Pages

Monday, November 26, 2012

အလွမ်းမြို့ (သို့) မကြီးလွမ်းသို့ ပေးစာ

အဲ့လို လေ..ခေါင်းစဉ်တက်လိုက်တာ..

အကြောင်းက ဒီလို..

မကြီးလွမ်း ( အလွမ်းမြို့) က အိမ်မက်စီလာလည်နေကျ ဆိုပေမယ့် အိမ်မက်တစ်ယောက် သူ့စီကို ပြန်လည်လို့ မရ ဘူးဖြစ်နေတယ်..

ဝင်လိုက်ရင် ဒါကြီးပေါ်လာတယ်.အမြဲ


Profile Not Available

The Blogger Profile you requested cannot be displayed. Many Blogger users have not yet elected to publicly share their Profile.
If you're a Blogger user, we encourage you to enable access to your Profile.

အဲ့ဒါ ဘယ်လို လုပ်ရမှာလဲ ဟင်..
..

မကြီးလွမ်းရေ..အိမ်မက် လာလည်ချင်သော်ငြား အိမ်ရှင်က တံခါးမဖွင့်လို့လား မသိ ဝင်မရဘူးဖြစ်နေတယ်းp


အိမ်မက်စေရာ
၂၆.၁၁.၁၂

 

 

 

 

Tuesday, November 20, 2012

ဖိုးဆိုချင် ခင်မောင်ညွန့် တဖြစ်လဲ အိမ်မက်စေရာ


အားလုံးပဲ မင်္ဂလာပါ !!

မကြာခင် လပိုင်းအတွင်း ခရစ်စမတ် ဆိုတဲ့ အချိန်လေး ရောက်လာတော့မယ်နော်..
တစ်ချို့တွေလဲ ခရစ်စမတ်အတွက် အစီအစဉ်လေး တွေ ကြိုတင် ဆွဲပြီးလောက်ပြီ ထင်ပါတယ်..
တစ်ချို့ကျတော့လဲ ခရစ်စမတ်အပြီး နယူးရီးယား( new year) အတွက် ကြိုတင် ပြင်ဆင်နေလောက် ကြပြီထင်တယ်..
ဘလော်ဂါ သူငယ်ချင်းတွေရော ဘာအစီအစဉ်တွေများ ဆွဲထား ကြလဲ ??

အိမ်မက်တစ်ယောက်ကတော့.......................

ခရစ်စမတ် အတွက် အထူး အစီအစဉ်ရယ်လို့ ဘာမှ မရှိဘူး.. အလုပ်က တောက်လျှောက်ဆင်းရမှာရယ် နားရက်ရှည် မရတာ ရယ်ကြောင့်ပါ..တစ်ခုပဲ အဲ့ဒီနေ့မှာ မိသားစု တစ်ခုခု စုပြီး ချက်စားကြမယ် လို့တော့ စီစဉ်ထားတယ်..မိသားစုရယ်သာ ပြောတာ မနဲ စုရဦးမယ်.. ဘယ်သူမှ မအားဘူး.. သေချာတာဆိုလို့ အိမ်မက်ရယ် အိမ်မက် မေမေ ရယ်ပဲ ရှိတယ်.. အဒေါ်တွေ ဘာတွေကလဲ သူတို့ မိသားစုနဲ့ သူတို့ ဆိုတော့ မအားကျဘူးလေ။ သူတို့လဲ သူတို့ အစီအစဉ်နဲ့ပေါ့။
ပြီးရင် ဆုတောင်းမယ်။ ဒါက တော့ ပုံမှန် ပေါ့။ ဘယ်သူမှ မရှိလဲ တစ်ယောက်ထဲ ဆုတောင်းတယ်။

နောက်အစီအစဉ် တစ်ခုက ကရင် နှစ်သစ်ကူးပါ။
ကရင် ပြက္ခဒိန်မှာ နှစ်သစ်ကူးကိုအင်္ဂလိပ် ပြက္ခဒိန်နဲ့ တွက်ကြည့်လိုက်ရင် ၂၀၁၃ ဇန်နဝါရီ ၁၂ မှာ သွားကျတယ်။
မြန်မာနိုင်ငံမှာတော့ အဲ့ဒီ ရက်စွဲ အတိုင်း အတိအကျ ကျင်းပလေ့ရှိတယ်။
ဒါပေမယ့် ဒီမှာ ကျတော့ အားလုံး အားတဲ့ရက်ရယ် အဆင်ပြေမယ့်ရက် ခန်းမ ငှားလို့ ရတဲ့ ရက် လုပ်ကြမယ် ဆိုတော့ အနီးစပ်ဆုံး ဒီဇင်ဘာ ၃၀ မှာ လုပ်ဖို့ ဆုံးဖြတ်တယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေက အိမ်မက်လဲ အစည်းအဝေးသွားပြီး အားလုံး ဝိုင်းဝန်း တိုင်ပင်ဖြစ်ကြတယ်။ အိမ်မက်တို့ ဒီဂျာမနီက တခြားနိုင်ငံတွေနဲ့ မတူတာက ကရင်လူမျိုးနည်းတယ်လေ။ တခြား နိုင်ငံမှာ ကရင်ဆို ရင် လူကြီး၊ လူလတ်၊ လူငယ် တွေစုံပြီး အုပ်စုလိုက် အများကြီးပဲ။ ဒီမှာတော့ လူဦးရေ နည်းတဲ့ အပြင် ဒီလို အထိမ်းအမှတ်နေ့ ကျင်းပကြမယ်ဟေ့ ဆိုရင် လူကို မနဲစု ရတာ။ မအားကျတာရယ် မိသားစု ကိစ္စတွေရယ် ကြောင့်လဲ ပါတယ်။ ဒါနဲ့ အဲ့လို မရှိ ရှိတဲ့ လူလေး စုပြီး ဒီနှစ်ကိုလဲ နှစ်စဉ် လုပ်နေကျအတိုင်း နှစ်သစ်ကူး လုပ်မယ်ဆိုပြီး  ဆုံးဖြတ်ကြတယ်။ တာဝန်တွေ တက်နိုင်သလောက်ခွဲယူကြတယ်။ 
အစီအစဉ်ကို အပိုင်းသုံးပိုင်း ခွဲထားတယ်။
ပထမပိုင်းကတော့ ရိုးရာ အစဉ်အလာအတိုင်း အလံအလေးပြု၊ အမျိုးသားသီချင်းဆို ၊ သဝဏ်လွှာဖတ် ကြားရေးပေါ့။ 
အိမ်မက်ရယ် ညီမလေး တစ်ယောက်ရယ် ဒီအစီအစဉ်မှာ အစီအစဉ်မှူး( အခမ်းအနားမှူး) အဖြစ် တာဝန်ယူထားတယ်။ အိမ်မက် တစ်ခါလုပ်ဖူးတယ်။ သိပ်အခက်အခဲ မရှိပါဘူး။ စာရွက်ကိုင်ပြီး စကားလှအောင်ပြောပေး ရုံလောက်ပဲး)။
ဒုတိယပိုင်းကတော့ ... အစားအသောက် အစီအစဉ်ပေါ့။
တတိယပိုင်းက ဖျော်ဖြေရေး အစီအစဉ်။
အဲ့ဒီအစဉ်မှာလဲ အိမ်မက်က အခမ်းအနားမှူး အဖြစ် တာဝန်ယူရတယ်။ တစ်ယောက်ထဲပေါ့။ ဒါတော့ အိမ်မက် ပထမဆုံးအကြိမ်လုပ်မှာ။ နဲနဲ တော့ စိတ်ပူတယ်။ မလုပ်ဖူးတော့ အမှားအယွင်းဖြစ်မှာ ကြောက်တယ်။ သူတို့က သီချင်းဆိုမယ့်သူတွေ စာရင်းပဲ ပေးထားတာ ကျန်တဲ့ အပိုင်းက ကိုယ့်အပိုင်း။ ဒီအတိုင်း မတ်တပ်ကြီး ရပ်ပြီး နာမည်တွေ ရွတ် တစ်ယောက်ပြီး တစ်ယောက်ခေါ်လို့ လဲ မပြီးပြန်ဘူး။ ကိုယ့် အရှေ့ က လူတွေ လုပ်တုန်းက စိုစိုပြေပြေ ပျော်ပျော်ရွှင်ရွှင်လေးရယ်။ အိမ်မက်လဲ အဲ့လိုလေး ဖြစ်ချင်တာ ကြိုးစားကြည့်ရမယ်။ စကားတွေ အများကြီး ပြောရမယ်ထင်တယ်။ သြော် ပြီးတော့ ရှိသေးတယ်။ သီချင်းဆိုဖို့လေး)) အိမ်မက်တို့ အဖွဲ့မှာ မိန်းကလေး ( လူငယ် ) သိပ်မရှိတော့ ရှိတဲ့လူတွေ အားစိုက်ရမှာ။ ဒါမှ ခမ်းခမ်းနားနားလေး ဖြစ်မယ်လေ။ အင်း အိမ်မက် သီချင်းဆိုမှာ။ ဟိ တစ်ခါမှ မဆိုဖူးဘူး ဒီလိုမျိုး live ကြီးကို စင်ပေါ်မှာ တက်ဆိုတာမျိုး။ ဒါပေမယ့် ကိုယ့်ရဲ့ အမျိုးသားနေ့မှာ တက်နိုင်သလောက်ပါဝင် ချင်တဲ့စိတ်နဲ့ပါ။ နှစ်ပုဒ်ဆိုမယ်လို့ တော့ စဉ်းစားထားတယ် ။ စာရင်းလဲ ပေးပြီးပြီ နောက်လ သီချင်းတိုက်ရမယ်။
ဖားစည်မြေမှ ဖိတ်ခေါ်သံ ..မီးမီးခဲ ဆိုထားတဲ့ အမျိုးသား သီချင်းလေး အဲ့ဒါလေးကြိုက်လို့ ..
နောက်တစ်ပုဒ်က love song မင်းအလိုကျ အားမူဆိုထားတာ..း))
အဖွဲ့လိုက်လဲ တစ်ပုဒ်ဆိုမယ်..
အိမ်မက်နဲ့ တွဲတဲ့ ညီမလေးကလဲ အင်္ဂလိပ်သီချင်း ဆိုမယ်ဆိုတော့ ကြည့်ထားတာ m2m သီချင်းထဲကတော့ တွေ့ထားတယ်။
အားလုံးချုပ်လိုက်တော့ အိမ်မက်တစ်ယောက် ဖိုးဆိုချင် ခင်မောင်ညွန့် ဖြစ်သွားတယ်းD ။
သိပ်များနေပြီထင်တယ် စုစုပေါင်း ၆ ပုဒ်လောက်ရှိမယ်။ အသံမထွက်မှာလဲ ကြောက်တယ်။ နဲနဲ ပြန်လျှော့မလားလို့ စဉ်းစားထားတယ်။
ပြီးသွားရင် အခွေ ထုတ်မှာ ဆိုတော့ အိမ်မက် ဘလော့မှာ ပြန်တင်မယ်နော်..
အားပေးကြပါဦး။
ခုလောလောဆယ်တော့ အိမ်မက်ဆိုမယ့် သီချင်းနှစ်ပုဒ်ကို နားထောင်ပြီး အကြံဥာဏ်လေး ပေးကြပါဦးနော်။းD



အားလုံးပဲ ပျော်ရွှင်ဖွယ် နေ့လေး တစ်ရက် ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..
အိမ်မက်စေရာ
၂၀.၁၁.၁၂

Sunday, November 11, 2012

ကိုယ့်ကြောင့် ဖြစ်ပေါ်လာတဲ့ စာအုပ်တစ်အုပ် my life with a soul.. တဲ့




လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် က လူတစ်ယောက်( မြန်မာ မဟုတ်သူတစ်ဦး) နဲ့ အွန်လိုင်းမှ တစ်ဆင့်ရင်းနှီးခဲ့တယ်..
အွန်လိုင်းရဲ့ သဘောသဘာဝ အရ ဒီလိုပဲ ဟိုပြော ဒီပြော ရင်း သူငယ်ချင်း ဖြစ်သွားခဲ့ဖူးတယ်..
သူ့အကြောင်းသိရသလောက် အသက်ငယ်ငယ်လေး နဲ့ စိတ်ကျ သလိုဖြစ်နေပြီး အပေါင်းအသင်း လဲ သိပ်မရှိ သလောက်ပဲ..

အားတဲ့ အချိန် စကားပြော မအားတော့လဲ မက်ဆေ့ထားခဲ့ ဒီလို နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာခဲ့တယ်..

အခက်အခဲတွေ ရှိလဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုင်ပင် အားပေးဖြစ်တယ်..

ဘာမှ မဟုတ်ပေမယ့် စိတ်ညစ်စရာတွေကို မျှဝေရင်းပဲ အချိန်တွေ ကို ဖြတ်ကျော် လာခဲ့တယ်..

သူက စာဖတ် ဝါသနာပါသူ.. စာရေးတာ ဝါသနာ ပါသူ....ကိုယ်နဲ့ ဝါသနာတူသူပေါ့..

သူက အင်္ဂလိပ်စကားကို ကျွမ်းကျင်သူ..ကိုယ်က ဟိုတစ်လုံး ဒီတစ်လုံး ပြောတက်သူ.. 

အချိန်တွေ ကြာလာခဲ့ပြီးတော့ ကိုယ့်ဖက်ကပဲ အဆက်အသွယ် ဖြတ်ခဲ့တာ..အကြောင်းအရင်းကတော့ 

ကိုယ့်ဘဝရဲ့ လက်တွဲဖောက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး သူအထင်လွဲမှာကို မလိုလားလို့ပါ..

ဒီလိုနဲ့ အွန်လိုင်းပေါ်က သူငယ်ချင်းတစ်ယောက်ကို လွယ်လွယ်လေးပဲ မေ့သွားခဲ့တယ်..

တစ်ဖက်ကတော့ မကြာမကြာ မက်ဆေ့တွေ ထားပြီး နှုတ်ဆက်လေ့ရှိတယ်..

ကိုယ့်ဖက်ကတော့ အကြောင်းမပြန်ဖြစ်ခဲ့ဘူး.............

သူက ပြောလာတယ်..စာအုပ်တစ်အုပ်ရေးဖြစ်တယ်..
သူ့ရဲ့ ဘဝအကြောင်း ခံစားမှုအကြောင်း ဘာသာရေးနဲ့ ခံယူချက် အကြောင်း ပြီး ကိုယ့်အကြောင်းတဲ့...

ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ရဲ့ စကားက ကိုယ့်ကို ဘယ်လို မှ ဆွဲဆောင်မှုမပေးနိုင်ခဲ့သလို ယုံလဲ မယုံခဲ့ဘူး..
သူက ထပ်ပြောသေးတယ်..
စာအုပ်ကို ပက်ဘလစ်ရှ် လုပ်ပြီးပြီ...ထုတ်လုပ်ဖြန့်ချီ ပြီးပြီတဲ့...

တစ်နှစ်ကျော်မက ကြာပြီးတဲ့အချိန် ကိုယ်သိပ်ပျင်းလို့ အွန်လိုင်းပေါ် ကိုယ့်နာမည်ရိုက်ထည့် ပြီး ဘာတွေများ ရှိမလဲလို့ ရှာကြည့်လိုက်တော့ ....
စာလုပ်လေး တစ်အုပ်ပေါ်လာတယ်... 

My Life With a Soul တဲ့...


စာရေးသူ အမည်မှာတော့ ..ထို ဆယ်ကျော်သက်အမည်နဲ့ စာအုပ်အကြောင်း အကျဉ်းချုပ်မှာတော့ ကိုယ့်နာမည် တွေ့လိုက်တယ်..

တကယ်ကို အံ့သြသွားခဲ့ရသူက ကိုယ်ပါ..
သူ့စီကို ကွန်ကရက်ကျူလေးရှင်း လုပ်ကြောင်း စာပို့လောက်တယ်..သူ့ရဲ့ အောင်မြင်မှုအတွက်တော့ တကယ့်ကို ဂုဏ်ယူ ဝမ်းသာမိပါတယ်..

သူနဲ့ ဆုံတွေ့စဉ်က ကိုယ်က ပျော်ပျော်နေတက်တဲ့ ကောင်မလေး ..
သူက စိတ်ကျနေတဲ့ ကောင်လေး..

အချိန်အကြာကြီး ကုန်လွန်ပြီးတော့ ကိုယ်က ရက်စက်တဲ့ အပြောင်းအလဲတွေကြားမှာ လောကဓံကို လူးလှိမ့်ပြီးခံစားရင်း စိတ်ကျချင်လာတဲ့ ကောင်မလေး..
သူက ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ သူ့ရဲ့ လမ်းကြောင်းပေါ် ရပ်တည်နိုင်ခဲ့သူ ကောင်လေး..


ဒီထက်ပိုပြီး အောင်မြင်ပါစေ ....!!!!

အိမ်မက်စေရာ
၁၁.၁၁.၁၂

Wednesday, November 7, 2012

အိမ်ပြန်ချိန်.........



မနက် ၄ နာရီ......
တ တီ တီ နဲ့ မြည်နေတဲ့ ဖုန်းက နှိုးစက်..လေ
ဘယ်တုန်းက မှ မနက် ၄ နာရီဆိုတာ အိပ်ယာထချိန်လို့ မသတ်မှတ်ခဲ့ဖူးတာ..
မျက်လုံးကိုတစ်ချက်ပွတ်..
ဟိုဘက် ဒီဘက်တောင် လှိမ့်ချိန်မရ ခပ်သုတ်သုတ်လေးထရတယ်..
နောက်ကျရင် ရထားမမှီနိုင်တော့ဘူးလေ.......

။။။။။။။။။။။။။။။။။

နာရီကို ကြည့်တော့
 ၆ နာရီ ထိုးတော့မယ်..
အလုပ်ဝင်တဲ့အချိန်လေ..

ဗိုက်ထဲ က အသံကို မကြားချင်ယောင်ဆောင်နေလိုက်တယ်..
ဒီလောက်အစောကြီးလဲ ဘာမှကို စားချင်စိတ်မရှိတာ...
အကျင့်ကတော့ ဖြစ်နေပါပြီ..........

။။။။။။။။။။။။။။။။။။။။။။။။။။။

တွေ့နေကျ မျက်နှာတွေ..
မကြည့်ချင်လဲ ကြည့်..
မပြုံးချင်လဲ ပြုံး....
မခေါ်ချင်လဲ ခေါ်..
ကိုယ့် ဆန္ဒဆိုတာ နေရာတိုင်း ထားလို့ ရတာမှ မဟုတ်တာ...

။။။။။။။။။။။။။။

အားနာတယ်ဆိုတာ ဂျာမန်လို ဘယ်လိုခေါ်ပါလိမ့်........
သိသလောက်တော့ သူတို့က အားမနာတက်ဖူး ဆိုပဲ....
တခြားဥရောပသားများလဲ အတူတူရယ်ပါ.......
အာရှကလာလို့ အားနာတက်လားဆိုတော့လဲ..ဟင်း ဟင်း..
မေ့ချင်ယောင်ဆောင်နေတက်ကြပါတယ်..
တစ်ခုခု ဆို အားနာတက်သူ က အမြဲ ကသိကအောင့်ဖြစ်ရ တာကြီးပဲ..
အားမနာတက်အောင် သင်ရဦးမယ်..

။။။။။။။။။။။။။။။။။

ကြီးသူက ရိုသေ..
ငယ်သူကို လဲ လေးစား...
အဲ့လို ပြောရင် သူတို့ တ ဟား ဟား ရယ်မယ် ထင်ရဲ့.......

။။။။။။။။။။။။။။။။။။

အော်ချင် ဟောက်ချင် စပယ်ယာလုပ်လို့ ပြောချင်ပေမယ့် ..
စပယ်ယာ ဆိုတာ ဘာလဲမေးရင်
အပိုပစ္စည်းလို့ ဖြေရမလား...
အော် ဒုက္ခ....

။။။။။။။။။။

ရ ထားတဲ့ နေရာတစ်ခုကို
အမြဲ လို့ ဘယ်သူတွေ တွက်ကြမလဲ..
ဖက်တွယ်ထားပြီး.. ငါ့ ပစ္စည်း ငါ့ ပစ္စည်းလို့ အော်ချင်နေကြတယ်..
အနားနားမှာ အရိပ်မြင်ယုံနဲ့ တောင် စမန်က ခုတ်ချင်ကြသေး..
ဝေးးးးး မလွယ်ပါလား..
သေရင် ဘာမှ မပါဘူးကွဲ့..........

။။။။။။။။။။။။

ဒေါသတွေနဲ့ စကားများ
စိတ်ရှုပ်စရာတွေနဲ့ နပန်းလုံး..
အဆုံးကို ကြည့်တော့ ၂ နာရီ ၂၀..
ကဲ အလုပ်ဆင်းမယ်..
သုတ် သုတ် ..သုတ် သုတ် ..သွား
ရထားနောက်ကျမယ်..
ထမင်း ဆာတယ်လေကွယ်...

။။။။။။။။။။။။။။

ရှစ် အပြောင်းအလဲနဲ့
နောက်တစ်ပတ်ဆို အချိန်ပြောင်းမယ်.......
အိမ်ပြန်ချိန်က ဘယ်မလဲ....

။။။။။။။။။။။။

ဒါမိန်းကလေး ပြန်ချိန်လားလို့
နောက်ကျတိုင်း မေးတက်တဲ့ အမေ..
ခုလိုဆို ဘာပြောမလဲ
ဘဝအတွက် ရုန်းကန်နေရတယ်
ည ၁၂ နာရီလဲ
လမ်းပေါ်မှာ ရထားဆောင့်နေဆဲ.......

အိမ်ပြန်ချင်တယ်.........

 
။။။။။။။။။။။။

အိမ်မက်စေရာ
၀၇.၁၁.၁၂


Thursday, November 1, 2012

မငိုပါနဲ့ သူငယ်ချင်းရယ်..း(




မငိုပါနဲ့ သူငယ်ချင်းရယ်..
ဟိုမှာ နင့်အတွက် လှပတဲ့ အနာဂတ်တွေ ရှိသေးတယ်..

မငိုပါနဲ့ သူငယ်ချင်းရယ်..
အချစ်ကို ဆုံးရှုံးရုံနဲ့တော့ နင့်ဘဝတစ်ခုလုံး ပျက်သုဉ်းမသွားပါဘူး..

လက်ချောင်းလေးတွေနဲ့ ရေတွက်ကြည့် 
အရွယ်ဆိုတာ နင့်မှာ ရှိသေးတယ်..
ဘာကို အားငယ်နေတာလဲ ..

အချစ်ဆိုတာလေ ဘဝထဲမှာရှိတဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ..
သူမရှိရင် မဖြစ်ဖူးဆိုပေမယ့်..
ရူးမတက်တော့ မခံစားပါနဲ့..

တစ်ယောက်ထဲလို့ မတွေးပါနဲ့ ..
ဒီကမ္ဘာမှာလေ ကိုယ်ချင်းစာစိတ်မရှိသူတွေ ရှိနေပေမယ့် 
နင့်ကို ဖေးမ ကူညီချင်သူလဲ ရှိနေနိုင်တာပဲလေ...

သတ္တိရှိပါ သူငယ်ချင်းရယ်..
ငါတို့တွေ မိဝေး ဖဝေး ဆွေမျိုးဝေးနဲ့ 
တစ်နိုင်ငံရပ်ခြားမှာ စီးပွားရှာနေရာတာ..
စိတ်ကို လျှော့ချလိုက်တာနဲ့..
အားလုံးပြိုလဲ သွားနိုင်တာလေ..

နင်လဲ ရင် နင့်ကို ထူမယ့်သူ ခုချိန်မှာ မရှိဘူး..

နင်ဘာလုပ်မလဲ သေချာစဉ်းစား..
လကုန်ချိန်ကို မျှော်နေမယ့် အမေ့မျက်နှာကို မြင်ယောင်ကြည့်..
ကျောင်းက အပေါင်းအသင်းတွေကြား မျက်နှာ ငယ်နေမလားလို့ မောင်လေးကို မြင်ယောင်ကြည့်..
အခက်အခဲတွေကြားက တစ်ဖက်ကအားလို့ ယုံကြည်နေတဲ့ အဖေ့ကိုလဲ မြင်ယောင်ကြည့်..
အဖြေတစ်ခုတော့ နင့်မှာ ရှိလာလိမ့်မယ်..

မငဲ့ကွက်သူကို ထည့်မတွက်နဲ့..
အထာကြွယ်သူကို အညှာမလွယ်နဲ့...
နောင်တ ဆိုတာ ရှိသ၍ 
နောက်ကျတယ်ဆိုတာ မရှိသေးပါဘူး..
စွန့်လွတ်ရဲဖို့ပဲ လိုတယ်..
ခြေဗလာနဲ့ မသွားရဲလို့
မတော်တဲ့ ဖိနပ်ကို စီးမိရင် 
နင်တစ်သက်လုံး ခြေထောက်နာမယ်..

နင့်ခေါင်းကို မော့ကြည့်လိုက်
လှပတဲ့ အရာတွေက နင့်ဦးခေါင်းနားလေး စီမှာပဲ..
အတုအယောင်တွေကြားထဲမှာ
အမြဲမသာယာပါနဲ့...
နင့်ကို နာကျင်စေတဲ့ အရာဆိုရင်
ဘာကြောင့် ဆုပ်ကိုင်ထားဦးမှာလဲ..
လွတ်ချချိန်ခဏတော့ နင်နှမြောလိမ့်မယ်..
အချိန်ကြာသွားရင်တော့ 
အမှန်တရားအတွက် နင်ကျေနပ်သွားလိမ့်မယ်..

သူငယ်ချင်းရယ်..
နင်လုပ်နိုင်တာတွေ အများကြီးရှိပါသေးတယ်..
လောကကို ရဲရဲ ရင်ဆိုင်လိုက်..
ခြေတစ်လှမ်းထပ်တိုးပြီး ဘဝ ကို ကြိုးစား..
သူများဆွဲချတိုင်း လဲ မကျပါစေနဲ့..
ကွယ်ရာမှာ နင့်ကို လှောင်ရယ်လိမ့်မယ်..
အဲ့လို အဖြစ်မခံနဲ့..
လောကဓံ ဆိုတာလေ
ရုတ်တရက်တိုက်တဲ့ လေကြမ်းလိုပဲ..
ကြိုတင်ပြင်ဆင်ချိန်မပေးတက်ဘူး..
စိတ်ခိုင်ဖို့ပဲ လိုတယ်..

မငိုပါနဲ့ သူငယ်ချင်းရယ်...... မငိုပါနဲ့....

အိမ်မက်စေရာ
၀၁.၁၁.၁၂

 ****************************                     **************************

( သိပ်ချစ်တဲ့ သူငယ်ချင်းအတွက်ရေးဖြစ်တဲ့ စာလေးပါ..ဖတ်ပြီး သွားရင် တစ်ခုခု အားပေးစကားလေးတွေ ထားခဲ့ စေချင်တယ်..အဝေးကြီးမှာ ရှိနေတဲ့ သူငယ်ချင်းအတွက် လုပ်ပေးနိုင်တာဆိုလို့ ဒါပဲ ရှိတာမို့ပါ )