဖုန်းကို ငါမခေါ်ခဲ့ဘူး.. နင်ချစ်သူလေး မျက်နှာညိုမှာစိုးလို့
နင့်ရဲ့သာယာပျော်ရွှင်မှုတွေ မပျက်စီးစေလို့
နင်ပြောပြောတက်တဲ့ နင့်ရဲ့ အချစ်အိမ်လေး ငါကြောင့် ပြိုပျက်သွားမှာစိုးလို့...

သူငယ်ချင်းရယ်..

ငါတို့ဟာ အချစ်ဆုံးသူငယ်ချင်းပါ ဆိုတာကို ဒီနေ့က စ မေ့ပစ်လို့..
နင့်ဘဝ နေ့သစ်တွေကို ချစ်သူနဲ့ အတူတူ လျှောက်လှမ်းလို့..
နင့်အနာဂတ်မှာ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့စာရင်းကို ပယ်ဖျက်လိုက်စမ်းပါ...
ငါကျေကျေနပ်နပ် နဲ့ လက်ခုပ်တီးနေမှာပါ...

ငါ့အတွက်တော့ နင်ဟာ အမြဲတမ်း အချစ်ဆုံးသူငယ်ချင်းပါ..
သူငယ်ချင်းဆိုတာဟာ ဘဝအစိတ်အပိုင်းတစ်ခုမှာ တစ်ကြိမ်တစ်ခါရှိခဲ့ဖူးလဲ .. တစ်သက်တာလုံးအမှတ်တရ ရှိနေမယ့် အရိပ်တစ်ခုဆိုတာ နင်နားလည်မယ်ဆိုရင်

ငါတို့ရဲ့သူငယ်ချင်းမေတ္တာကို နင့်အတွက်မင်္ဂလာလက်ဖွဲ့ပေးမယ် နင့်ချစ်သူလေး ကျေနပ်စေကွယ်....
(အိမ်မက်စေရာ)


( နောက်ဆုံးလက်ကျန်မကောင်းစိတ်နဲ့ နင့်ဓါတ်ပုံပါထည့်ထားတယ် မကျေနပ်လေဖြတ် ပဲ )



Sunday, October 16, 2011

ကြီးကြီးလား သေးသေးလား (သို့) ကား

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အိမ်မက် ၉ တန်းနှစ်လောက်တုန်းကပါ.
အိမ်ကို နိုင်ငံခြားဧည့်သည်တွေ လာလည်ပါတယ်.. ဂျာမနီကပါ ..
ဘယ်သူတွေလဲဆိုတော့ အိမ်မက် အစ်ကိုတစ်ဝမ်းကွဲ ရဲ့ ရည်းစားမိသားစုပါ..သူတို့လာလည်တော့ မြေနီကုန်းမှာ နေတဲ့ အသိမိတ်ဆွေတွေက အိမ်မက်တို့ အိမ်ကိုလိုက်ပို့ပေးပါတယ်.. ရောက်လာတာက ညနေပိုင်းပေါ့..မိသားစုက သုံးယောက်ပါ..
သူတို့ကို လာပို့တဲ့ကားက ပါဂျဲရိုးထင်တယ် သေချာတော့ မမှတ်မိတော့ဘူး.. ဒါပေမယ့် ကားကြီးမျိုးပဲ အမြင့်ပေါ့နော်.သူတို့မိသားစုက အရပ်တော်တော်ရှည်ကြတယ် ထွားလဲ ထွားတယ်..သူ့သမီး အစ်ကို့ရည်းစားက ဒူးတော်တော် ရှည်ပါတယ်..နဲနဲပိန်တယ်ပေါ့ ..အဲ့ဒီတုန်းက အစ်ကိုနဲ့ သူက ရည်းစားပေါ့ အခုတော့ပြတ်သွားပြီ
ဘာလို့ပြတ်သွားတာလဲလို့မေးတော့ အစ်ကို ဘာဖြေတယ်မှတ်လဲ...
အဲ့ဒီကောင်မလေးက ဒူးအရမ်းရှည်လို့တဲ့း) .. ပြော ပြောချင်ဘူး လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနော် ယောက်ျားတွေများ..း)..

သူတို့လာလည်တော့ အဲ့ဒီကားအကြီးကြီးနဲ့ပေါ့. .ဆင်းတော့ သမီးက အရင်ဆင်းတယ်.. ဒူးက ရှည်တော့ ခြေထောက်ကိုထုတ် ခါးကိုကုန်းပြီးဆင်းတယ်... အရပ်ကကလန်ကလားရယ်..ပြီး အမေကဆင်းတယ် အမေက နဲနဲဝတော့ ကြိုးစားပမ်းစားဆင်းရတယ်..ပြီးတော့ အဖေ ဆင်းတယ်.. ခြေထောက်လဲ ရှည် အရပ်ကမြင့် လူကနဲနဲဝ ဆိုတော့ ကားအပေါ်မိုးနဲ့ မလွတ်တော့ ခေါင်းဆောင့်ပါလေရော .. ဒုတ်)))) အာရား))))
(ခေါင်းဆောင့်မိလို့ ထွက်တဲ့အသံနဲ့ သူအော်တဲ့အသံပါ)...း)

အဲ့ဒီနောက်ပိုင်း အိမ်မက်ထင်လိုက်တာက အော် အနောက်တိုင်းသားဆို အကောင်အကြီးကြီးတွေချည်းပဲပေါ့ အင်း သူတို့ စီးတဲ့ကားဆို လဲ အကြီးကြီးမှ ရမှာလို့..

အဲ ဂျာမနီလဲရောက်ရော အထင်နဲ့ အမြင်တက်တက်စင်အောင်လွဲပါလေရော..လူကောင်ထွားတဲ့လူ ရှိသလို ညှက်တဲ့သူတွေလဲ ရှိတာပါပဲ ..ထားတော့ အိမ်မက် အဓိကပြောချင်တာက ကား.. သူတို့စီးတဲ့ကား..

အိမ်မက်သိသလောက် အမေရိကန်မှာတော့ ကိုယ်ပိုင်ကားမရှိတဲ့လူ မရှိသလောက်ပဲထင်တယ်နော်.. ဂျာမနီမှာတော့ လမ်းပန်းဆက်သွယ်ရေးက ရထားနဲ့ဆိုပိုအဆင်ပြေတယ်..ကိုယ်ပိုင်ရှိတာကောင်းပါတယ်..ဒါပေမယ့် သိတဲ့အတိုင်းပဲ ကားဆိုတော့ ဈေးကြီးတယ်ပေါ့ ..ပြီးတော့ အခွန် ..ကားကြီးရင်လဲ အခွန်ပိုပေးရတယ်တဲ့
ပြီးတော့ ဟိုင်းဝေးလမ်းအတွက် အခွန်...
အာမခံ ကြေး..
ကားဆီ
နောက် ကားပါကင်လဲ ဈေးကြီးတယ်..( အလုပ်က လူတစ်ချို့ frankfurt လာမယ်ဆို ကားကို အလုပ်မှာထား ရထားစီးပြီးလာ ပြန်မှ အလုပ်မှာ ကားဝင်ယူတယ် ကဲ) အဲ့လို
နောက် ဘာတွေရှိသေးလဲ မသိဘူး အိမ်မက်က ကိုယ်ပိုင်ကားမရှိတော့ သေချာတော့မသိဘူး .. ခန့်မှန်းခြေသိသလောက် ပြောတာ.. ဒါကြောင့် ဒီမှာ လူတွေကားဝယ်ရင် ကားအသေးဝယ်ကြတယ်.. မိသားစုနဲ့မနေကြတာလဲပါတယ်.. တစ်ယောက်ထဲသမား.. လင်မယား/သမီးရည်းစား ဒါမျိုးပဲဆိုတော့ ကားအသေးဆိုပိုအဆင်ပြေတယ်လေ..သက်သာတယ်ပေါ့..

အဲ့ဒါကြောင့်ပြောတာပေါ့ အထင်နဲ့ အမြင်လွဲတယ်ဆိုတာ မြန်မာနိုင်ငံမှာ ကားမဝယ်ဘူးဆို မဝယ်ဘူး.. ဝယ်ရင်လဲ မိသားစုစီးလောက်တာမျိုးဝယ်ကြတာဆိုတော့.ဒီမှာလို တံခါးတစ်ပေါက်လေးတွေ တစ်ပေါက်ခွဲလေးတွေမရှိဘူး..
အဲ သူတို့ကတော့ ဝယ်တယ် ဒါပေမယ့် ပိစိလေးတွေလေ ကားနဲ့မတူပဲ ဆော့စရာနဲ့ပဲတူနေတာ...

အောက်က ပုံလေးတွေ ကြည့် ကြည့်ပါဦး..











ချစ်ဖို့တော့ကောင်းပါတယ် စီးဖို့တော့ ကျဉ်းကျဉ်း ကြုတ်ကြုတ် ရယ်...နော့

( အိမ်မက် ခုတလော ပျောက်လိုက်ပေါ်လိုက်ဖြစ်နေတာ အလုပ်ကြောင့်ပါ မနက်ပိုင်းဆင်းရတဲ့အပတ်တွေအားပေမယ့် ညနေပိုင်းဆိုတော့ မအားတော့ဘူး ဒါကြောင့်မောင်နှမတွေစီမရောက်ဖြစ်တာပါ သတိတရလာလည်ကြတဲ့သူများ အားလုံးကို အာဘွားပါနော်..)
မမ မဒမ်ကိုး
ကိုချင်း
မ ချော
မမ ဂျက်စ်မင်း
မေသိမ့်
ပျောက်နေတဲ့ မမ မမယ်ကိုး
ကန်န်ဒီ
ကို ၈ ယား)
မ သမီးစံ( ထင်တာက အိမ်မက်ထက် ငယ်မလားလို့ ဟီး)
ကိုဘုန်း
လပြည့်ရိပ် ( ပို့စ်ရေးပေးလို့ ကျေးဇူးပါနော်)
မဖော( ရှရွန်)
မရှင်လေး
အိန်ဂျယ်လိုင်း( လှိုင်)

အားလုံးကို အာဘွားပါ.. မရောက်ဖြစ် မနှုတ်ဆက်ဖြစ်ပေမယ့် အမြဲသတိရနေတယ်နော်..
ချစ်တဲ့
အိမ်မက်စေရာ

Monday, October 3, 2011

To Church.......... ..........

အိမ်မက်နေလို့မကောင်းပါ.. ဖျားတာတော့မဟုတ်ပါဘူး..ဒါပေမယ့် ဘယ်ဘက်မျက်လုံးထောင့်က ရဲပြီးယောင်နေတာ..အစကသိပ်မသိသာဘူး နာလာလို့ ကြည့်လိုက်မှ ယောင်နေတာ တွေ့တယ်လေ..ခုတော့ အောက်မျက်ခမ်းတစ်ခုလုံးယောင်နေပြီး မျက်တောင်ခပ်တိုင်း အောင့်အောင့် ပြီး နာနေတော့တာပဲ..တစ်ခုခုကို စူးစိုက်ပြီးကြည့်ရင် ပိုဆိုးပါတယ်..အရမ်းနာတယ်..အဲ့ဒီအနာကြီးနဲ့ပဲ အိမ်မက်မနေ့က ဘုရားကျောင်းတော့ သွားလိုက်ပါသေးတယ်..ပြီးတော့ စာလဲ နဲနဲရေးချင်တာနဲ့ပဲ အဲ့ဒါ နာတဲ့ကြားက စာရေးပါဦးမယ်..

............................................

ဒီတစ်ပါတ် တနင်္လာနေ့က ရုံးပိတ်ရက်ဖြစ်လို့ အိမ်မက် နှစ်ရက်ဆက်တိုက်အားပါတယ်..ဒါနဲ့ အမေ့ဆီဖုန်းဆက်ပြီး အမေဘုရားကျောင်းသွားရင် သမီးလိုက်မယ်လို့ ပြောလိုက်တယ်..အမေက တော်တော်ကိုဝမ်းသာသွားတာပါ..ဘာဖြစ်လို့လဲ ဆိုရင် အိမ်မက် ဒီရောက်ပြီးကထဲက ဘုရားကျောင်းတစ်ခါမှ မရောက်သေးလို့လေ..အရှေ့ပိုင်းမှာနေတုန်းကတော့ တစ်ခါသွားဖူးတယ် နိုင်ငံခြားသားတွေ ဦးစီးတဲ့ ကျောင်း.. ဒီ frankfurt ကိုရောက်တော့ မသွားဖြစ်သေးဘူး.
မသွားဖြစ်သေးဘူးဆိုတာ ဒီလိုလေ..ဒီကိုစရောက်တော့ ခရစ်ယာန်တွေ ဘုရားရှိခိုးရင် အိမ်တွေမှာပဲ ဆုရှိခိုးဖြစ်တယ် ဘုရားကျောင်းသီးသန့်မရှိဘူး ပေါ့ ..ဘာလို့လဲ ဆိုတော့ နေရာအခက်အခဲ နဲ့ ငွေကြေးအခက်အခဲ ကြောင့်ပါ..ဘုန်းကြီးကျောင်းဆိုလဲ ဒီလိုပါပဲ..အရင်က တစ်ကျောင်း နောက်တော့ ဖျက်သိမ်းလိုက်တယ်ကြားတယ် ..ခုတော့ အသစ်တစ်နေရာမှာ တဲ့.. အမှန်တိုင်းပြောရရင် လူတွေလဲ မညီကြတော့ တစ်ဖွဲ့ တွေ နှစ်ဖွဲ့တွေဖြစ်ကုန်ကြတာလေ. အိမ်မက်တို့လဲ ဒီလိုပါပဲ အခုမှ ဝိုင်းဝန်းမတည်ပြီး ဘုရားကျောင်းလေး တစ်ခု ငှားလိုက်တယ်.. အချိန်က ၁၂း၃၀ ကနေ ၀၃း၀၀ နာရီထိ..
တခြားအချိန်တွေက တခြားလူမျိုးတွေအတွက် ဝတ်ပြုချိန်ပေါ့.. ဂျာမန် .အင်္ဂလိပ်.. တခြားလူမျိုးအသီးသီးပေါ့


ဒါနဲ့ အိမ်မက် တနင်္ဂနွေနေ့က အိမ်ကနေနဲနဲ စောထွက်ခဲ့တယ် တစ်ခါမှမရောက်ဖူးသေးဘူးဆိုတော့ ဒါနဲ့ အမေပြောသလို u bahn ( underground bahn) စီးတယ် ဂိတ်ဆုံးအထိဆိုတော့ အိုကေပေါ့..
အမေဖုန်းဆက်တယ် ဘယ်ရောက်ပြီလဲ ဆိုတော့ ဘူတာရုံကြီးမှာလို့.. ဆက်စီးတယ်.. ၂၅ မိနစ်လောက်နေတော့အမေ ထပ်ဆက်တယ် . သမီး အဲ့ဒီဘက်မဟုတ်ဘူး ..တဲ့
သေရော အိမ်မက်စီးလာတာ ဂိတ်ဆုံးဖို့ ၃ မှတ်တိုင်ပဲ လိုတော့တယ်.. အဲ့ဒါနဲ့ပြန်ဆင်းရောက်တဲ့နေရာကနေ ပြောင်းပြန်ပြန်စီး တစ်ဘက်ဂိတ်ဆုံးအထိ..စဉ်းစားသာကြည့် အိမ်ကစောထွက်လာလို့ တော်သေးတာ..အိမ်မက် အမေလို့မပြောရဘူး နဲနဲ လွဲလိုက်မှ..ဒါပေမယ့် ဒီတစ်ခါသူလွဲတာ အိမ်မက်တော်တော်ခံရတာ..လူကိုခေါက်တုန့်ခေါက်ပြန်ရထားစီးခိုင်းတယ်လို့..
သမီးရယ် sorry ပဲ အမေဂိတ်ဆုံးကစောင့်နေမယ်နော်တဲ့..အင်း ပေါ့
ဂိတ်ဆုံးရောက်တော့ အိမ်မက် အရှေ့ဘက်သွားရမလား အနောက်ဘက်သွားရမလားမသိ..ရထားက အရှည်ကြီး သိတဲ့အတိုင်း ဘူတာမှာအပေါက် အနဲဆုံး အရှေ့တစ်ပေါက် အနောက်တစ်ပေါက် ရှိတာ..တော်သေးတာက မြန်မာ သုံး လေး ယောက်တွေ့လို့ သူတို့နောက်လိုက်ပြီးလျှောက်သွားတာ..အရှေ့ဘက်ကို အပေါက်ကိုရောက်မှ အံမယ် အမေရယ်လေ သူ့သမီးကို စောင့်နေတာ ဘယ်မှာထင်လို့လဲ ကားဂိတ်မှာလေ.. အပင်အောက်နားမှာ
ဒီဘက်မှာ နေပူလို့ ဟိုဘက်ကစောင့်တာ ဟုတ်ပါတယ် ဒါပေမယ့် ကြိုပြောပေါ့နော် ခုတော့ အိမ်မက်မှာ အရှေ့လိုလို အနောက်လိုလိုနဲ့ အိမ်မက်ထင်တာ ဂိတ်ဆုံးတာနဲ့ အမေ့ကိုတွေ့မယ်ထင်တာ ခုတော့ဟုတ်ဖူး . သူ့စီရောက်ဖို့ ကားလမ်းတစ်ဖက်ကူး လမ်းနဲနဲ လျှောက်ရသေးတယ်.
အနားရောက်တော့ သူ့သမီးကိုလက်လေးဆွဲ ဘုရားကျောင်းကို အမြန်ချီတက်တော့တာပဲ ..

ဘုရားကျောင်းရောက်တော့ အားလုံးက အိမ်မက် ဝိုင်းပြီး ကြိုဆိုကြတယ် ဝမ်းသားစရာပါ..အဒေါ်ကတော့ ရောက်နှင့်နေပြီ.. နာမည်တွေ ဘာတွေမေးကြ မိတ်ဆက်ကြနဲ့.. တစ်အောင့်လောက်နေတော့ အစီအစဉ်စပါတယ်..မြန်မာနိုင်ငံက ဘုရားကျောင်းများလို အကြီးကြီးလို့ အိမ်မက်ထင်ထားတာ မဟုတ်ပါဘူး.. သာမာန်အခန်းတစ်ခုပါပဲ.. ဒါက ဘာကို ပြလဲ ဆိုရင် ဒီနိုင်ငံမှာ ဘုရားကို ယုံကြည်တဲ့သူနည်းသလို ရှိတဲ့သူတွေကလဲ ဝတ်ပြုတယ်ဆိုတာ မရှိသလောက်ပါပဲ..တည့်တည့်လေးပြောရရင် ဒီနိုင်ငံဟာ ဘုရားမဲ့ တိုင်းပြည်တစ်ခုလိုပါပဲ.. ဒါပေမယ့် အိမ်မက်စိတ်ချမ်းသာပါတယ် ဘုရားကျောင်းက မကြီးပေမယ့် မသေးပါဘူး.. လူသိပ်မများပေမယ့် ရှိတဲ့လူလေးတွေ စည်းစည်းလုံးလုံးရှိကြတယ်..
အစီအစဉ်အစမှာ ဆုတောင်းတယ် ပြီးတော့ အားလုံးမတ်တပ်ရပ်ပြီး ဘုရားသီချင်းဆိုတဲ့အခါမှာ အိမ်မက်မျက်ရည်ကျခဲ့တယ် .. ဒါဟာ နောင်တမျက်ရည်ပါ.. အိမ်မက် ငွေနောက် ကိုယ့်အတ္တနောက် လိုက်ပြီး ကိုယ့်ဆန္ဒအတိုင်း အသက်ရှင်နေတာ ဘယ်လောက်ကြာပြီလဲ .. ဘုရားမေ့ တရားမေ့.. ဘုရားကျောင်းနဲ့ဝေး အိပ်ခါနီးဆုတောင်းတာတောင် ပုံမှန်မလုပ်ဖြစ်ဘူး.. ဘယ်လောက်များ ကျရှုံးနေတဲ့ အသက်တာလဲ လို့ စဉ်းစားပြီး ဝမ်းနည်းခဲ့မိတယ်..

ဒီနေ့ ဘုရားကျောင်းကိုလာခဲ့တာ တအားကိုမှန်သွားတယ်.. ပျောက်ဆုံးနေတဲ့ အရာတွေကို အိမ်မက်ပြန်ရရှိခဲ့တယ်..ဆရာဟော တဲ့ တရားဒေသနာတွေနားထောင်ပြီး အိမ်မက်ခွန်အားတွေ ရခဲ့တယ်..
အားလုံးရဲ့ ဆုတောင်းသံတွေကြားထဲမှာ အိမ်မက် ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ခဲ့တယ်..
အရွယ်ငယ်တဲ့ ကလေးတွေက ကျမ်းစာတွေဖတ်ကျက် ဘုရားသီချင်းလေးတွေ သီဆိုနေတာ တွေ့တော့ အိမ်မက် ကိုယ့်ကိုယ်ရှက်မိတယ်..
တကယ်တော့ အိမ်မက် ကိုယ့်ကိုယ်ကို အချိန်အကြာကြီးပျောက်ဆုံးနေခဲ့တာပါ..
ဆရာ့ရဲ့ တရားဟောချက်ထဲမှာတော့....
ကိုယ့်အပြစ်ကို ဝန်ချတောင်းပန်ပြီး ဘုရားသခင်ထံ ပြန်လည်ချဉ်းကပ်ပါ ဆိုတဲ့ အကြောင်းလေး ပါခဲ့တယ်..
ဒါက အိမ်မက်အတွက်လမ်းစ ပါပဲ..

အပြန်လမ်းမှာတော့ အိမ်မက်ခြေလှမ်းတွေ သွက်လက်နေခဲ့တယ်.. ဘုရားကျောင်းကို ဓါတ်ပုံရိုက်ချင်ပေမယ့် အဒေါ်က အိမ်မက်ဖုန်းကိုသုံးနေလို့ မရိုက်ဖြစ်ခဲ့ဘူး ..အမေက စိတ်တော့ သိပ်မကောင်းဘူး အိမ်မက်မျက်လုံးကယောက်နေလို့လေ ဒါနဲ့ ဆေးဝင်ဝယ်တယ် ပြီးတော့ အိမ်မှာ အမေနဲ့ အတူတူ ထမင်းစားဖြစ်တယ်..အမေကတော့ အဝတ်အစားတွေမပါလာလို့ဆိုပြီး အိမ်မှာအိပ်ခိုင်းပေမယ့် မအိပ်ပဲ ပြန်သွားတယ်..မပြန်ခင်မှာသွားသေးတယ် အချိန်ရရင် နောက်တစ်ပတ်ဘုရားသွားဦးနော်တဲ့....


God Bless You


ချစ်တဲ့
အိမ်မက်စေရာ

မှတ်ချက်.. မျက်လုံးတစ်ဖက်မှိတ်၍ စာရေးခြင်း စာဖတ်ခြင်း အမှု ပြုနေသည်..း)