Pages

Showing posts with label ကိုယ်တိုင်ချက် ပေါက်ကရများ. Show all posts
Showing posts with label ကိုယ်တိုင်ချက် ပေါက်ကရများ. Show all posts

Sunday, September 4, 2011

Sunday ဆီထမင်း




ဒေါ်ဒေါ် ရေ ဆီထမင်းစားချင်တယ်...
ဆီထမင်း စားချင်တိုင်း အဒေါ်ဆီမှာ ပဲ ပူစာနေကျပါ.. ကိုယ်တိုင်က မချက်တက်လို့လေ..အိမ်မှာတော့ မကြာမကြာချက်စားနေကျ ဒါပေမယ့် တစ်ခါမှ ကို ကြည့်မထားမိတော့ ဆီထမင်းဘယ်လိုချက်ရမှန်းကို မသိတာပါ.. တစ်ရက်တော့ သိပ်စားချင် တာနဲ့ အဒေါ်ကို ဖုန်းဆက်မေးကြည့်ပြီး ချက်စားကြည့်ပေမယ့် အဆင်မပြေပါ.. ဇောက်နက်ပြီး ခွက်တဲ့ ဒယ်အိုးနဲ့ ချက်မိတော့ အကျက်က မညီ.. ရေများတော့ ပျော့ သွားတယ်.. ဆနွင်းများတော့ ဝါသွားတာနဲ့... ဘယ်လိုမှ အဆင်မပြေနိုင် သြော် ဆရာမပြ နည်းမကျ ဆိုတာလေ ဒါနဲ့ တစ်ရက်တော့ အဒေါ်အိမ်သွားပြီး သေချာကြည့်တော့မှ အော်ဒီလို ဒီလို ပေါ့နော် ...
ဒါနဲ့ ဒီနေ့ စမ်းချက်ကြည့်တော့ အဆင်ပြေသွားတယ်
တကယ်ဆို ဆီထမင်းကို ဂျာမနီရောက်မှ စားဖူးပြီး အရမ်းကြိုက်သွားတဲ့ ကောင်းကင်တစ်ယောက်ကို ချက်ကျွေးချင်တာလဲပါပါတယ်..

ကဲ အိမ်မက်ရဲ့ ဆီထမင်းလေး စားသွားပါဦးနော်..

ဆီထမင်းမှာ ကြက်သွန်နီထည့်ချက်ရင် ပိုစားကောင်းတယ်.. အစမ်းချက်ကြည့်ဒါမို့ မထည့်ဖြစ်လိုက်ဘူး..



ဝက်နံရိုးကင်လေးနဲ့ ဒါက ကောင်းကင်တို့ ဆိုင်က ပါ..ဝယ်ထားတာတော့မဟုတ်ဘူး သူယူလာပေးတာ :p


ဒါက အဒေါ်ရဲ့လက်ရာ ငပိကျော်လေး....




ကော်ဖီပူပူလေးတစ်ခွက်လဲ ပါသေးတယ်...

ကိုယ်တိုင်ချက်ထားတဲ့ အိမ်မက်ရဲ့ Sunday ဆီထမင်းလေး ပါ
အားလုံး Gute Appetit ( စားကောင်းပါစေ) ရှင်........

အိမ်မက်စေရာ