အလုပ်အသွား အပြန်လမ်းကြောင်းပေါ်မှာ ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုပါ..ကိုယ်စီးတဲ့ ရထားမဟုတ်လို့ တော်ပါသေးရဲ့လို့ သက်ပြင်းချမိတယ်....
အလုပ်ဆင်းချိန်ရောက်လို့ ရထားစီးဖို့သွားတော့ သူငယ်ချင်းတစ်ယောက်က ရထားမလာဘူးတဲ့..

လှမ်းကြည့်လိုက်တော့ ဟော်လီကော်ပတာ တစ်စီးတွေ့တယ် ပထမတော့ အပျော်စီးထင်နေတာ ဘယ်ဟုတ်မလဲ နောက်တော့ အရေးပေါ်အတွက်ဖြစ်နေတယ်..

ရထားမလာတော့ တစ်မှတ်တိုင် လမ်းလျှောက်ရတယ်..ယာဉ်တိုင်မှု ဖြစ်တဲ့ အခြမ်းကို တော့ လမ်းလျှောက်ခွင့် မပေးဘူး..ဒါနဲ့ တစ်ဖက်က လျှေက်ပြီး ဓါတ်ပုံပါ ရိုက်ထားလိုက်တယ်..အရေးပေါ်ကားတွေတော့ အများကြီးပဲ လူဘယ်နှစ်ယောက် ထိခိုက်ဒဏ်ရာ ရလဲတော့မသိဘူး...အားလုံးကို အရေးပေါ် ပို့လိုက်လို့ ...

ဒီနိုင်ငံရဲ့ အရေးပေါ် ဖုန်းနံပါတ်က ၁၁၂..အရောင်က လိမ္မော်ရောင်သုံးတယ် မြင်သာအောင်လို့ထင်တယ်...
တိုက်တာက U bahn (ရထား) နဲ့ L K W ( ကုန်တင်ယာဉ်)...


L K W ကမှားတယ်လို့ ထင်မိတာပဲ ..ဘာကြောင့်လဲဆိုရင် ဖြစ်တာ က U bahn လမ်းကြောင်းပေါ်မှာလေ..
တကယ်ဆို L K W က ညာဘက် ယာဉ်ကျော မှာ ရှိရမှာ ခုက ..ဘယ်ဘက် ယာဉ်ကျောကို ကျော်ပြီး U bahn လမ်းကြောင်းပေါ်ထိ ရောက်သွားတာ ..တော်တော် ဆိုးပါတယ်...ယာဉ်မောင်း နှစ်ယောက်လုံး အတွက်တော့ မတွေးရဲစရာပါပဲ....အရှိန်က ပြင်းလွန်းတော့ နောက်မှာ စီးတဲ့ သူတွေ အနဲနဲ့ အများတော့ ထိခိုက်မှုရှိမှာ ပါပဲ...

အော်..... ကိုယ်တိုင်သာ အဲ့ဒီ ယာဉ်ပေါ်ပါလဲ ခဲ့ရင်လို့...
4 comments:
ထိခိုက်ဒဏ်ရာရသွားသူတွေအတွက်တော့ စိတ်မကောင်းစရာပဲ။
ဖွဟဲ့..လွဲပါစေ..သူငယ်ချင်းကလဲမပြောကောင်းမဆိုကောင်း..
ဒါနဲ့အက်ဆီးဒန့်ကပြင်းထန်လိုက်တာနော်.... မယုံနိုင်စရာပဲ.
:)) ..အဟုတ်ပဲ ထိခိုက်သူတွေအတွက် စိတ်မကောင်းစရာ လပြည့်ရေ
... ကိုချင်း စိတ်မပူနဲ့တော့ လွဲတယ် လွဲတယ်..လာလည်တာ ကျေးကျေး
supreme hoodie
golden goose
yeezy shoes
adidas flux
kevin durant shoes
nike air force 1
coach outlet
birkin bag
golden goose superstar
timberland shoes
Post a Comment