Pages

Wednesday, May 30, 2012

National No Bra Day.. တဲ့

 ခေါင်းစဉ်ကြည့်ပြီး လန့်သွားကြမယ်ထင်တယ်..းD

အိမ်မက် မနောက်ပါဘူး အတည်ပြောတာပါ..။


No Bra day ဆိုတာ ရှိတယ်တဲ့...ကြားဖူးကြလား မသိဘူး..။ အိမ်မက်ကတော့ စပ်စပ်စုစု နော်..။

ဒီနေ့ မနက် အလုပ်လုပ်နေရင်း ပိုလန်သူ သူငယ်ချင်းမလေးက လာပြောတာ...။


ဒီနေ့က ohne bh tag( no bra day ) တဲ့...။


အမ် ဆိုပြီး လူက နဲနဲ ကြောင်သွားတယ်.. တကယ်လား ဆိုတော့ တကယ်တဲ့..။ ငါတောင် bra ဝတ်မလာဘူး ဆိုပြီး ပြောလာတယ်..။ ဟုတ်ချင်လဲ ဟုတ်မှာ ပေါ့ အိမ်မက်တို့က အနောက်တိုင်း ယဉ်ကျေးမှုနဲ့ သိပ်မှ မနီးစပ်တာ ဆိုပြီး တွေးလိုက်တယ်..။


နားနေချိန် ကြတော့ တခြားသူငယ်ချင်းတွေ ကို ပြောပြရင်း မေးဖြစ်တယ်..။ သူတို့ကလဲ မသိဘူး ပိုလန် နိုင်ငံမှာ ပဲ လုပ်တဲ့ နေ့ ဖြစ်မှာ ပေါ့လို့ ပြောတယ်..။


အဲ့ဒီ ပိုလန်သူလေးကို ပြန်မေးတော့ မဟုတ်ဘူး တစ်ကမ္ဘာလုံး လုပ်တဲ့နေ့ တဲ့..။


မသိတော့ပါဘူး.. သူပြောနေတာနဲ့ ကိုယ်တောင် ချက်ချင်း ချွတ်ပစ် ရမလိုးD...။


မကျေနပ်ဘူး အိပ်ရောက်ရင်တော့ ဂူဂယ်လ် မှာ ရှာကြည့် ဦးမယ်လို့ တွေးမိတယ်..။


ရှာကြည့်လိုက်တော့...................။


တော်တော်တော့ ရှာရပါတယ်.. အဲ့ဒီနေ့ကို ဘယ်လို အတိအကျ ခေါ်လဲ မသိတော့လေ ပြီးတော့ ဘာအတွက် လုပ်တာလဲ သိချင်လို့..။


အဲ တွေ့ပါပြီ.. National no bra day ဆိုတာ ရှိတယ်တဲ့..။


လွဲတာ တစ်ခုပဲ ဒိတ်က လွဲနေတာ..။ ဆိုဒ်တော်တော် များများ မှာ တွေ့ရတာ ဂျူလိုင် ၉ ရက်နေ့ ပါတဲ့..။


ဒါဆို ဒီနေ့က ပိုလန် နိုင်ငံတစ်ခုပဲ ကျင်းပတဲ့နေ့ ဖြစ်မယ် ..။ ဟိ

 


http://answers.yahoo.com/question/index?qid=20110627225137AARDV09 အဲ့ဒီမှာ တွေ့တာက 

 

When is national no bra day?

My cousin posted on facebook that July 9th is national "no bra day". I wanted to know if it was true ဆိုပြီးမေးထားတယ်... 


ပြန်ဖြေထားတာက...


Best Answer - Chosen by Voters

National No Bra Day is offically July 9th

Source(s):

National Holiday Website.... တဲ့...


နောက်ပြီး facebook မှာက အချိန်နဲ့ အတိအကျတောင် ပြောထားသေးတယ်...


    • Saturday, July 9, 2011 at 12:00am until Sunday, July 10, 2011 at 12:00am....ကဲ ...


      နောက်ဆိုဒ်တစ်ခုမှာ က ဓါတ်ပုံလေးတွေနဲ့..သူက ဒီလိုပြောထားတယ်...


ဓါတ်ပုံ ကြည့်ချင်ရင်တော့ ကိုယ့်ဖာသာကိုယ် သွားကြည့်ကြနော်..


http://4minuten.eu/2011/10/06/donnerstag-der-tag-an-dem-frauen-ohne-bh-ausgehen-28-fotos/ ..


ဒီဆိုဒ်မူရင်းကတော့ ဂျာမန်လို ..ရေးထားတာ အင်္ဂလိပ်လို translate လုပ်လို့ ရတယ်... 

 

http://nationalnobraday.webs.com/   


အော် ဒီမှာတော့ အပြည့် အစုံ ဖော်ပြထားတယ် .. သိချင်ရင်သွားကြည့်နော်..။

 

**Breast Cancer is something you should take seriously and be checked for.** 


ဆိုပြီး အောက်ဆုံးမှာ ရေးထားတယ်..။

 

သဘောက တော့ အမျိုးသမီးများ ရင်သားကင်ဆာဘေးမှာ ကင်းဝေးရေး အထိမ်းအမှတ် နေ့...ဖြစ်ပြီး အဲ့ဒီ ရည်ရွယ်ချက်နဲ့ ပဲ ကျင်းပပြုလုပ် ကြတာပေါ့... ..အော် အော်...။


အားလုံးပဲ ဗဟုသုတ တိုးပွားကြပါစေ ..။

 


 

 

**********************************        ***********************************


ဒါနဲ့ စကားမစပ် တစ်ခုမေးလိုက်ဦးမယ်..အမျိုးသမီးသုံး condom ရှိတယ် ဆိုတာရော ကြားဖူးကြလား မသိဘူး..။ 


မသိတဲ့သူတော့ တော်တော်များတယ်..ကျန်းမာရေး စာဆောင်တွေ ဖတ်တဲ့သူတွေတော့ သိပါလိမ့်မယ်..အလုပ်က လူတစ်ချို့ ရှိတယ်ဆိုတာကို မယုံတဲ့ သူတွေ ရှိတယ်..။ အိမ်မက်က ဗဟုသုတ ပြောပြတာပါ.. ဒါကို တစ်မျိုးမြင်လို့ စကားတောင် များကြသေးတယ် အဟိ။ ရယ်ရတယ် သိတယ်လူတွေ လဲ သိကြပါတယ်.. သိချင်တဲ့ လူရှိရင်တော့ ပြောပြမယ် ဒါပေမယ့် ဘယ်လို သုံးရလဲ တော့ မသိဘူး...အားရင်တော့ ရှာကြည့်လိုက်ပါဦးမယ်..။


ဒီနေ့ ပိုလန် No bra day မှာ စိတ်ပါဝင်စားသူများ ပါဝင် ဆင်နွဲနိုင်ပါတယ်..လို့..။



အိမ်မက်စေရာ

၃၀.၀၅.၁၂







Tuesday, May 29, 2012

ကျန်းမာဖို့သာ..

 

 

 

 

 

 

 

ဟိုတလောက အိမ်မက် နေမကောင်းလို့ အလုပ်က ဆေးခွင့် ယူလိုက်ရတယ်လေ.။ တကယ်က အိမ်မက်မှာ နားရက်ရှည်ယူပြီးသား ဖျားတော့ ဆေးခွင့်ယူတယ် ဒါနဲ့ နားရက်က သုံးပတ်ဖြစ်သွားတယ်..။

ပြီးခဲ့တဲ့ စနေက အလုပ်စဆင်းတော့ လူတွေက အိမ်မက် ကို ဘာမေးတယ် ထင်လဲ...။

ကိုယ်ဝန်ရှိတယ် ထင်လို့တဲ့... သေရော ။

ကိုယ်ဝန်ယူတာကို စက်ဘီး လေထိုးသလို လွယ်တယ်များ ထင်လားလို့ မေးလိုက်တယ် အဟုတ်။ စိတ်ကို တိုတယ်။ ဒီမှာ က အပျို အအို အားလုံး ကိုယ်ဝန်ယူလို့ ရတယ်လေ။ နားရှုပ်သွားလား မသိဘူး။ အပျို ကိုယ်ဝန်ဆောင် ဆိုတာမျိုး ..ယောက်ျားက စာရင်းမှာနာမည်ပဲ ရှိပြီး လက်ထပ်ထားတာ မဟုတ်တာ မျိုးလေ ဒါမျိုးကို single mother ဆိုပြီး အစိုးရက ထောက်ပံ့တယ်..။ ဒါကြောင့် ဒီမှာ စာချုပ်နဲ့ လက်မထပ်ပဲ ကလေးယူတာ များတယ်။

နောက်ပြီး အိမ်မက်က နောက်တစ်လ ကုန်ရင် အိမ်မက်ရဲ့ အလုပ်စာချုပ် သက်တမ်းပြည့်ပြီ။ အထက်က ကြိုက်လို့ ထပ်ချုပ်မယ်ဆိုရင် ဒီစာချုပ်က အမြဲ စာချုပ်ဖြစ်သွားပြီ။ အမြဲ စာချုပ်မှာ အခွင့်အရေးတွေ တအားများတယ်လေ။ အထူးသဖြင့်တော့ အလုပ်က အိမ်မက်တို့ကို တော်ရုံနဲ့ အလုပ်ထုတ်လို့ မရဘူး။ အဲ့ဒီတော့ အဲ့ဒီစာချုပ်ရပြီးရင် လူတွေက ဆေးခွင့်ကို မဟားတရား ယူကြတာ။

နောက်တစ်ခုက အကယ်၍ ကိုယ်ဝန်ဆောင်မယ်ဆိုလဲ ကိုယ်ဝန်ရှိစ ကနေ ကလေး သုံးနှစ်အထိ အိမ်မှာ ထိုင်နေလို့ ရတယ်။ အလုပ်ကနေ ကလေးမွေးတဲ့ အထိ အလုပ်က ပုံမှန်လစာ သွင်းပေးတယ်။ မွေးပြီးရင် တခြားငှာန တစ်ခုက ဆက်ထောက်ပံ့တယ်။ အလုပ်လုပ်စဉ်က အခွန်ဆောင်ထားတဲ့ အတွက်ကြောင့်လေ။

အခွင့်ရေးတွေ ရတာ သိပ်များတယ်။ ဒါကြောင့် ဒင်းတို့က အိမ်မက်ကို ကိုယ်ဝန်ယူတယ် ထင်ကြတာလေ။

ပြီးတော့ အလုပ်က အမြဲ စာချုပ်ပေးလိုက်ပြီထင်တာ။ အမှန်က နောက်လ မှ ဆုံးဖြတ်ကြမှာ။

သူတို့ကို မရသေးကြောင်း ပြောပြတော့ ဘာမေးတယ် ထင်လဲ.......

နင်က ဘာလို့ ဆေးခွင့်ယူရတာလဲ တဲ့....။

ဟွင်း...

သဘောက ဒီလို ... အလုပ်မှာ သူတို့ရဲ့ တစ်နှစ်စာချုပ်( ၂ ခါချုပ်တယ်) ကာလ အတွင်း မဖျားရဘူး။ မဖျားရင် အမြဲ စာချုပ် တန်းရတယ်။ ဖျားရင် စာချုပ် ပြည့်တာ နဲ့ အလုပ်ထုတ်တယ်။

အထက်က နှစ်သက်တာ မနှစ်သက်တာ လဲ  ပါတယ်ပေါ့။

ကဲ ဘာကောင်းလဲ သူတို့ နိုင်ငံမှာ အလုပ်လုပ်ရတာ။ မနှစ်ကတော့ အိမ်မက် တစ်နှစ်လုံး မဖျားဘူး။ အလုပ်က အဲ့ဒီအတွက် နှစ်ကုန်တော့ နာရီ လက်ဆောင်ပေးတယ်။ နှစ်စ မှာ ယူရို ၅၀၀ ရတယ်။ မနှစ်က တစ်နှစ်နဲ့ နောက်လဆို နှစ် နှစ်ပေါ့။ ကပ်ဖျားတာလေ။ ၂ နှစ်ဆက်တိုက်ဆိုတော့ အိမ်မက်လဲ ဘယ်ခံနိုင်မှာ လဲ ဒီကြားထဲ တောင် ဖျားနေရင်းတန်းလန်း အိမ်မက် အလုပ်ဆင်းသေးတာ။ ခုတခါက ဘယ်လိုမှ မရတာ။ ဝက်သက်ပေါက်တာကိုး။ ဘယ်လို အလုပ်ဆင်းလို့ ရမှာလဲ ။ 

ဒီလို ကိုယ်ချင်းမစာ မနာ လာမေးကြတော့ အိမ်မက်လဲ ပြောလိုက်ပါတယ်။ ငါ့အတွက် အလုပ်က အရေးကြီးပါတယ် ဒါပေမယ့် ကျန်းမာရေးက ပိုအရေး တယ်လို့။ အလုပ်ပြုတ်လဲ ကိစ္စမရှိဘူး ငါကျန်းမာနေရင် တခြားအလုပ်လဲ ငါလုပ်နိုင်တယ်။ အေး ငါမကျန်းမရင်တော့ ငါဘာမှ ဆက်လုပ်လို့ မရနိုင်တော့ဘူး လို့...။

အိမ်မက် ပြောတာ မှန်တယ် မဟုတ်လား..။ အိမ်မက်တော့ ကျန်းမာရေးက အရေးကြီးတဲ့ နေရာမှာ ရှိတယ်လို့ မြင်တယ်...။

ကျန်းမာ ခြင်းသည် လာဘ်တစ်ပါးလို့ တောင် အဆို ရှိတယ် မဟုတ်လား..။


အားလုံးလဲ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင် နိုင်ကြပါစေ။

အိမ်မက်စေရာ

၂၉.၀၅.၁၂

 

Thursday, May 24, 2012

ပြပြန်ပြီ ဆန္ဒ


ပြီးခဲ့တဲ့ အပတ် ၁၈.၀၅.၂၀၁၂ ကစပြီး ၂၀.၀၅.၂၀၁၂ ထိ သုံးရက်ဆက်တိုက် ဆန္ဒပြပွဲတစ်ခု frankfurt ( Germany) မှာ ဖြစ်ပွားခဲ့ပါတယ်။
ဘဏ်တွေက ပြည်သူတွေ အပေါ်မှာ ယူတဲ့ အတိုးနှုန်း ကြီးပွားလာမှုကြောင့်  ဖြစ်တယ်လို့ သိရပါတယ်။ တစ်မြို့လုံးနီးပါး အုံးအုံး ကြွကြွ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုပါ။
Frankfurt Hauptbahnhof ( ဘူတာရုံကြီး) မှာ ဖြစ်ခဲ့ပြီး အိမ်နဲ့လဲ သိပ်မဝေးတာမို့ ဈေးသွားရင်းနဲ့ ဓါတ်ပုံဝင်ရိုက် ခဲ့တယ်။ ဒီပုံတွေက ၁၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ဓါတ်ပုံတွေပါ။ ၁၉ နဲ့ ၂၀ ကတခြားနေရာတွေမှာ ဖြစ်ပွားခဲ့တာပါ။

 ကွန်မန်ဒိုသုံးယောက်က အပေါ်မှာ တခြားကွန်မန်ဒိုတွေ က အောက်ဘက်မှာ


 ဘူတာရုံရှေ့


 ဆန္ဒပြသူများ


 ခုနသုံးယောက်ပဲ နှစ်ယောက်က အမျိုးသမီး တစ်ယောက်က အမျိုးသား


 ရှေ့ဆုံးက တစ်ယောက်ကိုသဘောကျလို့ သူ့ကို ရိုက်နေမှန်းသိတယ် လှည့်ကြည့်တယ်။


 အရေးပေါ် ကုသရေး အဖွဲ့ဝင်တွေလဲ အဆင်သင့်


 ကွန်မန်ဒိုတွေ ဝိုင်းထားတဲ့ နေရာ..အဲ့ဒီကောင်မလေး သတင်းထောက်လား ဘာလား အဲ့ဒီနားကကို မခွာဘူး


အထူး အဖွဲ့ဝင်တွေ တန်းစီနေတာပဲ .. ဒါပေမယ့် သူတို့ က စောင့်ပဲ ကြည့်နေတာ ..အကြမ်းမတမ်းတော့ မလုပ်ဘူး..

 နဲနဲ သောင်းကျန်းတဲ့သူတွေကို ဖမ်းပြီး ဒီဘက်ကို ခေါ်လာတယ်..စစ်ဆေးတယ်။


အိမ်မက်စေရာ
၂၄.၀၅.၁၂


Saturday, May 19, 2012

ရင်နဲ့ရေးတဲ့ ငါ့ကဗျာ



ငါပြောမယ်..
ချစ်တယ်ဆိုတာ အသာထား
တည်ဆောက်ပြီးသားကို မပျက်ဆီးချင်တာ
သိက္ခာဆိုတာ ဘယ်လိုလူမျိုးအတွက် ဆုလာဘ်လဲ
ငါ့ကိုယ်ကျင့်တရားအတွက်တော့
ငါ အာမခံတယ်..

သတ္တိဆိုတာတော့ နင်ရှိရမှာပေါ့
နင်ရွေးချယ်မှာ ဘာလဲ.. သေချာစဉ်းစား
အချိန်ဆိုတာ ကျန်နေသေးတယ်
ဘာမဆို ပြောလိုက်လို့ ရတယ်

ငါမငိုဘူး စိတ်ချ..
ဒူး နဲ့ မျက်ရည်သုတ်တဲ့ခေတ်လဲ
ရာစုနှစ်တစ်ဝက်မှာ ကျန်ခဲ့ပြီ..
ပြတ်သားစမ်းပါ..
နင်ဘာလိုချင်လဲ ..
နင့်ကိုယ်နင် ပြန်မေးဦး
သိပ်ပင်ပန်းနေပါ့မယ်..
ဟိုဘက်ကိုလှည့် ဒီဘက်ကိုလိမ်နဲ့
အချစ်ဆိုတာ ဒါမျိုးကို ခေါ်တာမဟုတ်ဘူး ကွဲ့

ငါရယ်ရင် လှောင်တယ် နင်ထင်မယ်
အမှန်တော့ ငါလဲချစ်ခဲ့ဖူးပါတယ်..
ဘဝဆိုတာကို စာချပြတဲ့ အချိန်ကျ
အချစ်ဆိုတာ က
ဟိုဘက်နားတော့ နဲနဲ ရောက်သွားလိမ့်မယ်...
သစ္စာဆိုတာတော့ အရောင်းအဝယ်မလုပ်သင့်ဘူးပေါ့..
ငါက မိန်းကလေးပါ
တကယ်တော့ သတ္တိနည်းတယ်..

ငါမျှော်လင့်တဲ့ မနက်ဖြန်ဆိုတာ မရောက်ခင်ထိ
ငါ အချိန်ရှိနေဦးမယ်ထင်တယ်..

တစ်ချို့သော ဆုံးဖြတ်ချက်တွေချဖို့ အတွက်
ပတ်ပတ်လည်က မျက်နှာ တစ်ချို့ကို
မမြင်ချင်ယောင် ဆောင်ကြည့်တယ်
သိပ်တော့မလွယ်ဘူး..

သံယောဇဉ်က လူကို ရူးစေတယ်လေ...

ဟိုဘက်အိမ်ကို လှမ်းကြည့်တော့လဲ
သူတို့ပျော်နေကြတယ်..
အတုလား အစစ်လားတော့ မသိဘူး..

အော် ပျော်ရွှင်မှုတောင် ဆေးရည်စိမ်ရမယ့် အချိန်ရောက်နေပါလား..

အတ္တတွေ သိပ်မများပါဘူးရယ်
ကြည်နူးချမ်းမြေ့မှုလေးတွေပဲ လိုချင်တာပါ
ငါ မသေခင်အချိန်လေးအတွင်းပေါ့..

ချစ်သူရယ်လို့ ငါမခေါ်ဘူး
ကြင်သူရယ်လို့ စကားချိုမသွေးဘူး
ဘာလို့လဲ ဆို
နင်က ငါ့ရဲ့ လက်တွဲဖော်လေ...

သူများရဲ့ စိတ်ကူးယဉ်မင်းသားဖြစ်ချင်သေးတာလား..

လောဘကြီးတာပေါ့..
ငါ့လက်ကိုတွဲ
ရဲရဲကျော်ဖြတ် လေ..ဟိုမှာ အနာဂတ်သစ်ရှိတယ်
ငါ့ရင်ဘတ်ကိုတော့ နင်မြင်မှာ မဟုတ်ဘူး.
ဟာသပျက်လုံးတွေနဲ့ ဖုံးထားလို့လေ..

ဒါမှမဟုတ်လဲ
ငါ့လက်ကို ဖြုတ်
နောက်ဆုတ်လို့ပြန်သွား..ငါမတားပါဘူး
ဟိုမှာ လဲ အလှပ တရားတွေ ရှိနေမှာပါ....

မငိုပါဘူးလို့ ပြောပြီးပြီလေ..
နင့်ကို ဆုံးဖြတ်စေချင်တာပါ..
မရောရာပေမယ့်..သေချာတာတွေက
ဆုံးဖြတ်ချက်ရဲ့ အနောက်မှာ ရှိနေမှာပါ

ငါ့ကိုတော့ အထင်မသေးပါနဲ့...
ပျော်ပျော်နေတက်တဲ့ သူဆိုတာ နင်သိမှာပါ..

တစ်ခုပဲ ပြောစရာရှိတာက
ငါမမြင်ရတဲ့ နင့်တစ်ဖက်လက်မှာ
ပဉ္စလက်အတက်ပညာတွေ ကိန်းဝပ်မနေဖို့နဲ့......
သစ္စာတရားကို ဖိနပ်လုပ် မစီးဖို့ပါ..


အိမ်မက်စေရာ
၁၉.၀၅.၁၂

Friday, May 18, 2012

ကျွန်မ ကြီးမှ ဝက်သက်ပေါက်


ကြီးမှ ဝက်သက်ပေါက်တယ်ဆိုလို့ အိမ်မက်တစ်ယောက် သူငယ်များ ပြန်သွားပြီလို့ ထင်သွားကြလား..
အရွယ်ကြီးမှ လူငယ်လို နေတာတွေ.. အချစ်ရေး ကိစ္စတွေ ဖြစ်လာရင် ဝက်သက်ဆိုတာ ကြီးမှ ပေါက်ရင် ပိုခံရတယ်ဆိုပြီး အပေါင်းအသင်းတွေ ပတ်ဝန်းကျင်ကပြော တာတွေ ကြားဖူးကြမှာပါ..
တကယ်တမ်း ဝက်သက်ဆိုတာကလဲ ကလေးတွေ မှာပဲ ဖြစ်တက် ပြီး အရွယ်ကြီးသူတွေ ဖြစ်လေ့မရှိတဲ့ ရောဂါ မျိုးပါ.. 

ဝက်သက်ရောဂါဆိုတာ..

၁၀ နှစ်အောက်ကလေးတွေ မှာ အဖြစ်များပြီး ကူးစက်တက်တဲ့ ရောဂါ တစ်မျိုးပါ..varicella-zoster ဆိုတဲ့ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာ ဖြစ်ပြီး herpesvirus ( ရေယုန်) အမျိုးအစား ထဲမှာ ပါဝင်ပါတယ်..
ခန္ဓာကိုယ်အနှံ့ကို လျှင်မြန်စွာ နဲ့ လွယ်ကူစွာ ပျံ့နှံ့နိုင်ပါတယ်..
ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ် အလယ်ပိုင်းမှာ စတင်ဖြစ်ပွားပြီး တခြားအစိတ်အပိုင်းတွေကို ကူးစက်သွားတက်ပါတယ်..
အလွန်ယားယံတက်တဲ့ ဝေဒနာကို ခံစားရမှာ ဖြစ်ပြီး လက်သည်းနဲ့ မကုတ်ခြစ်မိအောင်လဲ သတိထားဖို့လိုပါတယ်..

ရောဂါလက္ခဏာများကတော့
ကိုယ်အဖျားတက်ခြင်း ၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း နှင့်မျက်စိနီခြင်း တို့ဖြစ်တက်ပါတယ်..

ဝက်သက်ဟာ တစ်ခါတစ်ရံ အဆုတ်အအေး ပတ်ရောဂါ ကဲ့သို့အန္တရာယ်ကြီးသည့်ရောဂါများ သို့ဦးတည်နိုင်ပါတယ်..
 ဤနည်းအတိုင်း ကူးစက် ခံရသည့်10 ယောက်တိုင်းတွင်1 ယောက်မှာ သေဆုံး ပြီး 4 ယောက်မှာ
ထာဝရ ဦးနှောက်ပျက်ဆီးသွားပါလိမ့်မည်။  ဝက်သက်ကူးစက်ပြီးနောက်၊ SSPE ဟုခေါ်သော ရှားရှား ပါးပါး ရောဂါ အခြေအနေ တစ်မျိုး သည်နှစ်အတန်ကြာလျှင်ဖြစ်ပေါ် လာနိုင်ပါတယ်..
SSPE သည်ဦးနှောက်ကိုအလျှင်အမြန်ဖျက်ဆီးသည်၊ အမြဲတန်းပြင်းထန်ပါသည်။ မိမိတို့နေထိုင်မကောင်း ကြောင်း မသိလိုက်ခင်မှာပင်ရောဂါကူးစက်ခံရသူမှချောင်းဆိုးခြင်း နှင့်နှာချေ ခြင်း တို့မှတစ်ဆင့် ဝက်သက်ကူးစက်နိုင်ပါတယ်...

××××××××××××××× ×××××××××××××××××××× ××××××××××××××××××××××××××××××××××

ဒါက အိမ်မက် ရှာဖွေ လို့ ရသမျှ ဝက်သက်ရောဂါနဲ့ ပတ်သတ်တဲ့ အချက်တွေပါ..

အဲ့ဒါပါ..အဲ့ဒီ ဝက်သက်ကြီး အိမ်မက်ဆီမှာ လာပေါက်နေတာပါ..
ကြီးမှ ဝက်သက်ပေါက်ရင် ပိုခံရတယ်ဆိုသလို နေရထိုင်ရတော်တော် ခက်ပါတယ်..
ခန္ဓာကိုယ်မှာ အနီအစက်တွေ ပေါ်လာတုန်းက allergic လို့ထင်ခဲ့တာ ..ဒါမှမဟုတ် အသားခြောက်ပြီး ဖြစ်တာ လို့ ထင်ခဲ့တာပါ..သုံး လေး ရက်ကြာလို့ မပျောက်ပဲ ပိုဆိုးလာမှ ဆေးခန်းသွားခဲ့ တာ.. အဲ့ဒီမှ သိရတာ ဝက်သက်ဖြစ်တယ်ဆိုတာ..း(

အိမ်မက်မေမေက တော်တော်လေး သက်သာ လာပါပြီ.. 
ဟိုနားဒီနား လမ်းလဲ လျှေက်လို့ ရလာပြီ.. နဲနဲ လျှောက်တာများရင်တော့ နာလာတက်တယ်..
( သတင်းမေးကြတဲ့ သူများကို လဲအိမ်မက် ကျေးဇူးတင်ပါတယ်...းD )
အိမ်မက်က မေမေ့ကို ပြုစုမလို့ပါဆို ခု မေမေက တလှည့် ပြန်ပြုစုရမလို ကို ဖြစ်နေတာ..
ခုချိန်ထိ တော့ အိမ်မက် အဖျားတက်မလာသေးပါဘူး..

ဆေးခန်းကတော့ ဆေးတွေ အစုံပေးလိုက်ပါတယ်..
ဒါကြောင့် အိမ်မက်ပြောတာ.. ပြဿနာများ လာရင် အဖော်နဲ့ပါဆိုတာ ... 
း((((((( ....



အိမ်မက်စေရာ
၁၈.၀၅.၁၂

Saturday, May 12, 2012

မေမေနှင့် မိခင်များနေ့





မင်္ဂလာရှိတဲ့ မိခင်များနေ့ပါ…း)
အိမ်မက်ရဲ့ မေမေနဲ့ ကမ္ဘာပေါ်ရှိ အားလုံးသော မိခင်များကို နှုတ်ဆက်ပါတယ်…ရှင်

အိမ်မက်တစ်ယောက် ဒီပို့စ်ကို ရေးဖို့ တော်တော်လေး အချိန်ယူရပါတယ်..
အမှန်က အားလပ်ရက်ရှည် ယူထားတဲ့ အချိန်မှာ စာတွေ အများကြီးရေးမယ်လို့ စိတ်ကူးထားသော်လည်း.. ရုတ်တရက် ဖြစ်လာတဲ့ မေမေ့ ရဲ့ operation ကြောင့် အိမ်မက် အချိန်မရခဲ့ပါဘူး..

ဟုတ်တယ် အိမ်မက်ရဲ့ မေမေ ဗုဒ္ဓဟူး နေ့က ဒူး ခွဲခဲ့ရတယ်..
ဒူးနာနေတာ ကြာပေမယ့် ဆေးခန်းမပြဖြစ်ခဲ့လို့ ခုပြတဲ့ အချိန်ကျတော့ ခွဲစိတ်ဖို့ အထိ ဖြစ်သွားတာပေါ့..

အိမ်မက် မေမေ့ကို အနီးကပ် ပြုစုခွင့်ရခဲ့တယ်..
လမ်းလျှောက်လို့ မရသေးတဲ့ မေမေ့ကို ပြုစုရင်း အိမ်မက်တစ်ယောက် မိခင်များနေ့ကို အဓိပ္ပါယ် ရှိရှိ ဖြတ်သန်းခွင့် ရခဲ့ပါတယ်..

အိမ်မက်တို့လို သားသမီးတွေက မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှု သာ ခံခဲ့ရပြီး ကိုယ်က ပြန်ပြီး ပြုစုခွင့်ရတယ် ဆိုတာ ရှားကြတယ်..ခုလို နိုင်ငံခြားရောက်နေတဲ့ သူတွေအတွက် ပိုလို့ တောင် ဆိုးပါသေးတယ်..

ကိုယ့်မိဘနေမကောင်းတာတောင် ချက်ချင်း ပြေးမသွားနိုင်တဲ့ အခြေအနေမို့ ..အိမ်မက်အနေနဲ့ မေမေ့ကို ခုလို ပြုစုခွင့်ရတာ ကံကောင်းတယ်လို့ ခံစားရပါတယ်..

စာအများကြီး မရေးနိုင်လို့ ဓါတ်ပုံလေးတွေပါ တင်ပေးလိုက်တယ်….အိမ်မက်စေရာ သေးသေးလေးကို ကြည့်လိုက်ကြပါဦးနော်…


အားလုံးသော မောင်နှမများလည်း မိခင်များနေ့ကို အဓိပ္ပါယ်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုရင်း………




ပါးပါး ရယ် မိုးမိုးရယ်.. အိမ်မက်သေးသေးလေး ရယ်

တစ်နှစ်သမီး အိမ်မက်စေရာ


၎ နှစ်လောက်ရှိပြီထင်တယ် ဒီပုံမှာ .. မင်္ဂလာဆောင် ပန်းကျဲရမှာ ဗိုက်ဆာလို့ ဆိုပြီး ငိုနေတာတဲ့...


ဖွားဖွား မေမေရဲ့ အမေ.. အိမ်မက်သိပ်ချစ်တဲ့ ဖွားဖွားပါ..


အိမ်မက်သေးသေးလေး ပဲပေးနေတယ်..


ခွဲစိတ်ခန်း ဝင်ခါနီးမေမေ...
( ခုမေမေ က ဝတယ် အရင်တုန်းက မေမေက တအားပိန်တယ်.)
အိမ်မက်စေရာ
၁၂.၀၅.၁၂

Friday, May 4, 2012

လာစမ်းပါ....

ပြဿနာ များလာလိုက်ရင် အဖော်နဲ့ ဆိုတာ အမှန်ရယ်....

ခုလဲ ကြည့် တစ်ခုမပြီးသေးဘူး တစ်ခုက တိုးတယ်...

စိတ်ကို လာလာ စွနေတယ်လေ....

အဆင်မပြေတာတွေ စိတ်တိုစရာတွေ က တိုးပဲ တိုးတိုးလာတယ်..

တစ်ခါတစ်လေ ဆို ငိုချင်သလိုလို ဖြစ်ပြီး မျက်ရည်တော့ မကျ ပဲ ရင်ထဲမှာ ပဲ ဆို့နေတယ်...

ရပါတယ်..

ဒီပြဿနာတွေ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ..

လာစမ်းပါ..

နင်တို့ပဲ ငါ့ကို နိုင်မလား ..ငါပဲ နင်တို့ကို နိုင်မလား..

ကြည့်ရသေးတာပေါ့...

စိတ်ပေါက်ပေါက်နဲ့ အဲ့လို စိန်ခေါ်လိုက်တယ်..

ဟုတ်တယ် အဖော်နဲ့ အပေါင်းနဲ့ လာတဲ့ ဒုက္ခတွေကို အေးအေး ဆေးဆေးကို ရင်ဆိုင်ဦးမှာ..

ရတယ် လာခဲ့....

ဒီထက်ဆိုးတာလဲ လာခဲ့ ရတယ်..

သန်းခေါင်ထက်တော့ ညဥ့်မနက်ပါဘူး....

ဘယ်သူကို မှ မမှန်တာ မလုပ်လို့ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်..

ကိုယ့် ကိုယ်ကျင့်တရားကို ကိုယ်ယုံတယ်..

ဒါကြောင့်.......

ဒီစိတ်ညစ်စရာ ပြဿနာတွေ ကို ရင်ဆိုင်ဖို့ အသင့်ပဲ...




BUT............ I  AM  အိမ်မက်စေရာ..............................ယားးးးးးးးးးးးးးးစ်

 အိမ်မက်ကို အရင်ပို့စ်မှာ လာအားပေးသွားတဲ့ ဘလော်ဂါ မောင်နှမများကို အရမ်းကျေးဇူးတင်ပါတယ်နော်..

အိမ်မက်စေရား))