ကိုယ့်ရဲ့ အိမ်မက်တွေကို တခါတလေမှာ ကိုယ် ကိုယ်တိုင်အတွက် ဖျက်ဆီးပစ်ရတက်ပြီး တခါတလေမှာတော့ ကိုယ်ချစ်တဲ့သူတွေအတွက် အပျက်စီး ခံရတက်တယ်.. ဒီနေရာလေးက လက်တွေ့မှာ မက်ခွင့်မရတော့တဲ့ အိမ်မက်တစ်ချို့ကို ဆက်လက် ရှင်သန်ခွင့်ပေးထားတဲ့ နေရာလေးပါ.. ( အိမ်မက်စေရာ )
Saturday, June 8, 2013
Rüsselsheim ရဲ့ နိဗ္ဗာန်( သို့) အထီးကျန် မင်းသမီးလေးရဲ့ ရဲတိုက် ° ° ° ° ° °
Saturday, March 23, 2013
Monday, March 11, 2013
@ - @ ညောင်ပင် သရဲ
အိမ်မက်စေရာ
၁၁.၀၃.၁၃
Tuesday, March 20, 2012
Frankfurt, Germany က ရထား ဆန္ဒပြမှု

Warnstreiks in Frankfurt
U-Bahnen, Straßenbahnen und Busse fahren nicht - S-Bahnen verkehren planmäßig - Von Mittwoch an fahren alle Linien voraussichtlich wieder ..
ဒီနေ့ frankfurt( Germany ) မြို့မှာ ရထားတွေ ဆန္ဒပြကြတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကလဲ တစ်ခါ ပြတယ်။ အဓိက ကတော့ လစာ ကြောင့်ပေါ့နော်။
ပြီးခဲ့တဲ့ အခေါက်က တော့ ဆန္ဒပြမယ် ဆိုတာ ကြိုတင် ကြေငြာတယ်။ နေရာတိုင်းမှာ information ပေးတယ်။ ဘူတာရုံတွေမှာလဲ information တွေ အပြည့်ပေးထားတော့ အားလုံးကြိုတင် ပြင်ဆင်လို့ ရတာပေါ့။
အဲ့ဒီနေ့ က အိမ်မက် အလုပ်ကို Taxi နဲ့ သွားရတယ်။ ၂၅ ယူရို ကုန်သွားတယ်။ စိတ်တိုလိုက်တဲ့ ဖြစ်ခြင်း ရယ်။ တစ်ချို့တွေ က နားရက်လဲ တယ်။ သူငယ်ချင်းတစ်ယောက်က အိမ်မက်နဲ့ အတူတူ သွားမယ် Taxi ဖိုး တစ်ယောက်တစ်ဝက် ပေးမယ် ဆိုလို့ အင်း လုပ်လိုက်တာ။ ပြီးတော့ သူက နားရက်လဲ လို့ ရသွားတယ်။ အိမ်မက် လဲချင်တော့ မရတော့ဘူး လူက များနေပြီ၊ ဒါနဲ့ ပဲ Taxi နဲ့ သွားရတယ်။ အပြန်ကျတော့ တခြားသူငယ်ချင်းရဲ့ ကားနဲ့ ပြန်လာတယ်။
ကဲ ခု ဒီတစ်ခါ ဖြစ်ပြန်ပေါ့။ လူတော်တော် များများ ကြိုမသိကြဘူး။ တစ်ခေါက်ဖြစ်ပြီးပြီ ဆိုတော့ ထပ်မဖြစ်တော့ဘူး ထင်တာ၊ ထုံးစံ မရှိဘူးလေ။ တစ်မြို့ထဲ မှာ နှစ်ကြိမ်ဆန္ဒပြတယ်ဆိုတာ။ အဲ့ဒါကြောင့် အားလုံး စိတ်အေးလက်အေး နေနေတာ၊ မနေ့ ကမှာ အမေ ဖုန်းဆက်လို့ သိရတာ၊ သိသိချင်း အင်တာနက်မှာ ရှာကြည့်တော့ ဟုတ်တယ်။ အင်း ဒီတစ်ခါတော့ Taxi နဲ့ မသွားနိုင်ဘူး ။
အမေ က ညက အိမ်မက်ဆီမှာ လာအိပ်တယ်။ အိမ်မက်အိမ်က နေ သူ့အလုပ်ကို သွားဖို့ ရထားတစ်မျိုးရှိတယ်။ Sbahn လို့ခေါ်တယ်။ ဒီကောင်က တော့ ထွက်တယ်။ အချိန်ပဲ နဲနဲ အပြောင်းအလဲ ရှိတယ်။ အိမ်မက်ရဲ့ အလုပ်ကို သွားရတာ ကြတော့ Ubahn ၊ ဒီကောင်က ဒီနေ့ တစ်နေ့လုံးမထွက်ဘူး။
ဒါနဲ့ အိမ်မက်လဲ သူငယ်ချင်းဆီဖုန်းဆက် တော့ သူက မနက် အတူတူသွားမယ် ပြောပြန်ရော၊ နောက်တော့ အဆင်မပြေဘူး ဘတ်စ်ကားလဲ မရှိတော့ သူ့ရဲ့ ယောက္ခမ က ကားနဲ့ လိုက်ပို့ပေးမယ်ပြောတယ်။ သူနဲ့ အိမ်မက်က နေတာဝေးတယ်လေ လမ်းမှာ တွေ့ဖို့ချိန်းထားတာ ခုတော့အဆင်မပြေဘူး။ အိုကေ လို့ ငါ အလုပ်ကိုပဲ ဖုန်းဆက်လိုက်မယ်ပြော လိုက်တယ်။
အလုပ်ကို ဆက်တော့လဲ မရဘူး။ ရုံးခန်းတွေက များက များ။ အိမ်မက်တို့ ဘက်ကို ကိုင်ထားတဲ့ Chef ဆီခေါ်တယ် ဘယ်လို့မရဘူး။ ရုံးခန်းထဲမှာ ရှိပုံမရဘူး ၊ ဒါနဲ့ ပဲ သူငယ်ချင်းဆီပြန်ဆက် ကဒ်နံပါတ်ပေးပြီးတော့ နင်အလုပ်ရောက်ရင်ပြောပေးပါ ၊ ငါ့ကို နားရက်လဲ ပေးရင်ပေး မဟုတ်ရင် holiday စာရင်းထဲ ထည့်ပေး ဆိုပြီး။သူကလဲ အိုကေ လုပ်ပေးမယ် ပေါ့။
အချုပ်ကတော့ အိမ်မက်တို့ ဒီနေ့ အိမ်မှာ ငုတ်တုတ်။
နားရက်က ကြာသာပတေး ၊ ကြည့်ရတာ ကြာသာပတေး အလုပ်ကို အစား ပြန်ဆင်း ပေးရမယ်တော့ ထင်တယ်။ ဒါက ပြီးမှာ သူငယ်ချင်းဆီ ဖုန်းဆက်မေးကြည့် ရမှာ။
ခုလို မျိုးကြီး အလုပ်ပျက်ရတာ စိတ်ထဲ မှာ မတင်မကျနဲ့။
ဒါပေမယ့် တက်နိုင်ဘူးကွယ်။
ရထားတွေ ဘတ်စ်ကားတွေကတော့ သူတို့ တောင်းဆိုထားတာ မရရင် ဒီထက်ပိုပြီး ဆန္ဒပြမယ်ပေါ့။သူတို့ မထွက်ရင် အားလုံးက ဒုက္ခရောက်ကုန်တာ ၊ လမ်းပန်းဆက်သွယ်ရေးက သိပ်အဓိက ကျတာကိုး။ အင်း သူတို့ကို လစာတိုးပေး ပြန်တော့လဲ အိမ်မက်တို့လို ပြည်သူတွေက ရထားခ ကားခတွေ တိုးပေးရပြန်ရော။ အဲ့ဒါကိုမှ မကျေနပ်ရင် အလုပ်သမား ပြည်သူတွေက တစ်ခါ ပြန် ဆန္ဒ ပြ ။ ဒါနဲ့ပဲ ဂျာအေး ကို သူ့အမေရိုက် မုန့်လုံး စက္ကူကပ်နေတော့တာ။
ကိုယ့်နိုင်ငံ တစ်ခုထဲ ကုန်ဈေးနှုန်းပြဿနာ ရှိတယ် မထင်ကြနဲ့။ တခြားနိုင်ငံတွေလဲ အတူတူပဲ။
ဟိုဟာ ဖြစ်လိုက် ဒီဟာဖြစ်လိုက်နဲ့။ နေ နေရတဲ့သူတွေက တစ်ခါတစ်ခါ ဆို ဆက်ပဲ နေရမလို ပြန်ပဲ ပြေးရမလိုနဲ့..။
သြော် ဘဝ ဘဝ......။
အနာဂတ်ကို မျှော်ကြည့်ရင် ..
ခုချိန်ထိ ဘာမှ မသေချာ နိုင်သေးတဲ့ ဘဝပါလားလို့.. .........။
အိမ်မက်စေရာ
၂၀.၀၃.၁၂
Thursday, June 23, 2011
ရှုပ်နေတာပါပဲ..........
သတင်းရထားလို့
ဖရန့်ဖွတ်( Frankfurt) မှာ ခုတလော လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဘာဖြစ်နေမှန်းကို မသိတာပါ..ဟို နေရာမှာ လဲ လုံခြုံရေး ဒီနေရာမှာ လဲ ရဲကားနဲ့ မျက်စိကို နောက်နေတာပါပဲ...
ဟော ပြီးခဲ့တဲ့ အပတ်ကလဲ အိမ်ပြန်လာတဲ့ အချိန်ပေါ့ အလုပ်က ညနေပိုင်းဆိုရင် ၁၀ နာရီ ၄၀ မှာ အလုပ်ဆင်းဖြစ်တယ်... u bahn နဲ့ အမြဲပြန်တယ် ပြီးတော့ ဘတ်စ်ကား တစ်မှတ်တိုင် ပြန်စီးရတယ် အိမ်ရောက်တဲ့ အထိ..သောကြာနေ့ လောက်ကထင်တယ် အလုပ်က အပြန်လမ်းမှာ ကောင်းကင်က ဖုန်းဆက်လာတယ်လေ ဘူတာရုံမှာ အပေါက်တွေ ပိတ်ထားတယ် တဲ့..ဟဲ့ ပလုတ်တုတ် ငါ့နှယ် ဘယ်က ပြန်ထွက်ရပါ့.. သူက ဆက်ပြောသေးတယ် ကွေ့ပတ်ပြီးတက်ရတဲ့ ဓါတ်လှေကားက တက်လာခဲ့ တဲ့.. ဘူတာရုံကြီးမှာ ထွက်ပေါက်တွေ အများကြီးရယ်ပါ..ကိုယ်တိုင် က ဒီကားမှတ်တိုင်နဲ့ ဒီထွက်ပေါက်ကို ထွက်နေကျ တခြားအပေါက်ဆို ပြန်ပြန်ရှာနေရတယ်..အဲ အဲ့ဒါနဲ့ ဘူတာရုံကြီးရောက်တော့ ဟုတ်ပှါ့ဗျာ ထွက်နေကျ လှေကားပေါက်ကို အနီတားပြီးလုံခြုံရေးတွေနဲ့ ပိတ်ထားတယ်... အချိန်က ၁၁ နာရီ ရှိနေပြီ ဒါမျိုးဆို အလိုလိုနေရင်းကို ရင်က တုန်တာ ..လူတွေအများကြီးရှိရက်နဲ့ သတ္တိကောင်းလိုက်ပုံများပြောပါတယ် တော်သေးတာက အတူတူပြန်တဲ့ အန်တီတစ်ယောက်ပါလာလို့ ထိုင်းအမျိုးသမီးတစ်ယောက်ပါ ..ငါတို့ထွက်နေကျနေရာပိတ်ထားတယ် လို့ ပြောတော့ လာလာ ဆိုပြီး လက်ကလေးကိုင်ပြီး ခေါ်သွားတယ် ကိုယ့်မျက်နှာက သနားစရာဖြစ်နေလားမသိပါဘူး... အဲ့ဒါနဲ့ တစ်ခါမှ မတက်ဖူးတဲ့ အနောက်ဆုံးလှေကားကနေ အပေါ်ကိုတက် အပေါ်ဆိုပေမယ့် အပေါ်ဆုံးမဟုတ်သေးပါ မြေအောက်ကနေအပေါ်နား market တို့ လက်မှတ်ရောင်းတဲ့နေရာ အာရှဆိုင်တွေ ရှိတဲ့နေရာကို ရောက်တာပါ..အဲ့ဒီမှာ လဲ မီးတွေအကုန်ပိတ်လို့ မှောင်နေတာ လူတွေလဲ တစ်ယောက်မှ မရှိဘူး ဒါနဲ့ ဆက်ပြီး တက်ပါတယ်..ထွက်ပေါက်လှေကားကို ရောက်ပါပြီ လုံခြုံရေးရဲတွေလဲရှိပါတယ် ဘာဖြစ်တာလဲလို့ သူတို့ကိုမေးကြည့်တော့.. ....................ဗုံးဖောက်ခွဲမှုသတင်း ရထားလို့ပါတဲ့.................ကောင်းရော
ဒီဗုံးကြောင့် ခဏ ခဏ ဒါမျိုးဖြစ်တယ် တကယ်စိတ်လေတယ်...အဲ့ဒါနဲ့ ဘတ်စ်ကားမှတ်တိုင်ကို အပြေးတပိုင်း သွားရတော့တာ တော်ကြာနောက်ကျရင် နောက်တစ်စီးထက်စောင့်ရမှာ..... ဟူး
တစေ့တစောင်း သော့အကြောင်း
ဒီနေ့မနက် ဧည့်သည်ရှိပါသည် သူငယ်ချင်းရဲ့ အမျိုးသမီး ဂျာမနီရောက်နေလို့ အိမ်ကို အလည်ဖိတ်ဖြစ်သည် ခြေလေချောင်းသားမစားတဲ့ သူ့အတွက် ကြက်သားချက်သည် ခြေခြောက်ချောင်းသားမစားတဲ့ ကိုယ့်အတွက် ဝက်သားချက်သည်.. ဟဲဟဲ
စားကျ သောက်ကျ ပြီးတော့ လမ်းလျှောက်ထွက်ဖြစ်ကြသည်.. ထုံးစံအတိုင်း Main ဖြစ်ဘေးပါ.. အိမ်နဲ့ မဝေးတော့ ထစ်ကနဲဆို မ.ထ.သ အဲ ရောင်လို့ မြစ်ကမ်းဘေးရောက်ဖြစ်သည် အဲလိုနဲ့ ဓါတ်ပုံရိုက်ဘာညာပေါ့ မြစ်ကို ဖြတ်ထားတဲ့ တံတားပေါ်လျှောက်တော့ ဘာတွေ့လဲဆိုရင် သော့တွေ တွေ့ပါတယ် ဘယ်ကလာလဲ တော့ မသိပါ အမှတ်တရချိတ်ထားပုံ ရပါသည် ဒါပေမယ့် ဒီသော့တွေ ဘယ်သူက အလေးခံပြီး သယ်လာမည်နည်း...??????????????????
မသိပါ အောက်ပါပုံများမှသာ ကြည့်ကြည့်ကြပါ ဟိုအရင် မရှိပါ.. ရောက်လာတာ ၄ ၅ လ လောက်သာ ရှိဦးမည်ထင်သည်.....
ု
Tuesday, June 7, 2011
ယာဉ်တိုက်မှု
အလုပ်ဆင်းချိန်ရောက်လို့ ရထားစီးဖို့သွားတော့ သူငယ်ချင်းတစ်ယောက်က ရထားမလာဘူးတဲ့..
တိုက်တာက U bahn (ရထား) နဲ့ L K W ( ကုန်တင်ယာဉ်)...
L K W ကမှားတယ်လို့ ထင်မိတာပဲ ..ဘာကြောင့်လဲဆိုရင် ဖြစ်တာ က U bahn လမ်းကြောင်းပေါ်မှာလေ..
တကယ်ဆို L K W က ညာဘက် ယာဉ်ကျော မှာ ရှိရမှာ ခုက ..ဘယ်ဘက် ယာဉ်ကျောကို ကျော်ပြီး U bahn လမ်းကြောင်းပေါ်ထိ ရောက်သွားတာ ..တော်တော် ဆိုးပါတယ်...ယာဉ်မောင်း နှစ်ယောက်လုံး အတွက်တော့ မတွေးရဲစရာပါပဲ....အရှိန်က ပြင်းလွန်းတော့ နောက်မှာ စီးတဲ့ သူတွေ အနဲနဲ့ အများတော့ ထိခိုက်မှုရှိမှာ ပါပဲ...
အော်..... ကိုယ်တိုင်သာ အဲ့ဒီ ယာဉ်ပေါ်ပါလဲ ခဲ့ရင်လို့...
Sunday, March 6, 2011
ဘာညာကွိကွ
ရာသီဥတုအကြောင်းစဉ်းစားမိတယ် အရှေ့က အနှုတ်ဂဏန်းလေးပျောက်သွားလို့ တော်တော်နွေးလာပြီလို့ထင်မိတယ်..အမလေး အလုပ်သွားခါနီးရှိုးအပြည့်နဲ့ ဘူတာရုံလဲရောက်ရော အဲ့မှာ စတွေ့တာပဲ အေးလိုက်တာ အေးလိုက်တာ နေရောင်ခြည်က ကရော်ကရော်လုပ်နေသလိုပဲ တိုက်လိုက်တဲ့လေ မုန်တိုင်းကျမှာလားအောက်မေ့ရတယ် နားရွက်တွေပါကိုက် ခေါင်းတွေလဲကိုက် လည်ပင်းက မာဖလာလဲမပါတော့ အေး..အီး ငိုချင်တယ်..လက်တောင်အပြင်မထုတ်ရဲဘူး ဟင်းစိတ်နာတယ် ဒီရာသီဥတုကို..အဲ့လိုစဉ်းစားနေတုန်း ကျောင်းသူလေးတွေ တွေ့လိုက်တယ် သူတို့များမအေးတာလား ဘာလားမသိဘူး..အောက်က အသားကပ်ပါးပါးလေးဝတ် ဂျာကင်ကို ရင်ဘတ်တောင်ဟထားလိုက်သေး..သူတို့မြင်တော့ ကိုယ့်ကျောင်းသူဘဝသတိရမိတယ်..ဒါပေမယ့် ဒီဥရောပမှာ ဘာကြောင့်ကျောင်းဝတ်စုံမထားတာလဲလို့တွေးမိတယ်..တို့များ ငယ်ငယ်ကဆို အဖြူ အစိမ်းလေးတွေဝတ်ပြီးကျောင်းသွားကြတာလို့ အားလုံးဆင်တူလေးတွေ ကျောင်းသားကျောင်းသူတွေ ဆိုတာ ကြည့်တာနဲ့ သိကြတယ်..ဒီမှာတော့ အားလုံးခွဲခြားမရ ကိုယ့်ရှေ့ကကျောင်းသူလေးဆို သေချာတယ် ၁၆ နှစ်အောက်ဆိုတာ ဒါပေမယ့် လက်သည်းအမဲရောင်ရှည်ရှည်နဲ့ မျက်လုံးလဲ မဲနေအောင်ဆွဲထားသေး ခါးမှာလဲ ဘာတွေပါလိမ့်..ဆံပင်က မျက်စိရှေ့တော်တော်လေးကွယ်နေ( ဟီး စပ်စုနေတာသူများကို)..အော်သူတို့ခေတ်နဲ့ သူတို့နိုင်ငံပဲလေနော် ...
ဒါနဲ့ရထားရောက်လာတော့ ရထားပေါ်တက် ...ဟဲ့ ဘာဖြစ်တာလဲ......“ရဲကိုခေါ်မြန်မြန်ခေါ်လေ ဘာလုပ်နေတာလဲ မြန်မြန်” အဲ့လိုအော်သံ အကျယ်ကြီးကြားလိုက်တာ လန့်သွားတာပဲ ..သေချာကြည့်မိမှ စိတ်သိပ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက် ဝတ်ထားတာ ကောင်းကောင်းမွန်မွန်လေး ရုတ်တရက်ကြည့်ရင်ဘယ်လိုမှ မထင်ရ အင်း ဒါမျိုးဒီနိုင်ငံမှာ အများကြီးတွေ့ရတယ်..
မှတ်တိုင်ရောက်တော့ ဆင်း မြေအောက်ရထား(u bahn)စီးဖို့ဆင်း...ဘာတွေ့လဲဆိုတော့ ဓါတ်လှေကားပျက်နေတယ်...ဘာမှန်းမသိ ဒီနေရာမှာ ခဏ ခဏပျက်တာတွေ့ရတယ်..လူအသွားအလားများတဲ့နေရာကို ပျက်ရင်လဲ တစ်ရက်မက..အသက်ကြီးတဲ့သူတွေအတွက်ဒုက္ခ ပြီး မသန်မစွမ်းသူတွေ ကလေးတွန်းလှဲနဲ့ ကလေးမိခင်တွေ အကုန် ဒုက္ခရောက်ကြတာ ..
ကဲ u bahn လာတော့တက် အလုပ်သွားရမယ်လေ....
မလုပ်ချင်လဲမရဘူး ဟွန့် စိတ်ညစ်တယ် ...အလုပ်မှတ်တိုင်ရောက်တော့ဆင်း..ဟောနေ့တိုင်းမြင်ရတဲ့ မျက်နှာတွေ..တစ်ယောက်နဲ့ တစ်ယောက်ပြုံးပြ ဖိလစ်ပိုင်အမျိုးသမီးတစ်ယောက်နှုတ်ဆက်တယ်
“ မင်္ဂလာပါ” တဲ့..ဟော နောက်တစ်ယောက် သူကတူရကီကောင်လေး “မြန်မြန်”ဆိုပဲ..
သူတို့လဲ မြန်မာစကားတော်တော်လေး ရင်းနှီးနေလို့..
့ကိုယ်လဲ သူတို့ကို ပြန်နှုတ်ဆက်ရင်းပြောလိုက်တယ်..“ ဖြည်းဖြည်းပေါ့” လို့......














