ကိုယ့်ရဲ့ အိမ်မက်တွေကို တခါတလေမှာ ကိုယ် ကိုယ်တိုင်အတွက် ဖျက်ဆီးပစ်ရတက်ပြီး တခါတလေမှာတော့ ကိုယ်ချစ်တဲ့သူတွေအတွက် အပျက်စီး ခံရတက်တယ်.. ဒီနေရာလေးက လက်တွေ့မှာ မက်ခွင့်မရတော့တဲ့ အိမ်မက်တစ်ချို့ကို ဆက်လက် ရှင်သန်ခွင့်ပေးထားတဲ့ နေရာလေးပါ.. ( အိမ်မက်စေရာ )
Friday, June 14, 2013
Angel's Message
သူမကို
နတ်သမီးဆိုတာ
မသိစေချင်ပေမယ့်
အရာရာကို ဖြည်းဆည့်ပေးချင်နေတာ
သူမက
တန်ခိုးအစွမ်း နဲ့
မခမ်းနား မစုံလင်လဲ
သူလိုသမျှလောက်တော့
ဖန်ဆင်းပေးချင်တာ
သူမ
တတ်နိုင်သမျှ
အရာထဲက
ပိုင်ဆိုင်သမျှကို
သူ့ အတွက်လို သတ်မှတ်ပြီးနောက်
သူမ
တကယ့်ကို
နတ်သမီးတစ်ပါး
ဖြစ်လာခဲ့တာပါ.............။
အိမ်မက်စေရာ
၁၄.၁၆.၁၃
photo credit. google
Friday, April 26, 2013
ဓါးနဲ့ မွှန်းထားတဲ့ ကဗျာ~~~~~~~
ကမ္ဘာရဲ့ ဟိုဘက်တခြမ်းမှာ နေပူနေပြီး
ဒီဘက်တခြမ်းမှာတော့ လသာနေလေရဲ့..
တစ်ခုထဲသာ ရှိတဲ့ ကမ္ဘာကြီးထဲမှာတောင် မရေတွက်နိုင်တဲ့ မတူညီခြင်းတွေ များပြားလွန်းနေတယ်။
ဘာမှ မဆိုင်ပါဘူး..။
မဆိုင်တဲ့သူတွေချည်းပဲ အတူနေနေ ကြတဲ့ ကမ္ဘာမြေလေ..။
ပြောစရာတွေကလဲ မကုန်နိုင်ဘူး..။
သတင်း တစ်မျိုး..
အတင်း တစ်မျိုး..
ရိုးကို မရိုးတာများ...။
ဟိုဟို တွေ ဒီဒီတွေ လျှောက်အော်လည်း မထူးပါဘူး..
အကုန်လုံးက အတ္တကို အပိုင်လိုချင် သူတွေချည်းပါပဲ..။
သူတပါး ရဲ့ အားနည်းချက်လဲ ထည့်မတွက်တက်ဘူး..
ပါးစပ် ထွက်သမျှ ပြောပစ်ဖို့ ဝန်မလေးကျတာများ..။
ကိုယ်တိုင်လဲ တခါတလေတော့ လူမဆန်ချင်လာတယ်...။
သူတပါး ပုတ်ခတ်တာများလာတော့
ကိုယ်ကလဲ ရက်စက်ချင်လာတယ်..။
ပြန်လည် မတုန့်ပြန်ကြေးဆိုတဲ့ အသိတစ်ခုနဲ့..
ကိုယ့်ရင်ဘတ်ကို ဓါးနဲ့ မွှန်းမွှန်းချနေတာ
မနာဘူး မထင်ပါနဲ့..
သိပ်ကို နာကျင်လွန်းပါတယ်..။
အော် ကိုယ်ချင်းစာတရားဆိုတာများ ရှိမယ်ဆိုရင်လေ
ဒီကမ္ဘာမြေက ဘယ်လောက်အထိများ
ပိုတင့်တယ်လိုက်မလဲ..။
မသိသူတွေကို သိအောင်လဲ မပြောပြချင်တော့ဘူး
ကိုယ်ခံစားရသမျှ စာအဖြစ်သာ စီချမယ်...။
နှလုံးသားရှိရင်တော့ ဒီမယ်..ခံစားတက်ကြမယ်ထင်တယ်..။
အချစ် အချစ်ရယ်လဲ မအော်ချင်တော့ဘူး..။
မေတ္တာတရားသာ ရှာဖွေချင်လာတယ်..။
ပင်ပန်းတယ်လဲ မဆိုသာပါဘူး..
လူရယ်လို့ ဖြစ်လာမှတော့
လူ့တာဝန်တော့ ကျေရမှာပေါ့လေ..။
တစ်ရက်ပြီးတော့ တစ်ရက်သွားရင်း..
ဟိုဘက်နား နဲနဲ ခြင်းရွေ့သွားမယ် ဆိုရင်ပဲ
အင်း မဆိုးပါဘူး..
ခရီးတော့ နဲနဲ ပေါက်နိုင်ပါတယ်..လေ။
အိမ်မက်စေရာ
၂၆.၀၄.၁၃
Saturday, January 26, 2013
တိုက်စား အနွယ်ဝင် သံယောဇဉ်
ငါ့ နှလုံးသား
သံယောဇဉ် တိုက်စားလို့
လုံးပါး ပါးလာတယ်..။

မေ့ချင်တယ်ဆိုလဲ
အမေ့ခက်သူ
တစ်မူထူးတယ်
နင့်ကိုမှ ချစ်မိပါတယ်။

အိပ်ရေးပျက်လို့
အိပ်ယာတွေ တွန့်ခေါက်
လှိမ့်နောက် လို့ ကြေမွ
အဲ့ဒီညပေါ့
ခဏ ခဏ ကြုံရတာ။

မကြင်နာသူလား
မစာနာစကားဆိုတယ်
နာကျင်ခံရခက်ပေါ့
ခံစားစေသူ။

လှည့်စားတယ်ဆိုမလား
မာယာများတယ်
မုသားတွေ အထပ်ထပ်
သုံးပြီးရင် ထပ်သုံးလဲ
မမုန်းနိုင်တဲ့ ငါပဲ
ရှုံးပြီးရင်း ရှုံးတယ်..။
အိမ်မက်စေရာ
၂၇.၀၁.၁၃
Wednesday, January 2, 2013
အချစ်စစ်မည်သော အရာ
နူးညံ့သိမ်မွေ့မှုတွေနဲ့ လှပမနေတဲ့ ငါ့ရင်ထဲမှာ ကြမ်းတမ်း ရုတ်ရမ်းမှုတွေနဲ့လဲ ညစ်ပတ်မနေပါဘူး..
နေ့ရက်တိုင်းကို သမရိုးကျအပြုံးလေးနဲ့ နှုတ်ဆက်ပြီး ညတွေတိုင်းမှာ ကြယ်တွေကို ရေတွက်ချင်ရုံသက်သက်ပါ..
ဘယ်သူကိုမှ မနာကျင်စေချင်သလို ကိုယ်တိုင် နာကျင်ရမှာကိုလဲ ကြောက်ရွံသူရယ်ပါ.
မေ့ပစ်တယ်ဆိုတာ တကယ်မေ့ပျောက်သွားတာ မဟုတ်ရင်တောင် အဓိပ္ပါယ်တစ်မျိုးနဲ့ အသက်ရှင်ခြင်းလို့လဲ အမည်ရပါလိမ့်မယ်.
မျက်လုံးလေးမှိတ်ပြီး ခဏတာ အိပ်ခွင့်ပြုပါ..
မုသားတွေလဲ မကြားပါရစေနဲ့.
အမှားတွေလဲ မထားပါရစေနဲ့တော့..
အပြစ်တင်တာတွေလဲ ခဏလောက်ရပ်ပေးပါ..
ခဏလေး ပါပဲ..
အဲ့ဒီ ခဏလေး ဆိုတာ ကို အနှောင့်အယှက် ကင်းစွာ ဖြတ်သန်းခွင့် ပြုမယ်ဆိုရင်
ငါ နင့်ကို တသက်လုံးကျေးဇူးတင်မိမှာပါ..
လက်ငြိုးတွေ တစ်ချက်လောက်ပဲ ရုတ်သိမ်းပေးပါ..
ပေးဆပ်မှုတစ်ခုစီက ကိုယ့်အတွက် ဖြစ်မလာတိုင်း ယူကြုံးမရတာဟာ ကိုယ့်ကိုယ် ကို နှိပ်စက်နည်းတစ်မျိုးပါ..
အဲ့ဒီတော့ ..
ခဏလေး ကို ငါ့အတွက် ခဏလောက် အပိုင်ပေးကြည့်ပါ..
အနူးအညွတ် တောင်းပန်ပါရစေ.
အချစ်တွေမပါ အမုန်းတွေကင်းတဲ့
မေတ္တာသက်သက်နဲ့ လမ်းကလေးတစ်ခုကို အသက်ရှင်ချိန် ခဏလေး လျှောက်ခွင့်ပေးပါ။။
နေ့ရက်တစ်ခု ကို ငါမမေ့ပါဘူး.. မှတ်တိုင်တစ်ခု စိုက်ထူခဲ့ဖူးလို့ နောင်တတော့ မရတော့ပါဘူး..
အရာအားလုံးဟာ ဝဋ်ကြွေးပါလာခဲ့လို့သာ ဖြစ်လာခဲ့တာပါ..
သူတပါးကို ပေးဆပ်တာဟာ ကိုယ်ပြန်လည်ရယူဖို့ မဟုတ်မှသာ အချစ်စစ် မည်ပါတယ်..
အိမ်မက်စေရာ
၀၂.၀၁.၁၃
Monday, December 24, 2012
ခရစ္စမတ်ချိန်ခါ မေမေ့ မွေးနေ့ မင်္ဂလာ
၂၅ ဒီဇင်ဘာ.
ပျော်ရွှင်စရာ ခရစ်တော်မွေးနေ့ပါ
ထူးဆန်းတဲ့ ရက်မြတ်ခါ
အံ့သြဖွယ်ရာ
ကယ်တင်ရှင် ဖွားမြင်လာ....။
ဆန်းကြယ်မှုနဲ့ တိုက်ဆိုင်စွာ
ဒီလို အေးချမ်းတဲ့ ချိန်ခါမှာ
ပျော်ရွှင်စွာ carol သီချင်းသံကြားမှာ
လူသား တစ်ဦး မွေးဖွားလာ..
ချစ်တဲ့ ကျွန်မရဲ့ မေမေပါ...။
Merry Christmas and Happy Birthday to Mom !!
အိမ်မက်စေရာ
Thursday, November 1, 2012
မငိုပါနဲ့ သူငယ်ချင်းရယ်..း(
( သိပ်ချစ်တဲ့ သူငယ်ချင်းအတွက်ရေးဖြစ်တဲ့ စာလေးပါ..ဖတ်ပြီး သွားရင် တစ်ခုခု အားပေးစကားလေးတွေ ထားခဲ့ စေချင်တယ်..အဝေးကြီးမှာ ရှိနေတဲ့ သူငယ်ချင်းအတွက် လုပ်ပေးနိုင်တာဆိုလို့ ဒါပဲ ရှိတာမို့ပါ )
Saturday, May 19, 2012
ရင်နဲ့ရေးတဲ့ ငါ့ကဗျာ
ချစ်တယ်ဆိုတာ အသာထား
တည်ဆောက်ပြီးသားကို မပျက်ဆီးချင်တာ
သိက္ခာဆိုတာ ဘယ်လိုလူမျိုးအတွက် ဆုလာဘ်လဲ
ငါ့ကိုယ်ကျင့်တရားအတွက်တော့
ငါ အာမခံတယ်..
သတ္တိဆိုတာတော့ နင်ရှိရမှာပေါ့
နင်ရွေးချယ်မှာ ဘာလဲ.. သေချာစဉ်းစား
အချိန်ဆိုတာ ကျန်နေသေးတယ်
ဘာမဆို ပြောလိုက်လို့ ရတယ်
ငါမငိုဘူး စိတ်ချ..
ဒူး နဲ့ မျက်ရည်သုတ်တဲ့ခေတ်လဲ
ရာစုနှစ်တစ်ဝက်မှာ ကျန်ခဲ့ပြီ..
ပြတ်သားစမ်းပါ..
နင်ဘာလိုချင်လဲ ..
နင့်ကိုယ်နင် ပြန်မေးဦး
သိပ်ပင်ပန်းနေပါ့မယ်..
ဟိုဘက်ကိုလှည့် ဒီဘက်ကိုလိမ်နဲ့
အချစ်ဆိုတာ ဒါမျိုးကို ခေါ်တာမဟုတ်ဘူး ကွဲ့
ငါရယ်ရင် လှောင်တယ် နင်ထင်မယ်
အမှန်တော့ ငါလဲချစ်ခဲ့ဖူးပါတယ်..
ဘဝဆိုတာကို စာချပြတဲ့ အချိန်ကျ
အချစ်ဆိုတာ က
ဟိုဘက်နားတော့ နဲနဲ ရောက်သွားလိမ့်မယ်...
သစ္စာဆိုတာတော့ အရောင်းအဝယ်မလုပ်သင့်ဘူးပေါ့..
ငါက မိန်းကလေးပါ
တကယ်တော့ သတ္တိနည်းတယ်..
ငါမျှော်လင့်တဲ့ မနက်ဖြန်ဆိုတာ မရောက်ခင်ထိ
ငါ အချိန်ရှိနေဦးမယ်ထင်တယ်..
တစ်ချို့သော ဆုံးဖြတ်ချက်တွေချဖို့ အတွက်
ပတ်ပတ်လည်က မျက်နှာ တစ်ချို့ကို
မမြင်ချင်ယောင် ဆောင်ကြည့်တယ်
သိပ်တော့မလွယ်ဘူး..
သံယောဇဉ်က လူကို ရူးစေတယ်လေ...
ဟိုဘက်အိမ်ကို လှမ်းကြည့်တော့လဲ
သူတို့ပျော်နေကြတယ်..
အတုလား အစစ်လားတော့ မသိဘူး..
အော် ပျော်ရွှင်မှုတောင် ဆေးရည်စိမ်ရမယ့် အချိန်ရောက်နေပါလား..
အတ္တတွေ သိပ်မများပါဘူးရယ်
ကြည်နူးချမ်းမြေ့မှုလေးတွေပဲ လိုချင်တာပါ
ငါ မသေခင်အချိန်လေးအတွင်းပေါ့..
ချစ်သူရယ်လို့ ငါမခေါ်ဘူး
ကြင်သူရယ်လို့ စကားချိုမသွေးဘူး
ဘာလို့လဲ ဆို
နင်က ငါ့ရဲ့ လက်တွဲဖော်လေ...
သူများရဲ့ စိတ်ကူးယဉ်မင်းသားဖြစ်ချင်သေးတာလား..
လောဘကြီးတာပေါ့..
ငါ့လက်ကိုတွဲ
ရဲရဲကျော်ဖြတ် လေ..ဟိုမှာ အနာဂတ်သစ်ရှိတယ်
ငါ့ရင်ဘတ်ကိုတော့ နင်မြင်မှာ မဟုတ်ဘူး.
ဟာသပျက်လုံးတွေနဲ့ ဖုံးထားလို့လေ..
ဒါမှမဟုတ်လဲ
ငါ့လက်ကို ဖြုတ်
နောက်ဆုတ်လို့ပြန်သွား..ငါမတားပါဘူး
ဟိုမှာ လဲ အလှပ တရားတွေ ရှိနေမှာပါ....
နင့်ကို ဆုံးဖြတ်စေချင်တာပါ..
မရောရာပေမယ့်..သေချာတာတွေက
ဆုံးဖြတ်ချက်ရဲ့ အနောက်မှာ ရှိနေမှာပါ
ငါ့ကိုတော့ အထင်မသေးပါနဲ့...
ပျော်ပျော်နေတက်တဲ့ သူဆိုတာ နင်သိမှာပါ..
တစ်ခုပဲ ပြောစရာရှိတာက
ငါမမြင်ရတဲ့ နင့်တစ်ဖက်လက်မှာ
ပဉ္စလက်အတက်ပညာတွေ ကိန်းဝပ်မနေဖို့နဲ့......
သစ္စာတရားကို ဖိနပ်လုပ် မစီးဖို့ပါ..
Wednesday, April 4, 2012
ပန်ဒါလေး

အိုး ဖြူစင်လိုက်တာ နင့်အပြုံးကို မြင်ရတဲ့ခဏ
ရင်ထဲက အတ္တတွေ ထာဝရ ငြိမ်းချမ်းသွားသလိုပဲ...
နင်ဟာ ချစ်စရာဟန်လေးနဲ့
ဝါးရွက်ပဲ စားတဲ့ ပန်ဒါဝက်ဝံလေး
သိပ်ကို မြတ်နိုးစရာကောင်းတာပေါ့
အဖိုးဖြတ်လို့မရတဲ့ နင့်ရဲ့ ကောင်းတဲ့စိတ်ထား
ငါ ဘာဆို ဘာနဲ့မှ မလဲနိုင်တာ အမှန်ပါ..
အေးချမ်းတဲ့စကားလုံး တွေပဲ နင့်မှာ ရှိတယ်
ဒေါသဆိုတာ တစ်ခါလေးမှ မတွေ့မိခဲ့ဘူး..
တမင် ဟန်ဆောင်နေခြင်း မဟုတ်ဘူးဆိုတာ နင့်မျက်လုံးပေါ် ပေါ်လွင်နေတာပေါ့
မျက်စံနက်နက် နဲ့ နင်ကလေးရေ..
အမှန်တရားဟာ နင့်ရဲ့ဘက်မှာ အမြဲ ရှိနေလိမ့်မယ်...
မုန်းတီးတယ် ဆိုတဲ့ စကား နင့် နှုတ်ဖျားက ငါ တစ်ခါမှ မကြားဘူးခဲ့လို့
နင်ဟာ ငါ့အတွက်တော့ အေးချမ်းတဲ့ စမ်းရေလေးပေါ့..
အရာရာကို အကောင်းမြင်တက်သူ
သူတစ်ပါးကို ဦးစားပေးတက်သူ
နာကျင်စရာတွေ သိမ်းမထားတက်သူ
လိမ်လည် လှည့်ဖျားမှုတွေ ရှိမနေသူ
နဂိုရှိရင်း ရိုးသားတဲ့ နှလုံးသားလေးနဲ့
ကမ္ဘာမြေကို ရောက်တဲ့ ခဏ
မှန်ကန်တဲ့ နေရာလေးကပဲ အသက်ရှင်နေတဲ့
ချိုသာတဲ့ အပြုံးပိုင်ရှင်လေး
နင့်ရဲ့ ကောင်းခြင်းတွေ
ရေတွက်လို့ မကုန်နိုင်ပါလား
အငှားဆန္ဒနဲ့ ခဏလောက်ရမယ်ဆိုရင်
နင့်ဘးနားထိုင်ငေး
တစ်ဆိတ်လောက်...........
အပြုံးလေး ခေတ္တရပ်ထားပေးပါလား....
ကြည့်မဝလွန်းလို့..
အိမ်မက်စေရာ
၀၄.၀၄.၁၂
Wednesday, March 7, 2012
ကောင်ကလေး အတွက်...ကဗျာ
ကောင်ကလေးရေ ...........
စတင်တွေ့ကထဲက သံယောဇာဉ်တွယ်ခဲ့တာ
စုံဆည်းဖို့ ကံကြမ္မာ မပါလာလဲ..
တစ်မိုးအောက်မှာ နှစ်ယောက်
မပျောက်သွားနိုင်ဘူးဆိုတဲ့ အသိနဲ့
နာကျင်မှုတွေ ကြားထဲက
နင့်မျက်နှာလေးကို ငေး
ငါ အသက်ရှင်နိုင်သေးတယ်...................။
ကောင်မလေး ............

အိမ်မက်စေရာ
၀၇.၀၃.၁၂
Wednesday, February 22, 2012
မောင်
လူကို သေစေနိုင်တဲ့
လက်နက်မျိုးထဲမှာ
စကားတစ်ခွန်း
အကြည့်တစ်ချက်လဲ
ပါဝင်တာမို့
စိမ်းကားတဲ့အကြည့်နဲ့
အမုန်းစကားကို
ဘယ်တော့မှ
မဆိုပါနဲ့လားမောင်
ခဲမှန်ဖူးတဲ့ စာသူငယ်လို
ကျွန်မ
အရာရာကို ရန်သူလို သဘောထားမိတာက
မောင့်ကို မချစ်လို့
မဟုတ်ရပါဘူး မောင်...........
အရာရာ ချင့်ချိန်စဉ်းစားရတော့မယ့်အရွယ်မို့
ရင့်ကျက်ချင်ယောင်ဟန်ဆောင်
အတ္တကို ဒိုင်းအဖြစ်ကာ
ဒီလို နေရာကလဲ
ဖြစ်နိုင်မယ်ဆို ကျွန်မ ထွက်ပြေးချင်
လွန်းလှပေါ့မောင်
အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင်ပေါ့
အရာအားလုံးကို ပစ်ခွာ
မောင့် ဆီကို အပြေးလာပြီး
မောင့် ရင်ခွင်ထက်မှာ
တစ်သက်လုံးသာ ခိုနားလိုက်ချင်တော့တာပါ မောင်...

အိမ်မက်စေရာ
၂၂.၀၂.၁၂
Monday, August 22, 2011
ရာသီ ကဗျာ
ကျောင်းတက်စဉ်တုန်းက အတန်းထဲက ဆရာမက ရာသီဥတု အကြောင်းသင်တော့ မှတ်မိလွယ်အောင် ကဗျာလေးတစ်ပုဒ်သင်ပေးလိုက်တယ်.. တကယ်တော့ သူ့သမီးလေးရဲ့ စာအုပ်ထဲက ကလေး ကဗျာလေးပါ..
အားလုံးပျော်ပျော်ပါးပါးလိုက်ဆိုကြရင်း အမှတ်တရဖြစ်ခဲ့ရတဲ့ ကဗျာလေး..
WETTER (ရာသီဥတု)
Es war eine mutter( တစ်ခါက အမေတစ်ယောက် ရှိတယ်)
Die hatte vier kinder.( ကလေး လေးယောက်ရှိတယ် တဲ့)
Den Frühling( နွေဦး)
Den Sommer (နွေ)
Den Herbs(မိုး ) နဲ့
Den Winter( ဆောင်း) တဲ့
Der Frühling bringt blumen(နွေဦးက ပန်းကလေးတွေကို သယ်ဆောင်လာတယ်)
Der Sommer bringt klee( နွေက ရွက်ကြွေတွေကို သယ်ဆောင်တယ်)
Der Herbs der bringt trauben( မိုးကတော့ စပျစ်ကို သယ်ဆောင်ပြီး)
Der Winter bringt schnee( ဆောင်းက နှင်းကို သယ်ဆောင်တယ်) တဲ့....
ချစ်စရာကောင်းတဲ့ ကဗျာလေး ပါ.. သတိထားမိမယ်ဆိုရင် Den .. ရယ် Der ရယ် နှစ်မျိုးတွေ့ရပါလိမ့်မယ်.. Article ပါ.. Sommer ချင်းအတူတူကို Article ကပြောင်းသွားတာမျိုးပါ.. တကယ် တော့ စာကြောင်းတည်ဆောက်ပုံကြောင့်ဖြစ်ပါတယ်.. ဂျာမန် သဒ္ဒါက အင်မတန်မှကို မျက်နှာများတာပါ... article လဲ များပြီး verb ကို အခြေခံပြီးလဲ လိုက်ပြောင်းတက်ပါသေးတယ်....ဒါကြောင့် ဂျာမန်သဒ္ဒါကို ကြိုက်ပါဘူးကွယ်.. ခေါင်းမူးတယ်...
Thursday, August 11, 2011
နေ့ရက်အချို့ နှင့်
ကောင်းကင်ပေါ်မှာ ကြယ်တစ်ချို့နဲ့ လတစ်စင်းရှိလေရဲ့
အိပ်မပျော်တဲ့ ညတွေမှာ သူတို့က ကိုယ့်ရဲ့အဖော်တဲ့
လက်တွေ့ဆန်တဲ့ ဘဝထဲမှာတော့ ချစ်သူကကိုယ့်ရဲ့အဖော်ပေါ့
စိတ်ကူးယဉ်မဟုတ်တဲ့ တကယ့်နေ့ရက်တွေမှာ ပင်ပန်းကြီးစွာနဲ့ အချိန်တွေကိုဖြတ်ကျော်ဖူးပါရဲ့
အဲ့ဒီ အချိန်မှာလဲ မျက်ရည်က ကိုယ့်အတွက်အဖော်တဲ့
သင်ခန်းစာတွေမကုန်ဆုံးနိုင်တဲ့ ပတ်ဝန်းကျင်မှာထဲမှာတော့
မကြာခဏရန်ဖြစ်ဖူးတဲ့ အချစ်ဆုံးသူက ကိုယ့်ရဲ့အဖော်ပေါ့............
အိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ ယန္တယားဆိုလို့
လက်နှစ်ဖက်ကလွဲရင် ဘာဆိုဘာမှ မရှိတဲ့ ကိုယ်က
အနားမှာအမြဲရှိနေတက်သူအတွက်ဆိုရင်
တရားမျှတမှုရှိရဲ့လားလို့ တွေးမိတဲ့အခါ
ကုန်ဆုံးခဲ့တဲ့ သူ့ရဲ့အတိတ်အတွက် သူ့အစားကိုယ်နှမြောမိတယ်...
ပြန်လည်ပေးဆပ်ဖို့ဆိုရင်လဲ ဘာမှနားမလည်တဲ့မျက်လုံးနှစ်လုံးနဲ့
ပုံမှန်မလည်ပတ်တဲ့ ခပ်တုံးတုံးခေါင်းတစ်လုံးပဲရှိတာမို့ ....
တစ်ချို့ သောညတွေမှာ ဆွဲဆောင်မှုမရှိတဲ့ အနမ်းတွေအတွက်တော့ အိပ်ပျက်မခံပါနဲ့တော့ ချစ်သူ....
Sunday, July 17, 2011
ငါ လွမ်းတယ်....
ငါ လွမ်းတယ်.................
အချစ်ဆိုတာဘာမှန်း
ငါ သိပ်မသိတဲ့ အစိတ်အပိုင်းတစ်ခု
ပျော်ရွှင်ခြင်းသစ်သီးတစ်လုံး
စားသုံးဖို့သူပေးတော့
အသာအယာကောက်ယူပြီး
ငါ မြည်းစမ်းကြည့်ဖူးရဲ့
အရသာလဲထူးရဲ့
အဲ့ဒါဘာလဲ ငါမေးတော့
သူပြောတာသံယောဇဉ်တဲ့
နောက်တစ်လုံးလို့ ထပ်တောင်းတော့..
ကလေးဆန္ဒဖြည့်သလို
ထပ်ထပ်ပေးတယ်..
သူပြောသေးတာက..
သံယောဇဉ်တွေများလာတဲ့အခါ
အချစ်ဖြစ်တက်တယ်တဲ့..
မေတ္တာမှန်ရင်လဲ ရောင်ပြန်ဟပ်တယ်တဲ့..
ဘာမှ မသိတဲ့ လအ တစ်ကောင်လို
ငါ မျက်လုံးကလယ် ကလယ်နဲ့ ကြည့်တော့
သူပြောတာက
မင်းအတွက် စိုးရိမ်တယ် တဲ့..
အခုတော့ ငါတစ်ယောက်ထဲ ပျင်းတယ်
လက်တွေ့ဘဝကို ပုံပြင်လို ချပြတက်တဲ့
ကောင်းကင်တစ်စင်းကို ငါလွမ်းတယ်...
အိမ်မက်စေရာ
Wednesday, February 16, 2011
ခရီးသွား

Tuesday, January 25, 2011
ကဗျာ..
အထက်တန်းကျောင်းတက်စဉ်က ရေးခဲ့တဲ့ ကဗျာလေးပါ..ဘာရေးရမှန်းမသိလို့ အချိန်လဲမလောက်တာနဲ့ ရင်ထဲမှာ အမြဲရှိနေတဲ့ ကဗျာလေးချရေးဖြစ်ခဲ့တယ်...



