Pages

Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts

Saturday, June 8, 2013

Rüsselsheim ရဲ့ နိဗ္ဗာန်( သို့) အထီးကျန် မင်းသမီးလေးရဲ့ ရဲတိုက် ° ° ° ° ° °


ဟိုးရှေးရှေးတုန်းက ပေါ့.. အလွန်လှပတဲ့ ဥယျာဉ်ကြီး တစ်ခုထဲမှ  ရဲတိုက်ကြီး တစ်ခု တည်ဆောက်ထားပြီး အဲ့ဒီ ရဲတိုက်ထဲ မှာတော့ အရမ်းကို ချောမော လှပတဲ့ မင်းသမီးလေးတစ်ဦး နေထိုင်ခဲ့ဖူး သတဲ့ကွယ်...။

မင်းသမီးလေးက နန်းတော်ထဲမှာ မနေပဲ ဘာလို့ ရဲတိုက်ကြီး ထဲမှာ နေရတာလဲ..?
ဘယ်လောက်ကြာကြာ နေခဲ့ပြီး သူ ဘာဖြစ်လို့ သေဆုံးသွားတာလဲ..?
ဘယ်လို အကြောင်းနဲ့ ထိုရဲတိုက်ကြီးကရော တစ်ဝက်တစ်ပျက် ပျက်စီးသွားခဲ့တာလဲ...?

မေးခွန်းတွေ အများကြီးက ခေါင်းထဲမှာ အပြည့်ပါ.. သိချင်စိတ် ပြင်းထန်နေပေမယ့် သူ့အကြောင်း လေ့လာဖို့ အချိန် မလောက်ငှခဲ့ပြန်ဘူး..။
သိချင်ရင် ပြတိုက်မှာ သွားဖတ်မှ ရမယ်.. ဒီမှာတော့ ဘာမှ ရေးမထားဘူး ဆိုတဲ့ သူငယ်ချင်းရဲ့ စကားကြောင့် စိတ်လျော့လိုက်ရတယ်။

မကျေမနပ်ဖြစ်မိပေမယ့်လဲ ဒီရဲတိုက်ကို မြင်ရခဲ့တယ် ဆိုတာနဲ့ ပဲ ဖြေသိမ့်လိုက်တော့တယ်..။

ခုချိန်မှာတော့ ပန်းခြံတစ်ခု အဖြစ် လူတွေ အပန်းဖြေ သွားလာ နေကြပါတယ်..။
သိပ်ကြီးမကြီးပေမယ့် သိပ်လဲ မသေးတဲ့ ပန်းခြံလေး တစ်ခုပါ..။
အရင်ကတော့ မင်းသမီးလေး နေခဲ့တဲ့ ဥယျာဉ်လေးပေါ့နော်..။

Rüsselsheim  ဆိုတဲ့ မြို့လေးက Frankfurt  ကနေ အနည်းငယ်ကျော်သွားရတဲ့ မြို့လေးတစ်ခုပါ။
Frankfurt air port  ကနေ သုံးမှတ်တိုင်လောက် ရထားစီးပြီး သွားရင်ရောက်ပါတယ်..။
အချစ်ဆုံးသူငယ်ချင်း( ထိုင်းမလေး ) နဲ့ သူ့မိသားစု နေတဲ့ ထိုမြို့လေးကို မရောက်တာ ကြာတာနဲ့ ရောက်ဖြစ်ခဲ့ပြီး ညနေပိုင်းမှာ ကန်ဘောင်ဘက်လမ်းလျှောက်ထွက်ရင်းက တဆင့် ထိုဥယျာဉ်လေးကို ရောက်ရှိခဲ့တာပါ။ အရင်က တစ်ခါမှ မရောက်ဖြစ်ခဲ့ပဲ ပထမဆုံးအကြိမ် ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီ ဥယျာဉ်က ရဲတိုက်ကြီး တည်ရှိနေရာ Rüsselsheim Verna ဥယျာဉ်ပါတဲ့..။

 °*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*
ဥယျာဉ်ထဲက ရဲတိုက်ရဲ့ ဘေးဘက်ခြမ်း

 ဘေးနားက ကန်အသေးလေး

မြို့ရဲ့ ပုံကို ပန်းချီဆွဲထားတာပါ နှစ်တွေ ကြာလို့ ဘာမှ မထင်ရှားတော့ပါဘူး..

 ဒါက Verna ရဲတိုက်.. ညနေပိုင်းရောက်သွားတာမို့ ပိုလို့ တောင် အထီးကျန်ဆန်နေတယ်..

 ဒါက Verna ရဲတိုက်..( ဒီတစ်ပုံက အင်တာနက် က ယူထားတာပါ သေချာကြည့်လို့ရအောင်)

အဆောင် ကူးတဲ့ တံတား..


 ညာဘက်က တံခါးဝ ..တစ်ချို့တစ်ဝက် ပျက်နေပြီ

 

အပေါ်ဆုံးက တစ်ခုထဲသော ပြတင်း



ဒါက ဥယျာဉ် အလည်နားက နေနာရီ သွားတဲ့အချိန်က ညနေဆိုတော့ ဘာမှမမြင်ရတော့ဘူး..
( နာရီတခါ ကြည့်ဖို့ အဝေးကြီး လာရမှားp )
 °*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*


အိမ်ပြန်ရောက်တော့ မကျေမနပ်ဖြစ်နေတာက လျှော့မသွားလို့..အင်တာနက်ထဲမွှေနှောက်လိုက်တဲ့ အခါမှာတော့ Verna Park အကြောင်း တွေ့လိုက်ရတယ်..။ တကယ်တော့ အဲ့ဒီဥယျာဉ်လေး ထဲ ဘယ်မင်းသမီးလေး မနေခဲ့ပါဘူး..နေခဲ့ သယောင်ယောင် စိတ်ကူးယဉ်ပြီး တည်ဆောက်ထားခဲ့တဲ့ ပန်းခြံတစ်ခု သက်သက်ပါပဲ..။

ပိုင်ရှင်ကတော့ Verna Family ပါ..။ ဒါကြောင့်လဲ ဒီဥယျာဉ်ကို Verna Park လို့ အမည်တွင်စေခဲ့ခြင်း ဖြစ်ပါတယ်.။ ၁၈၅၀-၁၈၆၅ ခုနှစ်အထိ တည်ဆောင်ခဲ့ပြီး တော့ ၁၉၁၁ မှာ Rüsselheim မြို့ကို ပြန်လည်ရောင်းချခဲ့ပြီး ၁၉၁၂ မှာတော့ လူထု ပန်းခြံအဖြစ် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်..။ အဲ့ဒီပန်းခြံ ရဲ့ ကျော်ကြားရခြင်း အကြောင်းအရင်းတစ်ခုကတော့ နှစ်ပေါင်း ၁၄၀ ကျော်ကို မူရင်း တည်ဆောင်ထားတဲ့ ပုံစံအတိုင်း ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ ခြင်းကြောင့် ဖြစ်ပါတယ်.။ ဒါကြောင့်လဲ ဒီလို ပါးစပ်ရာဇင်ဝင် ပုံပြင်တွေ ရှိနေခဲ့ ပြီး ထင်ရောင် ထင်မှား ဖြစ်စဖွယ် စိတ်ကူးယဉ် ပန်းခြံလေး တစ်ခု ဖြစ်နေခဲ့ပါတယ်..။ သူ့ကို တနည်းအားဖြင့် Rüsselsheim ရဲ့ နိဗ္ဗာန် လို့လဲ ခေါ်ကြပါသေးတယ်..။
( ပုံတွေကတော့ အများကြီးကျန်ပါသေးတယ် အဓိက က  ရဲတိုက်ကိုပြောချင်တာ ဆိုတော့ သူနဲ့ ပတ်သတ်တဲ့ ပုံတွေပဲ တင်ပေးလိုက်ပါတယ်..ဗဟုသုတပေါ့ )

အိမ်မက်စေရာ
၀၈.၀၆.၁၃

Wednesday, April 24, 2013

Nail Art With Fruits..... ^^ _ ^^

Hi hi..;p !!!!!!

ဘယ်လိုလဲ အိမ်မက်ကို မေ့ကုန်ကြပြီ ထင်တယ်..မတွေ့တာလဲ ကြာပြီဆိုတော့..
တော်တော် စိတ်အနှောင့် အယှက်ပေးနိုင်လွန်းတဲ့ Facebook ကြီးကို ပိတ်လိုက်ပြီ ဆိုတော့ ကွန်ပြူတာ ဖွင့်တာနဲ့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး..။ အော် Facebook Facebook....

သူ့ကို စွဲလန်းနေတာနဲ့ပဲ blog လေးတောင် ပြစ်ထားမိတာ တော်တော် ကြာပြီပဲ နော်...။

ခုတလော အိမ်မက် တစ်ယောက်လဲ ဟိုသင်္ကြန်ပြေးလိုက် ဒီသင်္ကြန်ပြေးလိုက်နဲ့ frankfurt မှာ တော်တော် အလုပ်ရှုပ်နေတာများ ကိုယ့်ကိုယ် ကိုယ်တောင် ကြည့်မရဘူး.။

ဘယ်လိုမှ မတည့်နိုင်တဲ့ အသံနဲ့လဲ သီချင်းလေး ဘာလေး ပြေးဆိုလိုက်သေး..။
ပွဲဆိုတော့လဲ အလှလေး ဘာလေး ပြင် တယ်ပေါ့လေ..။
ဒီမှာက လက်သည်း ပြင်ရင် . အလှဆိုးရင် သိပ်ဈေးကြီးတော့ ဆိုင်မှာ ဘယ်တော့မှ မပြင်ဖြစ်ဖူးလေ.။
အိမ်မှာ ပဲ စိတ်ထဲရှိတဲ့ ဒီဇိုင်းကို စိတ်ကူးပေါက်သလို လုပ်ဖြစ်တာ များတယ်..။
ဒါကြောင့် ပြီးခဲ့တဲ့ အပတ်က လုပ်ဖြစ်တဲ့ ဒီဇိုင်းလေး မမတို့ ညလေးတို့ကို ပြောချင်စိတ်လေး ပေါ်လာလို့..။
လုပ်ရတာ အရမ်းလွယ် လွန်းလို့ ရှင်းပြစရာကို မလိုဘူး ထင်တယ်။
ကြည့်လိုက်တာနဲ့ သိမယ် ထင်တယ်နော်..။ ကြည့် ကြည့်ပါဦး...။


အောက်က သုံးဖြစ်တဲ့ လက်သည်းနီ အရောင်...

အဲ့ဒီ အရောင်လေးကို အောက်ခံ ဆိုးပြီး ..အောက်ပုံထဲက လုပ်ပြီးသားသစ်သီးပုံ လေးတွေကို မခြောက်တခြောက်မှာ ကပ်လိုက်..ပြီးရင် အပေါ်က နောက်တစ်ထပ် ထပ်ဆိုးလိုက် ဆို..ပြီးသွားပြီ..။


ဘယ်လိုလဲ လွယ်တယ် မဟုတ်လား..။


အိမ်မက်စေရာ
၂၄.၀၄.၁၃

Monday, November 26, 2012

အလွမ်းမြို့ (သို့) မကြီးလွမ်းသို့ ပေးစာ

အဲ့လို လေ..ခေါင်းစဉ်တက်လိုက်တာ..

အကြောင်းက ဒီလို..

မကြီးလွမ်း ( အလွမ်းမြို့) က အိမ်မက်စီလာလည်နေကျ ဆိုပေမယ့် အိမ်မက်တစ်ယောက် သူ့စီကို ပြန်လည်လို့ မရ ဘူးဖြစ်နေတယ်..

ဝင်လိုက်ရင် ဒါကြီးပေါ်လာတယ်.အမြဲ


Profile Not Available

The Blogger Profile you requested cannot be displayed. Many Blogger users have not yet elected to publicly share their Profile.
If you're a Blogger user, we encourage you to enable access to your Profile.

အဲ့ဒါ ဘယ်လို လုပ်ရမှာလဲ ဟင်..
..

မကြီးလွမ်းရေ..အိမ်မက် လာလည်ချင်သော်ငြား အိမ်ရှင်က တံခါးမဖွင့်လို့လား မသိ ဝင်မရဘူးဖြစ်နေတယ်းp


အိမ်မက်စေရာ
၂၆.၁၁.၁၂

 

 

 

 

Thursday, June 14, 2012

စကားပြောသော အာဖရိက

အာဖရိက မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေပါ..
ကိုယ်တိုင်ရိုက်မဟုတ်ပါဘူး...း)
ဘူတာရုံကြီးမှာ ပြပွဲလိုမျိုးပြထားလို့ စိတ်ဝင်စားစရာမို့ ရိုက်ပြီး ယူလာခဲ့တာ..
ကြည့်ကြည့် လိုက်ပါဦး....










အိမ်မက်စေရာ
၁၄.၀၆.၁၂

Wednesday, February 8, 2012

ကြောင်ကလေး ဓါတ်ပုံ

ပိုလန် နိုင်ငံသူ သူငယ်ချင်းမလေး မှာ အရမ်းချစ်ရတဲ့ ကြောင်ကလေး တစ်ကောင်ရှိတယ်..
အလုပ်မှာ စကားပြောဖြစ်တဲ့ အချိန်တိုင်း ကြောင်လေး အကြောင်း အမြဲမေးဖြစ်တယ်..
ကိုယ်တိုင်က တိရစ္ဆာန် ချစ်တက်တော့ သူ့ကြောင်လေးလဲ မမြင်ဖူး ပဲ နဲ့ သူ့အပြောနဲ့ကို ချစ်နေတာ..
အဲ ဟိုတလောက တော့ သူ့ခမျာ နေမကောင်းရှာဘူး..
သူ့သခင်မက သူ့ကို ဆေးခန်းပို့ပြီး အဝှာဒင်း လုပ်ပေးလိုက်တာ သူ့မှာ မိန်းမမရနိုင်တော့ဘူးလေ.. သနားပါတယ်
ခေတ်ကာလက တိရစ္ဆာန်တွေတောင် သဘာဝအတိုင်း ပေးမနေ ကြဘူး..
တနေ့ကတော့သူငယ်ချင်းမရဲ့ ကြောင်ကလေးကို ဖဘ မှာ ဓါတ်ပုံတွေတွေ့လိုက်တယ်..
အမွေးမရှိတဲ့ ကြောင်အမျိုးအစားလေ.. အင်္ကျီလေး ဝတ်ပြီး ရှိုးထုတ်နေတာများ..
အိမ်မက်မှာ ကြည့်ပြီး ရယ်လိုက်ရတာ ခွက်ထိုး ခွက်လန်..
တကယ် အဲ့ဒီကြောင်လေး မျက်နှာက စပ်ဖြီးဖြီးနဲ့ .....သဘောကျလွန်းလို့ ပြန်တင်ပေးလိုက်တာ..
ကြောင်လှလှလေးမှ ချစ်တက်တဲ့ သူတွေအတွက်တော့ ဒီကြောင်ကလေးကတော့ ရုပ်ဆိုးနေလိမ့်မယ်..
ဒါပေမယ့် ချစ်ဖို့ကောင်းပါတယ်..
ကဲ ကဲ စပ်ဖြည်းဖြည်းနဲ့ ပဲ များနေတဲ့ပုံတွေ ကြည့်လိုက်ကြဦးနော်....

မခို့တရို့...း)

ဒါက နောက်ထပ် စတိုင်လ် တစ်မျိုး


တားတား အိပ်နေတယ်နော်..လာမနှိုးနဲ့..


သူမှာ လဲ အသဲ နဲ့ ချစ်တက်ပါတယ်တဲ့..


တစ်နှစ်သား ကြောင်ကလေးနဲ့ သူ့သခင်မ ချောချောလေး

အိမ်မက်စေရာ
၀၈.၀၂.၁၂

Sunday, October 16, 2011

ကြီးကြီးလား သေးသေးလား (သို့) ကား

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အိမ်မက် ၉ တန်းနှစ်လောက်တုန်းကပါ.
အိမ်ကို နိုင်ငံခြားဧည့်သည်တွေ လာလည်ပါတယ်.. ဂျာမနီကပါ ..
ဘယ်သူတွေလဲဆိုတော့ အိမ်မက် အစ်ကိုတစ်ဝမ်းကွဲ ရဲ့ ရည်းစားမိသားစုပါ..သူတို့လာလည်တော့ မြေနီကုန်းမှာ နေတဲ့ အသိမိတ်ဆွေတွေက အိမ်မက်တို့ အိမ်ကိုလိုက်ပို့ပေးပါတယ်.. ရောက်လာတာက ညနေပိုင်းပေါ့..မိသားစုက သုံးယောက်ပါ..
သူတို့ကို လာပို့တဲ့ကားက ပါဂျဲရိုးထင်တယ် သေချာတော့ မမှတ်မိတော့ဘူး.. ဒါပေမယ့် ကားကြီးမျိုးပဲ အမြင့်ပေါ့နော်.သူတို့မိသားစုက အရပ်တော်တော်ရှည်ကြတယ် ထွားလဲ ထွားတယ်..သူ့သမီး အစ်ကို့ရည်းစားက ဒူးတော်တော် ရှည်ပါတယ်..နဲနဲပိန်တယ်ပေါ့ ..အဲ့ဒီတုန်းက အစ်ကိုနဲ့ သူက ရည်းစားပေါ့ အခုတော့ပြတ်သွားပြီ
ဘာလို့ပြတ်သွားတာလဲလို့မေးတော့ အစ်ကို ဘာဖြေတယ်မှတ်လဲ...
အဲ့ဒီကောင်မလေးက ဒူးအရမ်းရှည်လို့တဲ့း) .. ပြော ပြောချင်ဘူး လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနော် ယောက်ျားတွေများ..း)..

သူတို့လာလည်တော့ အဲ့ဒီကားအကြီးကြီးနဲ့ပေါ့. .ဆင်းတော့ သမီးက အရင်ဆင်းတယ်.. ဒူးက ရှည်တော့ ခြေထောက်ကိုထုတ် ခါးကိုကုန်းပြီးဆင်းတယ်... အရပ်ကကလန်ကလားရယ်..ပြီး အမေကဆင်းတယ် အမေက နဲနဲဝတော့ ကြိုးစားပမ်းစားဆင်းရတယ်..ပြီးတော့ အဖေ ဆင်းတယ်.. ခြေထောက်လဲ ရှည် အရပ်ကမြင့် လူကနဲနဲဝ ဆိုတော့ ကားအပေါ်မိုးနဲ့ မလွတ်တော့ ခေါင်းဆောင့်ပါလေရော .. ဒုတ်)))) အာရား))))
(ခေါင်းဆောင့်မိလို့ ထွက်တဲ့အသံနဲ့ သူအော်တဲ့အသံပါ)...း)

အဲ့ဒီနောက်ပိုင်း အိမ်မက်ထင်လိုက်တာက အော် အနောက်တိုင်းသားဆို အကောင်အကြီးကြီးတွေချည်းပဲပေါ့ အင်း သူတို့ စီးတဲ့ကားဆို လဲ အကြီးကြီးမှ ရမှာလို့..

အဲ ဂျာမနီလဲရောက်ရော အထင်နဲ့ အမြင်တက်တက်စင်အောင်လွဲပါလေရော..လူကောင်ထွားတဲ့လူ ရှိသလို ညှက်တဲ့သူတွေလဲ ရှိတာပါပဲ ..ထားတော့ အိမ်မက် အဓိကပြောချင်တာက ကား.. သူတို့စီးတဲ့ကား..

အိမ်မက်သိသလောက် အမေရိကန်မှာတော့ ကိုယ်ပိုင်ကားမရှိတဲ့လူ မရှိသလောက်ပဲထင်တယ်နော်.. ဂျာမနီမှာတော့ လမ်းပန်းဆက်သွယ်ရေးက ရထားနဲ့ဆိုပိုအဆင်ပြေတယ်..ကိုယ်ပိုင်ရှိတာကောင်းပါတယ်..ဒါပေမယ့် သိတဲ့အတိုင်းပဲ ကားဆိုတော့ ဈေးကြီးတယ်ပေါ့ ..ပြီးတော့ အခွန် ..ကားကြီးရင်လဲ အခွန်ပိုပေးရတယ်တဲ့
ပြီးတော့ ဟိုင်းဝေးလမ်းအတွက် အခွန်...
အာမခံ ကြေး..
ကားဆီ
နောက် ကားပါကင်လဲ ဈေးကြီးတယ်..( အလုပ်က လူတစ်ချို့ frankfurt လာမယ်ဆို ကားကို အလုပ်မှာထား ရထားစီးပြီးလာ ပြန်မှ အလုပ်မှာ ကားဝင်ယူတယ် ကဲ) အဲ့လို
နောက် ဘာတွေရှိသေးလဲ မသိဘူး အိမ်မက်က ကိုယ်ပိုင်ကားမရှိတော့ သေချာတော့မသိဘူး .. ခန့်မှန်းခြေသိသလောက် ပြောတာ.. ဒါကြောင့် ဒီမှာ လူတွေကားဝယ်ရင် ကားအသေးဝယ်ကြတယ်.. မိသားစုနဲ့မနေကြတာလဲပါတယ်.. တစ်ယောက်ထဲသမား.. လင်မယား/သမီးရည်းစား ဒါမျိုးပဲဆိုတော့ ကားအသေးဆိုပိုအဆင်ပြေတယ်လေ..သက်သာတယ်ပေါ့..

အဲ့ဒါကြောင့်ပြောတာပေါ့ အထင်နဲ့ အမြင်လွဲတယ်ဆိုတာ မြန်မာနိုင်ငံမှာ ကားမဝယ်ဘူးဆို မဝယ်ဘူး.. ဝယ်ရင်လဲ မိသားစုစီးလောက်တာမျိုးဝယ်ကြတာဆိုတော့.ဒီမှာလို တံခါးတစ်ပေါက်လေးတွေ တစ်ပေါက်ခွဲလေးတွေမရှိဘူး..
အဲ သူတို့ကတော့ ဝယ်တယ် ဒါပေမယ့် ပိစိလေးတွေလေ ကားနဲ့မတူပဲ ဆော့စရာနဲ့ပဲတူနေတာ...

အောက်က ပုံလေးတွေ ကြည့် ကြည့်ပါဦး..











ချစ်ဖို့တော့ကောင်းပါတယ် စီးဖို့တော့ ကျဉ်းကျဉ်း ကြုတ်ကြုတ် ရယ်...နော့

( အိမ်မက် ခုတလော ပျောက်လိုက်ပေါ်လိုက်ဖြစ်နေတာ အလုပ်ကြောင့်ပါ မနက်ပိုင်းဆင်းရတဲ့အပတ်တွေအားပေမယ့် ညနေပိုင်းဆိုတော့ မအားတော့ဘူး ဒါကြောင့်မောင်နှမတွေစီမရောက်ဖြစ်တာပါ သတိတရလာလည်ကြတဲ့သူများ အားလုံးကို အာဘွားပါနော်..)
မမ မဒမ်ကိုး
ကိုချင်း
မ ချော
မမ ဂျက်စ်မင်း
မေသိမ့်
ပျောက်နေတဲ့ မမ မမယ်ကိုး
ကန်န်ဒီ
ကို ၈ ယား)
မ သမီးစံ( ထင်တာက အိမ်မက်ထက် ငယ်မလားလို့ ဟီး)
ကိုဘုန်း
လပြည့်ရိပ် ( ပို့စ်ရေးပေးလို့ ကျေးဇူးပါနော်)
မဖော( ရှရွန်)
မရှင်လေး
အိန်ဂျယ်လိုင်း( လှိုင်)

အားလုံးကို အာဘွားပါ.. မရောက်ဖြစ် မနှုတ်ဆက်ဖြစ်ပေမယ့် အမြဲသတိရနေတယ်နော်..
ချစ်တဲ့
အိမ်မက်စေရာ

Tuesday, September 6, 2011

ထူးဆန်းသော လက်ရာများ..

သစ်သားနဲ့ ပြုလုပ်ထားတဲ့ ထူးခြားအံ့သြဖွယ် ထူးဆန်းတဲ့ လက်ရာများပါ... ဒီလက်ရာများ တည်ရှိရာနေရာကို Amazing Forest ဆိုပြီးတော့လဲ တင်စားထားတာ တွေ့ရပါတယ်..
ခက်တာတစ်ခုက ဘယ်နိုင်ငံ ဘယ်နေရာမှာ တည်ရှိနေလဲ ဆိုတာကို ရှာလို့ မတွေ့နိုင်တာ ပါ..
သိတဲ့ လူရှိရင် တည်နေရာလေး ပြောပြပေးပါလို့ မေတ္တာရပ်ခံပါတယ် ...



အဝင်ဝလို့ ယူဆရတဲ့ နေရာ


ထူးဆန်းတဲ့ ပုံစံနဲ့ လူသား


ဒါဘာပုံလဲ သေချာကြည့်ပါဦးနော်....


မြင်းဖြူစီးနေတဲ့ မင်းသမီးလေး ထင်ပါတယ်...


ဒီပုံအရမ်းလက်ရာမြောက်တယ်နော်... လူပိစိလေးတွေလဲ ပါတယ်..သူ့ပုံစံအတိုင်းကို လက်ကိုင်ပေါ်မှာလဲ ထပ်ထွင်းထားသေးတယ် ...တော်လိုက်တာနော်


ကလေးလေးတွေ တစ်ခုခုကို မျှော်ကြည့်နေပုံလေး...


ကဲ ကြည့်ပါဦး.. ကျားသစ်နက် နဲ့ ကောင်လေး ..အိပ်များပျော် နေသလား....????


ဒီပုံက ဘာအဓိပ္ပါယ်ဘာလိမ့်...လူတော့မဟုတ်လောက်ဘူးရယ်..


ဒီပုံက နဲနဲ ကြောက်စရာကောင်းတယ်...ဒါပေမယ့်လဲ လက်ရာတော့ မြောက်တယ်နော်..တောကြီးထဲမှာ ဒီပုံတွေ့ရင် လိပ်ပြာလန့်နိုင်တယ်


ချစ်စရာလေး.. ကောင်မလေးရယ်... .လူပိစိလေးရယ်...ပြီး ....ဘာကောင်စီးထားတာလဲ မသိ ..


ပုံလေးတွေအရမ်းသဘောကျလို့ အားလုံးလဲ ကြည့်လို့ရအောင်ပါ..ဓါတ်ပုံတွေကို Amazing Photo ထဲကယူပါတယ်......
အားလုံးအပျင်းပြေပေါ့နော်...

ချစ်တဲ့
အိမ်မက်

Sunday, April 10, 2011

နွေဦးရာသီ ဂျာမနီ

ဂျာမနီ ရဲ့ နွေဦးရာသီ အလှလေးပါ... ဆောင်းရာသီနဲ့ မတူပဲ တမူထူးခြားလှပနေတာ ချစ်စရာကောင်းလွန်းလှ ပါတယ်.. ဓါတ်ပုံလေးတွေ လဲ ရိုက်ဖြစ်ခဲ့ပါတယ် မြစ်ကမ်းဘေးမှာ လမ်းလျှောက်ရင်းနဲ့ပေါ့..ခံစားကြည့်နော်.




ဟဲ ဟဲ ... အိမ်မက်စေရာတို့ အတွဲချောင်းတာ ဟုတ်ဖူးနော်..ရှုခင်းလှလို့ပါ.. သူတို့လဲ သူတို့ပဲ လမ်းဘေးနားမှာကိုနော်.... ဟီး


ကဲကြည့်..သူတို့ကျတော့လဲ သူများတွေ ချစ်နေကြတဲ့ အချိန် သူတို့က ရန်ဖြစ်တယ်တဲ့..ဟွန့် ပြောကို ပြောချင်ဝူး....


ကလေးငယ်တွေနဲ့ မိခင်များလဲ ပျော်ပျော် ပါးပါး..

.......................... အားလုံးလဲ ပျော်ရွင်ကြပါစေနော်...............................


အိမ်မက်စေရာ