Pages

Wednesday, April 4, 2012

ပန်ဒါလေး

အိုး ဖြူစင်လိုက်တာ နင့်အပြုံးကို မြင်ရတဲ့ခဏ

ရင်ထဲက အတ္တတွေ ထာဝရ ငြိမ်းချမ်းသွားသလိုပဲ...

နင်ဟာ ချစ်စရာဟန်လေးနဲ့

ဝါးရွက်ပဲ စားတဲ့ ပန်ဒါဝက်ဝံလေး

သိပ်ကို မြတ်နိုးစရာကောင်းတာပေါ့

အဖိုးဖြတ်လို့မရတဲ့ နင့်ရဲ့ ကောင်းတဲ့စိတ်ထား

ငါ ဘာဆို ဘာနဲ့မှ မလဲနိုင်တာ အမှန်ပါ..

အေးချမ်းတဲ့စကားလုံး တွေပဲ နင့်မှာ ရှိတယ်

ဒေါသဆိုတာ တစ်ခါလေးမှ မတွေ့မိခဲ့ဘူး..

တမင် ဟန်ဆောင်နေခြင်း မဟုတ်ဘူးဆိုတာ နင့်မျက်လုံးပေါ် ပေါ်လွင်နေတာပေါ့

မျက်စံနက်နက် နဲ့ နင်ကလေးရေ..

အမှန်တရားဟာ နင့်ရဲ့ဘက်မှာ အမြဲ ရှိနေလိမ့်မယ်...

မုန်းတီးတယ် ဆိုတဲ့ စကား နင့် နှုတ်ဖျားက ငါ တစ်ခါမှ မကြားဘူးခဲ့လို့

နင်ဟာ ငါ့အတွက်တော့ အေးချမ်းတဲ့ စမ်းရေလေးပေါ့..

အရာရာကို အကောင်းမြင်တက်သူ

သူတစ်ပါးကို ဦးစားပေးတက်သူ

နာကျင်စရာတွေ သိမ်းမထားတက်သူ

လိမ်လည် လှည့်ဖျားမှုတွေ ရှိမနေသူ

နဂိုရှိရင်း ရိုးသားတဲ့ နှလုံးသားလေးနဲ့

ကမ္ဘာမြေကို ရောက်တဲ့ ခဏ

မှန်ကန်တဲ့ နေရာလေးကပဲ အသက်ရှင်နေတဲ့

ချိုသာတဲ့ အပြုံးပိုင်ရှင်လေး

နင့်ရဲ့ ကောင်းခြင်းတွေ

ရေတွက်လို့ မကုန်နိုင်ပါလား

အငှားဆန္ဒနဲ့ ခဏလောက်ရမယ်ဆိုရင်

နင့်ဘးနားထိုင်ငေး

တစ်ဆိတ်လောက်...........

အပြုံးလေး ခေတ္တရပ်ထားပေးပါလား....

ကြည့်မဝလွန်းလို့..


အိမ်မက်စေရာ

၀၄.၀၄.၁၂

5 comments:

8Yar said...

ကောင်းတယ်ဗျာ။ ကမ္ဘာမြေကို ရောက်တဲ့ ခဏ
မှန်ကန်တဲ့ နေရာလေးကပဲ အသက်ရှင်နေတဲ့ ဆိုတာလေးက အရမ်းကောင်းတယ်ဗျာ။ ပျောက်နေတယ်နော် အကောင်းမြင်ဝါဒီလေး အစ်မအိမ်မက်....

Anonymous said...

ပန်ဒါတစ်ကောင်လောက်မွေးချင်စိတ်ပေါက်သွားတယ်း)


မောင်ဘကြိုင်

Anonymous said...

ကောင်းလိုက်တဲ့ပန်ဒါလေးစိတ်ဓာတ်
မရိုမသေ...
တရုတ်ပြည်မတော့သူ့မစင်ကအစဈေးကြီးသတဲ့ဗျား :D
တောင်းတဲ့ဆုနဲ့ပြည့်ပါစေအိမ်မက်ရေ....

Anonymous said...

this replica bags from turkey look at these guys replica bags ebay great site replica bags cheap

Anonymous said...

bapesta
kyrie 7 shoes
nba star shoes
off white clothing
golden goose outlet
kobe shoes
supreme
supreme clothing
goyard bag
jordan