ကြီးမှ ဝက်သက်ပေါက်တယ်ဆိုလို့ အိမ်မက်တစ်ယောက် သူငယ်များ ပြန်သွားပြီလို့ ထင်သွားကြလား..
အရွယ်ကြီးမှ
လူငယ်လို နေတာတွေ.. အချစ်ရေး ကိစ္စတွေ ဖြစ်လာရင် ဝက်သက်ဆိုတာ ကြီးမှ
ပေါက်ရင် ပိုခံရတယ်ဆိုပြီး အပေါင်းအသင်းတွေ ပတ်ဝန်းကျင်ကပြော တာတွေ
ကြားဖူးကြမှာပါ..
တကယ်တမ်း ဝက်သက်ဆိုတာကလဲ ကလေးတွေ မှာပဲ ဖြစ်တက် ပြီး အရွယ်ကြီးသူတွေ ဖြစ်လေ့မရှိတဲ့ ရောဂါ မျိုးပါ..
ဝက်သက်ရောဂါဆိုတာ..
၁၀
နှစ်အောက်ကလေးတွေ မှာ အဖြစ်များပြီး ကူးစက်တက်တဲ့ ရောဂါ
တစ်မျိုးပါ..varicella-zoster ဆိုတဲ့ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာ ဖြစ်ပြီး
herpesvirus ( ရေယုန်) အမျိုးအစား ထဲမှာ ပါဝင်ပါတယ်..
ခန္ဓာကိုယ်အနှံ့ကို လျှင်မြန်စွာ နဲ့ လွယ်ကူစွာ ပျံ့နှံ့နိုင်ပါတယ်..
ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ် အလယ်ပိုင်းမှာ စတင်ဖြစ်ပွားပြီး တခြားအစိတ်အပိုင်းတွေကို ကူးစက်သွားတက်ပါတယ်..
အလွန်ယားယံတက်တဲ့ ဝေဒနာကို ခံစားရမှာ ဖြစ်ပြီး လက်သည်းနဲ့ မကုတ်ခြစ်မိအောင်လဲ သတိထားဖို့လိုပါတယ်..
ရောဂါလက္ခဏာများကတော့
ကိုယ်အဖျားတက်ခြင်း ၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း နှင့်မျက်စိနီခြင်း တို့ဖြစ်တက်ပါတယ်..
ဝက်သက်ဟာ တစ်ခါတစ်ရံ အဆုတ်အအေး ပတ်ရောဂါ ကဲ့သို့အန္တရာယ်ကြီးသည့်ရောဂါများ သို့ဦးတည်နိုင်ပါတယ်..
ဤနည်းအတိုင်း ကူးစက် ခံရသည့်10 ယောက်တိုင်းတွင်1 ယောက်မှာ သေဆုံး ပြီး 4 ယောက်မှာ
ထာဝရ
ဦးနှောက်ပျက်ဆီးသွားပါလိမ့်မည်။ ဝက်သက်ကူးစက်ပြီးနောက်၊ SSPE ဟုခေါ်သော
ရှားရှား ပါးပါး ရောဂါ အခြေအနေ တစ်မျိုး သည်နှစ်အတန်ကြာလျှင်ဖြစ်ပေါ်
လာနိုင်ပါတယ်..
SSPE သည်ဦးနှောက်ကိုအလျှင်အမြန်ဖျက်ဆီးသည်၊
အမြဲတန်းပြင်းထန်ပါသည်။ မိမိတို့နေထိုင်မကောင်း ကြောင်း
မသိလိုက်ခင်မှာပင်ရောဂါကူးစက်ခံရသူမှချောင်းဆိုးခြင်း နှင့်နှာချေ ခြင်း
တို့မှတစ်ဆင့် ဝက်သက်ကူးစက်နိုင်ပါတယ်...
××××××××××××××× ×××××××××××××××××××× ××××××××××××××××××××××××××××××××××
ဒါက အိမ်မက် ရှာဖွေ လို့ ရသမျှ ဝက်သက်ရောဂါနဲ့ ပတ်သတ်တဲ့ အချက်တွေပါ..
အဲ့ဒါပါ..အဲ့ဒီ ဝက်သက်ကြီး အိမ်မက်ဆီမှာ လာပေါက်နေတာပါ..
ကြီးမှ ဝက်သက်ပေါက်ရင် ပိုခံရတယ်ဆိုသလို နေရထိုင်ရတော်တော် ခက်ပါတယ်..
ခန္ဓာကိုယ်မှာ အနီအစက်တွေ ပေါ်လာတုန်းက allergic လို့ထင်ခဲ့တာ ..ဒါမှမဟုတ် အသားခြောက်ပြီး ဖြစ်တာ လို့ ထင်ခဲ့တာပါ..သုံး လေး ရက်ကြာလို့ မပျောက်ပဲ ပိုဆိုးလာမှ ဆေးခန်းသွားခဲ့ တာ.. အဲ့ဒီမှ သိရတာ ဝက်သက်ဖြစ်တယ်ဆိုတာ..း(
အိမ်မက်မေမေက တော်တော်လေး သက်သာ လာပါပြီ..
ဟိုနားဒီနား လမ်းလဲ လျှေက်လို့ ရလာပြီ.. နဲနဲ လျှောက်တာများရင်တော့ နာလာတက်တယ်..
( သတင်းမေးကြတဲ့ သူများကို လဲအိမ်မက် ကျေးဇူးတင်ပါတယ်...းD )
အိမ်မက်က မေမေ့ကို ပြုစုမလို့ပါဆို ခု မေမေက တလှည့် ပြန်ပြုစုရမလို ကို ဖြစ်နေတာ..
ခုချိန်ထိ တော့ အိမ်မက် အဖျားတက်မလာသေးပါဘူး..
ဆေးခန်းကတော့ ဆေးတွေ အစုံပေးလိုက်ပါတယ်..
ဒါကြောင့် အိမ်မက်ပြောတာ.. ပြဿနာများ လာရင် အဖော်နဲ့ပါဆိုတာ ...
း((((((( ....
အိမ်မက်စေရာ
၁၈.၀၅.၁၂