Pages

Sunday, January 22, 2012

တစ်နှစ်ပြည့် အိမ်မက်စေရာ

對不起 ,,,,,,,,,,,,,我愛你

အချိန်တွေ ....
အချိန်တွေ .......
ကုန်တာ သိပ်မြန်သလိုပဲ..............
ဘာလိုလိုနဲ့ အိမ်မက်စေရာလေး တောင် တစ်နှစ်ပြည့်သွားပြီ...

တစ်နှစ်ဆိုတဲ့ အချိန်အတွင်း ဖြစ်ခဲ့တာတွေ ပျက်ခဲ့တာတွေ အများမှ အများကြီးရယ်..
မလိုချင်ပါပဲ နဲ့ ဖြစ်လာခဲ့တဲ့ အရာတစ်ချို့နဲ့ လိုချင်ရက်နဲ့ ပျက်စီးခဲ့ရတဲ့ အရာတစ်ချို့ ဟိုးလွန်ခဲ့တဲ့ တစ်နှစ်ဆိုတဲ့ အတိတ်စီမှာ .........

လွန်ခဲ့တဲ့ တစ်နှစ် ဒီလို ဇန်နဝါရီလ မှာ တိတိကျကျပြောရရင် ၂၄.၀၁.၁၁ မှာပေါ့...
အိမ်မက်စေရာ ဆိုတဲ့ ဘလော့ဂ်လေးတစ်ခုကို စတင်ပြီး အသက်သွင်း ကြည့်မိခဲ့တယ်...
တကယ်တော့ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ စတင်ခဲ့တာပါ..


စိတ်ညစ်စရာ စိတ်ရှုပ်ထွေးစရာ စိတ်ဓါတ်ကျစရာ ဝမ်းနည်းစရာ အို အားလုံး အားလုံး စုပုံပြီး လူက ရူးသွပ်သွားမတက် အချိန်ပေါ့ ..


ငယ်စဉ်နဂိုကထဲက ဒိုင်ယာရီ ရေးတက်တဲ့ အကျင့်ကြောင့်လဲ ဖြစ်ပါလိမ့်မယ် ..
စိတ်ထဲ ရှိတာတွေ ပြောချင်တာတွေ လုပ်ချင်တာတွေ တစ်ချို့ကို စာအဖြစ်ချရေး ရင် ခံစားနေရတာ နဲနဲ တော့ သက်သာ သွားမှာလို့ ထင်မိခဲ့ရင်း ..........
အိမ်မက်စေရာကို အသက်သွင်းမိခဲ့တယ်...

ဘလော့ဂါလို့လဲ သေသေချာချာ အမည်တပ်လို့ မရတဲ့ အခြေအနေပေမယ့် ရရှိလာခဲ့တာတော့ ဝမ်းသာစရာတွေချည်းသာ ...
ခင်မင်စရာ မိတ်ဆွေတွေ စိတ်ကူးခြင်းဖလှယ်လို့ရတဲ့ သူငယ်ချင်းတွေ
စိတ်ညစ်ရင်အားပေးတက်ပြီး စိတ်ပျော်ရင် မျှဝေခံစားတက်တဲ့ သူတွေ
အကြံဥာဏ်တွေ ဝိုင်းပေးတက်ကြသူတွေ...


စိတ်ကူးယဉ်တစ်ဝက် လက်တွေ့တစ်ဝက်နဲ့ ဘဝကို အကောင်အထည်ဖော်နေရသူတွေ ငါတစ်ယောက်ထဲ မဟုတ်ပါလား ဆိုတဲ့ အသိနဲ့ ...............

အိမ်မက်သာ မက်ခွင့်ရခဲ့တဲ့ စိတ်ကူးယဉ်တစ်ချို့ကို ဘလော့ဂါ ဆိုတဲ့ သူငယ်ချင်းများနဲ့ အတူ ခံစားခွင့်ရခဲ့တယ်..

ဘလော့ဂါမောင်နှမအိမ်တွေ အလည်သွားရင်းနဲ့ ထိတွေ့ သိမှတ်လာရတာတွေ လဲ မနည်းနဲ့ မနော...

ဒီလိုနဲ့ပဲ အိမ်မက်စေရာ ဆိုတာ ပိုပိုပြီး အဓိပ္ပါယ်ရှိလာခဲ့တယ်...

ကုန်ဆုံးသွားတဲ့ တစ်နှစ်အတွင်း အိမ်မက်စေရာ ကို အသိအမှတ်ပြုခဲ့တဲ့ သူငယ်ချင်း မောင်နှမ တွေ အားလုံး အားလုံးကို တစ်နှစ်ပြည့် အိမ်မက်စေရာ က အထူးပဲ ကျေးဇူးတင်ကြောင်းနဲ့ သိပ်ချစ်ရပါကြောင်း ...


အကြောင်းအမျိုးမျိုးကြောင့် အိမ်မလည်ဖြစ်တဲ့ အခါများ ရှိခဲ့ငြားလဲ အမြဲပဲ သတိတရရှိကြောင်း..... တစ်နှစ်ပြည့်ပို့စ်လေး နဲ့ အမှာပါးပါရစေနော်.....း))


ကိုယ့်နှလုံးသားကို နားဆင်ကြည့်ပါတဲ့..........(ပုံလေးရဲ့ အမည်ပါ)

အပေါ်ဆုံးက ပုံလေးက အိမ်မက်သိပ်ချစ်တဲ့ပုံလေးပါ... စာလေးရဲ့ အဓိပ္ပါယ်ကို ဖော်ကြည့်ကြပါဦးနော်..အိမ်မက်က တရုတ်လိုတက်လို့ မဟုတ်ဘူးနော်.. စာကို goggle ကနေ translate လုပ်ထားတာ.. မှန်အောင်ဖြေနိုင်ရင် အာဘွားပေးမယ်..း))


အားလုံးကို ချစ်တဲ့
အိမ်မက်စေရာ

Wednesday, January 18, 2012

သမီးစံကျွေးတဲ့ တဂ်စာလေး...

ဒီနေ့ အလုပ်ပိတ်တယ် ဆိုတော့ ..အိမ်မှာ လုပ်စရာရှိတာလေးတွေ အပြေးအလွားလုပ် ပြီးတော့ ခပ်မြန်မြန်လေး ကွန်ပြူတာရှေ့ ပြေးထိုင် ...
သမီးစံရဲ့ ကို အကြွေးဆပ်ဖို့လေ...ရေးချင်နေတာက ဟိုးအရင်ရက်တွေ ကထဲက ဘာမှန်းမသိ တစ်ယောက်ထဲကို ဟိုဘက်နဲနဲ တိုးပါဦး ဖြစ်နေတာ..း)
မေးခွန်းလေးတွေ ဖြေကြည့်ဦးမယ်...

×××××××××××××××××××××××××××××××××××××××× ×××××××××××××××××××××××

♠ အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
ခေါင်းအုန်းအောက်က ဖုန်းကို အရင်စမ်းတယ် အချိန်ကြည့်ဖို့ ဆိုပါတော့...

♠ မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
ုမြန်မာအစားအစာပေါ့.. အလုပ်မှာ က ထုံးစံအတိုင်း.. သူတို့အစားအစာ ပဲ စားဖြစ်တယ်.. ကြိုက်ဖူးး(

♠ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
ပေါင်မုန့် ထောပတ် ချောကလက် သုပ်....နဲ့ ရေနွေးနွေးလေး တစ်ခွက်

♠ နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
ပုံမှန်က အိမ်မှာ .. ကြုံကြိုက်ရင် တစ်ခါတစ်လေ အပြောင်းအလဲ အပြင်မှာ စားရတာ ကြိုက်တယ်..

♠ အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
ဝက်စတူး ဟဲ ဟဲ...

♠ အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
နိုး.. သောက်ဖူး ကော်ဖီ

♠ ညနေစာကိုဘယ်မှာစားတတ်ပါလဲ
အိမ်မှာပါ.....

♠ ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
ပုံမှန်တော့ မစဉ်းစားဖြစ်ပါဘူး..စဉ်းစားရင်လဲ မနက်ဖြန်ဘာချက်စားရမလဲ ဆိုတာလောက်ပါပဲ..

♠ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
အမှန်အတိုင်း ပြောရရင် ထောင်ကလွတ်သလိုပဲ အဲ့လို အလုပ်ကို ချစ်တာလေ...အမှန်က သူများနိုင်ငံမှာ အလုပ်လုပ်နေရတယ်ဆိုတာကို မကြိုက်တာ...

♠ အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
အရင်ဆုံးလား အိတ်ကိုချ ဖိနပ်ကို ချွတ် ပေါ့..

♠ ဒုတိယလုပ်မိတာလေး..
ဟီး မရယ်နဲ့နော်.. ချူးချူး ပေါက်း)

♠ ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
မသောက်တက်ဖူး ....

♠ ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
ဆုတောင်းပါတယ်...

♠ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
ဆုတောင်းတယ် ငိုတယ် စာချရေးတယ် ဒိုင်ယာရီလိုမျိုးလေ...စိတ်ထဲမှာစကားပြောချင်စိတ် ဖြစ်လာပေါ်လာရင် တစ်ယောက်ယောက်နဲ့ စကားပြောလိုက်တယ်...

♠ အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
ပတ်စ်.. အိမ်သော့ ..အလုပ်သော့.. ဖုန်း...

♠ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
သူစိမ်းတွေထဲမှာ ?????????????? ......မရှိပါဘူး...

♠ အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
သူများထက်ပိုခင်တဲ့တစ်ယောက်တော့ ရှိတယ် အရမ်းခင်တာတော့မဟုတ်ပါဘူး.. ရုရှားသူပါ..

♠ ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
အိမ်မက်ရဲ့ ကွန်ပြူတာ အစုတ်ကလေးပါ...

♠ လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
လောလောဆယ် iphone 4.....

♠ ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
နားလည်ခွင့်လွတ်ပေးနိုင်ဆုံးဆိုတဲ့ စူပါဒီဂရီ မှာ တော့ ဘယ်သူမှ မရှိပါဘူး.. လက်ရှိ အိမ်မက်ကို တော်တော်များများ ခွင့်လွတ်နားလည်ပေးထားတာတော့ ကောင်းကင် ပါ....

♠ အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
အိမ်ပြန်ချင်တယ်....

ရေးပြီးသွားပြီ.. အိမ်မက်နောက်အကျဆုံးဖြစ်မယ်ထင်လို့ သူများတွေကို မတဂ်တော့ပါဘူး..
ဒါပေမယ့် တစ်ယောက်တော့ တဂ်ချင်တယ် သူက တဂ်ပို့စ်တွေ ရေးလေ့ ရေးထ ရှိမရှိတော့ မသိပါဘူး..
အဆင်ပြေမယ်ဆို ရေးပေးစေချင်ပါတယ် သူငယ်ချင်း 925 ရေ..
သူ့ဘလော့ဂ်လေးတော့ သိတဲ့သူတွေ သိမှာပါ .. http://multivitaminforall.blogspot.com ပါ..

စိတ်ရှည်လက်ရှည်စောင့်ပေးတဲ့ သမီးစံကိုလဲ ကျေးဇူးပါနော်..

ချစ်တဲ့
အိမ်မက်

Wednesday, January 11, 2012

ပေါ်တော်မူရဲ့ နောက်ကျမှ ရေးဖြစ်တဲ့ တဂ်ပို့စ်








ဘလော့ဒ်လေးကို ဖွင့်လိုက်တာနဲ့ မောင်နှမတွေရဲ့ နေကောင်းရဲ့လား ..ဘယ်ပျောက်နေလဲ ဘာလုပ်နေလဲ နဲ့ စိတ်ပူစကားလေးတွေ စာထဲမှ တဆင့် ကြားလိုက်ရတာနဲ့ အိမ်မက်တစ်ယောက် စိတ်ထဲမှာ ရှိတဲ့ အမောတွေ ရုတ်ချည်းပျောက်သွားသလိုပါပဲ.. တဂ်ပို့စ်တွေလဲ တွေ့တယ်..

8yar နဲ့ သမီးစံ တဂ်ထားတာလေးတွေပေါ့…အော် တော်တော်ကို နောက်ကျ နေပြီလို့ တွေးမိတယ် ဒါပေမယ့် ကိစ္စမရှိဘူးရယ် ခုပဲရေးလိုက်မယ်လို့ တွေးမိတယ်… နှစ်ခုစလုံးတစ်ပြိုင်နက်ထဲ ရေးလို့မရတော့ တစ်ခုပြီးမှ တစ်ခု ပေါ့.. 8yar ရဲ့ တဂ်ပို့စ်လေး အရင်ရေးမှလေ ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မလဲ ဆိုတဲ့ပို့စ်..ခု ဒီဇင်ဘာကုန်လို့ပဲ ဇန်နဝါရီကို တော်တော်ဆန်း နေပြီ…..ဘလော့ဒ်လေး ပစ်ထားမိတာ တော်တော် ကြာသွားတာပေါ့….

အိမ်မက်တစ်ယောက် ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်ခဲ့လဲ ???????????

အိမ်မက်တစ်ယောက် စိတ်ဓါတ်တွေ အကျကြီး ကျနေခဲ့ပါတယ်.. မမျှော်လင့်ထားတဲ့ ပြဿနာ တစ်ခုက ဝုန်းဆို မဖိတ်ခေါ်ပါပဲ ရောက်လာခဲ့တော့ အိမ်မက် တော်တော့်ကို အထိနာ ခဲ့ပါတယ်..ခုထိတောင် အသားမသေနိုင်သေးပါဘူး..ပိုဆိုးတာက ဒီဇင်ဘာမှာ အလုပ်က လုံးဝကို မပိတ်တာပါ..ပုံမှန် အလုပ်တွေမှာ ပိတ်ရက်ရှိနိုင်ပေမယ့် အိမ်မက်အလုပ်က စားသောက်ထုတ်ကုန် လုပ်ငန်းနဲ့ ပတ်သတ်တာဆိုတော့ ဒီလိုအချိန်မှာ အလုပ်က တအားကို ကျနေခဲ့တာပါ. နားရက်တွေဆင်းပေးရ Sunday တွေ ဆင်းပေးရ နဲ့ လူကို ဖတ်ဖတ်ကို မောနေတာပါပဲ..ပုံမှန်ဆင်းချိန်က တစ်နေ့ ၈ နာရီ ပေမယ့် အလုပ်များတဲ့ ဒီလိုအခါ ဆို ၉ နာရီ ၉ နာရီခွဲ နီးပါးဆင်းပေးရပါတယ်.. သိပ်ကို ပင်ပန်းပါတယ်..

ဟိုးအရင် ဒီဇင်ဘာ………..

ဟိုးအရင်က ဒီဇင်ဘာဟာ အိမ်မက်အတွက် အလှပဆုံး လ လေး တစ်ခုပါ.. တစ်နှစ်ပတ်လုံး သူရောက်လာဖို့ အမြဲတမ်းပဲ မျှော်နေခဲ့တာ.. ရောက်ခါနီးလေ ရင်တွေ ခုန်လေပါပဲ.. ကျောင်းတွေလဲ ပိတ်တယ်ဆိုတော့ အားလပ်ရက်တွေလဲ အပြည့်ပေါ့..ဒီဇင်ဘာတစ်ရက်ရောက်မယ့် ညဆို အိမ်မက်တို့ မအိပ်ပါဘူး ဒီဇင်ဘာကို ကြိုဆိုတဲ့ အနေနဲ့ ဆုတောင်းပွဲတွေ ဘုရားကျောင်းမှာ ဒါမှမဟုတ်လဲ အိမ်မှာ မိသားစုလိုက် ပြု လုပ်လေ့ရှိတယ်..Carols singing အဖွဲ့တွေလဲ တစ်ဖွဲ့ပြီးတစ်ဖွင့် သီချင်းလာဆိုကြနဲ့ သိပ်ကို ပျော်စရာကောင်းပါတယ်..တစ်ချို့ အိမ်ရှေ့မှာ သကြားလုံးထုပ်ကလေးတွေ ချိတ်ပေးထားကြတယ် မိုးလင်းလို့ တွေ့ရရင် သိပ်ကို ပျော်မိပါတယ်..မနက်ရောက်ပြီဆိုတာနဲ့ မနှစ်က သိမ်းထားတဲ့ Christma tree ကိုထုတ် အလှဆင်ပစ္စည်းတွေထုတ်ပြီး အသစ်ဝယ်ထားတာ တွေနဲ့ ထပ်ဖြည့်ကာ အိမ်တစ်အိမ်လုံးကို အလှဆင်တော့တာပါပဲ..တစ်မိသားစုလုံး ဝိုင်းလုပ်ကြတာ မို့ သိပ်ကို ကြည်နူးစရာကောင်းပါတယ်.. ခရစ်စမတ် သီချင်းတွေလဲ ဖွင့်ထားတာမို့ တစ်ခါတစ်လေဆို အိမ်နားက လူကြီး ကလေးတွေတောင်ပါလာပြီး လာဝိုင်းကူကြပါသေးတယ်..အိမ်မက်တို့ အိမ်က ခြံအကျယ်ကြီးထဲမှာ နှစ်ထပ်အိမ်လေး ဆောက်ထားတာပါ.. ခြံအရှေ့မှာလဲ အပင်တွေ ရှိတာမို့ မီးလုံးအရောင်စုံလေးတွေ ဆင်လိုက်ရင် အရမ်းကို လှတာပါပဲ..Sweet December လို့ခေါ်တဲ့ ဒီဇင်ဘာတစ်ရက်နေ့မှာာ အိမ်မက်တို့ အိမ်ကို အလှဆင်တာ အပြီးလုပ်ပါတယ်..ပြောပြကြည့်မယ်နော် မျက်လုံးထဲမှာမြင်ကြည့်..အိမ်မက်တို့ အိမ်ခြံဝင်ပေါက် ဘယ်နဲ့ ညာနှစ်ဖက်လုံးမှာ မီးလုံးသေးသေး ရောင်စုံလေးတွေ လိုက်ချိတ်တယ်..အပင်တစ်ချို့မှာလဲ ပတ်ပြီးချိတ်ကြတယ်..အိမ်ဝင်ပေါက်ပေါ်တီကိုရဲ့ ထိပ်နားမှာတော့ မီးလင်းနေတဲ့ ကြယ်အကြီးကို ချိတ်တယ်..ပြီးရင် အိမ်တံခါးအတွင်းရဲ့ ညာဘက်မှာ ခရစ်စမတ်သစ်ပင်ထားတယ် တစ်ခါတစ်လေလဲ အိမ်ထဲမှာထားတယ်..သစ်ပင်မှာ အလှလေးတွေ စုံနေအောင် ချိတ်တယ်..ပြီးတော့ မှိတ်တုတ် မှိတ်တုတ်နဲ့ မီးလေးတွေ ချိတ်တယ်..ခြေရင်းမှာစားပွဲခုံရှိပြီး အဲ့ဒီအပေါ်မှာတော့ သခင်ခရစ်တော် ဖွားမြင်တော်မူတဲ့ ပုံပါတဲ့ နွားတင်းကုတ်သေးစားလေး ထားတယ်..တခြားပုံလေးတွေလဲ ဘေးမှာဝိုင်းထားတယ်..အိမ်ထဲမှာတော့ ခရစ်မမတ်ဘိုးဘိုးလို့ ခေါ်တဲ့ Santa claus ရဲ့ ဖိနပ်အကြီးကြီးနဲ့ သူ့ရဲ့ပုံလေးတွေ ပန်း ခေါင်းလောင်း ဖဲကြိုး သကြားလုံး ကြယ်ပုံ angel(ကောင်းကင်တမန်ပုံ) တွေကို စုံအောင်ချိတ်ထားတာ .. သိပ်ကို လှပြီး စိတ်ချမ်းမြေ့စရာကောင်းပါတယ်..ဒီဇင်ဘာဟာ သိပ်ကို အသက်ဝင်လှပါတယ်..

ဒီဇင်ဘာ ၂၄ ရက်နေ့ညမှာလဲ မအိပ်ဖြစ်ပါဘူး ဘုရားကျောင်းသွားကြတယ်.ညသန်းခေါင်ယံ ဆုတောင်းပွဲရှိတော့ အားလုံးစုပြီး ဝတ်ပြုကြတယ်..ပြီးရင် ဘုရားကျောင်းက ကျွေးတာ စားကြတယ်..ဒီဇင်ဘာ ၂၅ မှာတော့ ပုံမှန်နှစ်တိုင်း အသင်းအုပ်ဆရာတွေ ဖိတ်ပြီး အိမ်မှာ ဆုတောင်းပွဲ လုပ်လေ့ ရှိတယ်.. ဘာလို့လဲ ဆိုရင် ခရစ်စမတ်ရက်မြတ်လဲ ဖြစ်တဲ့အပြင် အဲ့ဒီနေ့က အိမ်မက်မေမေရဲ့ မွေးနေ့လဲ ဖြစ်တယ်လေ..ဒါကြောင့် နှစ်တိုင်း ကျေးဇူးတော်ချီးမွမ်းတယ်..

မိတ်ဆွေတွေ သူငယ်ချင်းတွေကို ဖိတ်တယ်.. သူတို့ကတော့ အိမ်မက်တို့ကို လက်ဆောင်ပြန်ပေးကြတယ်..း) လက်ဆောင်တွေ အများကြီးလဲ ရတယ်..

ဒီဇင်ဘာ ၃၁ ဆိုလဲ ဒီအတိုင်းပါပဲ .. ညဘက်ကို ဘုရင်းကျောင်းမှ ဝတ်ပြုရင်း နှစ်သစ်ကိုကြိုပါတယ်..ဒါကြောင့် ဒီဇင်ဘာဆိုတာ အိမ်မက်အတွက် သိပ်ကို အဖိုးတန် ပျော်ရွှင်ဖွယ် လ လေး တစ်ခုပါ..

ဂျာမနီကို ရောက်ပြီးးတော့ ပျော်ရွှင်စရာတွေလဲ ဘယ်ပျောက်ကုန်မှန်းမသိပါဘူး..အလုပ်ကို မနားတမ်းလုပ်နေရတယ်.. အဲ တစ်ခုပဲ ဒီဇင်ဘာ ၂၅ က မနှစ်က အိမ်မက်တို့ ပိတ်ရက်ရတယ် တစ်ချို့တွေဆင်းပေးရတာ ရှိတယ်..၂၆ ကတော့ အလုပ်ပိတ်တယ်..ဒါကြောင့် နှစ်ရက်နားရတယ်..

မေမေ့စီသွားတယ် သူ့မွေးနေ့လေ တစ်နေကုန်သူနဲ့ အတူရှိနေတယ်..

၃၁ ရက်နေ့ညမှာတော့ မေမေက အိမ်မက်စီ ပြန်လာလည်တယ်..ကံကောင်းတာ အိမ်မက်က ၃၁ ရက်နေ့ ရယ် ၂ ရက်နေ့ရယ်က နားရက် ကြားက ၁ ရက်နေ့က Sunday ဆိုတော့ သုံးရက်နားရတယ်..ကောင်းကင်လဲ နားတယ်..မေမေလဲ နားတယ်..လူစုံတယ်ပေါ့..

ညဘက်ကြာဇံကြော်နဲ့ ဝက်သားဒုတ်ထိုးလုပ်စားတယ် ပြီးတော့ မြစ်ဘေးသွားပြီး မီးပန်းဖောက်ကြတယ်..ဒီလိုနဲ့ ၂၀၁၂ ကို ကူးလာခဲ့တယ်.. ဆိုပါတော့..

တစ်ယောက်ထဲ နှစ်သစ်ကူးကြရတဲ့ လူတွေထပ်စာရင်တော့ အိမ်မက်ကံကောင်းပါတယ်..

ကျန်နှစ်တွေက တော့ အိမ်မက် ဖျားနေတာ ဒီနှစ်တော့ မဖျားလို့ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်..

×××××××××××××××××××××××××××××××××××××××××××

8yar ရေ အရမ်းနောက်ကျပြီးမှ ရေးလို့ အရမ်းကို အားနာပါတယ်..

အိမ်မက်ကို သတိတရတဂ်တဲ့အတွက်ကျေးဇူးတင်တယ် ဒီထက်ပိုရေးချင်ပါသေးတယ် အချိန်က သိပ်မရလို့ပါ

သမီးစံရဲ့ တဂ်ပို့စ်လေးကိုလဲ အရမ်းကို ရေးချင်နေတာ အမြန်ဆုံးရေးနိုင်အောင် ကြိုးစားမယ်နော်.စိတ်ဆိုးနဲ့ ဟုတ်လား..း)

အားလုံးကိုချစ်တဲ့

အိမ်မက်စေရာ