Pages

Saturday, August 3, 2013

အဖိုးတန်သူများ ကြား အနေခက်လှ

အုပ်စုဖွဲ့ နေထိုင်တက်သူများ သည် တစ်ဦး တစ်ယောက်တည်း နေရမှာ ကို ကြောက်ရွံ့သူများလေလော...။
တစ်စုံ တစ်ရာ ကြုံတိုင်း၊ အရေးကိစ္စရှိလေတိုင်း အုပ်စုဖွဲ့ကာ ကိုယ့်အုပ်စုမှ ကိုယ့်အုပ်စု ဖြစ်နေတက်ကြသော အသိုင်းအဝိုင်းများ မြင်ရဖန်များ လာသော အခါ ကိုယ်တိုင်ကပဲ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း အပြင်ဘက်ရောက်နေသူလား ဟု ထင်ရောင် ထင်မှား ဖြစ်လာ ကာ ချက်ခြင်းကြီးပဲ ပြောင်းလဲ ပစ်လိုက် ရတော့မလို..။

အမှား အမှန် မခွဲခြားခင်၊ အဆိုးဝါးဆုံး ကြုံတိုင်း လူဦးရေများ သူများ အနိုင်ရတက်ပါသလား..။
အမှန်တရားဟာ များပြားလှတဲ့ လူဦးရေကြားထဲမှာ အရောင်လွင့်ပြယ်တက်သော ပန်းချီကား တစ်ချပ်လေလား..။

သူတပါး၏ ကိုယ်ကျင့်သိက္ခာတရားကို အကြောင်းမဲ့စော်ကားတက်သူများ အတွက် ဤမြေပြင်မှာ နေစရာ အပိုရှိနေသလား..။ မမြင်ဖူး မသိဖူး ပါပဲနှင့်လဲ သူတပါးအကြောင်း ဝေဖန် ကဲ့ရဲ့ တက်ကြသတဲ့လား..။
အံသြစရာ ကိုယ် နေရာမှား ရောက်လာခဲ့လေသလား...။ နောက်ထပ် တခြား ကမ္ဘာများ ရှိနေလေဦးမလား..။

သိဖူး ရင်းနှီး ပြီး သကာလ လဲ ကိုယ့်အရည်အသွေးကို သူတပါးရှေ့ ထုတ်ဖော်ပြောဆို ချင်တဲ့ အခါ တပါးသူအကြောင်း ထည့်သွင်း နှိမ့်ချ ပြောဆိုဖို့ လိုအပ်ပါသလား..။ ပတ်ဝန်းကျင်မှာ လူရည်မွန်၊ လူကောင်း ၊ ကူညီတက်သူ ၊ သဘောထား ကြီးသူရယ်လို့ ကိုယ်ရည်သွေးဖို့ ကျန်သူတွေက အောက်တန်းစား ဖြစ်ပေးရမတဲ့လား..။

ပတ်ဝန်းကျင်မှာ အနေလှသူ ၊ ရိုးသားသူ များ အဆိပ်ပြင်းတက်သလို မျက်နှာပြောင်တိုက်တက်သူများ ယုတ်မာ တက်ကြပြန်..။ ထိုသူများနှင့် လိုက်လျောညီထွေစွာ ဆက်ဆံတက်ဖို့ တမင်တကာ မကြိုးစားချင်ပါလဲ ဘာတဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း ဆိုပဲ..။ နားခါး လွန်းလှပါ၏..။ 

အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ ပေါ့လေ နော်..ဟု စကားလုံး လှလှ သုံးကာ အားပေးသရောင် ရေနှစ်ရာ ဝါးကူထိုးတက်သူများ မှန်တစ်ချပ်သာ လက်ဆောင်ပေးလိုက်ချင်သည်..။ ကိုယ့်မျက်နှာ ကိုယ်ပြန်ကြည့်စေချင်လွန်းလို့...။ ကူညီတယ်ဆို တာ ရင်ထဲက ပါမှပဲ လုပ်ပါကွယ်..။

အားလုံးနဲ့ သဟဇတ ဖြစ်အောင် ကြိုးစားပါလဲ အချည်းအနှီးပါပဲ...။  နောက်ကွယ်က ကြိုးကိုင်သူများ ကြောက်ရွံ့ စရာ..။ နီးရာဓါးကြောက်ရမလား အဝေးက ဓါးပဲ လန့်ရမလား...။ သူတပါး ကိုယ်ကျင့်တရား ခြေသုတ်ခုံ လုပ်ချင်သူများ...၊ လှေကားထစ်အဖြစ် အသုံးပြုချင်သူများ..၊ အပြင်းပြေ ကလေးအိပ်အောင် ပုံအဖြစ်ပြော ပြချင်သူများ..ထို ထို အဖိုးတန် ကောင်းမွန် မြင့်မြတ် လွန်းသူများ ကြား တကယ့်ကို အနေခက်လှစွာ... နေစရာ ရှာမတွေ့နိုင်ခြင်း အကြောင်းက....အဆိုးရွား ဆုံး ဟု ထင်မှတ်စရာ..ကိုယ့်အဖြစ်က..အရင်း စစ်တော့..။

သူတို့လိုမှ အဖိုး မတန်သကိုး..။။

အိမ်မက်စေရာ
၀၄.၀၈.၁၃

7 comments:

အလွမ်းမြို့ said...

သိပ်ကောင်းတဲ့အရေးအသားတွေနဲ့ တကယ့်လက်တွေ့
ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို ပုံပေါ်အောင်
ရေးထားတဲ့အတွက် ဖတ်ရတာ အရသာရှိပြီး အမြတ်
ရှိလှပါတယ်။ အရမ်းကြိုက်ပါ၏.....


မကြီးလွမ်း

ဟန်ကြည် said...

အင်း တစ်ယောက်တည်းနေလဲ တစ်ယောက်ဒုက္ခ...အများနဲ့နေလည်း အများဒုက္ခ...နေတတ်အောင်ကြိုးစားရတာကိုက အနုပညာလို့ပဲ ကဗျာဆန်ဆန်ပြောရတော့မယ်ထင်ပါရဲ့...

Anonymous said...

Ammm.. Yes
Same to u .
Esther

Anonymous said...

Undo-options: (Control z .) Employing tҺis perform աill ceгtainly undo-options οr perehaps reverse tɦe last shift.
Specific types and in addition degrees of rummy ccan Ƅe
foսnd as long as enjoying ffree of charge vido game on line.
I enjoy Tɦe baking, Vocal range, Reading, spider solitaire, ɑs well aѕ getting togetҺer with mʏ оwn Mom and 2 siblings.



Review my weeb blog ... spider solitaire game download

Anonymous said...

It is truly a nice and useful piece of information. I'm
satisfied that you shared this useful info with us. Please keep us informed like this.
Thanks for sharing.

My web page :: τραπεζαριες ()

Anonymous said...

ဒီဘလော့ရွာကိုအိမ်ထောင်ကျကတည်းကမရောက်ဖြစ်တာ ခုပြန်ရောက်တော့ တော်တော်များများ မရေးကြတာမြင်ရတော့ စိတ်မကောင်းဖြစ်မိတယ် အရင်ကမမန့်တတ်လို့မမန့်ဖြစ်ဘူးလေ
ခုမန့်လိုက်ပြီနော် အရေးအသားကောင်းတဲ့အိမ်မက်လေးတစ်ယောက်လဲ စာပြန်ရေးတာမြင်ချင်ပါတယ်..

Anonymous said...

No matter if some one searches for his vital thing, thus he/she needs to be available that in detail, so that thing is maintained over here.


Have a look at my blog; flashcard cho be