Pages

Tuesday, March 20, 2012

Frankfurt, Germany က ရထား ဆန္ဒပြမှု


Warnstreiks in Frankfurt

20.03.12

U-Bahnen, Straßenbahnen und Busse fahren nicht - S-Bahnen verkehren planmäßig - Von Mittwoch an fahren alle Linien voraussichtlich wieder ..


ဒီနေ့ frankfurt( Germany ) မြို့မှာ ရထားတွေ ဆန္ဒပြကြတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကလဲ တစ်ခါ ပြတယ်။ အဓိက ကတော့ လစာ ကြောင့်ပေါ့နော်။

ပြီးခဲ့တဲ့ အခေါက်က တော့ ဆန္ဒပြမယ် ဆိုတာ ကြိုတင် ကြေငြာတယ်။ နေရာတိုင်းမှာ information ပေးတယ်။ ဘူတာရုံတွေမှာလဲ information တွေ အပြည့်ပေးထားတော့ အားလုံးကြိုတင် ပြင်ဆင်လို့ ရတာပေါ့။

အဲ့ဒီနေ့ က အိမ်မက် အလုပ်ကို Taxi နဲ့ သွားရတယ်။ ၂၅ ယူရို ကုန်သွားတယ်။ စိတ်တိုလိုက်တဲ့ ဖြစ်ခြင်း ရယ်။ တစ်ချို့တွေ က နားရက်လဲ တယ်။ သူငယ်ချင်းတစ်ယောက်က အိမ်မက်နဲ့ အတူတူ သွားမယ် Taxi ဖိုး တစ်ယောက်တစ်ဝက် ပေးမယ် ဆိုလို့ အင်း လုပ်လိုက်တာ။ ပြီးတော့ သူက နားရက်လဲ လို့ ရသွားတယ်။ အိမ်မက် လဲချင်တော့ မရတော့ဘူး လူက များနေပြီ၊ ဒါနဲ့ ပဲ Taxi နဲ့ သွားရတယ်။ အပြန်ကျတော့ တခြားသူငယ်ချင်းရဲ့ ကားနဲ့ ပြန်လာတယ်။

ကဲ ခု ဒီတစ်ခါ ဖြစ်ပြန်ပေါ့။ လူတော်တော် များများ ကြိုမသိကြဘူး။ တစ်ခေါက်ဖြစ်ပြီးပြီ ဆိုတော့ ထပ်မဖြစ်တော့ဘူး ထင်တာ၊ ထုံးစံ မရှိဘူးလေ။ တစ်မြို့ထဲ မှာ နှစ်ကြိမ်ဆန္ဒပြတယ်ဆိုတာ။ အဲ့ဒါကြောင့် အားလုံး စိတ်အေးလက်အေး နေနေတာ၊ မနေ့ ကမှာ အမေ ဖုန်းဆက်လို့ သိရတာ၊ သိသိချင်း အင်တာနက်မှာ ရှာကြည့်တော့ ဟုတ်တယ်။ အင်း ဒီတစ်ခါတော့ Taxi နဲ့ မသွားနိုင်ဘူး ။

အမေ က ညက အိမ်မက်ဆီမှာ လာအိပ်တယ်။ အိမ်မက်အိမ်က နေ သူ့အလုပ်ကို သွားဖို့ ရထားတစ်မျိုးရှိတယ်။ Sbahn လို့ခေါ်တယ်။ ဒီကောင်က တော့ ထွက်တယ်။ အချိန်ပဲ နဲနဲ အပြောင်းအလဲ ရှိတယ်။ အိမ်မက်ရဲ့ အလုပ်ကို သွားရတာ ကြတော့ Ubahn ၊ ဒီကောင်က ဒီနေ့ တစ်နေ့လုံးမထွက်ဘူး။

ဒါနဲ့ အိမ်မက်လဲ သူငယ်ချင်းဆီဖုန်းဆက် တော့ သူက မနက် အတူတူသွားမယ် ပြောပြန်ရော၊ နောက်တော့ အဆင်မပြေဘူး ဘတ်စ်ကားလဲ မရှိတော့ သူ့ရဲ့ ယောက္ခမ က ကားနဲ့ လိုက်ပို့ပေးမယ်ပြောတယ်။ သူနဲ့ အိမ်မက်က နေတာဝေးတယ်လေ လမ်းမှာ တွေ့ဖို့ချိန်းထားတာ ခုတော့အဆင်မပြေဘူး။ အိုကေ လို့ ငါ အလုပ်ကိုပဲ ဖုန်းဆက်လိုက်မယ်ပြော လိုက်တယ်။

အလုပ်ကို ဆက်တော့လဲ မရဘူး။ ရုံးခန်းတွေက များက များ။ အိမ်မက်တို့ ဘက်ကို ကိုင်ထားတဲ့ Chef ဆီခေါ်တယ် ဘယ်လို့မရဘူး။ ရုံးခန်းထဲမှာ ရှိပုံမရဘူး ၊ ဒါနဲ့ ပဲ သူငယ်ချင်းဆီပြန်ဆက် ကဒ်နံပါတ်ပေးပြီးတော့ နင်အလုပ်ရောက်ရင်ပြောပေးပါ ၊ ငါ့ကို နားရက်လဲ ပေးရင်ပေး မဟုတ်ရင် holiday စာရင်းထဲ ထည့်ပေး ဆိုပြီး။သူကလဲ အိုကေ လုပ်ပေးမယ် ပေါ့။

အချုပ်ကတော့ အိမ်မက်တို့ ဒီနေ့ အိမ်မှာ ငုတ်တုတ်။

နားရက်က ကြာသာပတေး ၊ ကြည့်ရတာ ကြာသာပတေး အလုပ်ကို အစား ပြန်ဆင်း ပေးရမယ်တော့ ထင်တယ်။ ဒါက ပြီးမှာ သူငယ်ချင်းဆီ ဖုန်းဆက်မေးကြည့် ရမှာ။

ခုလို မျိုးကြီး အလုပ်ပျက်ရတာ စိတ်ထဲ မှာ မတင်မကျနဲ့။

ဒါပေမယ့် တက်နိုင်ဘူးကွယ်။

ရထားတွေ ဘတ်စ်ကားတွေကတော့ သူတို့ တောင်းဆိုထားတာ မရရင် ဒီထက်ပိုပြီး ဆန္ဒပြမယ်ပေါ့။သူတို့ မထွက်ရင် အားလုံးက ဒုက္ခရောက်ကုန်တာ ၊ လမ်းပန်းဆက်သွယ်ရေးက သိပ်အဓိက ကျတာကိုး။ အင်း သူတို့ကို လစာတိုးပေး ပြန်တော့လဲ အိမ်မက်တို့လို ပြည်သူတွေက ရထားခ ကားခတွေ တိုးပေးရပြန်ရော။ အဲ့ဒါကိုမှ မကျေနပ်ရင် အလုပ်သမား ပြည်သူတွေက တစ်ခါ ပြန် ဆန္ဒ ပြ ။ ဒါနဲ့ပဲ ဂျာအေး ကို သူ့အမေရိုက် မုန့်လုံး စက္ကူကပ်နေတော့တာ။


ကိုယ့်နိုင်ငံ တစ်ခုထဲ ကုန်ဈေးနှုန်းပြဿနာ ရှိတယ် မထင်ကြနဲ့။ တခြားနိုင်ငံတွေလဲ အတူတူပဲ။

ဟိုဟာ ဖြစ်လိုက် ဒီဟာဖြစ်လိုက်နဲ့။ နေ နေရတဲ့သူတွေက တစ်ခါတစ်ခါ ဆို ဆက်ပဲ နေရမလို ပြန်ပဲ ပြေးရမလိုနဲ့..။

သြော် ဘဝ ဘဝ......။

အနာဂတ်ကို မျှော်ကြည့်ရင် ..

ခုချိန်ထိ ဘာမှ မသေချာ နိုင်သေးတဲ့ ဘဝပါလားလို့.. .........။


အိမ်မက်စေရာ

၂၀.၀၃.၁၂

Friday, March 16, 2012

လွမ်းမိတယ် ဘလော်ဂါတို့ရယ်..


သံယောဇဉ်ရယ် ဖြတ်ချင်ပါတယ် ဆိုမှာ တရစ်ပြီး တရစ်တိုး တယ်။
အရင် သံယောဇဉ်အဟောင်းတွေ တောင် ဖြတ်လို့ မကုန်နိုင်သေးတာ သံယောဇဉ်အသစ် ကထပ်ပြီးတိုးတော့ ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုပါပဲ လား အိမ်မက်စေရာ..။

အလုပ်က ပြန်ရောက်တဲ့ အချိန်တိုင်း လက်က အော်တို ကွန်ပြူတာ ဖွင့်ပြီးသား..ပြီးရင် B ဆိုတဲ့ စလုံးလေးနှိပ် ကိုယ်ပိုင်အိမ်ကလေးထဲ ဝင်..။

ဒီနေ့ ဘယ်သူတွေ လာလည်သွားလဲ ကြည့်။
comment လေးတွေ ဖတ်ပြီးပြုံး။ အော် အရူး တစ်မျိုးပဲလား မသိ..။

ချစ်သူ ခင်သူတွေကို မမြင်မိ ပြန်တော့ ရင်ထဲ မှာ အလိုလို ဝမ်းနည်း ..
လာတောင် မလည်ဘူးရယ်လို့ တွေးမိပြန်ရော။ အော် သံယောဇဉ် တဲ့.. ချည်မှန်းမသိ ချည်မိတဲ့ ကြိုးရယ်ပါ..။

အပျော်တမ်းသက်သက် ရင်ဖွင့်ချင်ရုံသက်သက် ရေးခဲ့တဲ့ ဒီဘလော့ဒ်ရယ်..
ခင်မင်ကြရုံသက်သက် comment ပေးကြရုံသက်သက် ရင်းနှီးခဲ့ကြတဲ့ ဒီဘလော်ဂါတွေရယ်..
ခုတော့ ကိုယ့်ကိုယ် ကို မသိလိုက် ခင်မှာပင် ကြိုးတွေ တထပ်ထပ်တိုး အိုး သံယောဇဉ်မျိုးတဲ့..။

မတွေ့ရင် မနေနိုင်သလို အိမ်ကလေးတွေ မရောက်ရင် လွမ်းသလို နဲ့ အားရင်အားသလို သူတို့စီပြေး စာကလေးတွေရေး ကိုယ်ရောက်ခဲ့ကြောင်းအသိပေးလို့....ပြီးတော့ အိမ်ပြန်..။

ကိုယ့်အိမ်ပြန်ရောက်တော့လဲ မနေသာ မထိုင်သာ တခုခု မှ မရေးရင် မနေနိုင် အော်ကွယ် ဘာပဲ ဖြစ်ဖြစ် ချရေးမယ် ခံစားချက်ခြင်းဖလှယ်တာပဲ ဘာဖြစ်သလဲကွယ်နော်...။

ဧည့်သည်တွေကို စာရင်းပြုစု အသစ်တွေရှိရင် လိုက်လည် အဟောင်းတွေကို ဝင်နှုတ်ဆက် နဲ့ ကိုယ့်အိမ်ကို သူတို့ မရောက်တာ ကြာတော့လဲ နေကောင်းသလား တွေးပူရပြန်ရော..။

တခါတလေတော့ သူတို့ များမေ့သွားပြီလားတွေး အထီးကျန်သလိုလေး နဲ့...
အဖော်ပျောက် မှာ ကြောက်တဲ့ ကလေးလို ..။

ဒုက္ခ အဲ့ဒါ သံယောဇဉ်တဲ့...
ကိုယ်တိုင် မသိလိုက်ခင် မှာ သူ့ဟာသူ တွယ်ငြိ ဖြေကြည့်ဖို့ ခက်တဲ့ ဒီသံယောဇဉ်ကြိုး..
အဟောင်းတောင် မကုန်သေးဘူး..
အသစ်တွေက ထပ်တိုးလို့....
ဘလော်ဂါတို့ရယ် မတွေ့တာ ကြာရင်..
ရှင်တို့ကို ကျွန်မ လွမ်းတယ်...။

အိမ်မက်စေရာ
၁၆.၀၃.၁၂

Thursday, March 15, 2012

မောင်လေးနဲ့ ညီမလေး တွေ အတွက် အချစ်အကြောင်းလေး..



ညီမလေး၊ မောင်လေး တွေ အတွက် ပို့စ်လေး တစ်ပုဒ် ရေးချင်စိတ် က ခုတလော ပေါ် ပေါ်လာတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး ။ အိမ်မက်က eainmatsayar@googlemail.com ဖွင့် ပြီးမှ တခြားသူတွေ နဲ့ ရင်းနှီးလာတယ်။ အရင် က အကောင့် ရှိပေမယ့် သူငယ်ချင်းနဲ့ မိသားစု ပဲ ပြောဖြစ်တာ ။ အကောင့် အသစ်လေး ဖွင့်ပြီးမှ တခြား မသိသူတွေနဲ့ တော်တော် စကားပြောဖြစ်တယ်။ အဲ့ဒီအထဲမှာ ငယ်တဲ့ ညီမလေး၊ မောင်လေး တွေ ပါတယ်။ ရွယ်တူတွေလဲ ပါပါ တယ်။ ဒါပေမယ့် အိမ်မက်က အမ လို့ ကိုယ့်ကိုယ် ကို ပဲ ပြောဖြစ်တယ်။ ဒီတော့ ခုတလော မမ ကလေ ..မမ ကလေ လို့ ပြောရင်း လူကြီးစိတ်တွေ တော်တော့ ကို ဝင်လာပါတယ်( ပြောတာပါပဲ)..သူတို့ ရဲ့gtalk မှာ တင်ထားတဲ့ custom message လေးတွေ ဖတ်ပြီး အချစ်အကြောင်းလေးတွေ အသဲကွဲ တာလေးတွေ..စိတ်ညစ်တာလေး တွေ.သိပ်ချစ်တာလေး တွေ သိ လာရတယ်။ အဲ့ဒီတော့ အိမ်မက် ညီမလေး၊ မောင်လေး တွေ အတွက် ပို့စ်လေး တစ်ခုရေးချင်လာတယ်။ အဓိက က ညီမလေး အတွက်ဖြစ်မယ်ထင်တယ် ကိုယ်တိုင်က မိန်းကလေး ဆိုတော့လေ ဒါပေမယ့် ယူတက်ရင် ရတာပဲ မဟုတ်လား မောင်လေး တွေ အတွက်လဲ ပါ တာပါပဲ။းp



ချစ်ကြတယ်ဆိုတာ..

မောင်လေး တို့ ညီမလေး တို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပြီ ဆိုရင် ချက်ချင်း မသိနိုင်ပါဘူး။ အဲ့ဒါ ယုံလား မသိဘူး။ ငယ်တဲ့ အရွယ်လေး တွေမှာ ရင်ခုန်မှု စိတ်လှုပ်ရှားမှု ..စမ်းသပ်ချင်မှု လေးတွေက စတာဆိုတော့ ရုတ်တရက် ဆိုရင် တစ်ယောက်ကို တစ်ယောက် သိပ်ချစ်တယ် မချစ်ဘူး ဆိုတာ သေချာ မသိကြပါဘူး။ ရည်းစား အပျော်ထားတာ မဟုတ်ဘဲ ချစ်သူအတည်ထားဖို့ ဆိုရင် စချစ်တဲ့သူပဲ ဖြစ်ဖြစ် ပြန်ချစ်မယ့်သူက ပဲ ဖြစ်ဖြစ် အချိန်ယူပြီး မှ အတည်ပြုစေချင်တယ်။ အချိန် ဆိုတာလေး အတွက် မောင်လေး ရော ညီမလေးပါ စိတ်ရှည်စေချင်တယ်။

ချစ်သူတွေ ဖြစ်ကြပြီဆိုတော့..

ချစ်သူတွေ ဖြစ်ကြပြီ ဆိုရင်တော့ တစ်ယောက်ကို တစ်ယောက် အားမနာတမ်း လေ့လာ ပါ။ တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က သိမှ ချစ်သူ ဘဝ ရှည်ကြာမယ် မဟုတ်လား။ ဒီတော့ လေ့လာပါ စကားများများ ပြောပါ။ တိုင်ပင်ပါ။ ဒီကနေတဆင့် တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က ဖောက်ထွင်းသိမြင် လာပါလိမ့်မယ်။

နားလည်မှုလေး...

တစ်ယောက်စိတ်ကို တစ်ယောက်သိတာတွေ များလာရင်တော့ စိတ်ခုရတာလေး တွေ ရှိလာ လိမ့်မယ်။ ဒီအတွက် နားလည်မှု လေးတွေ ရှိစေချင်တယ်။ နားလည်မှု ထားရတာ သိပ်ခက်နေလားး) .. သူ့အားနည်းချက်ကို မစဉ်းစားခင် ကိုယ့် အားနည်းချက်ကို အရင် စဉ်းစားကြည့်လိုက်ပါ။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်..

ရန်ဖြစ်ပြီးရင် ပြန်ချစ်ပါနော်။ ရန်ဖြစ်ကြပြီဆိုရင် သူ့ရဲ့ မကောင်းတဲ့ အကျင့်တွေ မြင်လာလိမ့်မယ်။ ငါတော့ မှားပြီလို့ မတွေးလိုက်နဲ့နော်... ကိုယ့်ရဲ့ မကောင်းကျင့်လဲ သူမြင်သွားမှာပဲ။ ရန်ဖြစ်တဲ့ အကြောင်းကို စဉ်းစားပြီး နောက်တစ်ခါ အဲ့ဒီအကြောင်း ကို ပြန်မစနဲ့။ မောင်လေးက ကိုယ်မှားပါတယ် ချစ်သူရယ် လို့ တောင်းပန်ရင်..ညီမလေးကလဲ တို့ လဲ မှားတာပါပဲ ချစ်သူရယ်လို့..မပျက်မကွက် ပြန်ပြောနော်။ အပြစ်ကို သူ့အပေါ်ပဲ ပုံမချနဲ့။

လက်ထပ်မှာလား..

ကဲ ပြော လက်ထပ်ကြမှာလား။ မြန်မာ လူမျိုးတွေက လက်ထပ်ကြတယ် ဆိုတာ မမေ့ပါနဲ့။ မြန်မာ နိုင်ငံ မှာ မွေးဖွား ကြီးပြင်းလာတဲ့ မောင်လေး တို့ ညီမလေး လဲ လက်ထပ်ရမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ လက်ထပ်ဖို့ စိတ်ကူးမရှိရင် အစထဲက ချစ်သူမထားနဲ့။ ထားပြီဟေ့ ဆိုရင် လက်ထပ်ဖို့ စဉ်းစား။

မလောနဲ့..

လက်ထပ်ဖို့ ဆိုပေမယ့် အလောသုံးဆယ် လုပ်တာမျိုးတော့ မဖြစ်စေနဲ့ နော်။ သေချာဆုံးဖြတ်ပြီး အစီအစဉ်လေး တွေ ဆွဲ။ ချစ်သူဖြစ်ပြီး လက်ထပ်ပြီး တာမကဘဲ သားသမီး ယူဖို့ နဲ့ နှစ်ဖက် မိဘတွေ အတွက် က အစ အစီအစဉ်လေး တွေ ချကြည့်။

သူ့မိဘ ကိုယ့်မိဘ..

သူ့မိဘ အကြောင်းကို ဂရုတစိုက်ထား။ ဒါမှ သူလဲ ကိုယ့်မိဘ ကို ဂရုစိုက်မှာ။ သူ့မိဘကို ကိုယ်က ဦးစားပေးမှ သူလဲ ကိုယ့်မိဘ ကို ဦးစားပေးမှာ လေ။

အလို သိပ်မလိုက်နဲ့..

ဒီလို ပြောလိုက်လို့ တခြားတွေးမနေနဲ့ ဦး။ တစ်ဖက်လူကို အလိုသိပ်လိုက်တာ ဘာဖြစ်စေလဲ ဆိုရင်၊ ကိုယ့် အချစ်ကို ဖော်ပြပြီး သူ့အချစ်ကို ဖျောက်ပြစ်ရာ ရောက်တယ်။ ဟုတ်တယ် ကိုယ်တိုင်က သူ့ကို သိပ်နားလည်ပေးလွန်းရင်း အရာရာ သူ့စိတ်တိုင်းကျ ပဲ ဖြစ်စေမယ်ဆိုရင် အကောင်းမြင်လွန်းရင် သူရဲ့အချစ်က တဖြည်းဖြည်းနဲ့ အရောင်နုသွားလိမ့်မယ်။ ပစ္စည်းတစ်ခု မသုံးပဲ ထားရင် ဖုန်တက်သလို မျိုးပေါ့။ ကိုယ့်အချစ်တွေပဲ သူ့ကိုပေးနေရင် သူ့အချစ်ကို သူကိုယ်တိုင်မေ့သွားလိမ့်မယ်။ သူ့ကို သတိလက်လွတ် ဖြစ်အောင် မလုပ်ပါနဲ့။ ဒါကြောင့် အလိုသိပ်မလိုက်နဲ့။

မီးဖိုချောင်...

မီးဖိုချောင် နိုင်နင်းမှ မိန်းမကောင်း လို့ ပြောရင်တော့ အဲ့ဒါ မှားတယ် လို့ ပြောချင်တယ်။ ဒါဆို မနိုင်နင်းရဘူးလား ဆိုရင် အဲ့လို မဟုတ်ဘူး ခုခေတ်က အရင်လို မဟုတ်တော့ဘူးလေ။ မိန်းကလေးတွေ အတွက် အလုပ် က မီးဖိုချောင်တစ်ခုထဲမှာ မှ မဟုတ်တာ။ ကျောင်းနေချိန်မှာ ဘယ်မိဘက မှ သားသမီးကို ချက်တာ ပြုတ်တာ ခိုင်းချင်မှာ မဟုတ်ဘူး။ ကျောင်းပြီးတော့လဲ မောင်လေး၊ ညီမလေး တို့ တက်စရာ သင်တန်းတွေ အပြည့်မဟုတ်လား။ အဲ့ဒါပေါ့ မိန်းကလေး တွေ မီးဖိုချောင် သိပ်မဝင် ဖြစ်တော့ လူတိုင်း မကျွမ်းကျင်နိုင်ဘူး ။ ကျောင်းပြီးသွားတော့လဲ အလုပ်ထဲ ရောက်သွားရော။ ဒီနေရာတစ်ခု ပြောချင်တာ သူ့ကို ချစ်တယ်ဆိုရင် သူချက်တာလေးတွေ အကောင်းမြင်ပြီး စားပေးပါ ဒါမှ သူ ချက်ချင် ပြုတ်ချင်စိတ်ရှိမှာလေ။ ခေတ်လူငယ်တွေ အချိန်မလောက်ဘူး မဟုတ်လား ။ မောင်လေးတို့ မအားသလို ညီမလေးတွေလဲ လုပ်စရာတွေ အများကြီးမို့ ညီမလေးတွေ မီးဖိုချောင်ဝင်မယ်ဆို မောင်လေး တို့ကလဲ ချစ်သူကို ဝိုင်းကူပေါ့ကွယ် နော့။းp

ငြီးငွေ့လာပြီလား..

ချစ်သူဖြစ်တာ ကြာလာပြီဆိုရင် ငြီးငွေ့တက်လာကြတယ်။ ပြီးရင် အသစ်ရှာချင်ကြတယ်။ ဘာကြောင့်လဲ ဆိုရင် လူတွေက လတ်ဆတ်တဲ့ ခံစားချက်ကို နှစ်သက်ကြလို့လေ။ အထူးသဖြင့် ငယ်ရွယ်တဲ့ မောင်လေး တို့ ညီမလေး တို့ ဆို ပိုပြီး ဆိုးတာပေါ့နော်။ အသစ်အဆန်းလေးတွေ ရင်ခုန်တာလေးတွေ ကြိုက်တယ်။ ဒါက သတိထားရမယ့် အချက်။

ခံစားချက် အသစ်..

အပေါ်က လိုမျိုး မဖြစ်ဖို့ ၂ ယောက်လုံး သတိထားရမှာ မို့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက် အသစ်လေးတွေ ပေးဖို့ မမေ့ပါနဲ့။ဘယ်လိုမျိုးလဲ ဆိုရင် suprise လေ.. အံ့သြဝမ်းသာမှု ဖြစ်မယ့် ကိစ္စလေးတွေ လက်ဆောင်လေးတွေ.. ပန်းကလေးတွေ.. အနမ်းလေးတွေ အစုံပေါ့း)
သူ suprise တစ်ခုခုပေးတဲ့အချိန်မှာ ကိုယ်က အရမ်းကျေနပ်ဝမ်းသာ တဲ့ အနေအထားမှာ ရှိပါစေနော် ဒါလေး အရေးကြီးတယ်။ ကိုယ်မနှစ်သက်တဲ့ အရာဖြစ်ရင်တောင် တမျိုးလေးနော် စိတ်ဝင်စားစရာလေး လို့ ပြောဖို့ မမေ့နဲ့။ ကိုယ်မနှစ်သက်တဲ့ အစားအစာ ဖြစ်ရင်တောင် နဲနဲ ဖြစ်ဖြစ် စားပေးလိုက်ပါ။ ကြုံတဲ့အခါတိုင်းလဲ ကိုယ်မကြိုက်ပေမယ့် သူကြိုက်ရင် ဒါစားလေလို့ ပြောဖို့ မမေ့ပါနဲ့။ ချစ်သူရောလို့ မေးရင် ... မင်းစားတာလေး ထိုင်ကြည့်နေမယ်လို့ ပြောလိုက်ပါ.. အဲ အဲ့ဒီမတိုင်ခင်တော့ ဗိုက်ကြိုဖြည့်ထားနော်. ။ ဥပမာ ယောက်ျားကို ထမင်းစားဖို့ အမြဲစောင့်တက်တဲ့ မိန်းမလိုမျိုးပေါ့..အစာပြေတော့ စားထားရမှာပေါ့ မဟုတ်ရင် အစာအိမ်ရောဂါအ ရရင်ရ မရရင် ဒီလို စောင့်ရတာကို ငြီးငွေ့သွားလိမ့်မယ်။

တစ်စုံတစ်ရာ အမှား.....

သူက အမှားတစ်ခု ပြုလုပ်ခဲ့ရင်... အကယ်၍ အဲ့ဒီအမှားက ပထမဆုံးအကြိမ် ဖြစ်မယ် ဆိုရင် ဘယ်လောက်ကြီးမားတဲ့ အမှား ဖြစ်ပါစေ ခွင့်လွတ်ပေးလိုက်ပါ။ ပြီးတော့ အဲ့ဒီ အမှားကို ထပ်ခါ ထပ်ခါ အစဖော်ထားမျိုး ဘယ်တော့မှ မလုပ်နဲ့။

ယုံကြည်တာ ကောင်းတယ်.. စူးစမ်းတာတော့ အကောင်းဆုံး

သူ့ကို အံ့သြစရာကောင်းတဲ့ ယုံကြည်မှုမျိုးပေးပါ။ အဲ အဲ့ဒီအနောက်မှာ တော့ စူးစမ်းလေ့လာ မှု ရှိပါစေ ကွယ်။ သူ့ခြေလှမ်းကို သိနေတာက သူ့ကို အပြစ်တင်ဖို့ မဟုတ်ဘဲ ကာကွယ်ဖို့ ဖြစ်ပါစေ နော်။

ကဲ အစစ အရာရာ စဉ်းစား ပြင်ဆင် ပြီးရင်တော့ လက်ထပ်ဖို့ အဆင်သင့် ဖြစ်ပြီပေါ့။ လက်ထပ်ခါနီး တစ်ခါ ပြန်စဉ်းစားရမှာ သေချာပြီလား ဆိုတာ..
သူက ကိုယ်နဲ့ ဘဝ တစ်ခု လုံးလက်တွဲဖို့ ဖြစ်နိုင်တယ် ဆိုတာ သေချာလား ..????????

မသေချာရင်....

မနက်ဖြန် လက်ထပ်မယ် ဆိုရင် ဒီနေ့အထိ မောင်လေးတို့ ညီမလေး တို့ အချိန်ရနေပါသေးတယ်။
ဘယ်လို အခြေအနေပဲ ရှိရှိ သူများအတွက် လက်ထပ် ရတယ်ဆိုတာ မဖြစ်ပါစေနဲ့။
ကိုယ့်ဘဝအတွက် ကိုယ်ပဲ စဉ်းစား ။
အဆင်မပြေ နိုင်ဘူး ဆိုရင် တစ်ဘဝ လုံး အဆင်မပြေမှု တွေနဲ့ ရှေ့ဆက်သွားမယ့် အစား နောက်ကို ပြန်ဆုတ်လိုက်ပါ။
လူသိရှင်ကြားဖြစ်နေလို့ အခြေအနေတွေ လွန်ကုန်လို့ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး ကိုယ့်ဘဝနစ်မွန်းခံပြီး စိတ်ဆင်းရဲ ခံတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။
ကိုယ့်ကိုယ်ကို အသိဆုံးမို့
မဖြစ်နိုင်ဘူး ဆိုရင်တော့.............နောက်ဆုတ်လိုက်တာ အကောင်းဆုံးပါ။
တစ်ခါလောက် အရှက်ကွဲ ခံတာ တစ်သက်လုံး ငရဲ ခံရမှာ ထက် အများကြီး တော်ပါသေးတယ် ။

ဒီလောက်ဆို ညီမလေး နဲ့ မောင်လေး စဉ်းစားစရာလေး တွေ ရသွားလောက်ပြီနော်။
မမတို့ သူငယ်ချင်းတို့ ရောပဲပေါ့။

ပျော်ရွင်ချမ်းမြေ့တဲ့ ဘဝလေး တွေ ပိုင်ဆိုင် နိုင်ပါစေ။

အိမ်မက်စေရာ
၁၅.၀၃.၁၂








Tuesday, March 13, 2012

တာရာပွကြီးနဲ့ တူတဲ့ ဆရာဝန် သူငယ်ချင်း


အိမ်မက် သူငယ်ချင်းတစ်ယောက် ကို ဖဘ မှာတွေ့တယ်****မတွေ့တာ ကြာပြီဖြစ်တဲ့သူငယ်ချင်းတစ်ယောက်ပေါ့ ခုနှစ် နှစ်လောက်ရှိပြီလေ****အဲ့ဒါ သူ့ကို ဖဘ မှာ နာမည်တွေ့လိုက်တော့ တော်တော် ပျော်သွားတာ ဒါနဲ့ သူကို invited လုပ်လိုက်တယ်ပေါ့****လုပ်သာလုပ်ရတာ အားမရှိဘူးလေ သူ့ရဲ့ wall မှာ ကြည့်တော့ သူသိပ်မသုံးဘူးဆိုတာ သိလိုက်တယ်****၂၀၁၀ က ပို့စ်ပဲ တွေ့တယ် ****ထင်တဲ့ အတိုင်းပဲ အိမ်မက် invite ကို သူငယ်ချင်းက accept မလုပ်သေးဘူး****အင်း ယောက်ျားလေး သူငယ်ချင်း အဲ့ဒီကောင်က တာရာပွကြီးကာတွန်းနဲ့ တူတယ်****မျက်မှန်လဲတက်တယ်****

ဒါကြောင့် သူငယ်ချင်းတွေကလဲ နောက်ပြီးခေါ်တယ် တာရာတဲ့****ဒါပေမယ့် စာတော်တယ် DSMA ကလေ အဲ့ဒါကြောင့် ပဲ အိမ်မက်နဲ့ သိပ်မတည့်တာ****အိမ်မက်က သူ့ဆို သိပ်မပေါင်းချင်ဘူးလေ သူကတော့ သံယောဇဉ်ကြီးရှာတယ်****ဟုတ်တယ် အိမ်မက်က နိုင်ငံခြားထွက်လာပြီးမှ သူငယ်ချင်းတွေ အကြောင်းစဉ်းစားရင်း သူ့ကို သတိရသွားတာ မြန်မာနိုင်ငံမှာတုန်းက လုံးဝ ပဲ အဟိ****ကြီးကျယ်တယ်နော်း)****အဲ့ဒီ တာရာ နဲ့ သိတုန်းက အိမ်မက်က ဆယ်တန်းဖြေထားတာ သူက ပထမနှစ် ဆေးကျောင်းသားကြီးလေ****စာအရမ်းတော်တဲ့ သူငယ်ချင်းပေါ့****စာခဏလေး ကြည့်ယုံနဲ့ ရတယ် အိမ်မက်က တကယ်မနာလိုဘူး သူ့ကို ****အိမ်မက်က တုံးလို့လေ****

နောက်တော့ အင်း သူက အိမ်မက်ကို စိတ်ဝင်စားတယ်ပေါ့လေး)****ရယ်ရတယ်****ထားပါတော့ ဒါပေမယ့် စိတ်ထားတော့ အရမ်းကောင်းတယ် ****အိမ်ကို ဖုန်းဆက်လွန်းလို့ အိမ်က လဲ သိတယ်****သူ့ရဲ့ သူငယ်ချင်းလဲ အိမ်နဲ့ တအားရင်နှီးတော့ သိနေတာပေါ့****သူ့အကြောင်းပြောချင်တာ တစ်ခု ရှိလို့လေ****
တစ်ရက် ပေါ့ အိမ်နဲ့ သိတဲ့ သူငယ်ချင်းက ဖျားပါလေရော ဆေးရုံတောင် တင်ရတယ်****အိမ်မက်တို့ က မသိလိုက်ဘူး****သိတဲ့ အခါ သူက ဆေးရုံဆင်းပြီ****အဲ့ဒါကို တာရာ ကို ပြောပြတယ် ငါ မသွားကြည့်ဖြစ်လိုက်ဘူး ဟယ် စိတ်မကောင်းဘူး လို့****ဒါနဲ့ သူက ငါ ဖျားရင်ရော နင်လာကြည့်မှာ လားတဲ့****အင်းပေါ့ နင် ဆေးရုံတက်ရ ရင်လဲ ငါလာမှာပေါ့ လို့ ဖြေလိုက်တာ ****အိမ်မက်က ဘာရယ်မဟုတ် ဒီလိုပဲ ဖြေလိုက်တာလေ****ဆရာသမား ဘယ်လို လုပ်တယ် မသိဘူး နောက် သုံးရက်လောက်နေတော့ သူ့သူငယ်ချင်းက ဖုန်းဆက်တယ်****
တာရာဆေးရုံတင်လိုက်ရတယ် တဲ့ ****အိမ်မက်လဲ မျက်လုံးပြူးသွားတာ ဘာဖြစ်တာ လဲ ဘယ်လိုဖြစ်တာလဲ ဆိုပြီး**** နောက်နေ့ ဆေးရုံလိုက်သွားတယ်***

ဆေးရုံကလဲ ရိုးရိုးဝင်လို့ ရတယ် မထင်နဲ့နော် ****စစ်ဆေးရုံလေ မှတ်ပုံတင်တောင်းတယ်****အိမ်မက် က ဆောင်ထားတဲ့ အကျင့်မှ မရှိတာ****မရှိရင် မဝင်ရဘူးတဲ့****သူငယ်ချင်း ကို လာကြည့်တာ ပါ မဝင်လို့ ဘယ်လို လုပ်ရမလဲ ဘာ ညာ ပြောတော့****ပိုက်ဆံ အပေါင်ထားပြီး ကဒ် တစ်ခုလုပ်ရတယ် **** ပြန်လာရင် ပိုက်ဆံ ပြန်ပေးမယ်ပေါ့****စိတ်တိုလိုက်တာ အဟုတ်****ပြီးရော ဆိုပြီး လုပ်လိုက်တယ် ပိုက်ဆံပေး ကဒ် ယူပြီး အခန်းနံပါတ် ရှာ****ဟော တွေ့ပါပြီ****
အဲ့ဒီ လဒ လေ**** ပိုက်တန်းလန်းနဲ့ လက်မှာ ****တကယ် ဘာဖြစ်တာလဲ မေးတော့****အားနည်းတာတဲ့****၂ ရက် ၃ ရက်အတွင်း အားနည်းအောင် ဘယ်လိုလုပ်လိုက်လဲ မသိပါဘူး တကယ် ****အမြင်ကတ်လိုက်တာ လွန်ရော****သူက ပြောတာသာ အားနည်းတာ လူက ပြောင်စပ်စပ်နဲ့**** ပိုက်သာ မမြင်ရင် အိမ်မက် မယုံဘူး ****စကားခဏပြော ပေးပြီး ငါပြန်မယ် ဆိုပြီး ထပြန်လာ ခဲ့တယ်****သူက လိုက်ပို့ မယ် လုပ်သေးတာ ****စောင့်ပေးနေတဲ့သူ က ဆရာလေး မလုပ်ပါနဲ့ဗျာ ကျွန်တော် အဆူခံရမှာ ဆိုပြီး မနဲ တောင်းပန်မှ ကျန်ခဲ့တာလေ**** တကယ် မလွယ်ဘူးရော ပဲ****

အိမ်ကို ဖုန်းဆက်ရင် တခါ တလေ ဆို အိမ်မက်က မပြောချင်ရင် အဖေ့ကို ညာခိုင်းတာ မရှိဘူး ဆိုပြီး****အဖေက လဲ ရတယ် ပြောပေးတယ် ဖုန်းဆက်တိုင်း မရှိဘူးပဲ****ဒါပေမယ့် အခါ များလာတော့ အိမ်မက် ရှောင်မှန်း သိတာပေါ့****အဲ့ဒီအခါ ဘာပြောတယ်ထင်လဲ****အဖေ့ကို လေ. ဦးရယ် ကျွန်တော် တောင်းပန်ပါတယ် ဗျာ ကျွန်တော်သူနဲ့ တကယ် စကားပြောချင်လို့ပါ ခဏလေးပါဗျာ တောင်းပန်ပါတယ် ကြီးလုပ်တော့တာ ****အဖေ လဲ ဘယ်နေနိုင်မလဲ သနားတာရော နာငြီးတာရောနဲ့****အိမ်မက်ကို ခေါ်တယ် ဘယ်လိုခေါ်လဲ သိလား****သမီး နင့်ဟာ နင်လာရှင်း ငါ မနိုင်တော့ဘူး ဒီကောင် မလွယ်ဘူး တဲ့း)**** အိမ်မက်မှာလေ ရယ်လဲ ရယ်ချင် စိတ်ကလဲ တိုနဲ့****ဟင်း ဟင်း ဟင်း****ခုပြောတောင် ပြုံးမိတယ်****

အဲ့ဒီ သူငယ်ချင်းပေါ့ ****တာရာလေ****ခုတော့ ဆရာဝန်ကြီးဖြစ်နေပြီ****သူကပြောသေးတယ်****ငါ ဂျာမနီလာနိုင်အောင် ကြိုးစားမယ်တဲ့****ခု သူ့ကို ဖဘ မှာ နာမည်တွေ့လိုက်တော့ အရမ်းကို စကားပြောချင်လာတာ****သူ့ကို လဲ စချင်တယ်****ဒါပေမယ့် သူငယ်ချင်းက ခုထိ accept မလုပ်သေးဘူး****အိမ်မက် အထင် တွေ့တောင် တွေ့မှာ မဟုတ်သေးဘူး****ဆရာဝန်ကြီးက အလုပ်များတယ် ထင်ပါတယ်****

ဒါပေမယ့် ဘာပဲ ပြောပြော ငယ်စဉ်ဘဝ အမှတ်တရတွေက****ပြန်တွေးကြည့်ရင် ပျော်စရာပါနော်****
ဒါမျိုးအမှတ်တရ တွေက ပြန်မရနိုင်တော့ဘူး****အသက်အရွယ်ရလာရင် လူတွေက အရာရာကို ချင့်ချိန် စဉ်းစားပြီးမှ လုပ်ကြ တာ****ငယ်ငယ် ကလို ကမူးရှူးထိုး မလုပ်တက်ကြတော့ဘူးလေ****ဒါကြောင့် ခုချိန်က အပျော်က ငယ်စဉ် ဘဝက အပျော်တွေနဲ့ ယှဉ်ရင်တော့ လွတ်လပ်မှုနည်းသွားတာ အမှန်ရယ်****ဘာရယ်မဟုတ်ပါဘူး သူငယ်ချင်းကို ဖဘ မှာတွေ့တော့ သူ့အကြောင်းပြန်စဉ်းစားရင်း နဲနဲ သူငယ်ပြန်သွားတာ****တွေ့တဲ့ အချိန်တော့ ပြောပြရပါဦးမယ်း)****

အိမ်မက်စေရာ
၁၃.၀၃.၁၂

Sunday, March 11, 2012

ခေါင်းဆောင်နှင့် ဆရာကြီး ( Sunday post )

ဒီနေ့ တနင်္ဂနွေ နေ့လေးမှာ ယုံကြည်သူတို့ ခွန်အားရစရာ အကြောင့်းနှင့် တခြား သူတို့အားလဲ ခွန်အားနှင့် ဗဟုသုတ အသိပညာ ရစရာ အကြောင်း အဖြစ် ဒီပို့စ်လေး ကို မုရန် မဂ္ဂဇင်းမှ တဆင့် ပြန်လည် ကူးယူ ဝေမျှလိုက်ပါတယ်...ပျော်ရွှင် အေးချမ်းဖွယ် တနင်္ဂနွေ ဖြစ်ပါစေ။


ခေါင်းဆောင်နှင့်ဆရာကြီး

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုရရင် ခေါင်းဆောင်ဖြစ်ပါ ဆရာကြီးမလုပ်ပါနဲ့ ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ခေါင်းဆောင်ဆိုတာ ရှေ့ကနေတယ်၊ ဆရာကြီးကတော့
နောက်ကနေတတ်တယ်။ ခေါင်းဆောင်ဆိုတာအောက်ကနေတယ်၊ ဆရာကြီးကတော့အထက်မှာနေတာ အဓိပ္ပါယ်ကအဲဒီလိုကွာပါတယ်။ခေါင်းဆောင်ရဲ့အရည်အသွေးက "ဟေ့အားလုံးအပေါ်ရောက်ပြီလား၊ လူစစ်ရအောင်" လူစုံပြီဆိုမှကားပေါ်နောက်ဆုံးတက်တဲ့လူ။ "ဟေ့ အားလုံးစားပြီးပြီလား၊ လောက်ငှရဲ့လား အားလုံးဝပြီ "ဆိုမှသူစားတတ်တယ်။ မပိုရင်မကျန်ရင် သူမစားဘူးအငတ်ခံတယ်။ အားလုံးအိပ်ပြီဆိုမှ သူအိပ်တယ်၊ဘယ်သူမှမနိုးခင် သူအရင်ထတယ်။ဆရာကြီးကတော့ "ဟေ့ ခေါင်းခန်းကငါ့နေရာပြောထားစမ်း ဘယ်သူမှ အဲဒီမှာမထိုင်စေနဲ့" ဆိုပြီးအခန့်သား တက်ထိုင်နေတတ်သူ။ အိမ်ဦးခေါင်းဆောင်နှင့် ဆရာကြီးခန်းမှာနေရာပေးပြီး စားဦးစားဖျားကျွေးမှကျေနပ်တတ်သူ။ ငါအိပ်နေရင် ဘယ်သူမှလာ
မနှောက်ယှက်စေနှင့် မနက် ၈ နာရီမှငါ့ကိုလာနိုးစမ်းလို့ အမိန့်မျိုးတွေ ပေးတတ်သူပေါ့ (အသက်ကြီးသူတွေအတွက် ချွင်းချက်ရှိပေမဲ့ လူငယ်လရွယ်တွေအတွက်မှာတော့ ဒီစရိုက်တွေရှိနေရင်အလားအလာမကောင်းဘူးပေါ့)။

သာမာန် ရဲဘော်လေးဘဝကနေ ခေါင်းဆောင်ကြီးဖြစ်လာခဲ့တဲ့ဧကရာဇ် နပိုလီယံဘိုနာဘတ်(၁၇၉၆-၁၈၂၁) က Soldiers Win Battles and Generals Get Credits "စစ်သားများသည်စစ်ပွဲများအောင်နိုင်ကြပြီး ဗိုလ်ချုပ်ကြီးများသည်ဂုဏ်ကိုရရှိကြသည်" လို့ပြောခဲ့ပါတယ်။ သူဘာကြောင့် ဒီလိုပြောသလဲဆိုတော့ သူဟာ တိုက်ပွဲတွေမှာရှေ့ကဦးစီးပြီးကိုယ်တိုင်ခေါင်းဆောင်အဖြစ်နှင့် တိုက်ခိုက်ခဲ့လို့ပါဘဲ။ ကမ္ဘာတစ်ခြမ်းနီးပါးကို သူသိမ်းပိုက်နိုင်ခဲ့ဘူးပါတယ်။ဒီသဘောမျိုးကိုဘဲ အမေရိကန် ဘဏ်လုပ်
ငန်းရှင်ကြီး ရစ်ချတ်ပီကူးလေး(၁၉၂၃- )က "Leadership is an action. Not a word "(ခေါင်းဆောင်မှုသည်အလုပ်တစ်ခုဖြစ်သည်၊စကားတစ်လုံးမဟုတ်ပေ)လို့ ရှင်းပြခဲ့ဘူးတယ်။ ကဲအနာဂတ်ရဲ့သာသနာဟာလူငယ်တွေရဲ့လက်ထဲမှာလုံးလုံးရှိနေတယ်လို့ ကြွေးကျော်နေကြတဲ့ ယနေ့ခေတ်လူငယ်တွေ၊ "ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုတော့ကာ အခုကတည်းက ဒီအဓိပ္ပါယ်နှစ်ခုကို ကွဲကွဲပြားပြားခွဲခြားတတ်ပြီး နားလည်ထားဘို့တော့ လို ပါလိမ့်မယ်။ငယ်စဉ်ဘဝကတည်းက ရေသာခိုအချောင်လိုက်တဲ့စိတ်ဓါတ်ရှိသူတွေဟာကြီးလာတဲ့အခါမှာလည်း တာဝန်ယူတတ်တဲ့စိတ်မရှိဘဲ ခေါင်းရှောင်တတ်တဲ့လူစားမျိုးဖြစ်လို့နေတတ်သလို၊ ဖြစ်ကတတ်ဆန်းနေတတ်တဲ့ကလေးမျိုးဟာဘယ်အရာပေါ်မှာမှလေးနက်မှုမရှိသူ့ဖြစ်လာတတ်ပါတယ်။

လူပေါ်လူဇော်လုပ်တတ်တဲ့ဗီဇစရိုက်ပါတဲ့သူငယ်တွေဟာကြီးလာတော့ဆရာကြီးပဲလုပ်ချင်တဲ့လူပေါ်ကြော့တွေဖြစ်လာခဲ့ရတာပေါ့။သာသနာလောကကိုသုံးသပ်မယ်ဆိုရင်ဘာသာ ရေးလောကမှာ လူပေါ်လူတော်လုပ်ချင်လို့ကြိုးစားတဲ့လူမျိုးနှင့်ခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်လက်ခံပြီးခရစ်တော်ကိုချစ်လို့ကြိုးစားတဲ့ လူမျိုးဆိုပြီးနှစ်မျိုးတွေ့ရလိမ့်မယ်။ ကြိုးစားအားထုတ်ကြတာချင်း တော့တူပါတယ်၊ ဒါပေမဲ့ရည်ရွယ်ချက်ကမတူပါဘူး။ တစ်ယောက်ကဆရာကြီးလိုင်း၊ တစ်ယောက်က ခေါင်းဆောင်လိုင်းပေါ့။ ဒီလိုဆို ဆရာသမား ဆိုတာမျိုး မရှိရတော့ ဘူးလားလို့ မေးစရာရှိမယ်။(ရှိ ပါတယ်)ရှိရပါမယ်။ သမားဂုဏ်မြောက်တဲ့ အရည်အသွေးမျိုးရှိဘို့ မကျိုးစားဘဲနဲ့ ဆရာကြီးလုပ်ချင်တဲ့စိတ်ဓါတ်မျိုးကိုသာ ပြောတာပါ။

သမ္မာကျမ်းစာထဲမှာခရစ်တော်က ခေါင်းဆောင်ကောင်းတစ်ယောက်ပီသစွာ ဘယ်လို နေထိုင်ပြုမူအသက်ရှင်ရသလဲဆိုတာကို ကိုယ်တိုင်ကမ္ဘာလောကထဲ လူ့ဇာတိခံယူဆင်းတက်လာပြီး သရုပ်ပြ သွားခဲ့တာကို အတိအလင်းတွေ့နိုင်ပါတယ်။ ဒါကြောင့် ဘုရားမဲ့ဝါဒီတွေဖြစ်တဲ့ ကွန်မြူနစ်တွေကတောင် သခင်ယေရှုကို ဒီလိုထောက်ခံ
ခဲ့ပါတယ်"အပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့ ရဲဘော်ယေရှု ကိုတော့ကျုပ်တို့လေးစားတယ်ဗျာ"တဲ့။ သူတို့ဟာ သခင်ယေရှုကိုဘာ့ကြောင့် လေးစားပြီးအမှတ်ပြုရသလဲဆိုတော့ ဂုဏ်ယူ လေးစားအတုယူဖွယ်ကောင်းသော လုပ်ဆောင် မှုတွေကို ကိုယ်တိုင်လက်တွေ့သက်သေပြသ သွားခဲ့လို့ဘဲပေါ့။ သခင်ယေရှုရဲ့အဆိုအမိန့်က


ရှင်မဿဲ၂၀း၂၅-၂၈မှာ

"လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့ မပြုကြနှင့် လူသားသည် သူများကိုစေစား
ခြင်းငှာမလာ သူတစ်ပါးကိုအစေခံခြင်းငှာ၎င်း၊မိမိ အသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ၎င်း ကြွလာသည်ဖြစ်၍ "

ဒီ အဆိုအမိန့်ဟာ ရာစုပေါင်း (၂၁) ရာစုထိတိုင်ခဲ့ပြီဖြစ်ပေမဲ့ အသက်ဝင်နေဆဲ ကမ္ဘာကျော်နေဆဲဖြစ်တဲ့ မေတ္တာနှင့်စပ်ဆိုင်သော ခေါင်းဆောင်ကောင်း ခရစ်တော်ရဲ့ မိန့်ခွန်းတစ်ခုပါဘဲ။ ဒါကြောင့်အနာဂတ်သာသနာကိုခေါင်းဆောင်မဲ့ (ယနေ့ခရစ်ယာန်လူငယ်တွေ)ခေါင်းဆောင်နှင့် ဆရာကြီးဆိုတာ ဆင်သယောင်နှင့်မတူကြောင်း လွန်စွာကွဲပြားခြားနားကြောင်းကို
သဘောပေါက်သင့်လှပါတယ်။လူ့သဘာဝစိတ်မှာ ဩဇာပေးမဲ့သူကို ဘယ်သူမှအလိုမရှိ ၊ ခေါင်းဆောင်ကောင်းကိုတော့ လူတိုင်းအလိုရှိကြပါတယ်။ ဒီသဘောကိုသိတဲ့
ခရစ်တော်က

ယော ၁၃း၁၄-၁၇ မှာ

"ငါသည် သခင်ဖြစ်လျှက် အရှင်ဘုရားလည်းဖြစ်လျှက်နှင့် သင်တို့၏ခြေကိုဆေးလျှင်"

သူ့နောက်လိုက်တပည့်တော်တွေကို သူဖြစ်စေချင်တဲ့ပုံစံဟာ ဘာလဲဆိုတာကို ပါးစပ်နှင့်မပြော(အမိန့်မပေးဘဲ) ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ပြရင်း ခေါင်းဆောင် သင်ခန်းစာကို သွန်သင်ခဲ့ပါတယ်။

ဒါကြောင့် ....
ဆရာကြီးဆိုတာ အရာရာမှာသူကျွမ်းတယ်
ခေါင်းဆောင်က အမှားကိုဝန်ခံတယ်။
ဆရာကြီးက လုပ်ရမှာကိုပြောတယ်
ခေါင်းဆောင်က လုပ်ပြတယ်။
ဆရာကြီးက အပြစ်ရှာတယ်
ခေါင်းဆောင်က အကြံပြုတယ်။
ဆရာကြီးက အပြောနဲ့စတယ်
ခေါင်းဆောင်က နားထောင်ခြင်းနဲ့စတယ်။
ဆရာကြီးက အမိန့်ပေးတယ်
ခေါင်းဆောင်က လမ်းညွန်ပြတယ်။
ဆရာကြီးက အရိုအသေကြိုက်တယ်
ခေါင်းဆောင်က ရိုသေထိုက်တယ်။
ဆရာကြီးက စည်းမျဉ်းနှင့်အုပ်ချုပ်တယ်
ခေါင်းဆောင်က မေတ္တာဂရုဏာကိုရှေးရှုတယ်။

ဒီတော့- ခေါင်းဆောင်လုပ်ပါ ဆရာကြီးမလုပ်ချင်ပါနှင့်။

တင်အောင်လွင်(Exodus)

ဝန်ခံချက်။ ။ Aroma မဂ္ဂဇင်းမှ ကောက်နုတ်ချက်၊၊ JBC ၀ိညာဉ်သစ် ၂၀၀၉ မှတဆင့် ထပ်မံဖေါ်ပြပါသည်။

Wednesday, March 7, 2012

ကောင်ကလေး အတွက်...ကဗျာ



ကောင်ကလေးရေ ...........

စတင်တွေ့ကထဲက သံယောဇာဉ်တွယ်ခဲ့တာ
စုံဆည်းဖို့ ကံကြမ္မာ မပါလာလဲ..
တစ်မိုးအောက်မှာ နှစ်ယောက်
မပျောက်သွားနိုင်ဘူးဆိုတဲ့ အသိနဲ့
နာကျင်မှုတွေ ကြားထဲက
နင့်မျက်နှာလေးကို ငေး
ငါ အသက်ရှင်နိုင်သေးတယ်...................။

ကောင်မလေး ............



အိမ်မက်စေရာ
၀၇.၀၃.၁၂

Tuesday, March 6, 2012

ငါးထောင်တန်ဖုန်းအပေါ်ဘလော်ဂါတို့ အမြင်( tag post )



မမ မဒမ်ကိုးနဲ့ သမီးစံ တို့ တက်ဂ်လာလို့ ရေးဖြစ်တဲ့ ပို့စ်လေးပါ..
စာရေးမလို့ လုပ်တုန်း မြန်မာနိုင်ငံ က သူငယ်ချင်းတစ်ယောက် အွန်လိုင်းတက်လာ တာနဲ့ ငါးထောင်တန်ဖုန်းအကြောင်း စကားစပ်မိတော့ သူကပြောတယ်...

အဲ့ဒါ ဖျက်သိမ်းလိုက်ပြီလေ တဲ့ !!!!!!!!!

အိမ်မက်လဲ မျက်လုံးနဲနဲ ပြူးသွားတယ်.. တရားဝင်တော့ မဟုတ်သေးဘူး တဲ့ ဒါပေမယ့် ဖျက်သိမ်းလိုက်ပြီ လို့ ပြောတယ်...အော် ကိုယ်က ခုမှ ရေးမလို့ ကြံတုန်း ရှိသေး ဖျက်သိမ်းပြီ ဆိုတဲ့ အသံက ထွက်နေပြီ ..စိတ်တော့ မကောင်း ဖြစ်သွားတယ် အားလုံးက တော်တော်လေး မျှော်လင့် နေကြတာလေ.. ဒီဖုန်းလေး ထွက်လာရင် လူတော်တော်များများ ကိုင်လာနိုင်မှာ ဆိုတော့ဆက်သွယ်ရေး တော်တော် အဆင်ပြေမယ့် ကိစ္စ လေ...အိမ်မက်လဲ ငါးထောင်တန်ဖုန်းဆိုတာ ဘယ်လိုဆိုတာ သေချာမသိသေးတော့...ပို့စ်မရေးခင်လေး လိုက်ရှာကြည့်မိတယ်...

အားလုံးသိတဲ့အတိုင်း ဒီငါးထောင်တန်ဆင်းကဒ်ကို အကောင်အထည် ဖော်မှာက ရွှေပြည်တံခွန် ကုမ္ပဏီကပါ..ရွှေပြည်တံခွန်ကုမ္ပဏီက ၂၀၁၁ သြဂုတ်လ ၂၅ မှာ ဖွဲ့တယ် လို့ ဆိုပါတယ်..၂၀၁၂ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စီမံ စီးပွားက မှတ်ပုံတင်ခွင့်ပြုတယ်..
ဒါရိုက်တာ အဖွဲ့မှာ ဦးလွင်နိုင်ဦးက အုပ်ချုပ်မှု ဒါရိုက်တာ.. ဇနီးဖြစ်သူ ဒေါ်စုစုလွင် က ဒါရိုက်တာ..မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းကြည် ဒါရိုက်တာ ဆိုပြီး ဒါရိုက်တာ သုံးဦးနဲ့ ဖွဲ့စည်းထားပါတယ်
ဒါက ရွှေပြည်တံခွန် ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ အကြောင်း...

သုံးမယ့်စနစ်က UMTS ( Universal Mobile Telecommunication System) ဒါလဲ တခြားနိုင်ငံတွေမှာ တွင်တွင် ကျယ်ကျယ် သုံးစွဲ ပြီးသား ဖြစ်နေတဲ့ လိုင်းတစ်ခုပါ.. တိတိကျကျ မသိပေမယ့်လို့ တကယ်အကောင်အထည် ဖော်ကြမယ်ဟေ့ ဆိုရင်တော့ တခြား နည်းပညာထက်ပိုပြီး မြန်မြန် ဆန်ဆန် အကောင်အထည်ဖော် နိုင်မယ့် နည်းပညာ လို့ တော့ သိရတယ်..ဒါပေမယ့် အားလုံးသိတဲ့အတိုင်း ပဲ ဆက်သွယ်ရေးကောင်းဖို့ ဆိုရင် တာဝါတိုင်တွေ အများကြီးလိုပါတယ်..ရွှေပြည်တံခွန် ကုမ္ပဏီ ကတော့ တာဝါတိုင် အကြီးတွေအစား ပေါ့ပါးတဲ့ တာဝါတိုင် အသေးတွေ သုံးသွားမယ်လို့ ဆိုပါတယ်..ဆက်သွယ်ရေး ပိုမို ကောင်းမွန် မယ် မကောင်းမွန် ဘူးဆိုတာတော့ မပြောပါဘူး..

ကဲ မေးခွန်းလေးတွေ ဖြေလိုက်ပါဦးမယ်...

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား။
အရင်တုန်းထက် စာရက်တော့ အရမ်းကို သက်သာ သွားပါတယ်..သက်သာသွားတော့ လူအတော်အတန် သုံးလာနိုင်တာပေါ့...တန်ဖိုးနည်းတယ် လို့တော့ မမြင်ပါဘူး..

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ကောင်းပါတယ်..အကျိုးသက်ရောက်မှုတကယ် ရှိမယ် ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့နော်...

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
အားလုံးစုပေါင်း ပြီး ပါဝင်တာ အားရစရာပါ.. ဒါက အားလုံးမျှော်လင့် လိုလားတယ်ဆိုတာ သက်သေပြတာပါ..

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
အော်...ကြိုဆိုတာပေါ့... ဆက်သွယ်ရေးပိုမို လွယ်ကူ လျင်မြန်လာမယ့် အခွင့်အရေးပါ..လိုင်းလေး ကောင်းမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့...

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
ငါးထောင်တန် ဖုန်းဆိုပြီး ဖြစ်သလိုတော့ မဖြစ်စေချင်ပါဘူး. လူတွေ တစ်ချို့ လန့်နေသလိုမျိုး အလိမ်အညာတွေ လဲ မမိစေချင်ဘူး..ဈေးနှုန်းသက်သာတော့ တော်ရုံလူတန်းစား ဖုန်းကိုင်လာနိုင်မယ် ဒီကနေ တဆင့် ပိုမိုပြီး သက်သာ လာဦးမယ် ဆိုရင်တော့ အိမ်မက်တို့ မြန်မာ နိုင်ငံက လူတွေ နိုင်ငံခြားကား တွေ က လူတန်းစားစုံ ဖုန်းကိုင် နေတာကို ပါးစပ်ကြီး အဟောင်းသားနဲ့ ငေးနေဖို့ မလိုတော့ဘူးပေါ့..လိုင်း အရမ်းအရမ်းကြီး ကောင်းဖို့ မမျှော်လင့် ပေမယ့် အတော်အသင့် လေး ကောင်းတယ် ဆိုရင် ပဲ ဝမ်းသာစရာပါ..ဒါကြောင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ခုနက ကြားလိုက်သလို ဖျက်သိမ်းလိုက်ပြီ ဆိုတာ မျိုး မဖြစ်ပါစေနဲ့ လို့လဲ ..................


( တကူးတက Tag လာတဲ့ မမ မဒမ်ကိုး နဲ့ သမီးစံ ကို အထူးကျေးဇူး တင်ပါကြောင်းး)...)

အိမ်မက်စေရာ
၀၆.၀၃.၁၂

Monday, March 5, 2012

သူမ ခင်ပွန်း


သူမ အတန်ကြာ ငြိမ်သက်နေရင်းက စကားပြောဖို့ စဉ်းစားမိလဲ စကားလုံးပေါင်းများစွာက လည်ချောင်းဝမှာ တစ်ဆို့နေ..တစ်ဖက်မှာ ပေါ်နေတဲ့ သူငယ်ချင်းရဲ့ မျက်နှာကို ဘယ်လို အင်အားနဲ့ ကြည့်မလဲ လို့ စဉ်းစားနေချိန်မှာ တစ်ဖက်မှ သူငယ်ချင်းကလဲ ဘယ်လို နှစ်သိမ့်ရမလဲ လို့ စဉ်းစားနေမှာ အသေအချာ..ပြောစရာ စကားမဲ့ပြီ နှစ်ဦးစလုံး ရင်ထဲမှာ ပြောစရာတွေ များနေလဲ စကားလုံး အဖြစ်ပြောင်းမလာသေး..


လွန်ခဲ့တဲ့ အချိန်တော်တော် များများ က ပျော်ရွှင်စွား ဆိုခဲ့လေသော စကားလုံးနဲ့ အသံတွေလဲ ရုတ်တရက် ကြီး .. ပျောက်ကွယ်

ငါ လက်ထပ်တဲ့ အချိန်က ဓါတ်ပုံ မပို့ ဖြစ်ဖူးလို့ ဆိုကာ ချစ်ရသူ ခင်ပွန်းသည် နှင့် အတူ တွဲ ရိုက်ထားသော ဓါတ်ပုံကို ချစ်သူငယ်ချင်းအား ခုလေးတင် ပဲ ထုတ်ပြခဲ့တာ...


သူ ငါ့ကို သိပ်ချစ်တာလေ.. အရမ်းလဲ နားလည်မှု ရှိတယ် ..ငါပျော်တယ်သိလား ..နင်နဲ့ မိတ်ဆက်ပေးဦးမယ်....


အကောင်းဆုံးသော စကားလုံးများနှင့် သာ ခင်ပွန်းသည် နဲ့ သူမတို့ ရဲ့ အိမ်ထောင်ရေး ကို ဖော်ပြခဲ့တာ..ဝမ်းသာ အားရ ဖြစ်နေတဲ့ သူငယ်ချင်းက အားကျလိုက်တာ နော်....ငါ လက်ထပ်ရင်လဲ နင့်ကို ရှိစေချင်လိုက်တာ ..ဒါပေမယ့် ငါက ရည်းစားပဲ ရှိတာ ချစ်သူရှိဘူးလေဟယ် တဲ့ ... အကျီစားသန်ကာ စိတ်ထားကောင်းသော သူငယ်ချင်းက ဆိုတယ်..


ဓါတ်ပုံ ဖွင့်ကြည့်ဦးလေ ဟာ လို့ စိတ်မရှည်စွာ သူမဆိုတော့..

အမလေး တကထဲ မှ ပဲ ဟု ဆိုကာ မေးလ်ကို ချစ်သူငယ်ချင်း ဖွင့်ကြည့်လေတော့ ရုတ်တရက် ပြောင်းသွားတဲ့ မျက်နှာအရောင်..


ဘာဖြစ်လို့လဲ ဟု သူမ စိုးရိမ်စွာ မေးတော့ ..

နင် စိတ်ငြိမ်ငြိမ်ထားနော်..တဲ့


ဘာလဲ ဟင် .. ဝေခွဲ ရခက်စွာ ထပ်မေးပြန်တော့

ချစ်သူငယ်ချင်းက.................


နင့် ခင်ပွန်းသည်က ငါ နဲ့ vzo မှာ ရည်းစားဖြစ်နေတဲ့သူ.................တဲ့


ငါ ဓါတ်ပုံ ပြန်ပို့ပေးမယ် ကြည့် ကြည့်ပေါ့..... ပြီးမှ ယုံပါ တဲ့..

......................

...................

.............

...........


အကြိမ်ကြိမ် အခါခါ ကြားဖူးခဲ့ ပြီး ဖြစ်တဲ့ vzo ချစ်ပုံ ပြင် တွေ ခုတော့ သူမ ကိုယ်တိုင် ပါဝင် ပတ်သတ်နေရပြီလား...

ကင်မရာ တစ်ခု စီရဲ့ ရှေ့မှာ သူမရော သူမရဲ့ သူငယ်ချင်း ပါ ... အတွေး ကိုယ်စီဖြင့် စကားမဆိုမိသေး.....


ငါ သူ့ကို ..နင့်ရဲ့ ခင်ပွန်းသည်ကို မချစ်ဖူး နော်.. ရည်းစားပဲ ချစ်သူမဟုတ်ဘူး..........ဒါကြောင့် ငါ့ဖက်က ရှင်းတယ် နင့်ဘက်ကသာ သေချာဆုံးဖြတ်.............

..................

.......

......

..

သူမ ဘာကို ဆုံးဖြတ်ရမှာ ဘာလိမ့်... ဒီလို အချိန်မှာ သူမ ဘာကို ဆုံးဖြတ်နိုင်ဦး မှာလဲ.. အွန်လိုင်း ဖြစ်ပျက် ကြတဲ့ ကိစ္စကို သစ္စာမဲ့သူ လို့ ဆိုပြန်ရင် သူက အပျော်လို့ ဆိုလေမလား....

အတည်ယူလို့ မရတဲ့ အခြေအနေလား...

တကယ်တော့ သူမ ဘာဆို ဘာမှ နားမလည်နိုင်တော့တာ..


ခုမှ တည်ထောင် ကာစ အိမ်ထောင်ရေးမှာတင် ချစ်ခင်ပွန်းသည်က သူမကို စိတ်ကုန်လေပြီလား............

ဒါမှမဟုတ် vzo ဆိုတာ စိတ်ကွယ်ရာမို့ လွတ်လပ်စွာ ဖောက်ပြန်ခွင့် ရှိနေတာ လား ..


အိမ်မက်စေရာ

၀၅.၀၃.၁၂