ကိုယ့်ရဲ့ အိမ်မက်တွေကို တခါတလေမှာ ကိုယ် ကိုယ်တိုင်အတွက် ဖျက်ဆီးပစ်ရတက်ပြီး တခါတလေမှာတော့ ကိုယ်ချစ်တဲ့သူတွေအတွက် အပျက်စီး ခံရတက်တယ်.. ဒီနေရာလေးက လက်တွေ့မှာ မက်ခွင့်မရတော့တဲ့ အိမ်မက်တစ်ချို့ကို ဆက်လက် ရှင်သန်ခွင့်ပေးထားတဲ့ နေရာလေးပါ.. ( အိမ်မက်စေရာ )
Showing posts with label family and life. Show all posts

Monday, December 24, 2012
ခရစ္စမတ်ချိန်ခါ မေမေ့ မွေးနေ့ မင်္ဂလာ
၂၅ ဒီဇင်ဘာ.
ပျော်ရွှင်စရာ ခရစ်တော်မွေးနေ့ပါ
ထူးဆန်းတဲ့ ရက်မြတ်ခါ
အံ့သြဖွယ်ရာ
ကယ်တင်ရှင် ဖွားမြင်လာ....။
ဆန်းကြယ်မှုနဲ့ တိုက်ဆိုင်စွာ
ဒီလို အေးချမ်းတဲ့ ချိန်ခါမှာ
ပျော်ရွှင်စွာ carol သီချင်းသံကြားမှာ
လူသား တစ်ဦး မွေးဖွားလာ..
ချစ်တဲ့ ကျွန်မရဲ့ မေမေပါ...။
Merry Christmas and Happy Birthday to Mom !!
အိမ်မက်စေရာ
Friday, February 24, 2012
My Birthday..

My Birthday..း)
Birthday မှာ wish လုပ်ပေးကြတဲ့ သူငယ်ချင်း မောင်နှမ များအားလုံးကို အိမ်မက် အထူးအထူးပဲ ကျေှးဇူးတင်ကြောင်းပါ နော်...
ထိုင်းဆိုင်မှာ မိသားစုနဲ့ သွားစားဖြစ်တယ် မောင်နှမများ ကိုလဲ ပြန်လည် ဧည့်ခံလိုက်ပါတယ်..တစ်ယောက်ထဲစားရတာ မျိုမကျလို့ ...း)
အသားပေါင်း
ကြက်ဆီထမင်းနဲ့ ထိုင်းသင်္ဘောသီးထောင်းစပ်စပ်
ဝက်ပေါင် ချဉ်စပ် ဟင်းရည်
ဒါက အိမ်မှာကင်စားတဲ့ ကြက်ကင် ..( နဲနဲ တူးသွားတယ် အဟိ အဲ့ဒါကြောင့် နံနံပင်နဲ့ အုပ်ထားတား) ဟဟ )
ချစ်တဲ့
အိမ်မက်စေရာ
Birthday မှာ wish လုပ်ပေးကြတဲ့ သူငယ်ချင်း မောင်နှမ များအားလုံးကို အိမ်မက် အထူးအထူးပဲ ကျေှးဇူးတင်ကြောင်းပါ နော်...
ထိုင်းဆိုင်မှာ မိသားစုနဲ့ သွားစားဖြစ်တယ် မောင်နှမများ ကိုလဲ ပြန်လည် ဧည့်ခံလိုက်ပါတယ်..တစ်ယောက်ထဲစားရတာ မျိုမကျလို့ ...း)
ချစ်တဲ့
အိမ်မက်စေရာ
Friday, July 1, 2011
ကရင်အလံအကြောင်း

ကျွန်မ ကရင်လူမျိုးတစ်ဦးဖြစ်သည့် အားလျှော်စွာ ကရင်အမျိုးသားအလံတော် အကြောင်း ကို ဗဟုသုတအနေနဲ့ အနည်းငယ် ဖော်ပြပေးချင်ပါတယ်..ဒီပို့စ်ထဲမှာ မည်သည့်ရည်ရွယ် တစ်စုံတစ်ခုမျှမပါဝင်ပါဘူး.. သူ့ရဲ့ အဓိပ္ပါယ်နဲ့ ဖြစ်ပေါ်လာပုံကို စိတ်ဝင်စားစရာတစ်ခုကအနေနဲ့ ရေးသားခြင်းသာဖြစ်ပါတယ်....
ကရင်အမျိုးသားအလံတော်ဟာ လွန်ခဲ့တဲ့ ၁၉၃၅ ခုနှစ်လောက်က စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်.. စတင်ရေးဆွဲစဉ်မှာတော့ အလံတော်ပုံစံရေးဆွဲပြိုင်ပွဲအဖြစ်သတ်မှတ်ပေးခဲ့ ပါတယ်..
ပထမဆုရရှိတဲ့အလံဟာ ဖားစည်ပုံ ဖြစ်ပါတယ်.. အဓိပ္ပါယ်ကိုဖော်ပြရာမှာတော့ ရှေးခောတ်ကရင်လူမျိုးဟာ ဖားစည်ကို လက်နတ်သဖွယ် ကိုင်ဆောင်ကြပါတယ်..အသက်တစ်မျှတန်ဖိုးထားလွန်းလို့ သက်ရှိအဖြစ်သတ်မှတ်ကာ ဖားစည်တစ်လုံး ဟုမခေါ်ဝေါ်ပဲ ဖားစည်တစ်ခု အဖြစ်ခေါ်ဝေါ်ကြပါတယ်..စည်းလုံးညီညွတ်မှုကိုလဲ ရည်ညွန်းပါတယ်..
ဒုတိယဆုရရှိတဲ့အလံကတော့တက်သစ်စနေဝန်းအမှတ်အသားဖြစ်ပါတယ်..အဓိပ္ပါယ်ကိုဖော်ပြရာမှာတော့ကရင်လူမျိုးများရဲ့ တိုးတက်ထွန်းလင်းတောက်ပမှု..ကြောက်စိတ်ဖယ်ရှားမှု ကို ရည်ညွန်းပါတယ်..
အဲ့ဒီနောက် အမျိုးသားအလံတောက်ကို အတည်ပြုတဲ့အခါမှာ အရောင်သုံးမျိုးနဲ့ နေဖြာရောင်ခြည်(၉) ခုလဲပါဝင်ခဲ့ပါတယ်..
အနီရောင်မှာ ရဲရင့်ပြတ်သား သတ္တိရှိခြင်း ဇွဲရှိခြင်း
အဖြူရောင်မှာ ဖြူစင်ခြင်း နှင့် သန့်ရှင်းစင်ကြယ်ခြင်း
အပြာရောင်မှာ ဖြောင့်မတ်တည်ကြည်ခြင်း ငြိမ်းချမ်းသာယာခြင်း
နေဖြာရောင်ခြည်(၉)ခု မှာ ကရင်လူမျိုးများရဲ့ နေရပ်ဌာနီကို ဖော်ပြခြင်း.............တို့ဖြစ်ပါတယ်
ဒါကြောင့် ဒီလိုအဓိပ္ပါယ်ပြည့်ဝပြီး ကရင်လူမျိုးများ အလေးအနက် တန်ဖိုးထားရာ ကရင်အမျိုးသားအလံတော်ကို
ကရင်နှစ်သစ်ကူး နေ့တိုင်းမှာ အလံတော်လွင့်ထူပြီး ကရင်လူမျိုးအားလုံး အလေးပြုကြပါတယ်....

Sunday, June 19, 2011
ပါးပါး အတွက်....
ပါးပါး အတွက်..
ဟိုးအရင် ကနှစ်တိုင်းဒီအချိန်ဆို အဖေ့အတွက် အမှတ်တရလက်ဆောင် တစ်ခုခုပေး ဖြစ်နေကျ.. ဒီနိုင်ငံကြီးရောက်ပြီးနောက်တော့ အဖေ့ကို မပေးဖြစ်တော့ဘူး.. ဒါပေမယ့် ရင်ထဲမှာ အဖေ အမြဲရှိနေတယ်..
သမီးက အဖေတူသမီး အဖေ့ရဲ့ အသဲ.. လောကကြီးထဲမှာ ဘယ်သူ့ကို မှ မျှဝေမပေးချင်လို့ တစ်ယောက်ထဲရောက်လာခဲ့တာ.. သမီးလောကကြီးထဲ ပထမဆုံးရောက်တဲ့နေ့ အဖေအနားမှာ မရှိဘူး
အဲဒီနေ့က
စနေနေ့.... တိုက်ဆိုင်စွာ တူညီမှုတွေထဲက အဖေ့ရဲ့ မွေးရက်မှာ ပဲ သမီးလောကထဲ ရောက်လာတာ.. အဲ့ဒါ သမီးအမြဲကျေနပ်နေတဲ့ အချက်..လှိုင်းလုံးတွေကြားမှာအလုပ်လုပ်ရတဲ့အဖေက နောက်တစ်ရက်မှ သမီးရဲ့မျက်နှာကို မြင်ခွင့်ရခဲ့တယ်.. အဲ့လိုနဲ့ ကောင်မလေး တစ်ယောက် ကြီးပြင်းလာတယ် အဖေ.. အော် အဖေတူသမီးက အဖေ့လိုပဲ ခြေထောက်ခွင်ခွင်လေးနဲ့ မလှပေမယ့်လဲ သမီး နှစ်သက်တယ် အဖေ.. ပြီးတော့ အဖေ့ရဲ့ ပါးမို့မို့ လဲ သမီးရထားလေရဲ့....
သူများတွေက ပြောတာ အမေဆိုတာ သူငယ်ချင်းလိုပဲတဲ့.. သမီး အတွက် တော့ အဖကသာ သူငယ်ချင်းကောင်းဖြစ်ခဲ့တာ လောကမှာ ဘယ်အရာကို မဆို အဖေနဲ့တိုင်ပင် နေကျ အဖေ့ရဲ့ အကြံဥာဏ်သာ သမီးအတွက် အရေးပါဆုံးဖြစ်ခဲ့တာ.. ဘာကိုမဆို အဖေနားလည်ပေးတက်တယ် ဒေါသဆိုတာ အဖေ့မျက်နှာပေါ်မှာ တစ်ခါမှာ သမီးမမြင်ဖူးခဲ့ရဘူး တကယ်တော့ အဖေက အတ္တနဲ့ အသက်မရှင်သူပေါ့.. သမီးမျက်ရည်ကျရင် ထပ်တူထပ်မျှ ဝမ်းနည်းတက်သူ.. မငိုပါနဲ့ သမီးရယ် လို့ အမြဲနှစ်သိမ့်တက်သူ
ဒါတင်မက လူငယ်သဘာဝကို နားလည်ပေးတက်သူ ..သမီးရဲ့ မွေးနေ့ပွဲတိုင်းကို ပျော်ရွင် လွပ်လပ်စွာ ဖန်တီးပေးသူ .. သူငယ်ချင်းတွေ အားလုံးပေါ်မှာ လဲ သားသမီးလို ချစ်တက်သူပေါ့ ဒါကြောင့် အားလုံးကလဲ အဖေ့ကို သမီးခေါ်သလို ပါးပါး လို့ ခေါ်ကြတာပေါ့....
ဟော နောက်တစ်ခု သမီးစားတဲ့ ဟင်းလျာတိုင်းကို အဖေလက်ရာ ပဲဖြစ်စေသူပေါ့.. ဒီခက်ဆိုးဆိုးသမီးက အဖေမှ ဟင်းမချက်ရင် ထမင်းကို ကောင်းကောင်း မစားတက်လွန်းလို့ အဖေ အလုပ် အမြဲ များရတာပေါ့.. သမီးက အဖေ့သမီးဖြစ်ရခြင်းကို အမြဲပဲ ဝမ်းသာ ဂုဏ်ယူတယ် အဖေ.. ဘယ်လို ပြဿနာ မျိုးမဆို အဖေနဲ့ တိုင်ပင် ရင်ဖွင့်ရင်း အသက်ရှင်ရတာကို က သမီးကျေနပ်နေတာ...
အဖေ့ကို သမီး သိပ်ချစ်တယ်အဖေ ဘယ်သူတွေ ဘာတွေနဲ့မှ နှိုင်းမရအောင်ချစ်တာပါ.. မှတ်မိသေးလားအဖေ သမီးဘွဲ့ယူတဲ့နေ့ အဖေ့ရဲ့ ပီတိပြုံးတွေနဲ့ သမီးခေါင်းပေါ်က ပန်းကလေးတွေကိုတောင် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးနေသေးတာ... အဲ့ဒီနေ့က အဖေသိပ်ပျော်တယ်.. အဖေက သမီးရဲ့ မျက်ရည်ကို သိပ်မုန်းတယ် ဒါကြောင့်လဲ သမီး အဖေ့ရှေ့မှာ ဘယ်တော့မှ မငိုဘူးအဖ.. အဖေကို လေ သိပ်စိတ်ချမ်းသာစေချင်လို့...
အခုတော့ သမီး အဖေနဲ့ ဝေးနေရတယ်အဖေ.. အဲ့ဒါ သမီးစိတ်အဆင်းရဲဆုံး.. သူငယ်ချင်းတစ်ယောက်ကပြောတယ် အဖေ.. အဲ့ဒါ နင်အသုံးမကျလို့တဲ့ နင် အဖေ့ကို ပစ်ထားတယ်တဲ့.. မဟုတ်ရပါဘူး အဖေရယ်.. ဒီလမ်း ဒီခရီးကိုသမီး မလာချင်ဆုံး ဆိုတာ အဖေ အသိ...
ဒါဆို ဘာကြောင့် ရောက်လာလဲ.. ဘာကြောင့်လို့ အဖေထင်လဲ... ဒါဟာ အဖေ့ရဲ့ ဆန္ဒမို့ပေါ့ အဖေ
ပြီး အဖေ့ကို အပစ်တင်မခံရအောင်ပေါ့.. မျက်ရည်တွေနဲ့ သမီး ဒီခရီး ကို ထွက်ခဲ့တာပါ အဖေရယ်...
တမ်းတတယ် အဖေရယ် ..အဖေ့ရဲ့ ချစ်ခြင်း နားလည်မှု အားပေးမှု အားလုံးပါ အဖေ
တကယ်တော့ အဖေ့သမီးဟာ.. အဖေ့ရဲ့ မေတ္တာကြောင့်သာ လောကကြီးထဲမှာ အသက်ရှင်နေနိုင်တာပါ....
စာတွေအများကြီးရေးချင်သေးတယ်အဖေ.. ဘယ်လောက်ရေးရေး ရေးလို့ကုန်မှာ မဟုတ်ဘူး..
အဖေ့ကို ပိုပို ပြီး သတိရမှာ ကြောက်လို့ ဒီလောက်ပဲရေးလိုက်တယ်နော် အဖေ...
အဖေ့ကို လွမ်းတဲ့ ဝေဒနာက သမီး အနာကျင်ဆုံးမို့ပါ .....
ချစ်တဲ့သမီး
( သမီးရဲ့ facebook မှာ အဖေ ရှိတယ် ဆိုတာ သူများတွေသိရင် အံသြမှာနော် အဖေ သမီးတို့သားအဖက သိပ်ပွင့်လင်းလွန်းလို့လေ....)

Subscribe to:
Posts (Atom)