Pages

Tuesday, December 20, 2011

ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း


ဘင်္ဂလားဒေ့ရှိနိုင်ငံက အဖြစ်အပျက်လေးတစ်ခုဖြစ်ပါသည်။
အထက်တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဘွဲ့ဒီဂရီတစ်ခုရဖို့ လေ့လာနေတဲ့ ဇနီးဖြစ်သူရဲ့ ညာဘက်လက် (၅)ချောင်းစလုံးကို ခုတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်...
အသက် (၃၀) အရွယ်ရှိ ခင်ပွန်း Rafiqul Islam ဟာ UAE မှာ သွားရောက်အလုပ်လုပ်ကိုင်နေ သူ ဖြစ်ပါတယ်...သူဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာပြီး ဇနီးဖြစ်သူ Hawa Akhter ကို အံ့သြစရာလက်ဆောင် တခုပေးမယ်ဆိုပြီး...ရုတ်တရက် ဇနီးရဲ့မျက်လုံးနဲ့ ပါးစပ်တွေကို ပိတ်စည်းပြီး လက်တွေကိုလည်း ကြိုးနဲ့တုတ်ချည်လိုက်ပါတယ်...အဲဒီနောက် ညာဘက်လက်(၅)ချောင်းလုံးကို ခုတ်ဖြတ်လိုက်တာပါ..
ပြတ်သွားတဲ့ လက်ချောင်းတွေကိုလည်း ဆရာဝန်က ပြန်ပြီးမဆက်နိုင်အောင်ဆိုပြီး အမှိုက်ပုံးထဲကို ပစ်ထည့်ခဲ့ပါတယ်...
၈ တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူ ပညာတတ် ဖြစ်လာမှာကို မနာလိုဝန်တိုဖြစ်ပြီး အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်...သူ့ဟာ အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ ရှိနေပါတယ်...လူ့အခွင့်အရေးအဖွဲ့တွေကလည်း သူ့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ပေးဖို့
တောင်းဆိုနေကြပါတယ်...သူမကတော့ ညာဘက်လက်ချောင်းတွေ မရှိတော့ပေမဲ့လည်း ဘယ်ဘက်လက်နဲ့ စာရေးလေ့ကျင့်ပြီး ဘွဲ့ဒီဂရီ ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်...
@ daily mail

Monday, December 19, 2011

ကမ္ဘာပြိုမယ့်နေ့..




ထွက်သက်ရယ် ဝင်သက်ရယ်က မသေချာဘူး နေ့ရက်တွေက ရင်မောစရာ ခပ်များများရယ် စိတ်ညစ်တယ်လို့ ညည်းငြူဖို့ အင်အားတောင် မလုံလောက်ချင်သလို ဖြစ်ချင်တာက ဘာမှန်းကို သေချာမသိတာ ပျော်ရွှင်နေသလားမေးလာရင် ဖြေရမှာက ဘာလဲမသိတော့ဘူး.. ခပ်ပြုံးပြုံးလေးနဲ့ နေရင်း လေတိုက်တာလဲ အဆန်းမဟုတ်တော့ လျှက်စီးလာလဲ မကြောက်တက်တော့ မိုးကြိုးဆိုတာ နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ်တောင်ဖြစ်နေပြီ


ဟိုးဝေးဝေးက ကန္တာရ သစ်ပင်တွေကို တွေးပြီး မြင်ရောင်ကြည့်ရင် တစ်ခုခုကို သတိရလာသလိုနဲ့
နှုတ်ခမ်းမှာ အပြုံးမှန်းမသိတဲ့ အပြုံးတစ်မျိုးရောက်လာတယ်.. အသက်ရှင်ဖို့အတွက်တော့ အကြောင်းပြချက်လုံလောက်နေသေးတယ်..တစ်ချို့ တစ်ချို့ရဲ့ မျက်နှာကို မြင်ရောင်ကြည့်တဲ့အခါ ကြက်သီး ထမိတယ်.. နာကျည်းစရာတွေရယ် .. အကောင်းဆုံးတွေပါလားလို့ သတ်မှတ်ထားခဲ့ဖူးတဲ့ လူတစ်ချို့အကြောင်း တွေးရင်း နာကျင်လာတယ်.. ရှက်ကြောက်ခြင်းတတရား မရှိတက်လေခြင်းရယ် လို့ တွေးရင်း တစ်ချို့ကိုလဲ စိတ်ပျက်မိတယ်.. အဲ့ဒါနဲ့ မာနတစ်ခုကို အသေပိုက်ပြီး ရေငတ်ခံတဲ့ သူများလားလို့ မှန်ကြည့်ပြီး ပြန်မေးမိတယ်..



ကမ္ဘာပြိုတဲ့ နေ့တော့ နေသာမှာ မဟုတ်လောက်ဖူးရယ်.. ဆွဲငင်အားတွေလဲ အဲ့ဒီနေ့ရှိနေမလား ပြင်ဆင်စရာတွေ တော်တော်များများ ရှိနေမယ်လေလို့ ထင်မိတာ..တကယ်တမ်း ပြင်ဆင်ရမှာက သေဆုံးဖို့ သက်သက်ရယ်..မုသာကို တွင်တွင်သုံးတဲ့ ပတ်ဝန်းကျင်ရယ် ပရိယာယ်များတဲ့ အိမ်တစ်လုံးရယ်.. သစ္စာမထားတဲ့ သူတစ်ချို့ ရယ် ဟန်ဆောင်ပွင့်တဲ့ ပန်းတစ်ပွင့်ရယ် ဘာမှ မြတ်နိုးစရာမရှိပါလား



နေချင့်စဖွယ် မသာယာတဲ့ နေရာပါ..
ဖုန်အလိမ်းလိမ်းနဲ့ ညစ်နွမ်းနေတဲ့ သိက္ခာတွေအတွက် အသက်ရှင် နေရတာ.. နေ့ရယ် ညရယ်သာ ပြောင်းသွားတယ် ရုန်းကန်ရတဲ့ နေ့စွဲတွေ လျော့မသွားဘူး.. ညည်းတွားတက်သူ သက်သက်ပဲလား ဆိုတော့ အမှန်က လောက ကို စိတ်ကုန်နေတာ..အဲ့ဒီအချိန်မှာ လောက က စကားပြောလာတယ်
နင့်လို လူတွေ အများကြီးရယ် ပြီးတော့လဲ ဒုံရင်း ပါပဲ တဲ့..
နှုတ်ခမ်းတစ်ချက်ကွေးသွားတယ်..
ကမ္ဘာပြိုမယ့် နေ့ကို စောင့်ရင်း မနက်ဖြန် အတွက်တော့ ပြင်ဆင်ရဦးမယ်...
















အိမ်မက်စေရာ
၁၉.၁၂.၁၁
၁၇း၁၁

Sunday, December 18, 2011

ကတိ


ငယ်ငယ်က အင်္ဂလိပ် စကားပြောတက်စဉ်က ဆရာဦးစောဝင်း

မေးလေ့ရှိတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်..

သူအိမ်စာလုပ်ခိုင်းတိုင်း စာကြည့်ခိုင်းတိုင်း ကျွန်မတို့က အမြဲ ဟုတ်ကဲ့ ဆရာလို့ လွယ်လွယ်

ကတိပေးတက်ပါတယ်.

အဲ့ဒီအချိန်တိုင်း ဆရာပြန်မေးတက်တဲ့ စကားတစ်ခွန်းကတော့..

ကတိဆိုတာ ဘာအတွက် ပေးတာလဲ တဲ့

အဲ့ဒီအခါ ကျွန်မတို့အားလုံးပြန်ဖြေလေ့ရှိတာက

တည်ဖို့ပေးတာပါ ဆရာ .....

ဟုတ်ပါတယ် ကတိ ဆိုတာ ချိုးဖောက်ဖို့ ပေးတဲ့ အရာ မဟုတ်ပါဘူး....

ဒါကြောင့် ကတိကို လွယ်လွယ် မပေးပါနဲ့ .. ပေးပြီးရင်လဲ မချိုးဖောက်ပါနဲ့..........


.......အိမ်မက်စေရာ.......

Thursday, December 15, 2011

အဆုံးစီရင်ကြသူများ


ကိုယ့်ကိုယ်ကို သေကြောင်းကြံ မှု ဟာ ဘဝကို အရှုံးပေးတာလို့ ပြောကြပါတယ်
နောင်ဘဝမှာလဲ သံသရာ အဆက်ဆက်ပါမယ့် ဝဋ်ကြွေးဆိုတာလဲ သိထားကြပါတယ်...
ဒါပေမယ့် လူတစ်ချို့ ဘာကြောင့် ကိုယ့်ကိုယ်သတ်သေချင်ကြရတာလဲ?

အဓိကကတော့ လက်ရှိ ပြဿနာကို ရင်မဆိုင် နိုင်တော့တာပါ..
ဒီဘဝမှာ ဆက်လက် အသက်ရှင် ဖို့ ခံနိုင်ရည်မလုံလောက် တော့လို့ပါ..
ရင်ထဲမှာ နာကျင်ခံစား နေရတဲ့ ဝေဒနာက တစ်နေ့ထက် တစ်နေ့ ထုထည်ကြီးမားလာလို့ပါ..

နင်သေချင်လား လို့ မေးရင် အင်း သေချင်ပါတယ် လို့ ဖြေမယ့်လူ မရှိပါဘူး..
လောကမှာ လူတိုင်း အသက်ရှင်ချင်ကြတယ် ..အသက်ရှည်ချင်ကြတယ်...ပျော်ရွှင်ချင်ကြတယ်..
ဒါနဲ့များ ဘာကြောင့် ကြိုးစားပြီး ပြဿနာကို မဖြေရှင်းတာလဲ ?

လောကမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာ ဆိုတာမရှိပါဘူး..ဆိုပေမယ့် အချိန်လိုပါတယ်
အဲ့ဒီအချိန်အတွင်းမှာ အသက်ရှင်သွားဖို့ လုံလောက်တဲ့ ခံနိုင်ရည် လိုအပ်ပါတယ်..

လူအမျိုးမျိုးရှိကြတယ်..
ဘယ်ကိစ္စမဆို ပေါ့ပေါ့လေး တွေးတက်တဲ့ သူမျိုး
အတက်နိုင်ဆုံး ပျော်ပျော်နေတက်တဲ့ ဗီဇ ရှိသူမျိုး
စိတ်ထက်ခိုင်မာပြီး ငါ လုပ်နိုင်တယ် ဆိုတဲ့ စိတ် ရှိသူမျိုး
အနောက်ကို သိပ်မတွေးသူမျိုး
မေ့လွယ်သူမျိုး...စသဖြင့် အတွေးတွေ စိတ်အာရုံတွေကို တစ်နေရာထဲမှာ နစ်ပြီးမထားတက်သူ ဗီဇမရှိသူတွေက များသော အားဖြင့်တော့ သေကြောင်းကြံစည်တက်သူများ မဟုတ်ပါဘူး..

ဒါပေမယ့်..ဘယ်နေရာမဆို လိုတာထက်ပိုစဉ်းစားတက်သူ. ..
ဥပမာ..ငါဒီနေ့ ထမင်းသိပ်မစားလိုက်ဘူး ညအိပ်လို့ပျော်ပါ့မလား ဗိုက်များအောင့်မလား မနက်ထရင် မူးဝေနေမလား အလုပ်ထဲမှာ ခေါင်းကိုက်နေမလား..ဆိုပြီး ဘာမှမဟုတ်တာကိုပင် အရှည်ကြီး တွေးတက်သူမျိုး
အရယ်အပြုံးနည်းသူ
ရယ်လွန်းရင် ငိုရတက်တယ်ဟု ဆိုကာ အပြုံးအရယ်ကို ခြွေတာတက်သူမျိုး
စိတ်ဓါက်ပျော့သူ...စိတ်ကျတက်သူ
အဓိကကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းသူမျိုး
အနောက်ကိုအများကြီး ကြိုတွေးတက်သူ..
ငါဒီအလုပ်မရရင် ဘယ်လိုလုပ်မလဲ မိဘတွေဒုက္ခ မောင်နှမတွေ မျက်နှာငယ် အပြောအဆို ခံရတော့မယ် ဟု နေ့စဉ်တွေးကာ ကိုယ့်ကိုယ်ကို ဖိအားပေးသူမျိုး
မမေ့တက်သူ..
ထိုကဲ့သို့ လူမျိုး ရှိပါသည် တစ်နှစ်လဲ မမေ့ နှစ်နှစ်လဲမမေ့ ဆယ်နှစ်လဲ မမေ့..ပြန်ပြန်တွေးကာ ဝမ်းနည်းတက်သူ တသတက်သူမျိုး..
များသောအားဖြင့် တစ်ဦးထဲ နေကာ တွေးချင်ရာ တွေးတက်သူမျိုး စသဖြင့် ထိုကဲသို့ လူများမှာ ခံစားချက်ကို အရှိန်မထိန်းနိုင်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ဝန်မလေးတက်သူများ ဖြစ်တက်ပါတယ်..



တစ်ချို့သူများက ဒါလောက်လေးနဲ့ သေဖို့ စဉ်းစားတယ် အံ့သြစရာ ဟယ် ဟု ဆိုတက်ကြတယ်
တကယ်တော့ ကာယကံရှင်အတွက်မှာက ပြဿနာဆိုတာထက် ဒီပြဿနာအပေါ်ထားတဲ့ စိတ်ခံစားမှုအရှိန်က အဓိက ပါ..
အရှိန်က တဖြည်းဖြည်းမြင့်မားလာကာ သေချင်တယ် ဆိုတာကသာ ကြီးဆိုးလာတက်ကာ ထိုတဒင်္ဂ အတွင်းမှာ မျက်စိရှေ့ ပေါ်လာသမျှ ဝုန်း ဆို လုပ်မိသွားတက်ပါတယ်..
တကယ်တော့ တစ်ချက်လေး သတိလွတ်သွားမိရာက အစ ပါ..
အမြင့်က ခုန်ချဖို့ ဆိုတာ တဒင်္ဂအတွင်းမှု အလွယ်ကူဆုံး အဆုံးစီရင်မှု ပုံစံ လို့ပြောရမလိုပင်..


ကြိုးဆွဲချမလား ? ခက်ပါသည် မသေခင် မချိမဆံ့ ဝေဒနာ ခံစား ရမည့်အရေး
ဓါးနှင့်ထိုးမလား ? မလွယ် ကိုယ့်အသား နာအောင် လုပ်ဖို့ ကိုယ့်လက်က မရဲနိုင်ပေ
ဆေးသောက် ? နဲနဲဖြစ်နိုင်သည် သို့ပေမယ့် ဆေးရှာရမည် ပိုးသတ်ဆေး သောက်နိုင်သည် သို့သော် မခံနိုင်အောင်ပူလောင်ကာ မသေခင် အမြုပ်တစီစီ ထွက်ရမယ့်အရေး
ရေနစ် ? ရေမကူးတက်လျှင် ဖြစ်နိုင်သည် သို့သော် ရှာရဦးမယ့် ဘယ်မှာလဲ ဒါလဲ မသေခင် ရေမွန်းရဦးမည်
ကားတိုက် ? တိုက်စေချင်တဲ့ကားက တိုက်ဦးမှ ......

အမြင့်မှ ခုန်ချဖို့ လွယ်ကူတယ် ဆိုတာက အမြင့်ဆိုတာ ကိုယ့်အနားမှာပင် ရှိတာမို့ ကိုယ့်အိမ်ပေါ်က ခုန်ချတာလောက်လွယ်တာမရှိ..
ဒုတ် ဆို ခေါင်းနဲ့ မြေကြီး ဆောင့်တာနဲ့ ပြီးပြီ..
မည်သည့် အမြင့်နေရာမဆို ခုန်ချလိုက်တာနှင့် လုံးဝ စက္ကန့်ပိုင်းလေးအတွင်း သေစေနိုင်သည့် အလွယ်ကူဆုံး နည်းပင်..
ထို့ကြောင့် သေဆုံးချင်သူများ အများအားဖြင့် ဒီနည်းကို သုံးကြတာပင်

သူငယ်ချင်းတစ်ယောက်ရှိဖူးသည် မိသားစုက ဂရုမစိုက် အထီးကျန်သည်ဟု ထင်ကာ ညမအိပ်ဘဲ အတွေးလွန်တက်သူ.
တစ်ရက် ပြတင်းပေါက်ဘောင်ပေါ်ထိုင်ကာ သေချင်လိုက်တာ ခုန်ချလိုက်မယ်ဟု စဉ်းစားရင်း စိတ်ခံစားချက်နှင့် ညအိပ်မပျော်တာ ရောကာ ပြုတ်ကျသွားဖူးသည်..ဒါကြောင့် အဆုံးစီရင်တယ်ဆိုတာက တကယ်သေချင်လို့မဟုတ်ပဲ စဉ်းစားရုံနှင့် လဲ မတော်တဆ ဖြစ်တက်သည်..သူငယ်ချင်းက မသေပါ သို့သော် ဘဝတော့ သေသွားခဲ့သည်.. မှတ်ဥာဏ်လဲ ပုံမှန်မဟုတ်တော့သည့် အခြေအနေဖြစ်သွားခဲ့သည်..

ဒါကြောင့် စိတ်ခံစားမှုလွန်ကဲသူများမှာ သေရင်သေ မသေရင်ရူး တဲ့အထိဖြစ်ကုန်ကြတက်သည်..
ထိုသူများ မိုက်မဲ သည် ဆိုနိုင်ပေမယ့် အလွန်ပင် သနားစရာကောင်းသော စိတ်ခံစားချက်ပြင်းထန်လွန်းသူများ ပင်ဖြစ်သည်...

တကယ်တော့ ဘာကြောင့် စိတ်ခံစားချက် လွန်ကဲ တာလဲ ဟုစဉ်းစား စရာ..
လုပ်ကြံဖန်တီး ယူလို့မရတဲ့ စိတ်ဆိုတဲ့ အရာဟာ လူသားတစ်ဦး မွေးဖွားလာစဉ်ကာ ပင် ပါလာခဲ့တာမျိုးပင်..
သူ့ရဲ့ ခံစားချက်က သူ့ရဲ့ဗီဇ ပါ.. ဖျောက်ဖျက်ပစ်လို့ မရပါဘူး ဖျက်ဆီးပစ်လို့ မရသလို ထိန်းချုပ်ဖို့ ခက်ခဲ လွန်းကာ ဝေဒနာကို သာမာန်ထက် ပိုခံစား ရတက်ကာ အသိဥာဏ် ရုတ်တရက် ပျောက်ကွယ် တက်ပါတယ်..

အမှန်တော့ ..အဆုံးစီရင်ကြသူများမှာ တကယ့် တကယ်တမ်း သေချင်လို့ မဟုတ်ပါဘူး
သူတို့ ရဲ့ စိတ်ခံစားချက်ကိုသာ သေဆုံးစေချင်ကြတာပါ..
ဒါပေမယ့် ခံစားချက်ကိုမထိန်းနိုင်ကာ ထိုနောက်ကို ခန္ဓာပါကာ ရုတ်တရက် အသိဥာဏ်ကွယ်ပျောက်ရင်း ဘဝတွေ စတေးရတဲ့အထိ ဖြစ်သွားခဲရတဲ့ သူများ ဖြစ်တယ်ဆိုတာ....................................


ခံစားချက်မျှဖြင့် ရေးဖွဲ့သော ဒီစာမှာ အမှားတွေ အများကြီး ပါကောင်းပါနိုင်ပါတယ်..
ဘာကြောင့် ဒီစာရေးလဲ ဆိုရင် ကိုယ်တိုင်က ခံစားချက်လွန်တက်သူမို့ ရုတ်တရက်ဆိုတဲ့အချိန်မှာ အမှားတစ်ခုမဖြစ်သွားအောင် သတိ ဆိုတဲ့ အခြေအနေတစ်ရပ် နှင့် အသက်ရှင် နေရသူတစ်ဦးမို့ပါ..

ဘယ်လို သတိ မျိုးလဲ ဆိုရင် ပုံမှန် ကျမ်းစာဖတ်ခြင်း ဆုတောင်းခြင်း အားဖြင့် ဘုရားသခင်နဲ့ အမြဲ ထိတွေ့အောင် ကြိုးစား ခြင်းပါ လိုအပ်တဲ့အချိန်တိုင်းမှာလဲ ဘုရားသခင်နဲ့ စကားပြောပါတယ် သင် ဘာပြောပြော သူကြားနိုင်ပါတယ် သင့်ရဲ့ ခံစားချက်အစစ်အမှန်ကို သိတာ ဘုရားခင် ပဲ ရှိပါတယ် ဒါကြောင့်..ဘယ်လူမျိုးမဆို ကိုယ်ယုံကြည်ရာ ဘုရားမှာ ဝတ်ပြုခြင်းဟာ စိတ်ကို ချုပ်တည်းနိုင်တဲ့ တစ်ခုထဲသော နည်းလမ်းဆိုတာ............

အိမ်မက်စေရာ
၁၅.၁၂.၁၁
၁၁း၃၂

Monday, December 12, 2011

အိမ်မက်ဆိုး...



လူတစ်ယောက်ကို နာကျည်းမိစဉ်က အမုန်းက ပူလောင်လိုက်တာလို့ တွေးမိဖူးတယ်.. ဒါနဲ့ မေ့ပစ်လိုက်ဖို့ ကြိုးစားတယ်..
လူတစ်ယောက်ကို ချစ်မိစဉ်မှာ တော့ အချစ်က အမုန်းထက် ပိုပူလောင်တယ် လို့ ခံစားမိပြန်ရော.. ဒါပေမယ့် မေ့ပစ်လိုက်ဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ...
ကိုယ်ချစ်တဲ့ သူတစ်ဦးက လှပစွာ သစ္စာ ဖောက်ခြင်းခံလိုက် ရတဲ့ အခါမှာတော့ အရာရာ ထက်ပိုပူလောင်တဲ့ ဝေဒနာကို ခံစားမိသွားသလို ဆုံးဖြတ်ချက်တွေ ဝေဝါးပြီး ဘာကမှ မခိုင်မာနိုင်တော့သလို..
လောကမှာ ကံအဆိုးဆုံးလူသားတစ်ယောက်မှ မဟုတ်ပဲ လျင်မြန်လွန်းတဲ့ အပြောင်းအလဲ တွေကြားထဲ အသားကျအောင် ကြိုးစားဖို့ ခက်ခဲလွန်းနေတယ်..
မြတ်နိုးစွာ ပန်ဆင်ဖူးတဲ့သူ့အပြုံးက ရက်စက်စွာ မဲ့တက်နေပြီလား....
ဘာမှမသိနားမလည်သူကိုမှ လှည့်စားရက်လေခြင်းလို့ နာကျင်မိပေမယ့် မုန်းလို့ မရနိုင်သေး..
အဆိုးဝါးဆုံးစကားတွေ ပြောပြီး ရန်တွေ့မိချင်ပေမယ့် သူနာကျင်သွားမှာ စိုးကြောက်မိတယ်..
အခြေအနေတစ်ခုကို အကောင်းဆုံးထိန်းသိမ်းဖို့ အရည်အချင်းတွေနဲ့ မပြည့်ဝသူပါ..
တည်ဆောက်ထားပြီးသား အရာတွေ ပျက်စီးသွားမှာကို သေသွားမှာထက် ကြောက်နေရတဲ့ အခြေအနေမှာ..
အရာရာကို ဆွေးနွေးကြည့်ဖို့လဲ နှုတ်ခမ်းတွေ ဆွံအနေလေရဲ့..
စဉ်းစားမိတိုင်း ကျလာတဲ့ မျက်ရည်ပူတွေ ပါးပြင်ပေါ်မခြောက်သွေ့နိုင်တော့....
ပြုလုပ်သူဟာ ချစ်တဲ့သူကိုယ်တိုင်လား ဆိုတာကို ယုံမှားသံသယ ရှိလဲ သေချာတဲ့ အဖြေတွေက နေရာတကာမှာ..
ချစ်ပါတယ် အကြိမ်ကြိမ်ဆိုခဲ့သူ က ခုဆို သူတပါးကို အကြင်နာစကားဆိုနေပြီ..
သတိရတမ်းတတက်ကာ ဓါတ်ပုံလှလှတွေလဲ မြင်မိတော့ ဒါ အမှန်တရား လို့ လက်ခံရတော့မှာပေါ့....
ဘယ်လိုမှ မဆုံးဖြတ်တက်စွာ စဉ်းစားရင်း ကုန်ခဲ လွန်းတဲ့ ဒီညအတွက်တော့ အိပ်မပျော်သူဟာ မျက်ရည်အကြိမ်ကြိမ်ကျမိ ပြန်ရော.........................
အဲ့ဒီလိုနဲ့ ခက်ခက်ခဲခဲ အဲ့ဒီညကို ကျော်ဖြတ်ရင်း နောက်နေ့မနက်မှာ အသက်မဲ့ ခန္ဓာကိုယ်ကို တွေ့တော့ မျက်ရည်အသွင်သွင်ကျရင်း ပြောမိခဲ့တဲ့ စကားတစ်ခွန်းက
နာကျင်ပင်ပန်းလွန်းနေတဲ့ နှလုံးသားလေး အနားယူပါစေတော့ရယ်လို့...................

အိမ်မက်စေရာ
၁၂.၁၂.၁၁
၁၆း၄၅

Sunday, December 11, 2011

နာကျင်မှုသက်သက်ဖြင့် ရေးဖွဲ့သော...

အိမ်မက်စေရာ ဆိုတဲ့ ဘလော့ဒ်က အိမ်မက်အတွက် အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လိုပါပဲ ..ဘယ်သူမှ ပြောခွင့်မရှိတဲ့အရာတွေ ဘယ်သူမှ မသိတဲ့အကြောင်းတွေ ပျော်ရွှင်စရာ ဝမ်းနည်းစရာ တွေအားလုံးကို ဒီဘလော့ဒ်လေးမှာ ချရေးခွင့်ရှိတယ်လေ..ဒီအောက်က စာကြောင်းတွေက အိမ်မက်နဲ့ တိုက်ရိုက်အားဖြင့်တော့ မပတ်သတ်ပေမယ့် တနေ့နေ့ တချိန်ချိန်မှာ ဒီစာထဲက သက်ဆိုင်သူ တစ်ယောက် သို့မဟုတ် နှစ်ယောက်စလုံး ဖတ်မိခဲ့မယ်ဆိုရင်ပေါ့...
တကယ့်ကို သိပ်ချစ်ကြတယ်ဆိုရင် ဆုံဆည်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
ဘာဖြစ်လို့လဲ ဆိုရင် အိမ်မက်လုပ်ပေးနိုင်တာဆိုလို့ ဆုတောင်းပေးဖို့ တစ်ခုပဲ ရှိလို့ပါ...
ဒီစာထဲမှာ မပါဝင်တဲ့ တတိယလူကတော့ ဒီစာဖတ်နေတဲ့အချိန်မှာ ဝမ်းနည်းစွာ ငိုကြွေးနေခဲ့ရတယ်ဆိုတာ သက်ဆိုင်သူတစ်ဦး သို့မဟုတ် နှစ်ဦးစလုံးကို သိစေချင်ပါတယ်.........

ma yay! ah yan:1 tie. yin bar lote ya ma lae' ko ma tie. dar 1 kal pyaw dar par , bar lo. paung: sat lo. ma ya naing dar lae' hinn? ma si ka ga yu. site muu. ko ah yan: lo chin kae. del..... dar pay. mae. ma. bat ka tone. pyan muu. ka ah yan: ko aye: say: naing loon: del .... khan: ser: lo. ma naing woo: byar.... ko. ko ko lae' daww da fit mie. del .... ah yan: ko chit kae. pee: ma lwal ku dae. ah yar ko ya aung yu naing kae. pee: ma. bar ma hote dae. ah yar 1 ku. kyaunt. pyat sii: kae. ya del ..... ah yan: wann: nae' del ma yel .... ma pyaw 1 lo pot ma yel ANYWAY AND ANYHOW pot love u so much ma ..... 1 nay. nay. ma nar: ko york aung lar kae. mal ... ah chain tway kyar twar: p dar pay mae. bel twat ma. pywat kwal ma twaR: woo: ..... ae' dar ko yone pay: par ... ah yan: chit kae. del ...... ho ah yin ka ma yae. Mg


ဒီအောက်ကစာပိုဒ်လေးကတော့ အိမ်မက်ရေးတာ ပါ.. တတိယလူပြောမထွက်ခဲ့တဲ့ စကားလုံးတွေကို ကိုယ်စားပြုပါတယ်..
နင့်ရဲ့ နူးညံ့တဲ့ စကားလုံးတွေကို ငါတစ်ယောက်ထဲပဲ အပိုင်ရချင်တာဆိုရင်.. ငါ့ကို အတ္တကြီးတယ်လို့ နင်ပြောမှာလား.. နင့်ရဲ့ နွေးထွေးတဲ့ အကြည့်တွေ အမြဲငါ့စီမှာ ပဲ ရှိနေစေချင်တယ်ဆို ရင်ရော အရူးလို့ နင်ငါ့ကို ပြောမှာလား...နင့်ကို စကားတတွက်တွက် ပြောတာက နင့်အတွက် အနှောင့်အယှက်စေချင်တာမျိုးမဟုတ် ပဲ ငါရင်ထဲမှာ ရှိသမျှအကြောင်းအရာကို နင်နဲ့ တိုင်ပင်ချင်တာဆိုရင်ရော ငါ့ကို ကြက်တူရွေးလို မိန်းမလို့ နင်သတ်မှတ်မှာလား.....ငါ့ရဲ့ အသုံးမကျတဲ့ ညံ့ဖျင်းမှုတွေကြားထဲကပဲ နင့်ကို နားလည်ဖို့ ငါအမြဲ ကြိုးစားနေတယ်ဆိုရင်ရော အရာမရောက်နိုင်ပါဘူးလို့ နင်ဆိုမလား..(အိမ်မက်စေရာ)
အားလုံးကို ပျော်ရွှင်စေချင်တဲ့
အိမ်မက်စေရာ