Pages

Wednesday, February 29, 2012

Tomb of Napoleon



Napoleon ရဲ့ သချို င်္င်းဂူ ပါ... ပုံတွေ အများကြီးရိုက်ယူလာခဲ့ ပေမယ့် အကုန်တင်လို့ မရဘူး... အထဲမှာ ဓါတ်ပုံရိုက်တဲ့အခါ အလင်းဖွင့်ပြီးရိုက်လို့ မရတော့ ဒီအတိုင်းပဲ ရိုက်ခဲ့ရတယ်.. သချို င်္င်းဂူ လို့ ဆိုတဲ့အတိုင်း အထဲမှာ နေရာတော်တော် များများက မှောင် ပြီး မဲ နေတော့ ရိုက်ရတာ အဆင်မပြေခဲ့ ပါဘူး ..ဒါကြောင့် အဆင်ပြေတဲ့ ပုံလေးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်.. အားလုံးအတွက် ဗဟုသုတ ဖြစ်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ.. သမိုင်းကို မကျွမ်းကျင်သူမို့ ဒါက ဘာ ညာ ဆိုတာ ကို မရှင်းပြ နိုင်တာ စိတ်မကောင်းဖြစ်မိတယ် ... စာဖတ်ကြည့် ဖို့ က လဲ တစ်ချို့နေရာ တွေမှာ ဘာမှ မရေးထားပြန်တော့ အဆင်မပြေ ပြန်ဘူး .. ဒါကြောင့် ပုံလေးတွေ ကြည့်ပြီး ကျေနပ်ပေးပါ လို့ အိမ်မက် က မေတ္တာရပ်ခံပါတယ်...


အဝင်ဝက ကျောက်သား ဆိုင်းပုဒ်


နပိုလီယံ
အနောက်မှာ ပြင်သစ်လိုတော့ ရေးထားတယ်း( ဘယ်သူလဲတော့မသိဘူး



အဝင်နား က တံခါးချပ် ဒီဇိုင်း


အပေါ်က ပုံတွေက နပိုလီယံ ရဲ့ ဖြစ်စဉ်တစ်ချို့ ပုံဖော်ထားတာပါ..ကောင်းကင်တမန် တွေ ဝန်းရံ နေပုံတွေပါ ပါပါတယ်..


ဒါက နပိုလီယံ ရဲ့ အသုဘ အခမ်းအနားပုံ

သစ်သားခေါင်းတလား အကြီးကြီး ..နာမည်မထိုးထားပါ ကြည့်တာတောင် အဝေးကပဲ ကြည့်လို့ ရပါတယ်..





JOSEPN NAPOLEON တဲ့... နပိုလီယံ ရဲ့ကျောက် ခေါင်းတလား

LYAUTEY ရဲ့ ခေါင်းတလား

ဒါက ပုပ်ရဟန်းမင်းကြီးလိုလို ဘာလိုလို ..နာမည်မထိုးထားပါ

ဒါလဲ နာမည် မထိုးထားပါ...

ဒါက နပိုလီယံ နဲ့ အိမ်မက်စေရာ ပါ...းP

ဒီပြန်ရောက်တော့ အစ်ကိုတစ်ယောက်က မေးပါတယ်..ညည်းမကြောက်ဘူးလား အဲ့ဒီမှာ ဒရယ်ကူလာ ရှိတယ်တဲ့...တကယ်တော့ လူတွေသာ ရှိမနေဘူးဆိုရင် တကယ်ကို ကြောက်စရာကောင်းနေမှာပါ နေရာတော်တော်များများက မှောင်မဲ ပြီး ခြောက်ခြားစရာ ကောင်းနေတာပါ..ခေါင်းတလားတွေ ကြီးပဲ တွေ့တွေ့ နေရတော့ လူ နဲနဲ ကြက်သီးထ မိတာ တော့ အမှန်ပဲ..တစ်ချို့နေရာ မှာ လမ်းကြို လမ်းကြားလေးတွေ မီးမှိန်မှိန်လေးတွေ နဲ့ တားမြစ်နယ်မြေတွေလဲ တွေ့ခဲ့ရပါသေးတယ်...


ချစ်တဲ့
အိမ်မက်စေရာ

Friday, February 24, 2012

My Birthday..






My Birthday..း)


Birthday မှာ wish လုပ်ပေးကြတဲ့ သူငယ်ချင်း မောင်နှမ များအားလုံးကို အိမ်မက် အထူးအထူးပဲ ကျေှးဇူးတင်ကြောင်းပါ နော်...

ထိုင်းဆိုင်မှာ မိသားစုနဲ့ သွားစားဖြစ်တယ် မောင်နှမများ ကိုလဲ ပြန်လည် ဧည့်ခံလိုက်ပါတယ်..တစ်ယောက်ထဲစားရတာ မျိုမကျလို့ ...း)

အသားပေါင်း

ကြက်ဆီထမင်းနဲ့ ထိုင်းသင်္ဘောသီးထောင်းစပ်စပ်

ဝက်ပေါင် ချဉ်စပ် ဟင်းရည်

ဒါက အိမ်မှာကင်စားတဲ့ ကြက်ကင် ..( နဲနဲ တူးသွားတယ် အဟိ အဲ့ဒါကြောင့် နံနံပင်နဲ့ အုပ်ထားတား) ဟဟ )




ချစ်တဲ့
အိမ်မက်စေရာ

Wednesday, February 22, 2012

မောင်

မောင်

လူကို သေစေနိုင်တဲ့
လက်နက်မျိုးထဲမှာ
စကားတစ်ခွန်း
အကြည့်တစ်ချက်လဲ
ပါဝင်တာမို့

စိမ်းကားတဲ့အကြည့်နဲ့
အမုန်းစကားကို
ဘယ်တော့မှ
မဆိုပါနဲ့လားမောင်

ခဲမှန်ဖူးတဲ့ စာသူငယ်လို
ကျွန်မ
အရာရာကို ရန်သူလို သဘောထားမိတာက
မောင့်ကို မချစ်လို့
မဟုတ်ရပါဘူး မောင်...........

အရာရာ ချင့်ချိန်စဉ်းစားရတော့မယ့်အရွယ်မို့
ရင့်ကျက်ချင်ယောင်ဟန်ဆောင်
အတ္တကို ဒိုင်းအဖြစ်ကာ
ဒီလို နေရာကလဲ
ဖြစ်နိုင်မယ်ဆို ကျွန်မ ထွက်ပြေးချင်
လွန်းလှပေါ့မောင်

အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင်ပေါ့
အရာအားလုံးကို ပစ်ခွာ
မောင့် ဆီကို အပြေးလာပြီး
မောင့် ရင်ခွင်ထက်မှာ
တစ်သက်လုံးသာ ခိုနားလိုက်ချင်တော့တာပါ မောင်...




အိမ်မက်စေရာ
၂၂.၀၂.၁၂

Monday, February 13, 2012

ပြင်သစ်စစ်သမိုင်းပြတိုက် သို့ အလည်တစ်ခေါက်




ကျွန်မရဲ့ အိမ်မက်ထဲက မြို့တော် ပဲရစ်ကို ရောက်စဉ်က သွားခဲ့ဖူးတဲ့ စစ်သမိုင်း ပြတိုက် တစ်ခုပါ..
အခုအချိန်မှာ ပြတိုက်တစ်ခု အဖြစ်သတ်မှတ်ထားတဲ့ နေရာ က ဟိုးအရင်ကတော့ နန်းတော်တစ်ခု ဖြစ်ခဲ့ပုံ ရပါတယ်..
ဘေးပတ်ပတ်လည် မှာ ရေပတ်လည်ဝန်းရံထားပုံရတဲ့ ကျုံး ပုံသဏဏ္ဍန် မြို့ရိုးကိုလဲ တွေ့ရှိခဲ့ ရတယ်..
ထိုပြတိုက်ရဲ့ အလည်တည့်တည့်မှာတော့ ခမ်းနားလွန်းလှတဲ့ ဘုရားရှိခိုးကျောင်း တစ်ခုရှိပါတယ်..ဒီနေရာကိုတော့ အခုချိန်ထိ ဝတ်ပြုကိုးကွယ်တဲ့ နေရာ တစ်ခုအဖြစ် အသုံးပြုနေဆဲပါ..
ဘေးတစ်ဖက်တစ်ချက်မှာတော့ နပိုလီယံ ရဲ့ ပြတိုက် ရှိပြီး သူအသက်ရှင် စဉ်က ပုံများကို ရုပ်ထုအဖြစ် ပန်းချီပုံများ အဖြစ်ထား ရှိပါတယ်...ဒါ့အပြင် သူသေဆုံးခဲ့ပုံ အခမ်းအနားနဲ့ ခေါင်းတလားများကို လဲ လေ့လာ တွေ့ရှိနိုင်ပါတယ်..
နောက်တစ်ဖက်ခြမ်းမှာတော့ စစ်သမိုင်း ပြတိုက် စစ်အသုံးအဆောင်များ စစ်ဝတ်တန်ဆာများကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိရပါသေးတယ်..
ကျန်တဲ့အပိုင်းမှာတော့ ပြန်လည်ပြုပြင်ဆဲ အဆောက်အဦးများ ..လက်မှတ်အရောင်းခန်း နဲ့ စားသောက်ဆိုင် ရုံးခန်း များကို တွေ့ရှိရပါတယ်..
အရင်ဆုံးတော့ စစ်သမိုင်းပြတိုက် ရှိရာ နေရာကို သွားလေ့လာ ကြည့်ရအောင်ပါလား..
စိတ်ဝင်စားတယ် ဆိုရင်တော့ နောက်ပို့စ်များမှာ နပိုလီယံ ပြတိုက် ပုံများကို ဆက်လက် ဖော်ပြပေးသွားပါမယ်...




ပြတိုက်ပုံ အကျဉ်း နဲ့ လမ်းညွှန်

အပြင်ဘက် မှ မြင်ကွင်း ( လူပုံပါနေတာ sorryး) )
အပြင်ဘက် နောက်တစ်ခြမ်း


စာဝါးဝါးလေးမြင်ရမယ်ထင်တယ် ၁၆ ရာစုနှစ်မှ ပြင်သစ်စစ်ရေး စစ်ရာအကြောင်းဖြစ်ပုံရပါတယ်..( အချိန်မလောက်လို့ စာမဖတ်နိုင်ခဲ့ပါ)

ရှေးခေတ်ဘုရင်တစ်ဦးပုံ

ဓါးများ


ရှေးခေတ် ချပ်ဝတ်တန်ဆာ

စစ်သည်ဆောင်း သံခမောက်နဲ့ လေး

ရှေးရှေးက အသုံးပြုခဲ့သော လက်နက်များ

သံချပ် ခေါင်းစွပ်

လက်နက်များ

အနည်းငယ် ခေတ်မှီလာသော လက်နတ်ပုံစံများ

သုံးလုံးပြူး သေနတ်


ဘုရင် စိန့်လူးဝစ်စ် ( King of France Saint Louis)

သံချပ်ကာ အတွင်းဝတ် အင်္ကျီ

စစ်သည်တော် တစ်ဦး

တင့်ကား

အမြှေက်များ


ဒါလဲ သေနတ် ပါပဲ

ဘုရင်လူးဝစ်စ် ငယ်စဉ်မှစ အရွယ်ရောက်သည်အထိ ဝတ်ခဲ့သော ချပ်ဝတ်တန်ဆာများ

စစ်သည်ချပ်ဝတ်တန်ဆာများ

သံချပ် ခေါင်းစွပ်

သံချပ်ခေါင်းစွပ် နောက်တစ်မျိုး


နောက်ပို့စ်များမှာ ကျန်တဲ့ အစိတ်အပိုင်းများမှ ဘုရားကျောင်းနှင့် နပိုလီယံ ပြတိုက်အကြောင်း ဆက်လက်ဖော်ပြပေးသွား ပါမယ်...

ချစ်တဲ့
အိမ်မက်စေရာ
၁၃.၀၂.၁၂


Saturday, February 11, 2012

သင့်ရဲ့ ညည်းတွားမှု



တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်ကို ချမ်းသာတဲ့ သူဌေးတစ်ယောက်ရှိတယ်.. သူ့ရဲ့ အိမ်မှာ တော့ သူ့ကို အလုပ်အကျွေးပြုနေတဲ့ လင်မယားနှစ်ယောက်ရှိတယ်..
အဲ့ဒီ လင်မယားနှစ်ယောက်ဟာ နေ့စဉ်ဆိုသလို သူဌေးကြီးအတွက် စားစရာနဲ့ ဝေယျဝစ္စတွေကို ပြုလုပ်ပေးရတယ်..
နေ့စဉ်နဲ့ အမျှဆိုတော့ သူတို့ ဟာ ညည်းငွေ့ ပင်ပန်းလာကြတယ်.ဒါကြောင့်မို့ မိန်းက ဖြစ်သူက အမြဲ ညည်းငြူတက်တယ်..

ဟွန်း ငါတို့ ဒီနေ့ ဒီလို မျိုးပင်ပန်းဆင်းရဲ ခံနေရတာ အာဒံ နဲ့ ဧဝ ကြောင့်ပေါ့ .သူတို့ နှစ်ယောက် က ဘုရားစကား ကို နားမထောင်လို့ ငါတို့ ဒီလို ဒုက္ခမျိုး ကြုံရတာ... သူတို့ အပြစ်တွေကို ငါတို့ ပါ ရောပြီး ခံနေရတာ

ဆိုပြီး အမြဲပဲ ကမ္ဘာဦးက အာဒံ နဲ့ ဧဝ ကို အပြစ်ပုံချပြီး ငြိုငြင်တယ်..

သူတို့ အပြစ် အတွက်ကြောင့် ငါတို့ ခံရတာ.. သူတို့က မကောင်းဘူး .. မုန်းစရာ ကောင်းတယ်..

လို့လဲ အမြဲ ပြောတက်တယ်..

ဒီလိုနဲ့ တစ်ရက်တော့ သူဌေးကြီး က တစ်နေရာကို ခရီးထွက်ဖို့ ကိစ္စ ပေါ်လာတယ်.. ခရီးကလဲ ခဏလေး မဟုတ်ဘဲ တစ်လ နှစ်လ လောက် ကြာမယ့် ခရီးဖြစ်တယ်.. ဒီတော့ သူဌေးကြီး က သူ့ရဲ့ အလုပ်သမား နှစ်ယောက်ကို ခေါ်ပြီး မှာစရာ ရှိတာ တွေ မှာခဲ့တယ်..သူဌေးကြီး မှာ ခဲ့တာကတော့..

ကဲ မင်းတို့ လင်မယား နှစ်ယောက်ကို ငါ ပြောစရာ ရှိတယ်.. ငါ့မှာ ကိစ္စတစ်ခုနဲ့ အဝေးကို ခရီးထွက်ရမယ်..တစ်လ နှစ်လေ လောက်ကြာမှာ ဖြစ်တဲ့ အတွက် မင်းတို့ ငါ့အိမ်ကို ကောင်းကောင်း စောင့်ရှောက်ပေးကြပါ... အိမ်မှာ ရှိတဲ့ ငွေတွေကို မင်းတို့ လိုသလောက်သုံး နိုင်တယ်..စားစရာ တွေလဲ ကြိုက်သလို စားနိုင်တယ်.. တစ်အိမ်လုံးကို လဲ မင်းတို့ အိမ်လို သဘောထားပြီး ကြိုက်သလို နေနိုင်တယ်..အဲ တစ်ခုပဲ ငါ့ရဲ့ စားပွဲပေါ်မှာ ရှိတဲ့ အုပ်ဆောင်းတစ်ခုကို တော့ ဖွင့်မကြည့် ကြပါနဲ့ ........

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် နေလာလိုက်တာ တစ်လကို ကျော်လို့ နှစ်လ နီးပါးရောက်လာတယ်..သူတို့ လင်မယားဟာ သုံးချင်တိုင်း သုံး စားချင်တိုင်း စားရတာကို မကျေနပ်နိုင်သေးပဲနဲ့ မိန်းမဖြစ်သူက သူဌေးကြီးရဲ့ စားပွဲပေါ်က အုပ်ဆောင်းကို ဖွင့်ကြည့်ချင်လာတယ်..

ယောက်ျားရေ ကျွန်မတို့ ဒီအုပ်ဆောင်းကို ဖွင့်ကြည့်ရအောင် လို့ ပြောလာတယ်.

ယောက်ျားလုပ်သူက အာ မဖြစ်ဘူး သူဌေးကြီးက မဖွင့်နဲ့ လို့ မှာခဲ့တယ်လေ..

အိုအေ ဘာဖြစ်တာ မှတ်လို့ ကြည့်ရုံပဲ ဟာ ..ပြီးတော့ ပြန်အုပ်ထားလိုက် မှာပေါ့..

မဖြစ်ပါဘူးကွာ..

ကြည့်စမ်း ရှင် ကျွန်မကို မချစ်လို့ ဒီလိုပြောတာပေါ့.. ဒါလေး ဖွင့်ကြည့်တာကို ဒီထဲ မှာ စားကောင်းသောက်ဖွယ်တွေ ရှိချင်ရှိနေမှာ.. ဒါမှမဟုတ် အဖိုးတန် ရတနာတွေ ရှိရင်လဲ ရှိမှာ... ရှိရင် ကျွန်မတို့ အတွက်ပဲ မဟုတ်လား.. မဟုတ်တော့ လဲ ဘာအရေးလဲ ကြည့်ပြီး ပြန်အုပ်ထားလိုက်မှာ ပေါ့...

ဆိုပြီး နေ့စဉ် နဲ့ အမျှ ပြောဆိုလာတယ်..

ဒါကို မခံနိုင်တဲ့ ယောက်ျားက နောက်ဆုံးမ မိန်းမ အပြောကို လက်ခံပြီး အုပ်ဆောင်းကို ဖွင့်ကြည့်ဖို့ သဘောတူလိုက်တယ်...သူဌေးကြီး ပြန်မရောက်ခင် တစ်ရက် အလိုမှာပဲ သူတို့ ဟာ ဒီအုပ်ဆောင်းကို ဖွင့်ကြည့် ဖို့ စီစဉ်လိုက်တယ်....

ကဲ ယောက်ျား မြန်မြန်ဖွင့် ပါ ကျွန်မသိချင်လှပြီ..
အေးပါဟ..

လို့ ဆိုပြီး ယောကျာ်းက ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့.................
...................................
.........................
.................
.............
..........

အုပ်ဆောင်းထဲမှာ ရှိနေတဲ့ ငှက်ကလေး ဟာ ဟိုး အဝေးကို ပြန်ထွက်သွား ပါလေရော....

အမလေး ဒုက္ခပဲ ဘယ်လို လုပ်မလဲ... ဘယ်လို လုပ်ကြမလဲ... ငှက်ပြန်သွားပြီ..

အေး အဲ့ဒါ မင်းကြောင့်....

အို ရှင်လဲ ပါတာပဲ ကျွန်မတစ်ယောက်ထဲ ကြောင့်မဟုတ်ဘူး..

မင်း ဖွင့်ခိုင်းလို့ ငါက ဖွင့်ရတာ...

ရှင်လဲ ကြည့်ချင်တာပဲ မဟုတ်ဘူးလား...............

ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အပြစ်တင်ကြတယ်..နောက်ဆုံးမှာ တော့ သူဌေးကြီးဆီမှာ အပြစ်ဝင်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်..

မိန်းမ ငါတို့ မှာ ထွက်ပြေးစရာ နေရာလဲ မရှိ ငွေလဲမရှိနဲ့..ဒီတော့ ငါတို့ အပြစ်ကို ဝင်ခံပြီး သူဌေးကြီး ဒဏ်ပေးတာခံရုံပဲ ရှိတော့တယ်...

သူဌေးကြီး ပြန်ရောက်လာတဲ့ အခါမှာ မျက်စိပျက် မျက်နှာပျက် ဖြစ်နေတဲ့ လင်မယား နှစ်ယောက်ကို ကြည့်ပြီး သူတို့ အပြစ်ကျူးလွန်ထားပြီဆို တာကို သိလိုက်တယ်..

မင်းတို့ နှစ်ယောက် ငါက မဖွင့်ပါနဲ့ လို့ မှာထားတဲ့အုပ်ဆောင်းကို ဖွင့်ကြည့်လိုက်ကြပြီ မဟုတ်လား..

ဟုတ်ပါတယ် ကျွန်တော်တို့ ဖွင့်ကြည့်မိပါတယ်.. သူဌေးကြီး ကြိုက်တဲ့ အပြစ်ပေးပါ..

မင်းတို့ ကို ငါက ဒီလောက် လွတ်လွတ်လပ်လပ် သုံးစွဲခွင့် နေခွင့် ပေးထားရက်သား နဲ့ ဘာလို့ ဒါကို ဖွင့်ကြည့်ကြသေးသလဲ...

ဒီမိန်းမကြောင့်ပါ ...လို့ ယောက်ျားကပြောတယ်..

မဟုတ်ပါဘူး သူလဲ ကြည့်ချင်တာ သူပါ ပါလို့ ပါ လို့... မိန်းမပြန်ငြင်းပြန်ရော..

ကဲ မင်းတို့ တစ်ယောက်ကို တစ်ယောက် အပြစ်တင်တာ တွေကို ရပ်တော့ ...ငါမင်းတို့ ကို အပြစ်တစ်ခုပေးမယ်..
အဲ့ဒါကတော့ မင်းတို့ ဒီနေ့က စပြီး သူတစ်ပါးကို အပြစ်မတင် ညည်းငြူမှုတွေ လုံးဝ မလုပ်ရဘူး.. တကယ်တော့ လူဆိုတာ ကိုယ့်ရဲ့ အတ္တကို မလွန်ဆန်နိုင်သူတွေ .. လိုချင်ရမက် ကြီးသူတွေ ဖြစ်တယ်.. ခုမင်းတို့ လုပ်ရပ်ကို ပဲ ကြည့် မင်းတို့ လိုချင်စိတ် ရမက် ကြီး လို့ ဖြစ်လာခဲ့တဲ့ အပြစ် .. ဒီတော့ ဒါဟာ ကိုယ် ကိုယ်တိုင်ရဲ့ အပြစ်ပဲ ဖြစ်တယ်..ကိုယ်ဆင်းရဲတာ ကိုယ်ပင်ပန်းဆင်းရဲ ဖြစ်တာ သူတစ်ပါးကြောင့်မဟုတ်ဘဲ ကိုယ်တိုင် မကြိုးစားလို့ ဖြစ်တယ်ဆိုတာ မြင်တက်ပြီး ဒီဘဝက လွတ်မြောက်အောင် ကိုယ်တိုင် ကြိုးစား ရမယ်

လို့ ဆုံးမတယ်..

အဲ့ဒီအချိန်က စပြီးတော့ လင်မယားနှစ်ယောက်ဟာ သူတစ်ပါး ကို အပြစ်တင်ညည်းတွားတာတွေကို ရပ်ပြီး ကိုယ်တိုင် အလုပ်ကို ကြိုးကြိုးစားစား လုပ်ကာ ဘဝကို ဖြတ်သန်းသွားကြတယ်.....


@@@@@@@@@@@@@@@@@@@@@@ @@@@@@@@@@@@@@@@

တကယ်တော့ လူဆိုတာ ကိုယ်စိုက်တဲ့ အပင်ရဲ့ အသီးကို ကိုယ်တိုင်စားရတယ်..
ကိုယ်ပျိုးတဲ့ မျိုးစေ့ရဲ့ ရလဒ်ကို ကိုယ်သာ ခံစား ရမှာ ဖြစ်တယ်...
ဒါကြောင့် ဘဝမှာ ပြဿနာ တွေ ကြုံလာတဲ့ အခါ ညည်းတွား ပြီး တစ်ပါးသူနဲ့ ကံကို အပြစ်တင် နေမယ့်အစား ဒါဟာ ငါ့ကြောင့် ဖြစ်ရတာမို့ ငါကိုယ်တိုင် ကြိုးစား ရုန်းကန်ဖို့ လိုတယ်လို့ တွေးပြီး သင့်ရဲ့ ညည်းတွားမှုတွေ ရပ်တန့်ပြီး ဘဝတိုတိုလေးကို အဓိပ္ပါယ် ရှိရှိ ဖြတ်သန်း ကြည့်ကြပါစို့လား..........



ချစ်တဲ့
အိမ်မက်စေရာ
( ၁၁.၀၂.၁၂ )


Wednesday, February 8, 2012

ကြောင်ကလေး ဓါတ်ပုံ

ပိုလန် နိုင်ငံသူ သူငယ်ချင်းမလေး မှာ အရမ်းချစ်ရတဲ့ ကြောင်ကလေး တစ်ကောင်ရှိတယ်..
အလုပ်မှာ စကားပြောဖြစ်တဲ့ အချိန်တိုင်း ကြောင်လေး အကြောင်း အမြဲမေးဖြစ်တယ်..
ကိုယ်တိုင်က တိရစ္ဆာန် ချစ်တက်တော့ သူ့ကြောင်လေးလဲ မမြင်ဖူး ပဲ နဲ့ သူ့အပြောနဲ့ကို ချစ်နေတာ..
အဲ ဟိုတလောက တော့ သူ့ခမျာ နေမကောင်းရှာဘူး..
သူ့သခင်မက သူ့ကို ဆေးခန်းပို့ပြီး အဝှာဒင်း လုပ်ပေးလိုက်တာ သူ့မှာ မိန်းမမရနိုင်တော့ဘူးလေ.. သနားပါတယ်
ခေတ်ကာလက တိရစ္ဆာန်တွေတောင် သဘာဝအတိုင်း ပေးမနေ ကြဘူး..
တနေ့ကတော့သူငယ်ချင်းမရဲ့ ကြောင်ကလေးကို ဖဘ မှာ ဓါတ်ပုံတွေတွေ့လိုက်တယ်..
အမွေးမရှိတဲ့ ကြောင်အမျိုးအစားလေ.. အင်္ကျီလေး ဝတ်ပြီး ရှိုးထုတ်နေတာများ..
အိမ်မက်မှာ ကြည့်ပြီး ရယ်လိုက်ရတာ ခွက်ထိုး ခွက်လန်..
တကယ် အဲ့ဒီကြောင်လေး မျက်နှာက စပ်ဖြီးဖြီးနဲ့ .....သဘောကျလွန်းလို့ ပြန်တင်ပေးလိုက်တာ..
ကြောင်လှလှလေးမှ ချစ်တက်တဲ့ သူတွေအတွက်တော့ ဒီကြောင်ကလေးကတော့ ရုပ်ဆိုးနေလိမ့်မယ်..
ဒါပေမယ့် ချစ်ဖို့ကောင်းပါတယ်..
ကဲ ကဲ စပ်ဖြည်းဖြည်းနဲ့ ပဲ များနေတဲ့ပုံတွေ ကြည့်လိုက်ကြဦးနော်....

မခို့တရို့...း)

ဒါက နောက်ထပ် စတိုင်လ် တစ်မျိုး


တားတား အိပ်နေတယ်နော်..လာမနှိုးနဲ့..


သူမှာ လဲ အသဲ နဲ့ ချစ်တက်ပါတယ်တဲ့..


တစ်နှစ်သား ကြောင်ကလေးနဲ့ သူ့သခင်မ ချောချောလေး

အိမ်မက်စေရာ
၀၈.၀၂.၁၂