သူမ အတန်ကြာ ငြိမ်သက်နေရင်းက စကားပြောဖို့ စဉ်းစားမိလဲ စကားလုံးပေါင်းများစွာက လည်ချောင်းဝမှာ တစ်ဆို့နေ..တစ်ဖက်မှာ ပေါ်နေတဲ့ သူငယ်ချင်းရဲ့ မျက်နှာကို ဘယ်လို အင်အားနဲ့ ကြည့်မလဲ လို့ စဉ်းစားနေချိန်မှာ တစ်ဖက်မှ သူငယ်ချင်းကလဲ ဘယ်လို နှစ်သိမ့်ရမလဲ လို့ စဉ်းစားနေမှာ အသေအချာ..ပြောစရာ စကားမဲ့ပြီ နှစ်ဦးစလုံး ရင်ထဲမှာ ပြောစရာတွေ များနေလဲ စကားလုံး အဖြစ်ပြောင်းမလာသေး..
လွန်ခဲ့တဲ့ အချိန်တော်တော် များများ က ပျော်ရွှင်စွား ဆိုခဲ့လေသော စကားလုံးနဲ့ အသံတွေလဲ ရုတ်တရက် ကြီး .. ပျောက်ကွယ်
ငါ လက်ထပ်တဲ့ အချိန်က ဓါတ်ပုံ မပို့ ဖြစ်ဖူးလို့ ဆိုကာ ချစ်ရသူ ခင်ပွန်းသည် နှင့် အတူ တွဲ ရိုက်ထားသော ဓါတ်ပုံကို ချစ်သူငယ်ချင်းအား ခုလေးတင် ပဲ ထုတ်ပြခဲ့တာ...
သူ ငါ့ကို သိပ်ချစ်တာလေ.. အရမ်းလဲ နားလည်မှု ရှိတယ် ..ငါပျော်တယ်သိလား ..နင်နဲ့ မိတ်ဆက်ပေးဦးမယ်....
အကောင်းဆုံးသော စကားလုံးများနှင့် သာ ခင်ပွန်းသည် နဲ့ သူမတို့ ရဲ့ အိမ်ထောင်ရေး ကို ဖော်ပြခဲ့တာ..ဝမ်းသာ အားရ ဖြစ်နေတဲ့ သူငယ်ချင်းက အားကျလိုက်တာ နော်....ငါ လက်ထပ်ရင်လဲ နင့်ကို ရှိစေချင်လိုက်တာ ..ဒါပေမယ့် ငါက ရည်းစားပဲ ရှိတာ ချစ်သူရှိဘူးလေဟယ် တဲ့ ... အကျီစားသန်ကာ စိတ်ထားကောင်းသော သူငယ်ချင်းက ဆိုတယ်..
ဓါတ်ပုံ ဖွင့်ကြည့်ဦးလေ ဟာ လို့ စိတ်မရှည်စွာ သူမဆိုတော့..
အမလေး တကထဲ မှ ပဲ ဟု ဆိုကာ မေးလ်ကို ချစ်သူငယ်ချင်း ဖွင့်ကြည့်လေတော့ ရုတ်တရက် ပြောင်းသွားတဲ့ မျက်နှာအရောင်..
ဘာဖြစ်လို့လဲ ဟု သူမ စိုးရိမ်စွာ မေးတော့ ..
နင် စိတ်ငြိမ်ငြိမ်ထားနော်..တဲ့
ဘာလဲ ဟင် .. ဝေခွဲ ရခက်စွာ ထပ်မေးပြန်တော့
ချစ်သူငယ်ချင်းက.................
နင့် ခင်ပွန်းသည်က ငါ နဲ့ vzo မှာ ရည်းစားဖြစ်နေတဲ့သူ.................တဲ့
ငါ ဓါတ်ပုံ ပြန်ပို့ပေးမယ် ကြည့် ကြည့်ပေါ့..... ပြီးမှ ယုံပါ တဲ့..
......................
...................
.............
...........
အကြိမ်ကြိမ် အခါခါ ကြားဖူးခဲ့ ပြီး ဖြစ်တဲ့ vzo ချစ်ပုံ ပြင် တွေ ခုတော့ သူမ ကိုယ်တိုင် ပါဝင် ပတ်သတ်နေရပြီလား...
ကင်မရာ တစ်ခု စီရဲ့ ရှေ့မှာ သူမရော သူမရဲ့ သူငယ်ချင်း ပါ ... အတွေး ကိုယ်စီဖြင့် စကားမဆိုမိသေး.....
ငါ သူ့ကို ..နင့်ရဲ့ ခင်ပွန်းသည်ကို မချစ်ဖူး နော်.. ရည်းစားပဲ ချစ်သူမဟုတ်ဘူး..........ဒါကြောင့် ငါ့ဖက်က ရှင်းတယ် နင့်ဘက်ကသာ သေချာဆုံးဖြတ်.............
..................
.......
......
..
သူမ ဘာကို ဆုံးဖြတ်ရမှာ ဘာလိမ့်... ဒီလို အချိန်မှာ သူမ ဘာကို ဆုံးဖြတ်နိုင်ဦး မှာလဲ.. အွန်လိုင်း ဖြစ်ပျက် ကြတဲ့ ကိစ္စကို သစ္စာမဲ့သူ လို့ ဆိုပြန်ရင် သူက အပျော်လို့ ဆိုလေမလား....
အတည်ယူလို့ မရတဲ့ အခြေအနေလား...
တကယ်တော့ သူမ ဘာဆို ဘာမှ နားမလည်နိုင်တော့တာ..
ခုမှ တည်ထောင် ကာစ အိမ်ထောင်ရေးမှာတင် ချစ်ခင်ပွန်းသည်က သူမကို စိတ်ကုန်လေပြီလား............
ဒါမှမဟုတ် vzo ဆိုတာ စိတ်ကွယ်ရာမို့ လွတ်လပ်စွာ ဖောက်ပြန်ခွင့် ရှိနေတာ လား ..
အိမ်မက်စေရာ
၀၅.၀၃.၁၂
4 comments:
?? တကယ်ကြီးလား အစ်မ ??
ဪ ဇာတ်လမ်းကိုး :D လန့်သွားတာပဲ။ အခုမှ category ကြည့်မိတာ
း) လန့်ပါနဲ့ မြတ်ကြည်ရဲ့.
အင်း...အပြင်မှာသာ အဲဒီလိုဆိုရင် ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ တွေးရင်းနဲ့ နည်းပညာနဲ့ ကျင့်ဝတ်အကြောင်း အတွေးနယ်ချဲ့မိသွားတယ်...ခေတ်ပဲလား...လူပဲလားကွယ်...
Post a Comment