Pages

Showing posts with label ဇာတ်လမ်း. Show all posts
Showing posts with label ဇာတ်လမ်း. Show all posts

Thursday, March 14, 2013

“ အယ်ဂျာ”


အိမ်မက်စဉ်( ၁ )

ငါတို့ ..ဘဝ အဆက်ဆက် က ချစ်သူတွေ ဆိုတာ ဘယ်သူကမှ မယုံဘူးတဲ့  “အယ်ဂျာ”.....ဘယ်တော့မှ ပေါင်းစည်းခွင့် မရှိလဲ၊ ဘယ်တော့မှ မြင်နိုင်ခွင့်၊ ကြားနိုင်ခွင့်တွေ မရှိလဲ ငါတို့ နှစ်ယောက်ကြား တည်ထားတဲ့ ချစ်ခြင်းတရား ပျောက်သွားမှာ မဟုတ်ဖူး ဆိုတာ သူတို့သိအောင် ပြောပြချင်တယ် ..တကယ်တော့ ရက်စက်လွန်းတဲ့ ကျိန်စာတစ်ခုကြောင့်သာ မဟုတ်ရင် ငါဟာ နင့်ရဲ့ မိဖုရားဖြစ်နိုင်ပါရဲ့နော်.။ ငါယုံတယ် “အယ်ဂျာ” ငါတို့ ရဲ့ အံ့သြဖွယ် ချစ်ခြင်းကြောင့် ဘဝ အဆက်တစ်နေရာမှာတော့ ဒီကျိန်စာ ပြယ်ကောင်း ပြယ်မှာပါ..။ နင်လဲ ယုံကြည်ပေးပါ..နော် “အယ်ဂျာ”..။ သူတို့ နင့်ကို ငါနဲ့ အဝေးဆုံးနေရာ ပို့ထားတယ် ပေါ့ ဟုတ်လား “အယ်ဂျာ”..။ မငိုပါနဲ့ ကွယ် ငါတို့ နှစ်ယောက်ကို ခွဲနိုင်တဲ့ အကြောင်းတရား ဒီလောကမှာ ရှိရိုးတဲ့လား..။ အရင်ဘဝတွေတုန်းကလိုပဲ သွေးစစ်ခင်းရဦးမယ် ထင်ရဲ့ “အယ်ဂျာ” ရယ်...။ ငါမကြောက်ပါဘူး ဒီတိုက်ပွဲဟာ နင့်ကို ပိုင်ဆိုင်ဖို့ ဆိုတာထက် ငါတို့ ချစ်ခြင်းတရားကို ဖျောက်ဖျက်ပစ်လို့ မရဘူးဆိုတာကို ပြတဲ့ တိုက်ပွဲပါ..။ ငါဟာ စုန်းမ၊ ဖောက်ပြန်တက်တဲ့ မိန်းမတဲ့လား “အယ်ဂျာ”..။ သူမငါ့ကို တိုက်ခဲ့တဲ့ ကျိန်စာ ဟာ ကြောက်စရာ ကောင်းလှချည်ရဲ့..လူတွေကြားမှာ မျက်နှာ မပြဝံ့အောင်ပဲ “အယ်ဂျာ”...။ နင်သိလား ငါအရှုံးပေးမယ် မထင်ပါနဲ့ ..သူမရဲ့ ကျိန်စာအောက်မှာ ငါရှိနေပေမယ့် ငါရဲ့ ချစ်ခြင်းကြောင့် သူမ သိပ်ပူပြင်းနေတယ်..လေ။ “ံအယ်ဂျာ” ပထမဆုံး ဆုံစည်းရစဉ်ကထဲက အချစ်မလျော့ ခဲ့ပါဘူး ..အဲ့ဒီ အတွက်လဲ ငါ ဟာ စုန်းမ အဖြစ်နဲ့ ပဲ ဒီတိုက်ပွဲကို ဆင်နွဲဖြစ် အောင် ဆင်နွဲမယ် “အယ်ဂျာ”..။ အနည်းဆုံးတော့ ငါ ဈပနာကို သူတို့ နင့်ကို ပြမှာပါ...ငါတို့ မဝေးပါဘူး “ အယ်ဂျာ”..။
...........................................
.....................
...................
............
.........
....

“ အယ်ဂျာ”


အိမ်မက်စေရာ
၁၄.၀၃.၁၃
photo from google..

Saturday, January 19, 2013

စိတ္တဇ အတွေးမှ ရင်သွေးငယ်

..................

ဒီကိစ္စကို တိုင်ပင်တော့ မိခင်ဖြစ်သူက မျက်လုံးပြူးပြီး ကြည့်တယ်..နင်ဟာ ဘယ်တော့မဆို ဆိုဆုံးမမှုကို နားမဝင်တဲ့ သမီးပဲ  တဲ့..
အမျိုးမျိုး ပြောဆိုတက်တဲ့ ပတ်ဝန်းကျင် အပေါ် သူမ နဲနဲ လေးမှကို ကြောက်စိတ်မဝင် မိတာ အပြစ်လို့ ကိုယ့်ကိုယ် ကို မမြင်မိဘူး..တကယ်ဆို ပတ်ဝန်းကျင်ဆိုတာက မကောင်းတာတွေ ချည်းသာရွေးပြောတက်တဲ့ အရာမို့လား..ကိုယ်တကယ် အဆင်မပြေတဲ့ အချိန်တွေများ သူတို့က ကူညီမယ်ထင်သလား..လက်ခုပ်တောင် တီးသွားဦးမယ်..ဟော ကိုယ်အဆင်ပြောတဲ့ အချိန်ရော သူတို့ ဝမ်းသာမယ်ထင်နေလား..သူတို့ထက် သာလွန်သွားမှာကိုသာ စိုးရိမ်တက်နေကြတာလေ..ဒါကြောင့် သူမ ဘယ်တော့ မဆို ပတ်ဝန်းကျင်ပြောဆိုတဲ့စကားကို အလေးထားလေ့မရှိတာ..ဒါကို သူမရဲ့ မိခင်က ကြည့်မရ အကြောက်အလန့်ကင်းသူ ဆိုဆုံးမ မရသူရယ်လို့ သူမကို အမြဲမြင်နေတာ..ဝမ်းနည်းမိပေမယ့်လဲ အထူးတလည် စဉ်းစား မနေတော့ပါဘူး..

လောကဓံဆိုတာကြီးကို သူမ ဘယ်လောက်အထိ ခံခဲ့ရသလဲ ဆိုတာ သူမသာလျှင် အသိဆုံးရယ်..
ဒုက္ခရောက်ချိန်များဆို ကူညီမယ့်သူမရှိ တစ်ယောက်ထဲ ဖြစ်သမျှကို ရင်စည်းခံရတာ..ဒါ့အပြင် ပတ်ဝန်းကျင် က မဲ့ကာ ရွဲ့ကာ .တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး နှိမ့်ချ ဆက်ဆံချင်ကြသေးတာ..ဒီလို ပတ်ဝန်းကျင်ကို သူမ ဘယ်လို များ အကောင်းမြင်ရပါ့..သူတို့ကို များကြောက်လန့်နေရင်တော့ဖြင့် သူမ ကိုယ့်ကိုယ်သာ အဆုံးစီရင်ဖို့ ပဲ ရှိတော့တာ .. နောက်ဆုံးလက်ကျန် အင်အားနဲ့ သူမ ပြန်လည် ရပ်တည်ခဲ့ ရတာ .ဒါကို မိခင် ဖြစ်သူ မသိမဟုတ်..ဒါပေမယ့် မိခင်ဖြစ်သူက ပတ်ဝန်းကျင်ကို အင်မတန်မှ အလေးထားသူ နဲနဲလေး မှ အပြောမဆို မခံနိုင်သူ.တစ်ခုခုဆို မှန်၏ မမှန်၏ မမေး..အပြစ်သာ တန်းတင်တော့တာ..ဒါကို သူမ စိတ်အညစ်ဆုံး..

ခုဆို သူမအသက် ၂၈ ..အရာအရာကို ရယူနိုင်တာမျိုး မဟုတ်ပေမယ့်  ချွေးနဲစာနဲ့ မိသားစုကို စောင့်ရှောက်နိုင်နေတာ သူမကျေနပ်ပါတယ်..အချစ်ဆိုတာကို အကြိမ်ပေါင်းမြောက်များစွာ လဲ တွေ့ရှိခဲ့ပြီးပါပြီ... နှလုံးသားတွေလဲ အကြိမ်ကြိမ်ပျက်သုဉ်း ခဲ့ပြီးပါပြီ..သူမမှာ ထပ်ပြီး ပျက်ဆီးစရာ နှလုံးသားလဲ မရှိတော့ပါ.. ထပ်ပြီးကျစရာ စိတ်ဓါတ်လဲ မရှိတော့ပါ...ဘာကိုမှ မစဉ်းစားပဲ ပုံမှန်အတိုင်း အသက်ရှင်ရင်းက သတင်းပေါင်းများစွာ သယ်လာတဲ့ မိခင်ကြောင့် သူမမေ့ထားချင်တာကို တောင်မှ အေးအေး ဆေးဆေး မေ့လို့ မရနိုင်ခြင်းရယ်လို့ ယူကြုံးမရ ဖြစ်မိတာ..

သူမက သာမာန်လူသားတစ်ဦးရယ်.. မိသားစုဘဝကို သူမ သိပ်ကို လိုချင်တပ်မက်မိတာ.. သူမ ကြိုးလဲ ကြိုးစားခဲ့တယ်..မိသားစုဘဝ တစ်ခု ဖြစ်လာဖို့ကို.. သစ္စာမဲ့သောသူ သူမကို နာကျင်စေခဲ့သော သူ တစ်ယောက်ကြောင့် မဟုတ်လျှင်တော့ သူမ ဒီအချိန်ဆို မိခင်တစ်ယောက်ဖြစ်နေလောက်ပါပြီ..မိန်းမသား တန်မဲ့ ရုန်းကန် နေရတာ သူမ တခါတလေတော့ ပင်ပန်းတယ်လို့ ခံစားမိပြန်ရော..အားကိုးစရာ ကူညီမယ့်သူရယ်လို့ မရှိတဲ့အခါ ဘယ်လို အရာပဲ ကြုံလာ လာ ကိုယ်တိုင်လုပ်နိုင်မှ ဖြစ်မယ် လို့ ပဲ သူမကို သူမ အားပေးနေရတာ..နောက်ဆုံး သယ်စရာ မ စရာ အလေးအပင်ရှိရင် တောင် ယောင်္ကျားလေးလို သူမ ကိုယ်တိုင်ပဲ သယ်ရင်း မ ရင်း.ခုဆို ခါးတောင် နာတက်လာခဲ့ပြီ..

အထီးကျန်တယ်လို့ မကြာခဏခံစား မိလာတော့ သူမ ကလေးလေး တစ်ယောက်လောက်လိုချင်လာ ပြန်ရော..ဟုတ်တယ်လေ. ချစ်စရာကောင်းတဲ့ ကလေး သေးသေး လေး သာ ရှိနေလျှင် သူလေး အတွက် သူမ ပိုပြီး ကြိုးစားမိမှာ..သူလေး မျက်နှာ မြင်တိုင်းလဲ အေးချမ်းမှုကို ခံစားနေရမှာ မလွဲ ..သူငယ်ချင်းတွေရဲ့ ကလေးလေးတွေ မြင်တိုင်းလဲ သူမ အချစ်ပိုလွန်းစွားနဲ့ သူမကိုတော့ ကလေးချစ်တက်သူ ကလေးတွေနဲ့ ရင်းနှီးလွယ်သူ..ကလေးနားဝင်အောင် ပြောတက်လွန်းသူ ရယ်လို့ အားလုံးက သိထားကြကာ ကလေး ယူတော့လေလို့ မကြာ မကြာ ပြောတက်ကြတယ်..ဒါကြောင့် လဲ သူမ မိခင်နဲ့ တိုင်ပင်ကြည့်တာ..သူမ ကလေးလေး တစ်ယောက် အရူးအမူး လိုချင်နေတာ အမှန် ..သူလေး နဲ့ ဘဝကို ရှေ့ဆက်သွားချင်တယ်..သူလေးအတွက် အနာဂတ် လှလှတွေ ဖန်တီးပေးချင်တယ်..

နဲနဲတော့ ရယ်စရာကောင်းမှာပါ..ဖခင်မရှိပဲ ကလေးတစ်ယောက် လောကကြီးထဲ ဘယ်လို သယ်လာရပါ့ မလဲ.. ဒါကြောင့် လဲ  မိခင်ဖြစ်သူက သူမကို အသဲယားလွန်းစွာ ဖခင်မပေါ်တဲ့ကလေး တစ်ယောက်လွယ်ထားရပြီ ထင်နေတာ.တကယ်တော့ သူမက အခုမှ စိတ်ကူးတုန်းသာ...ပုံမှန်အားဖြင့်တော့ ဘယ်သူကမှ ဖခင်မရှိတဲ့ ကလေးတစ်ယောက်ကို မမွေးချင်ကြဘူးလေ..ဒီအထဲမှာ သူမ မပါဝင်ပါ..ကလေးလေး တစ်ယောက် လူ့လောကထဲ ရောက်လာခြင်းဟာ ဘယ်လောက်များ ပျော်ရွှင်စရာ ကောင်းတဲ့ အဖြစ်အပျက်ပါလဲ..ဒါကို တစ်ချို့ ဘာလို့ များလက်မခံကြပါလိမ့်လို့ သူမတွေးမိတယ်..

သူမက ယောက်ျားတစ်ယောက်ကိုသာ အလိုမရှိတာပါ..သူမ ဘဝမှာ တွေ့ဖူးသမျှ သစ္စာမဲ့သူ ရက်စက်သူ လှည့်ဖြားတက်သူ များသာ..ဒါကြောင့် သူမ ထပ်ပြီး ရှာကြည့်ဖို့လဲ မဝံ့ရဲ..အချစ်စစ်ဆိုတာကို နေရာက ထိုင်စောင့်ဖို့လဲ ဆန္ဒမရှိတော့.လက်တွေ့ဘဝမှာ..ဖြစ်နိုင်တာတွေကြိုးစားပြီး မိသားစုသေးသေးလေး တစ်ခုကို ဖန်တီးချင်တာ..

သူမ ကလေးလေး တစ်ယောက်ယောက်ကို ဖြစ်တဲ့နည်းနဲ့ ဖန်တီးချင်တာ...သူမ အသုံးအနှုန်းများ ရိုင်းသွားလား ဒါကြောင့်လဲ မိခင် က အမြဲပြောတာ ဆိုဆုံးမလို့ မရ သူတဲ့..သူမဟာ ခေါင်းမာ သူပါ..သူမ ကလေး တစ်ယောက်လိုချင်တယ်ဆိုတာက ဖခင်မဲ့တော့မဟုတ်ပါ..သူမတစ်စုံတစ်ဦးကို မလိုချင်ပေမယ့် သူ့ရဲ့ သွေးကိုတော့ လိုချင်ပါတယ်..တစ်စုံတစ်ဦးမပါဝင်ပဲ ဒီကလေးလေးကို သူမတစ်ယောက်ထဲ ပိုင်ဆိုင်ချင်တယ် ဒီအတွက် သူမ အနည်းငယ်တော့ လိမ်လည် လှည့်ဖြားရမှာပေါ့လေ..ဒီကလေးဟာ သူ့ရဲ့သွေးပါဆိုတာကို သူမရိုးသားစွာ ဖွင့်ဟ စရာ တော့မလိုဟု ထင်သည်..ကဲ ဒီလိုနည်းနဲ့ ကလေးလေး တစ်ယောက်သူမ ရရှိ နိုင်မလား..

မရိုးသားတဲ့ နည်းတစ်ချို့နဲ့ သူ့ကို သူမ တစ်ကြိမ်လောက်လှည့်ဖျား ကြည့်ချင်သေးတာ...
ဘယ်သူ့ ဘယ်သူရဲ့ အကူအညီ မပါပဲ ကလေးတစ်ယောက်ကို ကြီးပြင်းစေနိုင်သူ မိခင် ဖြစ်ချင်တာ..
ဖခင်ရော မိခင်တာဝန်ပါ သူမ တစ်ဦးထဲ ယူချင်တာ..ကလေးလေးရဲ့ အချစ်နဲ့ အားကိုးရာ ဟာ သူမ သာလျှင် ဖြစ်ချင်တာ..သူမ လွန်နေမလား..

လောကကြီးမှာ ဖခင်မဲ့စွာ မွေးဖွား ကြီးပြင်းလာတဲ့ ကလေးတွေ မြောက်များစွာ ရှိကြပြီးသား..ကလေးတိုင်းဟာ နာကျင်နေတာတော့ မဟုတ်ပါ..ကျောင်းနေတဲ့ အရွယ် စကားပြောတက်စ အရွယ်တွေမှ စတင်ပြီး ဖခင် ဆိုတာကို ကလေးတိုင်း လိုအပ်ကြမှာ မလွဲပါ..ဒါပေမယ့် ဖခင်မပီသတဲ့ ဖခင်တစ်ယောက်ထက် စာရင်တော့ ဖခင်မဲ့ နေတာ က ပိုကောင်းပါလိမ့်မည်..တစ်ချို့ မြောက်များစွာသော ဖခင်များဟာ သားသမီးကို တာဝန်မယူချင်ကြယုံမျှမက အကြင်နာ မပေးနိုင် လမ်းမှန် လျှောက်မပြနိုင်ဘဲ နှင့် သားသမီးကို ပြန်လည် အဆိပ်သင့်သူတွေ လေ..

ဒါဆို ကျွန်မ မလွန်ပါ..
အနာဂတ်မှာ ကျွန်မရဲ့ ရင်သွေးကို အဆိပ်သင့်စေမယ့် ဖခင်တစ်ယောက်ကို ကျွန်မ အလိုမရှိပါ..
ဘယ်သူဟာ ရိုးသားသူလဲ ဆိုတာကိုလဲ ကျွန်မ ခွဲဝေဆုံးဖြတ်နိုင်တဲ့ အတက်ပညာ မရှိပါ..
အဲ့ဒီတော့ လောက ကြီးမှာ စိတ်ချစရာ ဆိုလို့ ကိုယ်တိုင်က လွဲရင် တစ်ခြားသူ မရှိတဲ့ ဘဝ မှာ ကျွန်မ တစ်ယောက်ထဲ မိခင် ဖြစ်ရုံနဲ့ လုံလောက်ပြီထင်မိတာပါ..

နောက်ထပ်တစ်ခုသော အကြောင်းအရာ ကတော့ ကျွန်မရင်သွေးဟာ ကျွန်မ ချစ်သောသူရဲ့ ရင်သွေးဖြစ်စေချင်တာပါ...
ကျွန်မကိုယ်တိုင် ဖန်တီးတဲ့ လုံလောက်တဲ့ အကြောင်းအရာနဲ့ ဆင်ခြေတွေ ကြားမှာ ကျွန်မဟာ မိခင်ဖြစ်ဖို့ အသင့် ဖြစ်နေပြီး သူ့ကို တော့ ဖခင်ဖြစ်စေမှာပါ..
တစ်ခုပါပဲ ..
အနာဂတ်မှာ ကျွန်မရဲ့ ကလေးလေး..အဆိပ်ကင်းစွာ ကြီးပြင်းရှင်သန်ဖို့ အတွက် အနည်းငယ် လိမ်ညာဖို့တော့ ကျွန်မ မဖြစ်မနေ ကြိုးစား ရမှာပါ..

ကျွန်မဟာ အနာဂတ်မှာ လိမ်ညာသူ ဖြစ်ချင်ဖြစ်မယ်...
မိဘစကား နားမထောင်သူ ဖြစ်ချင်ဖြစ်မယ်..
ပတ်ဝန်းကျင် လက်ညှိုးထိုးစရာ လူ ဖြစ်ချင်ဖြစ်မယ်..
သူ့အတွက် အော်ဂလီဆန်စရာ ဖောက်ပြန်တက်တဲ့ မိန်းမလို့ ထင်ချင်စရာ ဖြစ်ချင်ဖြစ်မယ်...
ဒါပေမယ့်..
ကျွန်မ ကလေးလေးကတော့ အဆိပ်ကင်းစွာ ကြီးပြင်းလာမှာပါ..

ဒီပတ်ဝန်းကျင်ကြီးကို ကျွန်မ ကျောခိုင်းပြီးပြီ ဆိုရင်ပေါ့...

အိမ်မက်စေရာ
၂၀.၁၂.၁၃

( အိမ်မက်ရဲ့ ဘလော့ဂ်လေး ဘာလိုလို နဲ့ ၂ နှစ်ပြည့်သွားပါပြီ.. ပို့စ်ကောင်းကောင်းလေး တစ်ခု ရေးချင်ပေမယ့် ဘာမှ အဆင်သင့်မရှိလို့ ရေးလက်စ စိတ္တဇ ပို့စ်ကိုပဲ လက်စသတ်လိုက်တယ်..စာဖတ်သူတွေ ရင်ထဲ တစ်ခုခု ကြီး ခံစားရခက်သွားမယ်ဆိုရင်ဖြင့်....)

Monday, March 5, 2012

သူမ ခင်ပွန်း


သူမ အတန်ကြာ ငြိမ်သက်နေရင်းက စကားပြောဖို့ စဉ်းစားမိလဲ စကားလုံးပေါင်းများစွာက လည်ချောင်းဝမှာ တစ်ဆို့နေ..တစ်ဖက်မှာ ပေါ်နေတဲ့ သူငယ်ချင်းရဲ့ မျက်နှာကို ဘယ်လို အင်အားနဲ့ ကြည့်မလဲ လို့ စဉ်းစားနေချိန်မှာ တစ်ဖက်မှ သူငယ်ချင်းကလဲ ဘယ်လို နှစ်သိမ့်ရမလဲ လို့ စဉ်းစားနေမှာ အသေအချာ..ပြောစရာ စကားမဲ့ပြီ နှစ်ဦးစလုံး ရင်ထဲမှာ ပြောစရာတွေ များနေလဲ စကားလုံး အဖြစ်ပြောင်းမလာသေး..


လွန်ခဲ့တဲ့ အချိန်တော်တော် များများ က ပျော်ရွှင်စွား ဆိုခဲ့လေသော စကားလုံးနဲ့ အသံတွေလဲ ရုတ်တရက် ကြီး .. ပျောက်ကွယ်

ငါ လက်ထပ်တဲ့ အချိန်က ဓါတ်ပုံ မပို့ ဖြစ်ဖူးလို့ ဆိုကာ ချစ်ရသူ ခင်ပွန်းသည် နှင့် အတူ တွဲ ရိုက်ထားသော ဓါတ်ပုံကို ချစ်သူငယ်ချင်းအား ခုလေးတင် ပဲ ထုတ်ပြခဲ့တာ...


သူ ငါ့ကို သိပ်ချစ်တာလေ.. အရမ်းလဲ နားလည်မှု ရှိတယ် ..ငါပျော်တယ်သိလား ..နင်နဲ့ မိတ်ဆက်ပေးဦးမယ်....


အကောင်းဆုံးသော စကားလုံးများနှင့် သာ ခင်ပွန်းသည် နဲ့ သူမတို့ ရဲ့ အိမ်ထောင်ရေး ကို ဖော်ပြခဲ့တာ..ဝမ်းသာ အားရ ဖြစ်နေတဲ့ သူငယ်ချင်းက အားကျလိုက်တာ နော်....ငါ လက်ထပ်ရင်လဲ နင့်ကို ရှိစေချင်လိုက်တာ ..ဒါပေမယ့် ငါက ရည်းစားပဲ ရှိတာ ချစ်သူရှိဘူးလေဟယ် တဲ့ ... အကျီစားသန်ကာ စိတ်ထားကောင်းသော သူငယ်ချင်းက ဆိုတယ်..


ဓါတ်ပုံ ဖွင့်ကြည့်ဦးလေ ဟာ လို့ စိတ်မရှည်စွာ သူမဆိုတော့..

အမလေး တကထဲ မှ ပဲ ဟု ဆိုကာ မေးလ်ကို ချစ်သူငယ်ချင်း ဖွင့်ကြည့်လေတော့ ရုတ်တရက် ပြောင်းသွားတဲ့ မျက်နှာအရောင်..


ဘာဖြစ်လို့လဲ ဟု သူမ စိုးရိမ်စွာ မေးတော့ ..

နင် စိတ်ငြိမ်ငြိမ်ထားနော်..တဲ့


ဘာလဲ ဟင် .. ဝေခွဲ ရခက်စွာ ထပ်မေးပြန်တော့

ချစ်သူငယ်ချင်းက.................


နင့် ခင်ပွန်းသည်က ငါ နဲ့ vzo မှာ ရည်းစားဖြစ်နေတဲ့သူ.................တဲ့


ငါ ဓါတ်ပုံ ပြန်ပို့ပေးမယ် ကြည့် ကြည့်ပေါ့..... ပြီးမှ ယုံပါ တဲ့..

......................

...................

.............

...........


အကြိမ်ကြိမ် အခါခါ ကြားဖူးခဲ့ ပြီး ဖြစ်တဲ့ vzo ချစ်ပုံ ပြင် တွေ ခုတော့ သူမ ကိုယ်တိုင် ပါဝင် ပတ်သတ်နေရပြီလား...

ကင်မရာ တစ်ခု စီရဲ့ ရှေ့မှာ သူမရော သူမရဲ့ သူငယ်ချင်း ပါ ... အတွေး ကိုယ်စီဖြင့် စကားမဆိုမိသေး.....


ငါ သူ့ကို ..နင့်ရဲ့ ခင်ပွန်းသည်ကို မချစ်ဖူး နော်.. ရည်းစားပဲ ချစ်သူမဟုတ်ဘူး..........ဒါကြောင့် ငါ့ဖက်က ရှင်းတယ် နင့်ဘက်ကသာ သေချာဆုံးဖြတ်.............

..................

.......

......

..

သူမ ဘာကို ဆုံးဖြတ်ရမှာ ဘာလိမ့်... ဒီလို အချိန်မှာ သူမ ဘာကို ဆုံးဖြတ်နိုင်ဦး မှာလဲ.. အွန်လိုင်း ဖြစ်ပျက် ကြတဲ့ ကိစ္စကို သစ္စာမဲ့သူ လို့ ဆိုပြန်ရင် သူက အပျော်လို့ ဆိုလေမလား....

အတည်ယူလို့ မရတဲ့ အခြေအနေလား...

တကယ်တော့ သူမ ဘာဆို ဘာမှ နားမလည်နိုင်တော့တာ..


ခုမှ တည်ထောင် ကာစ အိမ်ထောင်ရေးမှာတင် ချစ်ခင်ပွန်းသည်က သူမကို စိတ်ကုန်လေပြီလား............

ဒါမှမဟုတ် vzo ဆိုတာ စိတ်ကွယ်ရာမို့ လွတ်လပ်စွာ ဖောက်ပြန်ခွင့် ရှိနေတာ လား ..


အိမ်မက်စေရာ

၀၅.၀၃.၁၂


Friday, November 11, 2011

ကားအနီလေး သူငယ်ချင်းတစ်စု နှင့် ကျောက်တန်းရေလည်ဘုရား



ထိုကားသည် အနီရောင်ဖြစ်သည်။သေချာပြောရလျှင် အနီရောင်ဟိုင်းလပ်ကားလေးတစ်စီးဖြစ်သည်။
ထိုကားတွင် ပိုင်ရှင်ရှိသည်။ ပိုင်ရှင်မှာ မြို့နယ်၏ မျက်နှာဖုံး လူကြီးတစ်ဦးဖြစ်သည်။ လိုင်ပြေးဆွဲသည့် ကားမဟုတ်သော ထိုအိမ်စီးကား ဟိုင်းလပ်လေးကို ထိုလူသည် ကျောင်းသားများ ဖယ်ရီအဖြစ်အသုံးပြုခွင့်ပေးထားသည်။
ထိုကားကိုမောင်းသော ဒရိုင်ဘာ ရှိသည်။ သို့သော် မကြခဏဆိုသလိုပင် ပိုင်ရှင်၏ သားသည် ကျောင်းသားများကိုမောင်းပို့လေ့ ရှိသည်။ ထိုသူမောင်းသည့် နေ့တွင် ကျောင်းသားအားလုံးသည် ဟေးလား ဝါးလား နှင့် အလွန်ပျော်တက်ကြသည်။

ထိုကားအနီရောင်လေးကို ကျွန်မတို့ တစ်အုပ်စုလုံး ပထမနှစ်မှ စ၍ စီးလာသည်မှာ နောက်ဆုံးနှစ်ရောက်သည် အထိပင်ဖြစ်သည်။ ကျောင်းကားများ စုံရပ်မှာ မြို့နယ်ဈေး အနားတွင်ဖြစ်သည်။ ကားအားလုံးမထွက်ခင် ကျောင်းသားများ ရောက်နှင့်၍ အဆင်ပြေသောကားတွင် လိုက်ပါကြသည်။ ဘယ်လိုက ဘယ်လို ထိုကားကို ကျွန်မရွေးချယ်ဖြစ်ခဲ့ခြင်း ဖြစ်သည် မသိပါ။ သိုပေမယ့် ငယ်သူငယ်ချင်း တစ်ချို့နှင့်အတူထိုကားကို စီးဖြစ်သည်။ တခြားသူများလဲ လာစီးကြသည်။ သိုပေမယ့် နောက်ဆုံးတွင် အမြဲစီးဖြစ်သော အုပ်စုသည် အဖွဲ့ဖြစ်သွားကာ အရင်းအနှီးဆုံးသူငယ်ချင်းများလဲ ဖြစ်သွားကြသည်။

တခြားသူများ ထိုကားကို မစီးချင်ကြပါ။ ဘာ့ကြောင့်ပါလဲ???
ကားဒရိုင်ဘာမောင်းသည့်အချိန်တွင် ပုံမှန်အခြေအနေမှာ ရှိသော်လည်း ပိုင်ရှင်၏သားမောင်းသည့် အချိန်တွင်တော့ ထိုကားသည် ပြိုင်ကားဖြစ်သွားစမြဲပင်။ ထို့ကြောင့်လဲ ကျောင်းသားတော်တော်များများ ကြောက်လန့်၍ မစီးရဲကြ။ အပေအတေ ဖြစ်သော ကျွန်မတို့ အုပ်စုကတော့ ဒရိုင်ဘာ လာမောင်းမည်ကိုတောင် စိုးရိမ်နေသေးကာ ထိုပိုင်ရှင်၏သား မောင်းသည့်အခါမှ ကျေနပ်တက်ကြသည်။ အကြောင်းသိသော မိဘများသည် ထိုကားအနီရောင်ကို မစီးရန်မှာတက်ကြသည်။ သို့ပေမယ့် မိဘစကားနားမထောင်သော သူငယ်ချင်းအချို့က စီးမြဲ။ ဘာမှ မသိသော ကျွန်မ၏ မိဘများကတော့ ဘာမှ မပြော။ ဒါကျွန်မအတွက် အကောင်းဆုံးပင် မဟုတ်လျှင် ကားထွက်သော အချိန်တွင် အိမ်ရှေ့မှ ဖြစ်သွားခြင်းဖြစ်ရာ ခိုးစီးလို့ မရ အိမ်က သိသွားနိုင်သည်။ ခုတော့ အဆင်ပြေသည်။ ပြောမည့်သူမရှိ။

ကားထွက်တော့မည်။ ရောက်ရှိလာသူမှာ ပိုင်ရှင်၏သား "ဟေး" တညီတညွတ်ထဲ ဝိုင်းအော်သော ကျွန်မတို့ အုပ်စုကို တခြားသူများ မျက်စောင်းထိုး၍ ကြည့်ကြသည်။ မပူပါ .. ကျွန်မတို့ ဘာကိုမှ ဂရုစိုက်ပူပင်လေ့မရှိကြ ဒါကြောင့် ပေါင်းမိကြခြင်းဖြစ်သည်။ "ကိုညီမောင်းပါ ကိုညီမောင်းပါ" ဟု ဝိုင်းအော်ကြသည်။ သူ့အမည်ကို ဝိုင်းအော်နေကြသော အုပ်စုကြားတွင် ထိုသူသည် သူရဲကောင်းကဲ့သို့ မိန့်မိန့်ကြီး ပြုံးနေသည်။

ကားထွက်ပြီ။ အားလုံးကားပေါ်ကိုတက်ကာ အသင့်နေရာယူပြီး ဖြစ်ပြီ။ ကားစက်နှိုးသံ ကြားသည်နှင့် အားလုံးတစ်ယောက်နှင့်တစ်ယောက်အနည်းငယ် ပူးကပ်သွားသည်။ ပြီးလျှင် အနားမှာ ရှိသူ သို့မဟုတ် အပေါ်မှ လက်တန်းကို သေချာကိုင်ထားရသည်။မဟုတ်လျှင်မလွယ် ကားထွက်ပြီဆိုလျှင် အရှိန်ကို ဝုန်း ကနဲ တင်ကာ ထွက်တက်သောကြောင့် နောက်ခန်းမှ ကျောင်းသားများအားလုံး အရှေ့ဘက်သို့ စုပြုံကပ်သွားကြသည်။ တစ်ခါက အကြောင်းမသိဘဲ လာစီးသော ကျောင်းသူလေး တစ်ယောက်အဖြစ်က သနားစရာပင်ကောင်းသည်။ ထိုနေ့က ကျောင်းအပြန်ချိန် လမ်းအကွေ့မှာ တစ်ဖက်မှ ကားက အတင်းဝင်လာချိန် ကားမောင်းသူ ကိုညီက ဘရိတ်ကို စောင့်နင်းလိုက်ရာ အားလုံးအရှေ့ကို အရှိန်နှင့်ကပ်ကုန်ကြသည်။ သူမောင်းလာသည့်အရှိန်က များလွန်း၍ လူတွေလဲ ကိုယ်ကိုယ်ကို မထိန်းနိုင်ကြတော့ပေ။ ကံဆိုးသူ ထိုကျောင်းသူလေးမှာ အရှေ့ ( ကားခေါင်းနားကပ်ရပ်) တွင် ထိုင်လာလေရာ ကားဆောင့်သောအရှိန်သူ့ကို အားလုံးဝိုင်းဖိသလိုဖြစ်ကာ တက် သွားတော့သည်။ ကျွန်မမှာ သူ၏ နဘေးမှ ဖြစ်ရာ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ အကြိမ်ကြိမ်မေးသော်လဲ အဖြေမထွက်လာ၍ ဟဲ့ လုပ်ကြပါဦးဟ အော်ရသည်။ ကားရပ်၍အားလုံးဝိုင်းဝန်းပြုစုလိုက်ရသည်။ လက်များတစ်ချောင်းနှင့် တစ်ချောင်းကပ်နေ၍ မနဲခွာရသည်။ ပရုတ်စီလိမ်း ရှုဆေးပေး ဖြစ်ကုန်သည်။ အားလုံးလဲ ငိုရမလို ရယ်ရမလိုနှင့်။ နောက်နေ့တွင် သူမသည် ကားအနီဆိုလျှင် ဝေါင်ဝေါင်ရှေးကာ ဝေးဝေးက ရှောင်တော့သည်။ ကားမောင်းသူ ကိုညီ၏ နောက်ထပ်စတိုင်တစ်မျိုးမှာ ကားမောင်းနေစဉ် မကြာမကြာ ခြေထောက်ကို ကားပြတင်းပေါက်ဘောင်ကို ထုတ်တက်သည်။ သူမောင်းသော ကားသည် ထွက်စတွင် အရှိန်အပြည့်နှင့် ဖြစ်သော်လည်း လမ်းတစ်ဝက်ရောက်လျှင် ပုံမှန်ဆိုသလို ရပ်တက်သည်။ ကျွန်မတို့ အုပ်စုကတော့ဖြင့် မပူပါ။ ကားရပ်လျှင်ကားပေါ်ကဆင်း ဝေး ဝါး နှင့် အော်။ လမ်းပေါ်က တွေ့သမျှအပင် လိုက်ချိုး ကာ အိမ်ကို သယ် နှင့် ဝုန်း ဒိုင်း ကျဲ နေတော့သည်။ သူကားပြင်ပြီးလျှင် ပြန်တက် ပြန်မောင်း နောက်ဆုံးတော့လဲ အိမ်ရောက်တာပင်။ ထိုကားအနီလေးကို နှစ်စ မှ နှစ်ဆုံး စီးခဲ့သော်လည်း ကျွန်မတို့ တစ်ဖွဲ့ တစ်စုံတစ်ရာ ပြဿနာ မဖြစ် အန္တရာယ်မဖြစ်ခဲ့ခြင်းက ကံကြောင့်လား ကိုညီပင် ကားမောင်း ကျွမ်းကျင်လို့လား ဆိုတာကို တော့ ကျွန်မလဲ မပြေတက်ပေ။ တက္ကသိုလ်တက်စဉ် ကာလ တစ်လျှောက်လုံး မှာတော့ဖြင့် ထိုကားအနီလေး မှာ ကျွန်မတို့၏ အချစ်တော် . ပျော်စရာ အမှတ်တရများစွာကို ပေးစွမ်း ခဲ့သော ဒူပေ ဒါပေ ခံသည့် ကားလေးပင်ဖြစ်သည်။

သို့ပေမယ့် ကျွန်မတို့ ဒုတိယနှစ်အရောက်တွင် ထိုကားလေးမှ ဝမ်းနည်းစရာ သတင်းတစ်ခုသယ်လာပေးခဲ့သည်။ ကျွန်မတို့ အုပ်စုနှင့်တိုက်ရိုက်မပတ်သတ်သော်ငြားလဲ ကျွန်မတို့ နှင့် ရင်းနှီးသူများဖြစ်လေရာ ကျွန်မတို့မှာ ထပ်တူထပ်မျှ ဝမ်းနည်းခဲ့ရသည်။ထိုကားလေး သည် သူကိုယ်တိုင် ပါဝင်မပတ်သတ်သော်ငြား သူသယ်ဆောင်ရာ လူများတွင် ဖြစ်ပွားခဲ့လေရာ ထိုကားလေးနှင့် ထိုသတင်းမှာ တွဲ၍ ဝမ်းနည်းဖွယ်ရာ အဖြစ် ထင်ကျန်ခဲ့လေသည်။

အဖြစ်အပျက် အစ။
နောက်ဆုံးနှစ် ကျောင်းသားများအတွက် ထိုနေ့သည် နောက်ဆုံးစာမေးပွဲ ဖြေသည့်ရက်ဖြစ်ကာသူငယ်ချင်းတစ်စု ခရီးတိုထွက်ဖို့ စီစဉ်ထားကြသည်။ကားကိုတော့ အားလုံးစုငှားကြမည်။ ထိုအခါ အားလုံးက ရင်းနှီးနေသော ကားဒရိုင်ဘာ နှင့် ကားမှာ အနီရောင်ကားလေး ဖြစ်သည်။ ထို့ကြောင့်ထိုကားကို ငှားဖို့ ဆုံးဖြစ်ကာ ပြောဆိုကြတော့လဲ အဆင်ပြေသွားကြသည်။ ထို့ကြောင့် စားမေးပွဲ ပြီးလျှင် အားလုံးသံလျင်ကျောက်တန်း ရေလည်ဘုရားသွားကြမည်။ ထိုအုပ်စုမှာ ကျွန်မတို့၏ ရှေ့တစ်နှစ်မှ နောက်ဆုံးနှစ်ကျောင်းသား စီနီယာများဖြစ်ကြသည်။ ခရီးတိုဖြစ်၍ စားစရာ နှင့် အခင်းများသယ်ကြသည်။ ဒါပြီးရင် ဘယ်ကို သွားမည် ဟု အစီအစဉ်ချကြသည်။ နောက်ဆုံးနှစ်ဖြစ်လေရာ သူငယ်ချင်းများ နောက်ဆိုလျှင်ဆုံဖို့ သိပ်မလွယ်ကူချေ။ ထိုကြောင့်လဲ အလွမ်းသယ်ကာ အပြတ်ကဲကြ စကြ နောက်ကြ နှင့် ပျော်စရာပင်။ သို့နှင့် ကျောက်တန်းရေလည်ဘုရားသို့ရောက်သည်။ လှေငှားကာ ဘုရားကိုပတ်သည်။ ထိုဘုရားတွင် ပါးစပ်ရာဇဝင်လား အမှန်လား မသိသော လက်ဝဲမှ လက်ယာ (လား ) လက်ယာမှ လက်ဝဲ သို့လား မပတ်ရ ဟုပြောကြသည်။ တကယ်တော့ ကျွန်မတစ်ခါမှ မရောက်ဖူးသော နေရာဖြစ်နေ၍ ဘယ်နေရာတွင် ဘာရှိ ၍ ဘာလုပ်ရ မလုပ်ရကို ကျွန်မအသေအချာတော့ မသိတာ အမှန်ပင်။ ထိုအုပ်စုသည် ဘက်မှား၍ ပတ်ခဲ့သည်ဟု ပြောကြသည်။ အမှန်ဟုတ်မဟုတ်ကိုကား မသေချာပါ။ ထိုသို့လှေစီးရင်း စရင်းနောက်ရင်း အရှိန်လွန်ကာ ကျောင်းသားတစ်ဦးရေထဲ သို့ပြုတ်ကျသွားသည်။အားလုံးလဲ ပြာယာ ခတ်ကုန်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ မျက်စိတွေလဲ ပြာကုန်ကြသည်။ ကယ်ကြပါဦး လုပ်ကြပါဦး နှင့် ခြေမကိုင်မိ လက်မကိုင် မိဖြစ်ကုန်သည်။ ထိုအချိန်တွင် ထိုအဖွဲ့မှ တစ်ဦးက ရေထဲသို့ ခုန်ဆင်းသွားကာ သူ၏သူငယ်ချင်းကို ကယ်ရန် ကြိုးစားသည်။ အမှန်တော့ ထိုသူသည်လဲ ရေကောင်းကောင်းကူးတက်သူ မဟုတ်ပါ။ သူဘာမှ စဉ်းစားမိဟန်မတူ သူငယ်ချင်းကို ကယ်ဖို့ အရေးကြီးကာ ရေထဲ ဆင်း၍ ကယ်သည်။ ကံကောင်းထောက်မစွာ ထိုသူကို ကယ်နိုင်ခဲ့သည်။ သို့သော် ကံဆိုးသူ ကယ်တင်ရှင် သူငယ်ချင်းမှာ တော့ ရေထဲမှ ထပ်၍ ပေါ်မလာတော့ပေ။ ကယ်ဆယ်ရေးများရောက်လာ ကာ ဝိုင်းဝန်းကြိုးစားချိန်တွင် ထိုသူ့ကို ပြန်ရှာတွေ့သည်။ သို့သော် အချိန်နှောင်းသွားခဲ့ပေပြီ။ အသက်မပါလာသော သူ၏ခန္ဓာကိုယ်ကိုသာ ရှာတွေ့ခဲ့ကြသည်။ ပျော်ဖို့ရွှင်ဖို့သွားခဲ့သော သူငယ်ချင်းတစ်စုမှာ ခုတော့ မျက်ရည်မဆည်နိုင် ယောက်ျားရော မိန်းကလေးများပါ တဟီးဟီး ငိုကုန်ကြသည်။ ငိုသော်လည်းဘာမှမတက်နိုင် သွားလေသူမှာ သွားလေပြီလေ။ သူ၏အိမ်သို့ အကြောင်းကြား ကြသည်။ ကားအနီလေး နှင့် တစ်ချို့ပြန်လိုက်လာကာ သူ၏အိမ်သို့ သွားကြသည်။ တစ်ဦးထဲသော မောင်လေး၏ အကြောင်းကို ကြားကာ နှလုံးရောဂါဝေဒနာရှင်အမ( ကျွန်မတို့၏ အထက်တန်းပြ မြန်မာဆရာမ) မှာ ငိုရင်းတက်ခါ နောက်နေ့တွင် လမ်းပင်မလျှောက်နိုင်တော့ပေ။ ဆက်၍ သူ၏ အသုဘပို့သည့်နေ့မှာလဲ ထိုကားအနီလေး ဖြင့်ပင် အားလုံးစုသွားကြသည်။ အပြန်တွင်တော့ သူငယ်ချင်းအစွဲ အိမ်အစွဲ နှင့် ထိုကား ကို အစွဲဖြစ်ကာ သူပြန်ပါလာခဲ့သည်ထင်။ ကားတစ်စီးလုံး ဆိုးဝါးသော အနံ့များ အပြန်လမ်းတစ်လျှောက် လုံးပါလာခဲ့သည်။ အားလုံးမှာ ကြောက်တာက တစ်ဖက် ဝမ်းနည်းတာ က တစ်ဖက် မျက်ရည်များမဆည်နိုင်ဖြစ်ခဲ့ရပြန်သည်။

ထိုအဖြစ်အပျက်ကား ကျွန်မတို့ ဒုတိယနှစ်တွင်ဖြစ်ပွားခဲ့သော ထိုကားအနီလေး နှင့် ပတ်သတ်သည့် အကြောင်းအရာတစ်ခုပင်ဖြစ်သည်။ ကျွန်မတို့ နောက်ဆုံးနှစ်တွင်လဲ ခရီးတိုထွက်ဖြစ်ကြသည်။ သို့သော် ထိုကားလေးကိုကား မငှားဖြစ်ပဲ သူငယ်ချင်းအိမ်မှ ကားနှင့်သွားဖြစ်ကြသည်။

အိမ်မက်စေရာ
၁၄.၁၁.၁၁
၁၇း၄၅

Saturday, September 3, 2011

အားလုံးကို မဆိုလိုပါ နော်...( ၂ )




မနေ့က ရေးလိုက်တဲ့ အားလုံးကိုမဆိုလိုပါ နော် ဆိုတဲ့ ပို့စ်လေးမှာ ဝိုင်းဝန်းပြီး comment လေးတွေ အမျိုးမျိုးပေးကြတော့ နောက်ဆက်တွဲလေး ထပ်ရေးချင်စိတ်ပေါက်လာပါတယ်..

comment လေးတွေ ဖတ်ပြီး စဉ်းစားမိတာ ငါ နှစ်ဖွဲ့ခွဲပြီး ရန်တိုက်ပေးသလိုများ ဖြစ်သွားလားပေါ့နော်.. :p
တကယ်တော့ ..ဆရာ ဦးဟန်ကြည်ပြော သလိုပဲ လူအမျိုးမျိုး စိတ်အထွေထွေ ပါ..
ဒါကလဲ အိမ်မက်တွေ့ဖူးသမျှနဲ့ အမြင်လေးပေါ့နော်.. အိမ်မက် ထပ်ပြီး မြင်မိတဲ့ အစိတ်အပိုင်း လေးတွေ ရှိပါသေးတယ်...
ဒါကတော့ အိမ်ထောင်ရေးဖောက်ပြန်မှု ပါ.... တကယ်တော့ အိမ်မက်တို့ မြန်မာ လူမျိုး အားလုံးနီးပါးဟာ အိမ်ထောင်တစ်ခု တည်ဆောက်ပြီးရင် မြဲအောင်ထိန်းသိမ်းကြပါတယ်.. ဘယ်လို အလွဲလေးတွေ ပြဿတွေပဲ ရှိနေနေ ကြိုးစားပြီး ဖြေရှင်းတက်ကြတဲ့ လူမျိုးပါ...
ယောက်ျားဖြစ်စေ မိန်းမဖြစ်စေပေါ့နော်.. ကိုယ့်အိမ်ထောင်ဖက်ရဲ့နောက်ကွယ်မှာ နောက်မီးလင်းတယ် ဆိုတာကလဲ ရှိတယ်ဆိုပေမယ့် ရှားပါတယ်...ယောက်ျားတွေက ပါးစပ်ထဲ မှာ ရှိတာကို ခေါင်းထဲမထား လွတ်ကနဲ ပြောတက်ကြပေမယ့် ကိုယ်အိမ်ထော
င်ဖက် မိန်းမအပေါ်မှာတော့ သစ္စာရှိကြတာများပါတယ်...ဒါလဲ အိမ်မက် မြင်ဖူးသလောက်ပေါ့နော်..
နောက်ကွယ်မှာ ရဲရဲ တင်းတင်း မျက်နှာပြောင်တိုက် ဖောက်ပြန်တက်တဲ့ ယောက်ျားမျိုးကတော့ တကယ့်ကို စာရိတ္တ ပျက်ပြားပြီး သစ္စာတရား မထားတဲ့ ယောက်ျားမျိုးပါပဲ..
အိမ်မက် အလုပ်လုပ်နေတဲ့ နေရာမှာ ထိုင်းလူမျိုး အမျိုးသမီးများ တော်တော်များများ ရှိကြတယ်.. သူတို့ အားလုံးက ဒီနိုင်ငံမှာ နေထိုင်ခွင့် ရဖို့ အတွက် ဒီနိုင်ငံသားကို တရားဝင် လက်ထပ်ထားတဲ့ သူတွေ ချည်းပါပဲ...
ပြဿနာက ချစ်ခြင်းမေတ္တာ မရှိပဲ ကိုယ့်အကျိုးခံစားရဖို့အတွက်တစ်ခုထဲကြည့်ပြီး လုပ်သလို ဖြစ်နေတော့ ယောက်ျားနောက်ကွယ်မှာ ဖောက်ပြန်တော့တာပါပဲ... ပြောချင်တာက သာမန်ဖောက်ပြန်တာမျိုးမဟုတ်ပါ.. ရဲရဲတင်း
တင်းပေါ်ပေါ်တင်တင် ပါပဲ.. အားလုံးနီးပါးက ယောက်ျားရှိတဲ့အပြင် ရည်းစား ရှိတဲ့သူတွေချည်းပါပဲ.. အဲ့ဒါကို ကြည့်ပြီး အံသြရမလို မအံ့သြရမလိုနဲ့ ကိုယ့်မှာလဲ မစီနဲ့ မဆိုင် အနေရခက်နေပါသေးတယ်...
ဥပမာ ..ပြောရမယ်ဆိုရင် ယောက်ျားက အလုပ်လာပို့တယ် ..ကားပေါ်ကဆင်းတယ် ယောက်ျားက ပြန်ထွက်သွားတော့ ရည်းစားလက်တွဲပြီး အလုပ်ဝင်တယ် ..ကဲ
ညနေဆိုလဲ ဒီလိုပဲ ရည်းစားနဲ့ အတူတူထွက်လာတယ် ပြီး ကားနားရောက်ခါနီးလောက်မှ လက်တွဲဖြုတ် ကားပေါ်တက်.. ဒါလင်တွေ ဘာတွေခေါ် အာဘွားတွေ ဘာတွေပေးပေါ့...
လမ်းမှာများဆုံရင် ယောက်ျားနဲ့ ဆုံရင် ဒါငါ့ေ
ယာက်ျားလေ..လို့ မိတ်ဆက်ပေးတယ်
ရည်းစားနဲ့ ကြုံရင် ဒါငါ့ ရည်းစားလေ တဲ့...
ကိုယ့်မှာတော့ တွေ့တိုင်းလူတိုင်း အင်း တွေ့ရတာဝမ်းသာ ပါတယ် ..လုပ်နေရတာ.မျက်နှာ ပူလှပါတယ်..
သူတို့ လိပ်ပြာ လုံပေမယ့် ကိုယ့်မှာတော့ မလုံနိုင်ပါ.. ဒါကြောင့် နောင်များတော့ တွေ့တာနဲ့ ဝေးဝေးက ရှောင်နေလိုက်တယ်.. မသိသလိုပဲပေါ့.
ဒါကြောင့် ဂုဏ်ယူကျေနပ်စရာတစ်ခုကတော့ အိမ်မက်တို့ မြန်မာ လူမျိုးမှာ ဒါလောက် စာရိတ္တပျက်ပြားတဲ့ လူ မရှိသလောက်ကို ရှားတာပါ....

........................................................................






နောက်တစ်ခုက ပြောတော့ မပြောချင်ပါ..
ဘာကြောင့်လဲဆိုတော့ အိမ်မက် အထင်ကြီးလေးစားရတဲ့ သူတစ်ယောက်မို့ပါ..
ချစ်ခင် ရတဲ့ မိတ်ဆွေတစ်ယောက်ဆိုလဲ မမှားပါဘူး...
သူက ရုပ်ရည်သန့်ပြန်တဲ့ အပြင် စကားပြောယဉ်ကျေးတယ် စာရိတ္တ ကောင်းမွန်တယ်...လူမှုရေးအလုပ်တွေမှာ အမြဲကူတယ်..
သူ့အမျိုးသမီးကလဲ ဘာသာတရားကိုင်းရှိုင်းတယ်.. လူမှုရေးအလုပ်တွေမှာ ပါဝင်တယ်.. အိမ်မက်တို့လို အရွယ် တွေကို ဆုံးမ ပဲ့ပြင်ပေးတက်တယ်.. အထူးသဖြင့် အိမ်ထောင်ရှိတဲ့ သူတွေကို ကိုယ့်ခင်ပွန်းအပေါ်မှာ ဘယ်လို ဆက်ဆံရမယ် လေးစားရမယ် ဆိုတာမျိုးပေါ့ အမြဲ ဆုံးမလေ့ ရှိပါတယ်...သနားစရာကောင်းတာလေးတစ်ခုက အဲ့ဒီအမျိုးသမီးက ကျန်းမာရေး အနည်းငယ်ချူချာရှာတယ် အစားအစာကို စားချင်တိုင်းစားလို့ မရတဲ့ နှလုံး ရော ဆီးချို ပါ ရှိတဲ့ သူပေါ့....

ဒီနေ့ အလုပ်မှာ သူငယ်ချင်းနဲ့ အလုပ်အတူတူလုပ်ရင်း အလုပ်က ပါးတော့ စကားတပြောပြောပေါ့..
သူမက တူရကီလူမျိုး မွတ်စလင် ဘာသာဝင်ပါ..
လှတယ် သွက်တယ် ကလက်တယ်... အပြောရဲတယ် အနေအထိုင် ပွင့်လင်းလွန်းတယ်..
သူနဲ့ ယောက်ျားလေးတွေနဲ့ ကအတော့ကို ရင်းနှီးတာများပါတယ်..
သူမနဲ့ သူ( ကျွန်မ မိတ်ဆွေ ) က ရင်းရင်းနှီးနှီး ဆက်ဆံတာကို တွေ့တာ တော်တော်လေး မျက်စိဆံပင်မွေးဆူးမိပါတယ်...သူမရဲ့ စာရိတ္တနဲ့ အနေအထိုင်ကြောင့် အကြောင်းသိ မြန်မာ ယောက်ျားလေးတွေ က ခပ်ခွာခွာနေကြတာများပါတယ်.. ဒါပေမယ့် သူနဲ့က ဘာလို့ အရမ်းရင်းနှီးတာလဲ ဆိုပြီး စဉ်းစားမိသေးတယ် နောက်တော့ လဲ မြင်ရပါများတော့ ရိုးသွားတာပါပဲ..
အဲ ဖြစ်ချင်တော့ ဒီနေ့ သူမနဲ့ အလုပ်အတူတွဲလုပ်ဖြစ်တော့ စကားပြောဖြစ်တာပေါ့..
သူမမှာ အမွှာ အမတစ်ယောက်ရှိသေးတယ်လေ.. သူတို့ ညီအမက ပုံစံ အတူတူပါပဲ .. စာရိတ္တရောပေါ့..
သူမက ပြောပါတယ်...
ငါတို့ လူမျိုးမှာ အမ က အရင် လက်ထပ်ပြီးမှ ညီမက လက်ထပ်လို့ ရတာ ဒါကြောင့် ငါ လက်ထပ်ဖို့ အတွက် ငါ့အမ အရင်လက်ထပ်တာကို စောင့်ရဦးမှာ
....တဲ့
အဲ့ဒါနဲ့ပဲ.. နင့် အမ မှာရော ချစ်သူရှိလား လို့ မေးမိပါတယ်...
အင်း ရှိတယ် မင်းမင်း လေ တဲ့
ဘာ ဘယ် မင်းမင်း လဲ ဆိုတော့ သူမက နာမည် အရင်းကို စာလုံးပေါင်းပြပါတယ်..
အဲ့ဒီအချိန်မှ ကျွန်မ ပုံစံ ဘယ်လိုဖြစ်နေမလဲ မြင်ကြည့်ကြပါ.. လက်နှစ်ဖက်ကို ရင်ဘတ်ကို အုပ်ပြီး( တကယ့်ကို နာသလို ခံစားသွားရတာပါ) သူ့မှာ မိန်းမရှိတယ်လေ လို့ ပြောတော့ သူ့မိန်းမနဲ့ သူက အဆက်အသွယ်မရှိပါဘူး သူမညာဘူးဆိုတာ ငါယုံတယ် သူကလူကောင်းပါ
တဲ့..
တစ်အိမ်ထဲ အတူတူနေတာ ဘယ့်နှယ် အဆက်အသွယ်မရှိရမှာလဲ ( စိတ်ထဲ ပြောလိုက်မိတာပါ)..
ငါ့ အမကို လဲ တော်တော် ချစ်တယ်.. ဒါကြောင့် သူလာရင် ငါက ခဲအို ခဲအို လို့ ခေါ်တာ လေ.. ငါ့ကို လဲ အရမ်းချစ်တယ် ငါတို့ အိမ်လဲ လာလာနေကျ တဲ့...
သူတို့ ချစ်သူဖြစ်တာ ၂ နှစ်တောင် ရှိပြီ တဲ့... ပြီး နင့် မျက်နှာက ဘာဖြစ်လို့ နီနေတာလဲ သူမက ကျွန်မမေးတယ်.
အဲ့လို စိတ်ခံစားမှုတစ်ခုဖြစ်လာရင် ကျွန်မ ဟန်ဆောင်ဖို့ ခက်ပါတယ်.. ငါ ခေါင်းကိုက်လို့ပါ လို့ ပြန်ဖြေ ပြီး စကားဆက်မပြောဖြစ်တော့ပါ..
ညနေအလုပ်ဆင်းတော့ ကျွန်မအင်မတန်ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် အမ တစ်ယောက် ( ရုရှားလူမျိုးပါ) ကို ပြောမိတယ် ..သူမ ပြန်ပြောတာက အင်း ဟုတ်တယ်လေ အရင်တုန်းက တဲ့
ခုထိ သူတို့ ကြိုက်နေကျတုန်း ဆိုတော့.. အင်း ဟုတ်မယ်ထင်တယ် တဲ့

မျက်လုံးထဲမှာ ချစ်ခင်ရင်းနှီးရတဲ့ ကျန်းမာရေးမကောင်းရှာတဲ့ အမ ကိုပဲ တောက်လျှောက်မြင်မိနေတယ်...
သူမသာ သိသွားရင် ချက်ချင်းတောင် လဲ သေသွားနိုင်တယ်..
၂ နှစ်လောက် ဖြစ်နေတဲ့ ဖောက်ပြန်မှုကြီးက ဘာဖြစ်လို့ ဘယ်သူမှ မသိကြတာ လဲ ..
ဒီမှာ မြန်မာ သိပ်မများတော့ အားလုံး က အကြောင်းသိတွေ ချည်းလိုပါပဲ..
ဒါပေမယ့် သူ့ အကြောင်းတော့ ဘယ်သူပြောတာမှ ကို မကြားမိတာ
မသိတာလား.. သိရက်နဲ့ ဖုံးကွယ်ထားကြတာလား. မသိတော့ပါ..
စိတ်ထဲမှာတော့ လုပ်ရက်လိုက်တာ လုပ်ရက်လိုက်တာ....
လို့ပဲ အကြိမ်ကြိမ်ပြောမိနေတော့တယ်...


အိမ်မက်စေရာ



Friday, September 2, 2011

အားလုံးကို မဆိုလိုပါ နော်...





အားလုံးကို ဝါးလုံး ရှည်ကြီးနဲ့ ကြုံးမရိုက်ပါ... တွေ့ဖူးသမျှ လောက်လေးပါ.... :p


အသဲကွဲနေပါတယ် ဟု နေ့စဉ်နှင့်အမျှ ခံစားကြွေးကြော်နေသော သူငယ်ချင်းကို ဖေ့ဘွခ် မှာ တွေ့သောအခါ အနည်းငယ် အံသြချင်လာပါတယ်.. ဘယ်နှယ် ပို့စ်တွေ အမျိုးမျိုးရေးပြီး tag လိုက် share လိုက် လုပ်နေသော သူ့ရဲ့ ခံစားချက် message တွေကို အကြိမ်ကြိမ် ဖတ်လာရသောအခါ သူတကယ်ပဲ အသဲကွဲနေတာလားလို့ တွေးမိလာပါတယ်.. ကြုံကြိုက်တဲ့တခါ သူနဲ့ ချက်တော့ လဲ အဆင်မပြေဘူးသူငယ်ချင်းရယ် ဟု ညည်းပြပြန်လာပါသည်.. အင်း ဒါဆိုရင်တော့ ဟုတ်လောက်ပါတယ်လေ လို့ ဖြည့်တွေးပေးလိုက်ပါတယ်.. ဘာကြောင့်လဲ သူများအသဲကွဲနေတာ ခံစားနေရတာကို ဘယ့်နှယ်ကြောင့် သံသယ ဖြစ်နေရပါလိမ့် ဆိုရင်တော့ ဘဝမှာ အသဲကွဲ တဲ့ ယောက်ျားကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ခြင်းကြောင့်လို့ ဝန်ခံရမလိုပင်.. ဟုတ်ပါသည် မတွေဖူးပါ.. မကြုံဖူးပါ
ယောက်ျားတစ်ယောက် အချစ်အတွက် ခံစားနေရတာကို တွေ့ကို မတွေ့ဖူးခဲ့တာပါ..
ခံစားရတယ်ကွာ .. သူတို့ညည်းပြီး သိပ်မကြာမည် သကာလပင် သူတို့ ရဲ့ ခံစားရတယ်ကွာ ဟာ ပျောက်ပျက်သွားတက်ပါသည်.. နည်းအမျိုးမျိုးနှင့် ဖြေဖျောက်တက်လိုက်တာလဲ မပြောပါနှင့်. ဒါကတော့ ယောက်ျားများအသိ
ချစ်သူတစ်ယောက်ကို အသဲနှင့်အောင်ချစ်ပြတက်ပြီး တခြားမှာလဲ အီစီကလီ လုပ်ဖို့ ဝန်မလေးတက်သော ယောကျာ်းများတော်တော်လေး တွေ့ဖူးခဲ့ပါသည်. အထူးသဖြင့် အွန်လိုင်းပေါ်တွင်တော့ ပြောစရာကိုလိုတော့မည် မထင်ပါ.. တစ်ခါတစ်လေများ အချစ်စစ်ဆိုတာဟာ ကြားဖူးနားဝ သက်သက်များဖြစ်လာတော့လေမလား နဲ့ တွေးတော ပူပန်ရတဲ့ အဆင့်ကို ရောက်ချင်လာပါတယ်.
ငယ်စဉ်အခါက တွေ့ကြုံဖူးပါသည်..ယောကျာ်းနှစ်ဦး လမ်းလျှောက်လာရင်း ခပ်ချောချော ခပ်တောင့်တောင့် အမျိုးသမီးကို တွေ့လိုက်သောအခါ အိမ်ကဟာကြီးနဲ့တော့ ကွာပါ့ကွာ ဟုကြားမိလိုက်၍
ချက်ချင်းလှည့်ကြည့်မိသည်... မုန်းတီးလွန်းစွာလဲ တောက် တစ်ချက် ခေါက်မိသည်.. ဘာကိုမှန်းမသိ နောက်ပိုင်းတွင် ထိုစကားကြားတိုင်း စိတ်ထဲမှာ အလိုလို နာကျင်တက်လာသည်..ဒါကလဲ မိန်းမထဲ က မိန်းကတစ်ယောက် ဖြစ်နေလို့ ပဲ ဟု ကိုယ့်ကိုယ် ကိုထင်ပါတယ်... ယောက်ျားတွေကို မုန်းနေတာလားဟု မေးလျှင်မမုန်းပါ ဟု ပြောချင်ပါတယ်.. ယောက်ျားလေး သူငယ်ချင်းများစွာ ရှိခဲ့တာ ငယ်ငယ်ထဲကမို့ ယောက်ျားလေးတွေရဲ့ စိတ်ကို တော်တော်များများ တီးခေါက်မိကာ ငါတို့ မိန်းကလေးတွေနဲ့ ကွာလိုက်တာဟု တွေးမိ ရုံလေးပါ....
အချစ်ဆိုတာက နားလည်ရခက်သော ပုစ္ဆာတစ်ပုဒ် ရယ်ပါ...
သူပိုချစ်နိုင်တယ် ငါပိုချစ်နိုင်တယ် ဟု ပြောခက်သလို လူတစ်ဦး ချင်းစီရဲ့ စိတ်နဲ့တော့ တိုင်းတာ ဆုံးဖြတ်လို့ မရနိုင်ပါ....
အချစ်ဆုံးသူငယ်ချင်းတစ်ယောက် တုန်းကလဲ ထိုကဲ့သို့ ပင်..သူ၏ ချစ်သူပေးသော လက်ပတ်လေးကို တန်ဖိုးမထားစွာ ငါလိုချင်လိုက်တာ ဟုတောင်းခဲ့တုန်းက လွယ်လင့်တကူချွတ်ပေးခဲ့တာ သူ၏ချစ်သူက ဝတ်လာခဲ့ ဟု ပြောသောနေ့ကျမှပင် ပြန်တောင်းကာ အဲ့ဒါ ငါ့ချစ်သူပေးထားတာ တဲ့ ..ပြောပုံက သိရင် အစကထဲက မတောင်းဘဲ နေမှာပေါ့ တော်သေးတာက ရှိနေသေးလို့ ပျောက်များပျောက်သွားရင်ဖြင့် .. ...
ဘယ်လောက်ကြီးပဲ ချစ်တယ်ပြောပြော ချစ်သူနဲ့ ခွဲခွာပြီးသွားရင် အများဆုံးခံစားရတာက မိန်းကလေးတွင်ပင် လို့ တွေးမိတော့ မကျေနပ်ချင်..ယောက်ျားလေးတွေ အတွက် စိတ်ဖြေပျောက်စရာ နည်းလမ်းတယ်လဲ များသကိုး..နော်
ချစ်သူကို တစ်ခါပြောဖူးသည်.. အကယ်၍များငါတို့ ကွဲသွားရင် တစ်လလောက်တော့ အရမ်းခံစားရမှာနော် လို့ပြောတော့ သူက ကိုယ်က နှစ်ပတ်လောက်ပဲ တဲ့..............သူက တမင်ပြုံးစိစိဖြင့် ပြောသောငြား ကိုယ်ကတော့ မပြုံးနိုင်ပါ... နင်တို့ ယောက်ျားတွေက ဒါမျိုးပဲ....ဟု မဲ့ ရွဲ့ပြီး ပြန်ပြောရုံကလွဲ ဘာတက်နိုင်ဦးမည်နည်း..ဟုတ်ချင်လဲ ဟုတ်မှာပေါ့
ဆရာမ လွန်းထားထား ၏ စာလေးတစ်ပိုဒ်သွား သတိရမိသည်..
ယောက်ျားဆိုတာမျိုးဟာ အတောင်ပံသာ ရှိခဲ့လျှင် မိုးအဆုံး မြေအဆုံး ပျံချင်တိုင်း ပျံသန်းကြမယ့် လူတွေချည်းပဲလေ။ ............ တဲ့
ချစ်သူ/ မိန်းမ ရှိရက်နဲ့ အီစီကလီတွေ... ကိုယ့် ချစ်သူ/မိန်းမ ကျ ဆက်ဆံပုံတစ်မျိုး တခြားမိန်းကလေးကျ ဆက်ဆံပုံ တစ်မျိုး .. ဒါမျိုးတွေ တွေ့ပါများလာတဲ့ အခါ ငါ လဲ ဒါမျိုးကြုံရမှာလားလို့ တွေးတောပြီး ပင် ကြောက်တက်လာတယ်..တစ်ခါကလဲ အလုပ်ခွင်မှာ အမျိုးသားတစ်ယောက် သူ့ရဲ့ မိန်းမက ၂၄ အရွယ် ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ရယ် သူက မိန်းမနဲ့ နဲနဲ ဝေးပြီဆို နောက်လား ပြောင်လားလုပ်တက်ပါတယ်.. အမြင်ကတ်လွန်းစွာ တစ်ခါမှာတော့ ငါ့ ကို မထိနဲ့ ပိတ်အော်လိုက်တယ်.. ကိုယ့်စကားဘယ်ရောက်သွားလဲ ဆိုတာ သိပါတယ်.. ဒါပေမယ့် ဒါမျိုးကို မုန်းတယ်..
အဲ့လိုပဲ ကံဆိုးလွန်းတာ လား ဒီလို ယောက်ျားလေးမျိုးပဲ အကြိမ်ကြိမ် တွေ့ဖူးလာခဲ့တာ.. အသဲကွဲ တက်တဲ့ယောက်ျားလေး ကို မမြင်ခဲ့ဖူးရိုး အမှန်ပါ..မိန်းမ တစ်ယောက်ကို သိပ်ချစ်တဲ့ယောက်ျားမျိုးတွေ့ဖူးပေမယ့် ကွယ်ရာမှာ တော့ သိပ်တန်ဖိုးမထားတက်ကြတာ သဘာဝလားလို့ တောင်တွေးမိလာတယ်..
ငါ့ ကျရင် ရော.. ဘာတွေဖြစ်လာမလဲ ???????
ဒါမျိုးပဲ ကြုံရမှာလား....????????
နှုတ်ခမ်းဖျားက ချော့မော့တက်ပြီး ကိုယ်ကလွဲ အားလုံးအလှတွေ ချည်းပဲ လို့ သူမြင်နေမလား...????????
မလား ... မလား.... မလား.... တွေနဲ့ ........
သြော် သူငယ်ချင်းက အသဲကွဲ တယ် ဆိုတော့ အသဲကွဲတက်တဲ့ယောက်ျား မတွေ့ဖူးခဲ့လေသမျှ ခုတော့ တစ်ယောက်တွေ့လိုက်လို့ ဘယ်နှစ်ရက် ခံမလဲ စောင့်ကြည့်ပါဦးမယ်...

အိမ်မက်စေရာ

အားလုံးကို မဆိုလိုပါ နော် ..လို့ ကြိုပြောထားတယ်နော်.... တွေ့ဖူးသလောက် နဲ့ တိုက်ဆိုင်တာလေး တစ်ချို့လောက်ပဲ.. :p

Wednesday, February 16, 2011

အတ္တရဲ့ အသုံးချခံ လက်စွပ်လေး


ချစ်သူနဲ့တွေ့တဲ့ ပထမဆုံးနေ့ဟာ အလှပဆုံးနေ့ရယ်လို့ လူတစ်ချို့တင်စားကြမယ်ထင်တယ်..ထိုနေ့ သူနေ့ဆုံတွေ့တဲ့နေ့ရယ် ကျွန်မအတွက်တော့ ဝမ်းအနည်းရဆုံးနေ့ရယ်ပါ..ရာသီဥတု သိပ်ပြီးမသာယာလှတဲ့ ထိုနေ့ တစ်ရက်မှာ သူနဲ့ ကျွန်မဆုံတွေ့ခဲ့လေရဲ့..အဝေးပြေးဘူတာကြီးရဲ့ တစ်ခုသော ကော်ဖီ ဆိုင်လေးမှာ..

လူအဝင်အထွက်များတဲ့ ဆိုင်လေးဟာ ထိုနေ့က ကျွန်မနဲ့ မိတ်ဆွေသုံးဦးရဲ့စကားသံ တစ်ချို့ ဆူညံနေလေရဲ့..ရင်းနှီးဖွယ်ကောင်းတဲ့ သူတို့နဲ့ ပထမဆုံးဆုံတွေ့တဲ့နေ့ရယ်..တစ်ယောက်နဲ့တစ်ယောက်မမြင်ဖူးကြပေမယ့် နိုင်ငံခြားမှာ မြန်မာအချင်းချင်းတော့ ဘယ်လောက်ပဲ လူများများ ရှာတွေ့ဖို့လွယ်ပါတယ်..ကော်ဖီသောက်ရင်း စကားပြောရင်း မိတ်ဆက်ကြတော့ သတိထားမိတာ သူ့ရဲ့ညာဘက်လက်သူကြွယ်က စေ့စပ်လက်စွပ်လေးကိုပါ..အော် ဆိုင်သူရှိထားနှင့်ပြီကိုးကွယ်..ဒီလိုပဲတစ်နေ့တာ ကုန်ဆုံးသွားပြီး ဖုန်းနံပါတ်တွေ အပြန်အလှန်လဲ ဖြစ်ခဲ့တယ်..နောက်ရက်တော့ ဖုန်းတွေ အပြန်လှန်ဆက်ရင်းနဲ့ပဲ ခင်မင်မှုတွေပိုလာခဲ့ပြန်တယ်..သက်ဆိုင်သူရှိနှင့်တာ သိရက်နဲ့ပဲ သံယောဇဉ်ကထိန်းမရ..ရင်ထဲက အတ္တက တစ်နေ့ထက် တစ်နေ့ပိုဆိုးလာခဲ့..လက်စွပ်လေးရယ် အားနာတယ်..ဒီလိုပဲ အချိန်တွေ ကျော်လာခဲ့တာ့ တစ်ခု သော မတ်လရဲ့ တစ်နေ့မှာ သူရဲ့မွေးနေ့လေး ရှိကြောင်း သူအကြောင်းကြားခဲ့လေရဲ့..စိတ်ကူးတစ်ချို့နဲ့ ကျွန်မပျော်နေခဲ့တာ ..ခက်တယ်သူရယ် .ဒါပေမယ် ကံမကောင်းတဲ့ ကျွန်မက မွေးနေ့ နှုတ်ခွန်းဆက်စကားလေးတောင် ပြောကြားခွင့်မရဘဲ ပစ်ပယ်ခံခဲ့ရတဲ့ ဝေဒနာ ဘယ်သူသိမှာလဲတဲ့..သက်ဆိုင်သူက အနားမှာကို..ငို ငို ငို အားရအောင်ငို ပေါ့ ..ရှုံးနိမ့်ပြီးသားလူတစ်ယောက်အတွက် မျက်ရည်ကလွဲပြီးဘာရှိဦးမှာတဲ့လဲ..ဟင့်အင်း ကျွန်မက ဒီလို မိန်းကလေးမျိုးမဟုတ်ဘူး..မျက်ရည်အပြင်အတ္တရှိသေးတယ်..sorry ပဲလက်စွပ်လေးရယ် ကျွန်မရက်စက်ရလိမ့်မယ်..အရှုံးကို မုန်းတယ် ကျွန်မ မပိုင်ဆိုင်ရရင် ဘယ်သူကို မရစေချင်တဲ့ ငယ်စဉ်ကထဲက အတ္တ..မလိုအပ်တော့တဲ့ ပစ္စည်းဆိုရင်တောင် သူများကို မပေးပဲ ဖျက်ဆီးပစ်တက်တဲ့ ကျွန်မရဲ့ အတ္တ..အဲ့ဒီ အတ္တတစ်ခုထဲနဲ့ အမှားတွေလုပ်ပစ်ဖို့ အကြောင်းပြချက် ခိုင်လုံနေပြီလေ...သေသပ်လှပစွာ နဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အေးအေးဆေးဆေး စတင်ခဲ့တယ်...ဇာတ်လမ်းရဲ့ခေါင်းစဉ်က လက်စွပ်လေးနှစ်ကွင်းကို ခွဲပစ်ရေး..တဲ့ ရက်စက်လိုက်တဲ့ ကျွန်မ..

တကယ်လဲ အထမြောက်ခဲ့တဲ့ ဇာတ်လမ်းလေးပေါ့...ပိုင်ပိုင်နိုင်နိုင်ပဲ ကျွန်မသရုပ်ဆောင်ခဲ့လိုက်တာ အဲ့ဒီအထဲမှာ ကျွန်မအသဲနှလုံးတွေ တစ်ဖြုတ်ဖြတ်နဲ့ ပါသွားတာတောင် မသိလိုက်တဲ့အထိ..သူသိရက်နဲ့လား မသိဘဲနဲ့လား ကျွန်မအနားမှာ ပျော်နေတာ..ဟင့်အင်း မသိဘူး မသိချင်ဘူး..ကျွန်မလိုချင်တာ လက်စွပ်လေးကို သူ့လက်က သူကိုယ်တိုင် ကြည်ကြည်သာသာ ချွတ်ပစ်လိုက်မယ့်နေ့..ကျွန်မမသိတာ က အဲ့ဒီလက်စွပ်လေးစီမှာ သူ့ရဲ့ အနာဂတ်တွေ မိသားစုတစ်ခုလုံးရဲ့ ပျော်ရွှင်မှုတွေ...အောင်မြင်မှုတစ်ချို့ ကြိုးစားတည် ဆောက်ထားကြတဲ့ အိမ်မက်လှလှတွေ..အို အားလုံး အားလုံး ပါဝင်နေတယ်ဆိုတာ..အတ္တတစ်ခုရဲ့ အောက်မှာ ဒီအရာလေးတွေ ပျက်စီးသွားမယ်ဆိုတာ ကျွန်မမသိခဲ့...ကျွန်မသိတာ အတ္တနဲ့ မာနတစ်ချို့..ကျွန်မကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဒီဇာတ်လမ်းလေးမှာ သူလဲကြည်ကြည်သာသာနဲ့ ပဲပါဝင်ခဲ့လေရဲ့..နောက်ဆုံးအချိန်မှာ ကျွန်မအင်မတန်အဖြစ်ချင်ဆုံးဆန္ဒကို လက်စွပ်ပိုင်ရှင်လေးရဲ့ မျက်ရည်တစ်ချို့နဲ့ လဲလှယ်ပေးခဲ့တယ်..ကိုယ့်ကြောင့် လူတစ်ယောက်ငိုနေတာကို ပထမဆုံးကြားရတဲ့ထိုနေ့ အနာဂတ်တစ်ချို့နဲ့ သူ့ရဲ့ အိမ်မက်တွေပေးခဲ့တဲ့ ထိုနေ့..ဘဝမှာ လူနှစ်ယောက်ကို နာနာကျင်ကျင်ထိခိုက်စေခဲ့တဲ့ ထိုနေ့..ကျွန်မကိုယ်တိုင် အရမ်းပျော်လိမ့်မယ်လို့ ထင်ခဲ့တဲ့ ထိုနေ့................................................

............... မှားသွားပြီလို့ သိလိုက်ပေမယ့် အချိန်တွေ နောက်ကျ ခဲ့ပြီ...ကျွန်မလက်ထဲကို သူကိုယ်တိုင်လာထည့်ပေးခဲ့တယ် စေ့စပ်လက်စွပ်လေး..“ မင်း လိုချင်နေခဲ့တယ်မဟုတ်လား”..ဘုရားသခင်ရေ

သူသိနေခဲ့ပါလား..“ မင်း ပျော်ဖို့ပါ” ..ဟင့်အင်း ဟင့်အင်း ...မုသားစကားတစ်ချို့ နှုတ်ဖျားက ထွက်ဖို့ကြိုးစားပေမယ့် အချည်းနှီး....“ ကိုယ့် ကို သွားခွင့်ပေးပါ”..မထားခဲ့ပါနဲ့ မထားခဲ့ပါနဲ့..စကားတွေ အပြင်ကို ရောက်မလာခဲ့တဲ့ အထိ ဆွံအနေတဲ့ ကျွန်မ..“ အချစ်ဆိုတာ မင်းသေချာ နားမလည်သေးပါဘူးမိန်ကလေး ရယူခြင်းတွေ အတ္တတွေရဲ့ ဟိုဖက်တစ်ခြမ်းက သန့်စင်တဲ့ အချစ်ကို မင်းမြင်အောင်ကြည့်ပါ ပြီးရင် အချစ်နဲ့ ဘဝကို ခွဲခြားပြီး တစ်ချက်လောက်မြင်ကြည့် မင်း ရင့်ကျက်လာတဲ့တစ်နေ့တော့ ဒါတွေကို နားလည်လာမှာပါ မင်းကြိုးစားခဲ့တာ အားလုံးအောင်မြင်ခဲ့တယ်”..သွားပြီ သူ သူ ကျွန်မကို စိတ်နာ သွားပြီလား..ဒါဆို ဒါဆို သူဘာလို့ ကျွန်မအနားမှာ တစ်ချိန်လုံးရှိနေခဲ့တာလဲ ကျွန်မရင်ထဲမှာ ပဲမေးနေခဲ့တဲ့မေးခွန်းကို သူအဖြေပေးသွားခဲ့တယ် ..“ ကိုယ် မင်းကို ချစ်ခဲ့တယ်မိန်းကလေး ကိုယ်ချစ်တဲ့ မိန်းကလေး တစ်ယောက် ပြုံးဖို့တစ်ခုထဲအတွက် ကိုယ်တည်ဆောက်ခဲ့တဲ့ ဘဝနဲ့ ကိုယ့်ရဲ့ကတိတွေကို ကိုယ် ကိုယ်တိုင်ပြန်ဖျက်ဆီးခဲ့တာ မင်းလိုချင်တဲ့ လက်စွပ်လေးကို ကိုယ်ပေးခဲ့မယ် ဒါပေမယ့် အဲ့ဒီ လက်စွပ်လေးကို မင်းလက်မှာ စွပ်ပေးဖို့တော့ ကိုယ်မဝံရဲတာ အမှန်ပဲမိန်းကလေး မင်းသိပ်အတ္တကြီးတယ်”.................

ကျွန်မအနားက ထွက်ခွာသွားတဲ့ သူ့ကျောပြင်ကို ငေးကြည့်ယုံက လွဲပြီး ကျွန်မ ဘာတက်နိုင်မှာတဲ့လဲ..

အတ္တကြီးတဲ့ ကျွန်မ..အချစ်ကို အတ္တလို့ပဲ မြင်ခဲ့တဲ့ ကျွန်မ..ခုတော့ ထပ်ငိုဖို့ မျက်ရည်လဲမရှိ အင်အားလဲမရှိ..

မရှိ မရှိ..ဘာဆို ဘာမှ မရှိတော့ဘူး..ဘာမှမရှိတော့တာပဲသိတယ်..ကျွန်မဘာမှမသိတော့ဘူး..

အချစ်ကို ကျွန်မရခဲ့ပေမယ့် ........................... လက်စွပ်လေးကို ကျွန်မ ရခဲ့ပေမယ့်...............

ရခဲ့ပေမယ့်.........................ရခဲ့ပေမယ့်..

Sunday, January 30, 2011

နာကျင်ခြင်းရဲ့ အဆုံးသတ်မျဉ်း

"ငါတို့ လမ်းခွဲရအောင်"...သူ့ဆီကမမျှော်လင့်ဘဲကြားလိုက်ရတဲ့စကားကြောင့် ကျွန်မ အရမ်းအံသြခဲ့ရတယ်..စကားမပြောတက်တဲ့လူတစ်ယောက်လို ကျွန်မသူ့ကို ငေးကြည့်နေခဲ့တယ်..ဒါပေမယ့် ကျွန်မရဲ့လက်တစ်ဖက်လေထဲရောက်သွားတာတော့သိလိုက်တယ်..သေချာပြောရရင်သူ့ပါးပြင်ဆီကို.. ."ဖြန်း".."ကောင်းပြီလေ..ဘာကြောင့်လဲလို့ ငါနင့်ကိုမမေးဘူး ယောက်ျားတစ်ယောက်က စလမ်းခွဲလို့ ဒူးနဲ့မျက်ရည်သုတ်ပြီးကျန်ခဲ့မယ့် မိန်းမမျိုးထဲမှာလဲ ငါမပါဘူး..နင်ထွက်သွားလို့ရပြီ".အဲ့ဒါ ကျွန်မပြန်ပြောခဲ့တဲ့ စကား..မိန်းမတစ်ယောက်ရဲ့ မာန အတွက် ဒီလောက်တော့ကျွန်မပြောသင့်တယ်လို့ထင်တယ်လေ..ဒါပေယ့် အဲ့ဒါအမှန်တရားမဟုတ်ဖူးဆိုတာတော့ကျွန်မသိတယ်..ဘာကြေင့်လဲဆိုရင်ကျွန်မသူ့ကိုသိပ်ချစ်လို့လေ..

သူနဲ့စတွေ့စဉ်က.......

ဒီဒီ ဒါငါ့သူငယ်ချင်း ပြင်ဦးလွင်ကပြောင်းလာတာ..မင်းနိုင်ရဲ့ မိတ်ဆက်စကားကြောင့်ကျွန်မမော့ကြည့်လိုက်တယ်..ဆွဲဆောင်မှုအပြည့်ရှိပြီး အပြစ်ကင်းစင်တဲ့ မျက်နှာလေးတစ်ခု..အော် အင်း လာလေ ထိုင်..အအေးသောက်ရင်းသူတို့ကို ခေါ်လိုက်တယ်... ကျွန်မဒီဒီ ပါ..မင်းနိုင်နဲ့က ရင်းနှီးတဲ့ ငယ်သူငယ်ချင်းတွေ..ဟုတ်ကဲ့ ကျွန်တော့် နာမည် ညီသန့် ပါ..အဲ့ဒီကစပြီးသူနဲ့ကျွန်မရင်းနှီးခဲ့တယ် စားအတူ သွားအတူပေါ့...မင်းနိုင်ရဲ့ တမင်တကာ ရှောင်ပေးမှုတွေကြောင့်လဲ တစ်နှစ်အတွင်းမှာပဲ ကျွန်မတို့တအားကို ရင်းနှီးခဲ့ကြတယ်..သူက ကောင်မလေးတွေရဲ့ အလိုက်ကို သိတက်တဲ့သူမျိုးမဟုတ်ပါဘူး..ဒါပေမယ့် လူတဖက်သားကို အရမ်းကို ကူညီဖေးမတက်တယ်...ကျွန်မကို အမြဲအဖော်လုပ်ပေးတယ်..စိတ်ဆိုးစိတ်ကောက်ခြင်းမရှိတဲ့ ပကတိရိုးသားဖြူစင်တဲ့သူ့ကို ကျွန်မတကယ်ကို သံယောဇဉ်ဖြစ်ခဲ့တယ်..သူလဲ ကျွန်မလိုပဲလို့ထင်ပါတယ်..သိပ်မကြာခင်လေးမှာ သူကျွန်မကိုဖွင့်ပြောခဲ့တယ်...“ဒီဒီ” ..“ဘာလဲ ညီ”...“ဟိုဟာလေ ငါနင့်ကိုချစ်လို့”...“အမ်.”..အဲလို အရင်းမရှိအဖျားမရှိသူဖွင့်ပြောခဲ့တာ..ကျွန်မမှာ ရင်ခုန်ရမလို ထရယ်တော့မလိုနဲ့...ပြီးတော့ပြောသေးတယ် “ ငါနင့်ကို ညီမလေးလိုလဲ စောင့်ရှောက်ပါ့မယ်”တဲ့ ကဲကြည့်
“ဟင့်အင်း ညီ ငါနင့်ရဲ့ ညီမလေးမလုပ်ချင်ဘူး” “ဟင် ဘာဖြစ်လို့လဲဒီဒီ ငါ ငါ..နင် ဟာ နင်ငါ့ကိုစိတ်ဆိုးသွားလား ဒီဒီ” တကယ် ညီအရမ်းကို အတယ်...“ ငါနင့်ရဲ့ချစ်သူပဲလုပ်မယ်”...“ဒီဒီ တကယ်ပြောတာနော် နော် ဒီဒီ ဟုတ်လား”....ချစ်စရာကောင်းလိုက်တာ ကျွန်မသူ့ကို အရမ်းချစ်တယ်..
ချစ်သူဖြစ်ပြီးနောက်ပိုင်းလဲ သူကျွန်မအပေါ်အရမ်းကို အနွံတာခံခဲ့တာ..ကျွန်မဘယ်လောက်ဆိုးဆိုး သူစိတ်ညစ်တယ်ဆိုတာ မရှိ..ဘာပြောပြောမငြိုငြင်တက်ခဲ့ဘူး..သူက အဲ့ဒီလိုချစ်သူမျိုးလေ...
အော်သူ့ပုံစံလေးက အသားဖြူဖြူ အရပ်ရှည်ပြီး ဆံပင်အဝါရောင်ဆေးဆိုးထားတယ် ဆံပင်လဲနဲနဲရှည်တယ်..မိန်းမချောချောတယ်လို့လဲပြောလို့ရတယ်..ဖြူစင်တဲ့ မျက်နှာလေးနဲ့ ညီက ကျွန်မထက်တော့ ၂ နှစ်ငယ်တယ်..
တခါတလေ ကလေးလေးလို ဆိုးနွဲ့တက်ပြီး ကျွန်မဆုံးမရင် အမြဲလက်ခံတက်သူလေ..ဒီလိုချစ်သူမျိုးက လမ်းခွဲစကားစပြောလာလိမ့်မယ်လို့ ကျွန်မ အိမ်မက်တောင်မမက်ဖူးဘူး...ဒါပေမယ့်လဲ တကယ်ဖြစ်လာခဲ့တယ်..ချစ်သူဖြစ်ပြီး ၂ နှစ်လောက်မှာ သူကျွန်မကို လမ်းခွဲခဲ့တာပါ...အကြောင်းပြချက်ကို ကျွန်မ မမေးခဲ့သလို သူလဲမပြောပြခဲ့ဘူး.....
ဒါပေမယ့် ကျွန်မသူ့ကို တစ်ရက်မှ မေ့မရခဲ့ဘူး ..ဘယ်နေရာသွားသွားသူ့ရဲ့အရိပ်တွေချည်းပဲ..နေ့တိုင်းပဲ ကြိတ်ငိုနေရတာ အရမ်းလဲ ပင်ပန်းတယ်...အစားလဲလဲ မှန်မှန်မစားနိုင်လို့ ဖျားခဲ့ရတာလဲ အကြိမ်ကြိမ်..အဲ့လိုမျိုးနဲ့ပဲ တစ်နှစ်ဆိုတဲ့ အချိန်ကို ကျော်လာတဲ့အခါ နဲနဲတော့နေသားရလာခဲ့တယ်..
တစ်ရက် ကျွန်မပျင်းတာနဲ့ဈေးဝယ်ထွက်လာခဲ့တယ်..အပြန်ကျတော့ လေကောင်းလေသန့်ရှုချင်လို့မြစ်နားလေးက လမ်းလျှောက်ပြီးအပြန်ပေါ့..ဟိုးဝေးဝေးမှာ အရိပ်ကလေးနှစ်ခုလှမ်းမြင်သလို တစ်ခုသောအရိပ်က ကျွန်မနဲ့သိပ်ရင်းနှီးနေသလို..ဘုရား ဘုရား ရင်တွေတဒိန်းဒိန်းခုန်လာပြီး လက်ဖျားတွေအေးစက်လာသလို...အရိပ်နှစ်ခုကို ရှင်းရှင်းလင်းလင်း မြင်ရချိန်မှာ..ခုန်နေတဲ့ ကျွန်မနှလုံးသား လုံးဝရပ်တန့်သွားသလို အသက်ရှုတာပါ တခါထဲရပ်သွားသလို...
အမလေး ညီလေ..ကျွန်မချစ်တဲ့ညီပေါ့...သူ့နားမှာ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြည်နူးလို့ မုန့်တွေခွံကျွေးရင်း တစ်ယောက်ကို တစ်ယောက်ဖက် လောကကြီးကို မေ့ပြီးပျော်နေလိုက်ကျပုံများ......
ကျွန်မနေရာမှာ တင်ဒူးတွေခွေကျသွားတယ်..အဲ့ဒီတော့ ကျွန်မရှေ့ကိုရောက်နေတဲ့ သူတို့နှစ်ယောက် လာပြေးထူတယ်လေ....“ မထိနဲ့ ငါ့ကို မထိနဲ့”..ကျွန်မအသံ ဘယ်လောက်ကျယ်သွားလဲ ဘေးနားကလျှောက်သွားနေတဲ့ လူတွေလှည့်ကြည့်ကြတယ်....“ ညီ နင်က နင်က.....” စကားတွေထွက်မလာပါ..“ ငါနဲ့ လမ်းခွဲတာ....ဒါကြောင့် ..ဒါကြောင်..”..ကျွန်မစကားပြောနိုင်တဲ့အင်းအားမရှိတော့ပါ..အသက်ရှုလို့လဲမရတော့ပါ...သူတို့ပုံရိပ်တွေမှာ ဝေဝါးသွားရင်း...................
ကျွန်မသတိရလာတော့ ဆေးရုံတစ်ခုရဲ့ကုတင်ပေါ်မှာ အနားမှာ အခင်ဆုံးသူငယ်ချင်းမင်းနိုင်
“မင်းနိုင်..ညီလေ..ညီလေ..သူ”
“ဒီဒီ စကားမပြောနဲ့ နင်အရမ်းပင်ပန်းနေပြီ အေးအေးဆေးဆေး အနားယူလိုက်..အားလုံးငါ သိပြီးသား..”
“ဘာ နင်သိတယ် ဘာကြောင့်ငါ့ကိုမပြောပြခဲ့တာလဲ”
“ပြောတော့ရောဘာထူးမှာလဲ ဒီဒီ နင့်ကိုဒီထက်ပိုနာကျင်စေတာပဲအဖတ်တင်မယ် ဒီမှာ နင့်အတွက် ညီပေးခဲ့တဲ့စာ”
ကတုန်ကယင်နဲ့ စာလေးကို ဖွင့်ဖတ်ကြည့်တော့....
ဒီဒီ
တောင်းပန်တယ်ဆိုတာထက် ငါနင့်ကို ဘာပြောရမှန်းမသိတော့ဘူး..
တကယ်တော့ ငါနင့်ကို ညီမလေးတစ်ယောက်လိုပဲ ချစ်ခဲ့တာ..
ငါထင်တာ ငါ့မှာချစ်သူကောင်မလေး တစ်ယောက်ရှိရင် ငါ့ရဲ့စိတ်တွေမဖောက်ပြန်ဘူးထင်ခဲ့တာ..
သူနဲ့မတွေ့ခင်အထိပေါ့ ဒီဒီ..
သူနဲ့ရင်းနှီးပြီးနောက်ပိုင်း ငါကိုယ်ငါ ဘာလဲဆိုတာ ပိုသေချာသိလာခဲ့တယ်...
ညာချင်ပေမယ့် အသွေးအသားထဲက ခံစားချက်ကို ငါဖျောက်ပစ်လို့မရနိုင်ခဲ့ဘူး...
နင့်ကိုလဲ ဆက်ပြီးမလိမ်ချင်တော့လို့ ငါ နင့်ကို လမ်းခွဲခဲ့တယ် ဒီဒီ...
ငါမှားတယ်ဆိုတာ ငါသိတယ်...တောင်းပန်ပါတယ် နင်က ငါ့ရဲ့ သူငယ်ချင်းကောင်း အမဆိုရင်လဲ ဟုတ်တယ်
ညီမလေးဆိုရင် ဟုတ်တယ်...ဒီဒီ
ငါနင့်ကို နာကျင်စေတဲ့အတွက် ငါကိုယ်တိုင်လဲ တစ်နေ့နေ့ ပြန်လည်နာကျင်ဦးမှာပါ..အဲ့ဒီနေ့ကို ငါ ကျေကျေနပ်နပ်ကြီးစောင့်နေပါတယ် ဒီဒီ.
နင်ကျန်းမာရေးဂရုစိုက်ပါ..
ညီ
............................................ .............................
ကျွန်မကို ဟာသလုပ်ပြီးရယ်နေတဲ့ လောကကို ကျွန်မ ဘယ်လိုအင်အားနဲ့ အန်တုနိုင်မှာတဲ့လဲ....
ဒီလိုလူမျိုးကိုမှ ချစ်မိတဲ့ ကျွန်မနှလုံးသားကို ရော ကျွန်မ ဘယ်လိုလွန်ဆန်ရပါ့မလဲ...
မလဲ ပေါင်းများစွာနဲ့ နာကျင်နေတဲ့ ကျွန်မရင်ဘတ်ကြီး...ဖြစ်နိုင်ရင်ခွဲထုတ် ဖျက်ဆီးလိုက်ချင်တယ်...
အရာအားလုံးတကယ်ကို ပြီးသွားခဲ့ပြီ...
မပြီးနိုင်သေးတာက ကျွန်မရဲ့ ခံစားချက်တွေ..နာနာ ကျင်ကျင်ကြီး ဘဝကို ရှေ့ဆက်နေရတယ်..
ပင်ပန်းလိုက်တာ ...အရင်ကထက် နှစ်ဆတိုးလာ သလို..
တောင်းပန်ပါတယ်လောကရယ် ကျွန်မကို သနားသောအားဖြင့် ငြိမ်းချမ်းခွင့်လေးပေးပါ....................

Friday, January 28, 2011

ချစ်သူဆိုတာ.........


ကောင်လေးတစ်ယောက်ပါ..အာရှနဲ့ဥရောပ စပ်ထားတော့ တော်တော်လေး ဆွဲဆောင်မှုရိတယ်..ကျွန်မလဲ စတွေ့ ခါစတုန်းက တော်လေး သတိထားကြည့်မိတယ်..အလုပ်ဆင်းတဲ့ အချိန်ကျတော့ သူငယ်ချင်းက.. " ချစ်စရာလေးနော်" တဲ..အဲလိုက စလို့ အဲ့ဒီကောင်လေးကို စသတိထားမိတယ်..အလုပ်ဆင်းချိန်ရောက်တော့လဲ တွေ့ပြန်တယ်..အဲ့ဒီတော့လဲသူငယ်ချင်းက " ဟွန်း သူကအရှေ့မှာထိုင်တာ" တဲ့ ပြောပြန်တယ်..ကျွန်မသူငယ်ချင်းဆိုလို့ မြန်မာလို့မထင်လိုက်ပါနဲ့ ဥရောပသူလေးပါ..ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူငယ်ချင်းက ကလပ်ကို တော်တော်နှစ်သက်ပါတယ်..မျက်လုံးပြာပြာလေးနဲ့ ကောင်လေးဆို သဘောကျတက်တယ်..ပွင့်လင်းပြီး ဘော်ဒါစိတ်တော့အပြည့်ရှိသူ စကားကို ရေပတ်မဝင်အောင်ပြောတက်သူပါ..ကျွန်မ နဲ့သူကြားမှာ အဲ့ဒီကောင်လေးအကြောင်းက ပြောစရာစကား တစ်ခု အဖြစအမြဲရှိနေတက်တယ်..သူဖြင့် ဝင်လာပြီဆိုရင် တစ်ယောက်ကို တစ်ယောက်မေးငေါ့ပြရာတာ အမော..အော် ကောင်မလေး တွေ တော်တော်ကဲကဲ ပါလားလို့လဲ ကိုယ့်ဟာကိုယ်တွေးမိပါတယ်...ဒါနဲစကားမစမကျွန်မမှာ ချစ်သူရှိတယ်ဆိုတဲ့ အကြောင်းလေးကြော်ငြာဝင်ပါရစေ..သူငယ်ချင်းမှာလဲ ချစ်သူနဲ့ပါပဲ..အဲ့ဒီနေ့အပြန်မှာပဲ ချစ်သူနဲ့တွေ့တော့ ကျွန်မ ချစ်သူ့မျက်နှာကို သေချာကြည့်ပြီး "ဟွန့် ငါ့ချစ်သူလဲ ချစ်ဖို့ကောင်းပါတယ်နော်"လို့ ပြောဖြစ်တယ်..သူကတော့ သူ့ပုံစံအတိုင်းဘာမှမမေးပါဘူး..အဲ့လိုမျိုးချစ်သူပါ..

နောက်တစ်ရက်အလုပ်ဆင်းတော့လဲ ဒီကောင်လေးအကြောင်းပဲပြောဖြစ်ပြန်တယ်..ချစ်သူကိုအားနာလှပါပြီ..

ဘာရယ်သဘောမဟုတ်ပေမယ်..စိတ်ထဲမှာတစ်မျိုးကြီးရယ်ပါ..အဲ့ဒီကောင်လေးက စကားသိပ်မပြောပါ..အလုပ်ချိန်လဲဖြစ်လို့ဖြစ်ပါလိမ့်မယ်..သူ့အကြောင်းတော့ ကြားမိတယ်..ငယ်ငယ်ထဲက အမေက ထားပစ်ခဲ့တာတဲ့..အဖေက အခုကျန်းမာရေးမကောင်းဘူးဆိုလားပဲ .သေချာတော့မသိပါ..

အလုပ်ဆင်းချိန်ရောက်ပါပြီ..

"မြန်မြန်လုပ်နောက်ကျတော့မယ်. "

"အင်းပါ..ပြီးပြီ အသေးလေးရဲ့"...သူငယ်ချင်းက ကျွန်မကိုခေါ်တဲ့နာမည်ပါ

"နောက်ကျနေမယ်..၂ မိနစ်လောက်နောက်ကျတာနဲ့ ငါ့ရထားလွတ်သွားမှာ"..

"မှီပါတယ်ဟာ..ဟဲ့ဟဲ့"

"ဘာဖြစ်တာလဲဟ"

"အရှေ့မှာလေ.."

"ဘာတုန်း.."

"ဟို ချစ်စရာလေး လေ.."

"အော် အင်း.."

မှတ်တိုင်ရောက်တော့လဲ..သူငယ်ချင်းနဲ့ ကျွန်မ စကားပြောနေတုန်း သူမရောင်မလည်နဲ့ ရောက်လာတယ်..

သူငယ်ချင်းက.."ဟိုင်း" လို့ နှုတ်ဆက်တော့ သူက လဲပြန် "ဟိုင်း" တယ်..

"ဘယ်လိုလဲ အစဉ်ပြေတယ်ဟုတ်.."

"အင်း ဒီလိုပဲ ပြေပါတယ်..".

"လာလေ ငါတို့နဲ့အနောက်ဖက်မှာ လာစီး"..သူငယ်ချင်းကခေါ်လိုက်တာပါ..သူလဲလိုက်လာပါတယ်

ရထားပေါ်ရာက်တော့ လဲ သူတို့နှစ်ယောက် ကျွန်မနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်ကြတယ်..

စကားအပြန်အလှန်ပြောရင်းတော်တော်လေးရင်းနှီးသွားကြတယ်..

ကျွန်မထင်ထားတာနဲ့မတူပဲ ကောင်လေးက တော်တော်လေးရဲတင်းသွက်လက်ပါတယ်..

အေးအေးလေးလို့ ထင်မိတာ မဟုတ်ပါလားလို့ တွေးမိတယ်..

ခဏနေတော့ဖုန်းပြောတယ်..ပြီးတော့ ကလပ်သွားမလို့တဲ့..အင်း အဲ့ဒီမှာ စတွေ့တာပဲ ..သူငယ်ချင်း မလေးကလဲ ကလပ်ခပ်ကြိုက်ကြိုက်..

အဲ့ဒီအချိန်မှာ ပဲ သူငယ်ချင်းရဲ့ဖုန်းကမြည်လာတယ်..

"ဖုန်းလာနေတယ်လေ"..ပါးစပ်ပိတ်မထားပဲ ပြောမိတယ်

"နေပါစေ..ထားလိုက်"

"ဟွန်းးး.." သက်ပြင်းမောချမိတယ် ဒီအချိန်မှာ ဖုန်းဆက်သူ ဟာ သူ့ချစ်သူကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူးဆိုတာ သူရော ကျွန်မရော သိပါတယ်...ဒါပေမယ့် သူမကိုင်ပါ..

တစ်ချိန်ထဲမှာ ကျွန်မဖုန်းလဲ မြည်လာ ပါတယ်..ဟုတ်ပါတယ် ..ကျွန်မချစ်ရသူ ကျွန်မချစ်သူပါ..

ဖုန်းမြည်တဲ့အချိန်မှာလဲ ကျွန်မတို့နှစ်ယောက်တွဲရိုက်ထားတဲ့ ပုံလေး ပေါ်နေပါတယ်..တမင်တကာ သူတို့မြင်အောင် ကိုင်မိပါတယ်..

"ဟဲလို ကို...... အင်း ခဏနေတွေ့မယ်နော်.."

အလုပ်ဆင်းချိန်တူတဲ့အခါချစ်သူနဲ့ ကျွန်မတွေ့ဖြစ်ပါတယ်..

ရထားပေါ်ကဆင်းတော့ သူငယ်ချင်းကျွန်မနဲ့ မလိုက်နိုင်ပဲ တွက်ထိုးမဆုံး..

အော်သူ့ချစ်သူကို အဆီမဆိုင်အားနာမိပြန်တယ်..

ထားလိုက်ပါတော့..ကျွန်မတော့ လမ်းမြန်မြန်လျှောက်လို့ ချစ်သူတွေ့ဖို့..

ပြီးရင်...ချစ်သူကို sorry ပြောဖို့လဲ ပြင်ဆင်ထားပါတယ်..တခြားကောင်လေးအကြောင်း စဉ်းစားမိလို့..

ချစ်သူကတော့ သူ့ပုံစံအတိုင်း ကျွန်မခေါင်းလေးကို ပုတ်ပြီး ပြုံးနေဦးမှာ မြင်ရောင်သေး..ပြီးရင် ကဲတော်ပြီ လာတစ်ခုခုသွားစားရအောင် ဆိုပြီး ကျွန်မကြိုက်တဲ့ ကွေ့တီယို လိုက်ကျွေးပါလိမ့်မယ်..

အဲ့ဒါ သူ့ရဲ့ မရိုးနိုင်တဲ့ အပြုအမှုလေးပါ..အမြဲတမ်းလန်းဆန်းတဲ့ အချစ်တွေနဲ့ နားလည်တက်သူ..အဲ့ဒါ ကျွန်မတို့ရဲ့ ချစ်သူဘဝပေါ့..သူတို့ ဥရောပသူတွေနဲ့မတူစွာ လေးနက်တဲ့ ချစ်ခြင်းတွေနဲ့ပါ..အမြဲတမ်းခိုင်မြဲအောင်လဲ ကျွန်မတို့ ကြိုးစားနေမှာ..သားတွေ သမီးတွေရတဲ့အထိပေါ့နော်..

အဲလို အတွေးနဲ့ လမ်းလျှောက်နေတုန်း...သူငယ်ချင်းက ဟိုဖက်ရထားလမ်းတဖက်ကနေ လက်ပြပြီး မျက်လုံးလေး မှိတ်ပြသွားလေရဲ့..ကျွန်မလဲ လက်ပြန်ပြလိုက်တယ်...

အင်း မနက်ဖြန်ကျရင်တော့ ကြားရဦးမယ်..ရင်လှိုက်သဲဖို သူ့ရှဲ့ဇာတ်လမ်းကို...

အချစ်မပါ အနှစ်သာရမရှိတဲ့..ခဏတာ သူတို့ရဲ့ ပျော်ရွှင်မှု တွေ................................ဘယ်တော့များမှာအဆုံးသတ်မှာလဲလို့ တွေးရင်း..................................

ကျွန်မခြေလှမ်းတွေက စောင့်နေတဲ့ ချစ်သူဆီကို ဦးတည်လို့ ....................