Pages

Wednesday, July 27, 2011

လူမစွမ်းဝိတ်မ


တနင်္ဂနွေနေ့လေး နေမြင့်အောင်အိပ်ရမလားမှတ်တယ် စောစောစီးစီးကိုဖုန်းမြည်လာတယ်လေ။ Silent လုပ်ပြီးမအိပ်မိတော့ ခု ဇိမ်ပျက်ရပြီနံပတ်ကြည့်လိုက်တော့လည်း တခါမှ မမြင်ဘူးဘူးဖြစ်နေတယ်။သန်း တာနဲ့ရောပြီး ဖုန်းပြန်ဖြေလိုက်တယ်...

“ဟားလို”

“ကိုဖိုးကျော်လား ဗျာ”

“ဟုတ်ပါတယ်”

“ကျနော်က မောင်ရာဇာပြည့်စုံမင်းသွေးပါ”

အောင်မယ်လေး…ရှည်းလျားတော်မူလိုက်တဲ့နာမည်

“အော်…အေး…ပြော မောင်မီးသွေး”

“မင်းသွေး ပါဗျ”

“ဟုတ်ပါပြီကွာ…ကိစ္စကိုပြောပါအုံး”

“ရန်ကုန် စမ်းချောင်းက ကိုသန်းထူး ကိုသိတယ်မလား”

“အင်း…သိတယ်၊ ဘာလဲ သူ ဆုံးပြီလား”

“အာ…မဟုတ်ပါဘူး၊ ကျနော်က သူညီဝမ်းကွဲလို့ ပြောမလို့ ပါ”

“အော်…ဒီလိုလား”

“ဟုတ်ပါတယ်၊ ကျနော်က အလုပ်လာရှာတာ၊ ကိုဖိုးကျော်ဆီဆက်သွယ်ပြီး လိုအပ်တာ

အကူအညီတောင်းဖို့ မှာလိုက်လို့”

အေပေး သန်းထူး၊ ဒုက္ခပေးဖို့တော့ သတိရရှာသား။ ရုံးပိတ်ရက်လေးတရက်တော့

မနားရဘဲ အလုပ်ရှုပ်အုံးတော့မယ်။

“အင်း…ဒါနဲ့ မင်းက အခု ဘယ်မှာလဲ”

“စင်္ကာပူမှာ”

“ဘာကွ…ဟေ့ကောင် နောက်တာလား? ”

“မနောက်ပါဘူး ခင်ဗျ၊ ကိုဖိုးကျော်မေးလို့ ဖြေတာပါ”

“မင်း စင်္ကာပူမှာဆိုတာတော့ သိတာပေါ့ကွ၊ ဘယ်အပိုင်းမှာနေသလဲ လို့ မေးတာ”

ဘယ်လိုအူကြောင်ကြောင်ကောင်နဲ့ လာတွေ့နေတယ်မသိဘူး

“Wood land ဘက်လို့ ဒီမှာအတူနေတဲ့လူကပြောတယ်”

“ငါက Dover မှာနေတာဆိုတော့ ဒီလိုလုပ်ကွာ၊ နေ့လည် ၁ နာရီလောက်

ပင်နင်ဆူလာပလာဇာ မှာ တွေ့ကြတာပေါ့၊ ပင်နင်ဆူလာ ကို သိတယ်မို့လား၊

ဗမာတွေစုတဲ့နေရာလေ”

“ဟုတ်ကဲ့…ဟုတ်ကဲ့…ကျနော်က မနေ့ကမှရောက်တာဆိုတော့

သေချာတော့မသိဘူး…မေးစမ်းပြီးလာခဲ့ပါမယ်”

* * * * *

* * * * *

နေ့လည်ပိုင်း ရွှေဝါမြေကဖီးမှာ ဂျာနယ်ဖတ်ရင်း တယောက်ထဲထိုင်စောင့်နေတုန်း

ဖုန်းမြည်လာတယ်၊

“အကို….ကျနော် ပြည့်စုံမင်းသွေး ပါ”

“အေး…မင်းအခု ဘယ်ရောက်နေပြီလဲ၊ ငါစောင့်နေတာ ကြာပြီ”

“ကျနော် ဗင်နီဇွဲလား ရောက်နေပြီ အကို”

ဟိုက်…ဒီကောင်မနက်ကမှ စင်္ကာပူမှာ ရှိပါသေးတယ်၊ ခု ဘယ့်နှယ့်လုပ်ပြီ

တောင်အမေရိကတိုက်ဘက် ရောက်သွားတာပါလိမ့်၊ ဟုတ်သေးပါဘူး ဖုန်းနံပတ်ကလည်း

ဒီကဖုန်းနံပတ်ကြီးပါဘဲ

“ဟေ့ရောင် မင်းငါ့ကိုနောက်နေပြန်တာလား၊ သေချာပြန်ပြောစမ်း

မင်းအခုဘယ်မှာရောက်နေသလဲဆိုတာကို”

“မနောက်ပါဘူးအကိုရာ…မနက်က အကိုပြောတဲ့နေရာလေ…ဗင်နီဇွဲလား

ပလာဇာ ဆိုတာ”

“အာ…ပင်နင်ဆူလာ ပလာဇာပါကွာ…”

တောက်…..ဒီကောင်နဲ့တော့ ကြာရင်ငါ ရူးတော့မယ်

“ဟုတ်…ဟုတ်တယ်..အဲဒီဟာကြီးအောက်

ရောက်နေပြီ…အကိုက ဘယ်မှာလဲ”

“မင်း သုံးလွှာကိုတက်ခဲ့၊ ရွှေဝါမြေလဘက်ရည်ဆိုင်မှာ”

“ဟုတ်ကဲ့ ကိုဖိုးကျော်…”

* * * * * * * * * *

ခဏနေတော့…ကောင်လေးတယောက် ဆိုင်ထဲတန်းဝင်လာပြီး….

“အကိုက ကိုဖိုးကျော် လားဗျာ၊ ကျနော်က ပြည့်စုံမင်းသွေးပါ”

“အော်…ဟုတ်တယ်၊ ဒီလောက်လူတွေအများကြီးကြားထဲ ငါ့ကို ဖိုးကျော်မှန်း

မင်းဘယ်လိုလုပ်သိလည်း”

“လွယ်ပါတယ် အကိုရာ၊ ကိုသန်းထူးကပြောဘူးတယ်လေ၊

ကိုဖိုးကျော်ရုပ်ကခန့်ခန့်ချောေ

ချာကြီးတဲ့…ခုမြင်တာနဲ့ တန်းသိတာပေါ့”

အောင်မယ်…ဒီကောင်လေးမဆိုးဘူး၊ လူကသာအူလည်လည်နဲ့၊ အမှန်တော့ ပြောတတ်သား။

“ဟီးဟီး…လဘက်ရည်သောက်ကွာ”

“ဟုတ် ရတယ်အကို၊ ကျနော် ဘာက စ လုပ်ရင်ကောင်မလည်းဆိုတာ အကြံပေးပါအုံး”

“ပထမဆုံးလုပ်ရမှာကတော့ မင်းရဲ့ CV form ကို ရေးရလိမ့်မယ်”

“ကျနော် ကိုယ်တိုင်စိတ်တိုင်းကျ ရိုက်လာတာတော့ ရှိတယ် အကို”

“ပြစမ်းပါ အုံး”

စာရွက်တစ်ရွက် ထုတ်ပေးလို့ ဖတ်ကြည့်လိုက်တော့….အောင်မလေးဗျ

ကောင်းလိုက်တဲ့ CV ကြီး၊ အလုပ်တော့ရအုံတော့မှာ…ကြည့်ကြပါအုံး….

ကိုယ်ရေးရာဇဝင်

အမည်။ ။ ရာဇာပြည့်စုံမင်းသွေး

အဖအမည်။ ။ ဦးပြည့်စုံ

အမိအမည်။ ။ ဒေါ်မြမြမင်း

မှတ်ပုံတင်။ ။ ၉/မရမ(နိုင်) 040477

မွေးနေ့။ ။ 25.02.1986

ပညာအရည်အချင်း။ ။ သင်္ချာ

လုပ်ငန်းအတွေ့အကြုံ။ ။ ၂ နှစ်

ဆက်သွယ်ရန်။ ။ ........................................

“မင်းဟာက ဒါဘဲလား”

“ဟုတ်တယ်လေ…အဲလောက်ဆိုရင် မရဘူးလား”

“ဘယ်ရမှာလဲကွာ…ထားပါတော့ ငါ့ဟာငါ ပြင်လိုက်ပါမယ်၊ ဒါနဲ့ ပညာအရည်အချင်း

သင်္ချာဆိုတာက ဘာပြောတာတုန်း”

“သင်္ချာဘွဲ့လေ”

အင်း….ဒီဘွဲ့နဲ့ ဒီမှာဘယ်လိုများအလုပ်ရှာရပါ့…

“အော်….ဒါဆို လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ဆိုတာကရော ဘာလုပ်ငန်းလည်းကွ”

“အဲဒါက အဖေ့ပွဲရုံမှာ လိုက်ပြီး စာရင်းမှတ်ခဲ့တဲ့ဟာ ကို ရေးထားတာပါ”

အင်း…အသုံးတည့်အုံးတော့မှာပေါ့…

.လုပ်လိုက်ဟ သန်းထူးရေ့

ဗြမ္မာကြီးဦးခေါင်း ငါ့ဆီလွှဲလိုက်တာလား….

“ကောင်းပါ့ကွာ…ဒါပေမဲ့ သင်္ချာဘွဲတခုထဲနဲ့တော့ အလုပ်ရှာရတာ

မလွယ်လောက်ဘူးကွ၊ တခြား အောင်လက်မှတ်လေး ဘာလေးများမရှိတော့ဘူးလား”

“ရှိတာပေါ့ အကိုရာ၊ ၂ခုတောင်”

ဝူး….တော်သေးတာပေါ့၊ ခုမှ သက်ပြင်းချနိုင်တယ်။

“ပြစမ်းပါအုံးကွာ”

“ဒီမှာ…..”… …ဆိုပြီး ထုတ်ပြလာတဲ့

အောင်လက်မှတ်၂ခုလည်းမြင်လိုက်ေ

ရာ…ကျနော်လည်း ငုတ်တုတ်မေ့ရောဗျို့။

တခုက…ရပ်ကွက်အရံမီးသတ် သင်တန်းဆင်းလက်မှတ်၊

နောက်တခုက…ဝိတ်မတဲ့ သင်တန်းဆင်းလက်မှတ်ကြီး။

အောင်မြလေး….ဝိတ်မတဲ့အရံမီးသတ်ြ

ကီးကို ကျုပ်ကဘယ်လိုလုပ် အလုပ်ရှာပေးရမလဲဗျ။

..ကယ်ကြပါအုံးအရပ်ကတို့၊ သန်းထူးတို့ အဝေးကနေကျနော့် ကိုသတ်နေလို့။

ဒါကြောင့်လည်း သူညီ ကိုယ်လုံးကိုယ်ထည်က အသက်နဲ့မလိုက်အောင်ကြီးနေတာကိုး

တခါဖြင့်ခက်ကြပြီ။ တတ်နိုင်ဘူး ကြည့်ပြောကြည့်လုပ်ရမှာဘဲ။

“အင်းလေ…ငါ မင်းရဲ့ CV form ကို အသစ်ပြန်ရိုက်ပြီး မင်း Email ထဲ

ပို့လိုက်မယ်၊ Email လိပ်စာပေးခဲ့လေ။ ပြီးတော့ သတင်းစာလေးဘာလေးဝယ်

ပြီးသင့်တော်ရာ ကိုယ်နဲ့ကိုက်မယ်ထင်တာလေးတွေ လျှောက်ကြည့်ပေါ့ကွာ၊ ငါလဲ

တတ်နိုင်သလောက် ကူရှာပေးမယ် ဟုတ်ပြီလား”

“ဟုတ်ကဲ့အကို…ခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ်၊ ကိုဖိုးကျော်က

ရုပ်ချောယုံတင်မဟုတ်ဘူး သဘောလည်းကောင်းတာကိုး”

“အမ်မလေး တော်ပါပြီကွာ၊ ရုပ်လည်းမချောချင်တော့ ပါဘူး”

“ဟဲ ဟဲ…အကိုကလည်း ရှက်နေပြန်ပါပြီ”

တေနာလေး…ဗြောင်ကြီးလာဖားနေတာ…။

* * * * *

* * * * *

ဒီလိုနဲ့ သတင်းစာထဲမှာခေါ်တဲ့ ကောင်းနိုးရာရာ

ရနိုင်ကောင်းတဲ့အလုပ်တွေရှာပြီး သူ့ကိုလျှောက်ခိုင်းလိုက်၊

နီးစပ်ရာသူငယ်ချင်းတွေကို မေးမြန်းစုံစမ်းလိုက်နဲ့

အချိန်တွေတရွေ့ရွေ့ကုန်လာတယ်။ အမှန်က အလုပ်ကို ရှာမယ့်သာရှာနေရတာ

သိပ်အားရှိလှတာမဟုတ်ဘူးရယ်။ ဘယ်တတ်နိုင်မလည်းလေ၊ သူ့အရည်အသွေးနဲ့

သူ့ကံအပေါ်မူတည်တာ၊ ခုတလော ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် စင်္ကာပူမှာလည်း

အလုပ်အကိုင်တွေ ရှားပါးနေတာလေ။ အရင်ကအလုပ်ပေါတဲ့ Technician တွေ၊

စာရင်းကိုင်တွေတောင် အလုပ်ရဖို့မလွယ်ဘူးဖြစ်နေတယ်။

ဒီ မင်းသွေး ဆိုတဲ့ကောင်ကလည်း သူများနိုင်ငံခြားဆိုလို့သာ

လိုက်နိုင်ငံခြားတာ၊ တကယ်က မိဘတွေက လူချမ်းသာတွေတဲ့၊ တရက်က သန်းထူးနဲ့

ဖုန်းပြောဖြစ်လို့သိရတာ။ ကောင်းတာပေါ့၊ အလုပ်မရလို့ Stay ကုန်တော့လည်း

ပြန်ခိုင်းယုံရှိတာဘဲ၊ လာခဲ့တဲ့ကုန်ကျစရိတ်ကို အားနာစရာမလိုတော့ဘူးပေါ့။

ဒီလိုလေး စဉ်းစားထားလို့မှ ရက်သိပ်မကြာဘူး ဒီကောင့်ဆီက ဖုန်းဝင်လာတယ်… …

“ကိုဖိုးကျော်…ကျနော် အလုပ်ရပြီဗျ”

“ဟေ…ဘယ်မှာလဲ”

“နိုက်ကလပ်တခုမှာ”

“ဟေ…ဘာလုပ်ရမှာတဲ့လဲ”

“ဘာမှမလုပ်ရဘူး…ကိုယ်ကြပ်စွပ်ကျ

ယ်ဝတ်ပြီး ကောင်တာရှေ့လက်ပိုက်ရပ်နေယုံဘဲ”

“ဟေ…ဒါဆို လူဆိုးထိမ်းပေါ့”

“ဟုတ်မယ်ထင်တယ်…သူဌေးက ကျနော့်ဗလ ကြည့်ပြီး သဘောကျလို့ ခန့်လိုက်တာ”

“ဟေ…အလုပ်ချိန်ကရော”

“ည ၈ နာရီကနေ နောက်နေ့မနက် ၄နာရီထိ၊ တပတ် ၂ ရက်နား”

“ဟေ…လစာကရော”

“လစာကတော့နည်းပါတယ်…2800 ထဲပါ”

“ေဟ… …ဂြီ”

[‘ေဟ’ က အံံ့ၾသတာ၊ ‘ဂြီ’ က အံ့သြလွန်းလို့ တက်သွားတာ]

* * * * * * * * * *

သူငယ်ချင်းတို့ရေ….

ငါမြန်မာပြည်ကို ပြန်ပြီ၊

အင်ဂျင်နီယာဘွဲ့ကို ကျောင်းပြန်အပ်ပြီး ဝိတ်မတဲ့သင်တန်း တက်မလို့…

ဘိုင့်…ဘိုင်

မှတ်ချက်................စင်္ကပူမှာနေတဲ့ သူငယ်ချင်းရဲ့ forward mail လေးပါ... မဖတ်ရသေးတဲ့သူများအတွက်တော့ အသစ်ပေါ့နော်


Sunday, July 24, 2011

Pillow mother

နီလာတို့အလုပ်က နိုင်ငံခြားသားများနဲ့ တွဲဖက်လုပ်ရတာမို့ နိုင်ငံခြားမိတ်ဆွေတော်တော်များများရှိပါတယ်..
အားလုံးနီးပါးမြန်မာ စကားကို စိတ်ဝင်စားကြသလို စကားအဆန်းလေးတွေကို မေးလေ့ရှိကြတယ်..
အဲ့ဒီထဲက တစ်ယောက်ကတော့ ကိုရီးယားလူမျိုးဖြစ်ပြီး မြန်မာစကားကိုတော်တော်လေးစိတ်ဝင်စားတယ် ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အမျိုးသမီးက မြန်မာ မို့လို့လေ..အတိအကျပြောရရင်တော့ ကချင်တရုတ်စပ်ပေါ့..

တစ်ရက်တော့ နီလာတို့ ပိတ်ချင်းမြေင်သွားကာ အဲ့ဒီမှာ ထမင်းစားကြပါတယ်.. ထိုကိုရီးယားလူမျိုးက ဘိတ်ချဉ်ကို ခံတွင်းတွေ့ နှစ်သက်လွန်းသူပါ အားလုံးကိုယ်စားချင်တာ ကိုယ်မှာ ကြတော့ သူလဲ မှာပါတယ်..
သူမှာ ပုံကတော့
'' ဟေး ပိတ်ချင်းမြောင် တစ်ပွဲပေးပါ ''
'' ခင်ဗျာ'' ..
နီလာတို့မှာ ရယ်ရမလို မရယ်ရမလိုနဲ့ '' ဟဲ့ မဟုတ်ဘူး သူပြောတာ ဘိတ်ချဉ်ကို ပြောတာ'' လို့ ဝိုင်းပြောပေးရပါတယ်...
သူ့ရဲ့ မှတ်ပုံမှတ်နည်းက '' ပိတ်ချင်းမြောင်နဲ့ ဘိတ်ချဉ် '' တွဲရက် တဲ့

နောက်တစ်ခုက
ထမင်းဆိုင်တစ်ခုမှာပါ အားလုံးစုံပြီး စားနေကျဆိုင်မှာ နေ့လည်စာ စားနေကြတုန်း
သူရဲ့အမျိုးသမီးက ဖုန်းခေါ်လာတယ် ..ခုဘယ်မှာလဲလို့မေးတော့
ဆရာသမားဖြေလိုက်ပုံက
'' ငါ သီလရှင် စီမှာ'' တဲ့
နီလာတို့မှာလဲ ''မဟုတ်ဘူးလေ ဒေါ်လှရှင် ထမင်းဆိုင်မှာလို့ပြောရမှာ'' လို့ ဝိုင်းပြောရပါတယ်...
သူမှတ်ထားတာက '' သီလရှင် နဲ့ ဒေါ်လှရှင်'' တွဲရက် ပါတဲ့..

ဒီနေ့ကတော့ အားလုံးစုံတဲ့ နေ့တစ်နေ့ပါ.. သူ့ရဲ့ အမျိုးသမီး လဲ အပါပေါ့
သူကတော့ သူ့ရဲ့ ထုံးစံအတိုင်း ..နီလာရေ နဲ့ အစချီပြန်ပါရော
'' နီလာရေ နင်တို့ မြန်မာလူမျိုးတွေ စိတ်ဆိုးတဲ့ အခါ ပြောတဲ့ စကားတစ်ခွန်းရှိတယ် အဲ့ဒီအဓိပ္ပါယ် က ဘာလဲ''
'' ဘယ်စကားလဲ''
'' Pillow mother ဆိုတာ လေ''
'' တစ်ခါမှ မကြားဖူးပါဘူး ပြန်ပြောကြည့်ပါဦး'' ဆိုတော့
'' ပစ်-ိုး မားသား''
''ဘာ ဘာ ဘယ်လို''
''ပေ-ိုး မားသား or ပစ်-ိုး မသား'' တဲ့
သူ့ရဲ့ ပီပီသသ စကားသံ အဆုံးမှာ တော့ အားလုံးရဲ့ မျက်လုံးတွေက သူ့မိန်းမစီ စုပြုံသွားတာပေါ့..
နီလာလဲ ဘာဖြေရမှန်းမသိ.. တခြားသူတွေလဲ ဘာပြောရမှန်းမသိ
သူကတော့ လက်မလျှော့ပဲ'' အဲဒါ ဘာအဓိပ္ပါယ်လဲ'' ဆိုပြီး ထပ်ထပ်မေးနေပါသေးတယ်...

ကဲ..စာဖတ်သူများ ကြုံရင် အဓိပ္ပါယ်လေး ပြောပြလိုက်ကြပါ..
နီလာကတော့ နောက်မှ ပြောပြမယ် အဲ့ဒါ မကောင်းဘူးဆိုတာနဲ့ပဲ ခပ်မြန်မြန်စကားလမ်းကြောင်းလွဲ လိုက်ရပါတယ်...
သြော် သူမှတ်ထားပုံက pillow က ခေါင်းအုန်း mother က အမေ ဆိုတော့ .. ခေါင်းအုန်းကို အမေလို ခင်တွယ်တာလား တဲ့.....
ဟုတ်တော့ဟုတ်သား အသံထွက် ခပ်ဆင်ဆင်ရယ်ကိုး....

မှတ်ချက်.. သူငယ်ချင်းတစ်ယောက်ရဲ့ ကိုယ်တွေ့ဟာသလေးပါ.. ရယ်ရရုံသက်သက် ပဲ ရည်ရွယ်တာမို့ စကားလုံးအသုံးရိုင်းပြသွားရင် နားလည်ခွင့်လွတ်ပေးပါ..

Sunday, July 17, 2011

ငါ လွမ်းတယ်....


ငါ လွမ်းတယ်.................


အချစ်ဆိုတာဘာမှန်း

ငါ သိပ်မသိတဲ့ အစိတ်အပိုင်းတစ်ခု

ပျော်ရွှင်ခြင်းသစ်သီးတစ်လုံး

စားသုံးဖို့သူပေးတော့

အသာအယာကောက်ယူပြီး

ငါ မြည်းစမ်းကြည့်ဖူးရဲ့

အရသာလဲထူးရဲ့

အဲ့ဒါဘာလဲ ငါမေးတော့

သူပြောတာသံယောဇဉ်တဲ့

နောက်တစ်လုံးလို့ ထပ်တောင်းတော့..

ကလေးဆန္ဒဖြည့်သလို

ထပ်ထပ်ပေးတယ်..

သူပြောသေးတာက..

သံယောဇဉ်တွေများလာတဲ့အခါ

အချစ်ဖြစ်တက်တယ်တဲ့..

မေတ္တာမှန်ရင်လဲ ရောင်ပြန်ဟပ်တယ်တဲ့..

ဘာမှ မသိတဲ့ လအ တစ်ကောင်လို

ငါ မျက်လုံးကလယ် ကလယ်နဲ့ ကြည့်တော့

သူပြောတာက

မင်းအတွက် စိုးရိမ်တယ် တဲ့..

အခုတော့ ငါတစ်ယောက်ထဲ ပျင်းတယ်

လက်တွေ့ဘဝကို ပုံပြင်လို ချပြတက်တဲ့

ကောင်းကင်တစ်စင်းကို ငါလွမ်းတယ်...

အိမ်မက်စေရာ

Saturday, July 16, 2011

ခွေးကလေးတွေ ချစ်စရာ..

You tube ထဲကပါ.. ခွေးကလေးတွေ ချစ်စရာကောင်းလို့ မကြည့်ရသေးတဲ့သူတွေရော ခွေးချစ်တက်တဲ့ သူတွေပါ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်..


Monday, July 4, 2011

တင်းတယ် တင်းတယ်...ဟေ့

ခုတလောတင်းနေတာတွေများလို့ အေသင်ချိုဆွေရဲ့ သီချင်းနားထောင်ဖြစ်တယ်...


Friday, July 1, 2011

ကရင်အလံအကြောင်း



ကျွန်မ ကရင်လူမျိုးတစ်ဦးဖြစ်သည့် အားလျှော်စွာ ကရင်အမျိုးသားအလံတော် အကြောင်း ကို ဗဟုသုတအနေနဲ့ အနည်းငယ် ဖော်ပြပေးချင်ပါတယ်..ဒီပို့စ်ထဲမှာ မည်သည့်ရည်ရွယ် တစ်စုံတစ်ခုမျှမပါဝင်ပါဘူး.. သူ့ရဲ့ အဓိပ္ပါယ်နဲ့ ဖြစ်ပေါ်လာပုံကို စိတ်ဝင်စားစရာတစ်ခုကအနေနဲ့ ရေးသားခြင်းသာဖြစ်ပါတယ်....

ကရင်အမျိုးသားအလံတော်ဟာ လွန်ခဲ့တဲ့ ၁၉၃၅ ခုနှစ်လောက်က စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်.. စတင်ရေးဆွဲစဉ်မှာတော့ အလံတော်ပုံစံရေးဆွဲပြိုင်ပွဲအဖြစ်သတ်မှတ်ပေးခဲ့ ပါတယ်..

ပထမဆုရရှိတဲ့အလံဟာ ဖားစည်ပုံ ဖြစ်ပါတယ်.. အဓိပ္ပါယ်ကိုဖော်ပြရာမှာတော့ ရှေးခောတ်ကရင်လူမျိုးဟာ ဖားစည်ကို လက်နတ်သဖွယ် ကိုင်ဆောင်ကြပါတယ်..အသက်တစ်မျှတန်ဖိုးထားလွန်းလို့ သက်ရှိအဖြစ်သတ်မှတ်ကာ ဖားစည်တစ်လုံး ဟုမခေါ်ဝေါ်ပဲ ဖားစည်တစ်ခု အဖြစ်ခေါ်ဝေါ်ကြပါတယ်..စည်းလုံးညီညွတ်မှုကိုလဲ ရည်ညွန်းပါတယ်..

ဒုတိယဆုရရှိတဲ့အလံကတော့တက်သစ်စနေဝန်းအမှတ်အသားဖြစ်ပါတယ်..အဓိပ္ပါယ်ကိုဖော်ပြရာမှာတော့ကရင်လူမျိုးများရဲ့ တိုးတက်ထွန်းလင်းတောက်ပမှု..ကြောက်စိတ်ဖယ်ရှားမှု ကို ရည်ညွန်းပါတယ်..

အဲ့ဒီနောက် အမျိုးသားအလံတောက်ကို အတည်ပြုတဲ့အခါမှာ အရောင်သုံးမျိုးနဲ့ နေဖြာရောင်ခြည်(၉) ခုလဲပါဝင်ခဲ့ပါတယ်..

အနီရောင်
မှာ ရဲရင့်ပြတ်သား သတ္တိရှိခြင်း ဇွဲရှိခြင်း
အဖြူရောင်မှာ ဖြူစင်ခြင်း နှင့် သန့်ရှင်းစင်ကြယ်ခြင်း
အပြာရောင်မှာ ဖြောင့်မတ်တည်ကြည်ခြင်း ငြိမ်းချမ်းသာယာခြင်း
နေဖြာရောင်ခြည်(၉)ခု မှာ ကရင်လူမျိုးများရဲ့ နေရပ်ဌာနီကို ဖော်ပြခြင်း.............တို့ဖြစ်ပါတယ်

ဒါကြောင့် ဒီလိုအဓိပ္ပါယ်ပြည့်ဝပြီး ကရင်လူမျိုးများ အလေးအနက် တန်ဖိုးထားရာ ကရင်အမျိုးသားအလံတော်ကို
ကရင်နှစ်သစ်ကူး နေ့တိုင်းမှာ အလံတော်လွင့်ထူပြီး ကရင်လူမျိုးအားလုံး အလေးပြုကြပါတယ်....