Pages

Tuesday, March 20, 2012

Frankfurt, Germany က ရထား ဆန္ဒပြမှု


Warnstreiks in Frankfurt

20.03.12

U-Bahnen, Straßenbahnen und Busse fahren nicht - S-Bahnen verkehren planmäßig - Von Mittwoch an fahren alle Linien voraussichtlich wieder ..


ဒီနေ့ frankfurt( Germany ) မြို့မှာ ရထားတွေ ဆန္ဒပြကြတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကလဲ တစ်ခါ ပြတယ်။ အဓိက ကတော့ လစာ ကြောင့်ပေါ့နော်။

ပြီးခဲ့တဲ့ အခေါက်က တော့ ဆန္ဒပြမယ် ဆိုတာ ကြိုတင် ကြေငြာတယ်။ နေရာတိုင်းမှာ information ပေးတယ်။ ဘူတာရုံတွေမှာလဲ information တွေ အပြည့်ပေးထားတော့ အားလုံးကြိုတင် ပြင်ဆင်လို့ ရတာပေါ့။

အဲ့ဒီနေ့ က အိမ်မက် အလုပ်ကို Taxi နဲ့ သွားရတယ်။ ၂၅ ယူရို ကုန်သွားတယ်။ စိတ်တိုလိုက်တဲ့ ဖြစ်ခြင်း ရယ်။ တစ်ချို့တွေ က နားရက်လဲ တယ်။ သူငယ်ချင်းတစ်ယောက်က အိမ်မက်နဲ့ အတူတူ သွားမယ် Taxi ဖိုး တစ်ယောက်တစ်ဝက် ပေးမယ် ဆိုလို့ အင်း လုပ်လိုက်တာ။ ပြီးတော့ သူက နားရက်လဲ လို့ ရသွားတယ်။ အိမ်မက် လဲချင်တော့ မရတော့ဘူး လူက များနေပြီ၊ ဒါနဲ့ ပဲ Taxi နဲ့ သွားရတယ်။ အပြန်ကျတော့ တခြားသူငယ်ချင်းရဲ့ ကားနဲ့ ပြန်လာတယ်။

ကဲ ခု ဒီတစ်ခါ ဖြစ်ပြန်ပေါ့။ လူတော်တော် များများ ကြိုမသိကြဘူး။ တစ်ခေါက်ဖြစ်ပြီးပြီ ဆိုတော့ ထပ်မဖြစ်တော့ဘူး ထင်တာ၊ ထုံးစံ မရှိဘူးလေ။ တစ်မြို့ထဲ မှာ နှစ်ကြိမ်ဆန္ဒပြတယ်ဆိုတာ။ အဲ့ဒါကြောင့် အားလုံး စိတ်အေးလက်အေး နေနေတာ၊ မနေ့ ကမှာ အမေ ဖုန်းဆက်လို့ သိရတာ၊ သိသိချင်း အင်တာနက်မှာ ရှာကြည့်တော့ ဟုတ်တယ်။ အင်း ဒီတစ်ခါတော့ Taxi နဲ့ မသွားနိုင်ဘူး ။

အမေ က ညက အိမ်မက်ဆီမှာ လာအိပ်တယ်။ အိမ်မက်အိမ်က နေ သူ့အလုပ်ကို သွားဖို့ ရထားတစ်မျိုးရှိတယ်။ Sbahn လို့ခေါ်တယ်။ ဒီကောင်က တော့ ထွက်တယ်။ အချိန်ပဲ နဲနဲ အပြောင်းအလဲ ရှိတယ်။ အိမ်မက်ရဲ့ အလုပ်ကို သွားရတာ ကြတော့ Ubahn ၊ ဒီကောင်က ဒီနေ့ တစ်နေ့လုံးမထွက်ဘူး။

ဒါနဲ့ အိမ်မက်လဲ သူငယ်ချင်းဆီဖုန်းဆက် တော့ သူက မနက် အတူတူသွားမယ် ပြောပြန်ရော၊ နောက်တော့ အဆင်မပြေဘူး ဘတ်စ်ကားလဲ မရှိတော့ သူ့ရဲ့ ယောက္ခမ က ကားနဲ့ လိုက်ပို့ပေးမယ်ပြောတယ်။ သူနဲ့ အိမ်မက်က နေတာဝေးတယ်လေ လမ်းမှာ တွေ့ဖို့ချိန်းထားတာ ခုတော့အဆင်မပြေဘူး။ အိုကေ လို့ ငါ အလုပ်ကိုပဲ ဖုန်းဆက်လိုက်မယ်ပြော လိုက်တယ်။

အလုပ်ကို ဆက်တော့လဲ မရဘူး။ ရုံးခန်းတွေက များက များ။ အိမ်မက်တို့ ဘက်ကို ကိုင်ထားတဲ့ Chef ဆီခေါ်တယ် ဘယ်လို့မရဘူး။ ရုံးခန်းထဲမှာ ရှိပုံမရဘူး ၊ ဒါနဲ့ ပဲ သူငယ်ချင်းဆီပြန်ဆက် ကဒ်နံပါတ်ပေးပြီးတော့ နင်အလုပ်ရောက်ရင်ပြောပေးပါ ၊ ငါ့ကို နားရက်လဲ ပေးရင်ပေး မဟုတ်ရင် holiday စာရင်းထဲ ထည့်ပေး ဆိုပြီး။သူကလဲ အိုကေ လုပ်ပေးမယ် ပေါ့။

အချုပ်ကတော့ အိမ်မက်တို့ ဒီနေ့ အိမ်မှာ ငုတ်တုတ်။

နားရက်က ကြာသာပတေး ၊ ကြည့်ရတာ ကြာသာပတေး အလုပ်ကို အစား ပြန်ဆင်း ပေးရမယ်တော့ ထင်တယ်။ ဒါက ပြီးမှာ သူငယ်ချင်းဆီ ဖုန်းဆက်မေးကြည့် ရမှာ။

ခုလို မျိုးကြီး အလုပ်ပျက်ရတာ စိတ်ထဲ မှာ မတင်မကျနဲ့။

ဒါပေမယ့် တက်နိုင်ဘူးကွယ်။

ရထားတွေ ဘတ်စ်ကားတွေကတော့ သူတို့ တောင်းဆိုထားတာ မရရင် ဒီထက်ပိုပြီး ဆန္ဒပြမယ်ပေါ့။သူတို့ မထွက်ရင် အားလုံးက ဒုက္ခရောက်ကုန်တာ ၊ လမ်းပန်းဆက်သွယ်ရေးက သိပ်အဓိက ကျတာကိုး။ အင်း သူတို့ကို လစာတိုးပေး ပြန်တော့လဲ အိမ်မက်တို့လို ပြည်သူတွေက ရထားခ ကားခတွေ တိုးပေးရပြန်ရော။ အဲ့ဒါကိုမှ မကျေနပ်ရင် အလုပ်သမား ပြည်သူတွေက တစ်ခါ ပြန် ဆန္ဒ ပြ ။ ဒါနဲ့ပဲ ဂျာအေး ကို သူ့အမေရိုက် မုန့်လုံး စက္ကူကပ်နေတော့တာ။


ကိုယ့်နိုင်ငံ တစ်ခုထဲ ကုန်ဈေးနှုန်းပြဿနာ ရှိတယ် မထင်ကြနဲ့။ တခြားနိုင်ငံတွေလဲ အတူတူပဲ။

ဟိုဟာ ဖြစ်လိုက် ဒီဟာဖြစ်လိုက်နဲ့။ နေ နေရတဲ့သူတွေက တစ်ခါတစ်ခါ ဆို ဆက်ပဲ နေရမလို ပြန်ပဲ ပြေးရမလိုနဲ့..။

သြော် ဘဝ ဘဝ......။

အနာဂတ်ကို မျှော်ကြည့်ရင် ..

ခုချိန်ထိ ဘာမှ မသေချာ နိုင်သေးတဲ့ ဘဝပါလားလို့.. .........။


အိမ်မက်စေရာ

၂၀.၀၃.၁၂

6 comments:

ရင်ဆူး said...

အိမ်မက်စာလေးဖတ်လိုက်ရတာ....လူကို မောသွားတာဘဲ......ခုမှဘဲ ရထားဆန္ဒပြတယ်ဆိုတာကြားဖူးတော့တယ်.....ဒီလိုပါဘဲ လူဆိုတာ ဆန္ဒပြည့်တယ်ဆိုတာ ရှိမှ မရှိကြတာ.....ကိုယ့်နိုင်ငံမှ မဟုတ်ဘူး သူများနိုင်ငံလည်း အတူတူပဲနော်......အိမ်မက်လေး အရာရာ အဆင်ပြေ ပါစေ.....

Snow May said...

ဟုတ်တယ်.. အဲဒါဒီကို စရောက်ရောက်ချင်း ကြုံဖူးတယ်.. အစ်မတစ်ယောက်က လာကြိုပေးမှာကို သူ့ဘက်မှာ ရထားဆန္ဒပြတာနဲ့ကြုံတော့ တစ်ယောက်တည်း လာခဲ့ရတာ

mstint said...

ရထားဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဖတ်သွားတယ်အိမ်မက်ရေ။
နိုင်ငံတိုင်းမှာအခက်အခဲကိုယ်စီနဲ့ပဲနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

[ဟုတ်ပါတယ်နိုင်ငံတိုင်းမှာ ခက်ခဲမှုကိုယ်စီတော့ရှိကြတာပဲ

aungkorea said...

thu toe si mar lal nout te nout tet naing tha kwel
~~good luck for dream ~~^^^^

Mrs. Bagel said...

အဲလိုပါပဲ အစ်မရေ။ အေးအေးလူလူ နားပေါ့ အစ်မ။ :)