Pages

Showing posts with label ဟိုအကြောင်း ဒီအကြောင်း ကိုယ့်အကြောင်း. Show all posts
Showing posts with label ဟိုအကြောင်း ဒီအကြောင်း ကိုယ့်အကြောင်း. Show all posts

Tuesday, November 20, 2012

ဖိုးဆိုချင် ခင်မောင်ညွန့် တဖြစ်လဲ အိမ်မက်စေရာ


အားလုံးပဲ မင်္ဂလာပါ !!

မကြာခင် လပိုင်းအတွင်း ခရစ်စမတ် ဆိုတဲ့ အချိန်လေး ရောက်လာတော့မယ်နော်..
တစ်ချို့တွေလဲ ခရစ်စမတ်အတွက် အစီအစဉ်လေး တွေ ကြိုတင် ဆွဲပြီးလောက်ပြီ ထင်ပါတယ်..
တစ်ချို့ကျတော့လဲ ခရစ်စမတ်အပြီး နယူးရီးယား( new year) အတွက် ကြိုတင် ပြင်ဆင်နေလောက် ကြပြီထင်တယ်..
ဘလော်ဂါ သူငယ်ချင်းတွေရော ဘာအစီအစဉ်တွေများ ဆွဲထား ကြလဲ ??

အိမ်မက်တစ်ယောက်ကတော့.......................

ခရစ်စမတ် အတွက် အထူး အစီအစဉ်ရယ်လို့ ဘာမှ မရှိဘူး.. အလုပ်က တောက်လျှောက်ဆင်းရမှာရယ် နားရက်ရှည် မရတာ ရယ်ကြောင့်ပါ..တစ်ခုပဲ အဲ့ဒီနေ့မှာ မိသားစု တစ်ခုခု စုပြီး ချက်စားကြမယ် လို့တော့ စီစဉ်ထားတယ်..မိသားစုရယ်သာ ပြောတာ မနဲ စုရဦးမယ်.. ဘယ်သူမှ မအားဘူး.. သေချာတာဆိုလို့ အိမ်မက်ရယ် အိမ်မက် မေမေ ရယ်ပဲ ရှိတယ်.. အဒေါ်တွေ ဘာတွေကလဲ သူတို့ မိသားစုနဲ့ သူတို့ ဆိုတော့ မအားကျဘူးလေ။ သူတို့လဲ သူတို့ အစီအစဉ်နဲ့ပေါ့။
ပြီးရင် ဆုတောင်းမယ်။ ဒါက တော့ ပုံမှန် ပေါ့။ ဘယ်သူမှ မရှိလဲ တစ်ယောက်ထဲ ဆုတောင်းတယ်။

နောက်အစီအစဉ် တစ်ခုက ကရင် နှစ်သစ်ကူးပါ။
ကရင် ပြက္ခဒိန်မှာ နှစ်သစ်ကူးကိုအင်္ဂလိပ် ပြက္ခဒိန်နဲ့ တွက်ကြည့်လိုက်ရင် ၂၀၁၃ ဇန်နဝါရီ ၁၂ မှာ သွားကျတယ်။
မြန်မာနိုင်ငံမှာတော့ အဲ့ဒီ ရက်စွဲ အတိုင်း အတိအကျ ကျင်းပလေ့ရှိတယ်။
ဒါပေမယ့် ဒီမှာ ကျတော့ အားလုံး အားတဲ့ရက်ရယ် အဆင်ပြေမယ့်ရက် ခန်းမ ငှားလို့ ရတဲ့ ရက် လုပ်ကြမယ် ဆိုတော့ အနီးစပ်ဆုံး ဒီဇင်ဘာ ၃၀ မှာ လုပ်ဖို့ ဆုံးဖြတ်တယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေက အိမ်မက်လဲ အစည်းအဝေးသွားပြီး အားလုံး ဝိုင်းဝန်း တိုင်ပင်ဖြစ်ကြတယ်။ အိမ်မက်တို့ ဒီဂျာမနီက တခြားနိုင်ငံတွေနဲ့ မတူတာက ကရင်လူမျိုးနည်းတယ်လေ။ တခြား နိုင်ငံမှာ ကရင်ဆို ရင် လူကြီး၊ လူလတ်၊ လူငယ် တွေစုံပြီး အုပ်စုလိုက် အများကြီးပဲ။ ဒီမှာတော့ လူဦးရေ နည်းတဲ့ အပြင် ဒီလို အထိမ်းအမှတ်နေ့ ကျင်းပကြမယ်ဟေ့ ဆိုရင် လူကို မနဲစု ရတာ။ မအားကျတာရယ် မိသားစု ကိစ္စတွေရယ် ကြောင့်လဲ ပါတယ်။ ဒါနဲ့ အဲ့လို မရှိ ရှိတဲ့ လူလေး စုပြီး ဒီနှစ်ကိုလဲ နှစ်စဉ် လုပ်နေကျအတိုင်း နှစ်သစ်ကူး လုပ်မယ်ဆိုပြီး  ဆုံးဖြတ်ကြတယ်။ တာဝန်တွေ တက်နိုင်သလောက်ခွဲယူကြတယ်။ 
အစီအစဉ်ကို အပိုင်းသုံးပိုင်း ခွဲထားတယ်။
ပထမပိုင်းကတော့ ရိုးရာ အစဉ်အလာအတိုင်း အလံအလေးပြု၊ အမျိုးသားသီချင်းဆို ၊ သဝဏ်လွှာဖတ် ကြားရေးပေါ့။ 
အိမ်မက်ရယ် ညီမလေး တစ်ယောက်ရယ် ဒီအစီအစဉ်မှာ အစီအစဉ်မှူး( အခမ်းအနားမှူး) အဖြစ် တာဝန်ယူထားတယ်။ အိမ်မက် တစ်ခါလုပ်ဖူးတယ်။ သိပ်အခက်အခဲ မရှိပါဘူး။ စာရွက်ကိုင်ပြီး စကားလှအောင်ပြောပေး ရုံလောက်ပဲး)။
ဒုတိယပိုင်းကတော့ ... အစားအသောက် အစီအစဉ်ပေါ့။
တတိယပိုင်းက ဖျော်ဖြေရေး အစီအစဉ်။
အဲ့ဒီအစဉ်မှာလဲ အိမ်မက်က အခမ်းအနားမှူး အဖြစ် တာဝန်ယူရတယ်။ တစ်ယောက်ထဲပေါ့။ ဒါတော့ အိမ်မက် ပထမဆုံးအကြိမ်လုပ်မှာ။ နဲနဲ တော့ စိတ်ပူတယ်။ မလုပ်ဖူးတော့ အမှားအယွင်းဖြစ်မှာ ကြောက်တယ်။ သူတို့က သီချင်းဆိုမယ့်သူတွေ စာရင်းပဲ ပေးထားတာ ကျန်တဲ့ အပိုင်းက ကိုယ့်အပိုင်း။ ဒီအတိုင်း မတ်တပ်ကြီး ရပ်ပြီး နာမည်တွေ ရွတ် တစ်ယောက်ပြီး တစ်ယောက်ခေါ်လို့ လဲ မပြီးပြန်ဘူး။ ကိုယ့် အရှေ့ က လူတွေ လုပ်တုန်းက စိုစိုပြေပြေ ပျော်ပျော်ရွှင်ရွှင်လေးရယ်။ အိမ်မက်လဲ အဲ့လိုလေး ဖြစ်ချင်တာ ကြိုးစားကြည့်ရမယ်။ စကားတွေ အများကြီး ပြောရမယ်ထင်တယ်။ သြော် ပြီးတော့ ရှိသေးတယ်။ သီချင်းဆိုဖို့လေး)) အိမ်မက်တို့ အဖွဲ့မှာ မိန်းကလေး ( လူငယ် ) သိပ်မရှိတော့ ရှိတဲ့လူတွေ အားစိုက်ရမှာ။ ဒါမှ ခမ်းခမ်းနားနားလေး ဖြစ်မယ်လေ။ အင်း အိမ်မက် သီချင်းဆိုမှာ။ ဟိ တစ်ခါမှ မဆိုဖူးဘူး ဒီလိုမျိုး live ကြီးကို စင်ပေါ်မှာ တက်ဆိုတာမျိုး။ ဒါပေမယ့် ကိုယ့်ရဲ့ အမျိုးသားနေ့မှာ တက်နိုင်သလောက်ပါဝင် ချင်တဲ့စိတ်နဲ့ပါ။ နှစ်ပုဒ်ဆိုမယ်လို့ တော့ စဉ်းစားထားတယ် ။ စာရင်းလဲ ပေးပြီးပြီ နောက်လ သီချင်းတိုက်ရမယ်။
ဖားစည်မြေမှ ဖိတ်ခေါ်သံ ..မီးမီးခဲ ဆိုထားတဲ့ အမျိုးသား သီချင်းလေး အဲ့ဒါလေးကြိုက်လို့ ..
နောက်တစ်ပုဒ်က love song မင်းအလိုကျ အားမူဆိုထားတာ..း))
အဖွဲ့လိုက်လဲ တစ်ပုဒ်ဆိုမယ်..
အိမ်မက်နဲ့ တွဲတဲ့ ညီမလေးကလဲ အင်္ဂလိပ်သီချင်း ဆိုမယ်ဆိုတော့ ကြည့်ထားတာ m2m သီချင်းထဲကတော့ တွေ့ထားတယ်။
အားလုံးချုပ်လိုက်တော့ အိမ်မက်တစ်ယောက် ဖိုးဆိုချင် ခင်မောင်ညွန့် ဖြစ်သွားတယ်းD ။
သိပ်များနေပြီထင်တယ် စုစုပေါင်း ၆ ပုဒ်လောက်ရှိမယ်။ အသံမထွက်မှာလဲ ကြောက်တယ်။ နဲနဲ ပြန်လျှော့မလားလို့ စဉ်းစားထားတယ်။
ပြီးသွားရင် အခွေ ထုတ်မှာ ဆိုတော့ အိမ်မက် ဘလော့မှာ ပြန်တင်မယ်နော်..
အားပေးကြပါဦး။
ခုလောလောဆယ်တော့ အိမ်မက်ဆိုမယ့် သီချင်းနှစ်ပုဒ်ကို နားထောင်ပြီး အကြံဥာဏ်လေး ပေးကြပါဦးနော်။းD



အားလုံးပဲ ပျော်ရွှင်ဖွယ် နေ့လေး တစ်ရက် ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..
အိမ်မက်စေရာ
၂၀.၁၁.၁၂

Sunday, November 11, 2012

ကိုယ့်ကြောင့် ဖြစ်ပေါ်လာတဲ့ စာအုပ်တစ်အုပ် my life with a soul.. တဲ့




လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် က လူတစ်ယောက်( မြန်မာ မဟုတ်သူတစ်ဦး) နဲ့ အွန်လိုင်းမှ တစ်ဆင့်ရင်းနှီးခဲ့တယ်..
အွန်လိုင်းရဲ့ သဘောသဘာဝ အရ ဒီလိုပဲ ဟိုပြော ဒီပြော ရင်း သူငယ်ချင်း ဖြစ်သွားခဲ့ဖူးတယ်..
သူ့အကြောင်းသိရသလောက် အသက်ငယ်ငယ်လေး နဲ့ စိတ်ကျ သလိုဖြစ်နေပြီး အပေါင်းအသင်း လဲ သိပ်မရှိ သလောက်ပဲ..

အားတဲ့ အချိန် စကားပြော မအားတော့လဲ မက်ဆေ့ထားခဲ့ ဒီလို နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာခဲ့တယ်..

အခက်အခဲတွေ ရှိလဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုင်ပင် အားပေးဖြစ်တယ်..

ဘာမှ မဟုတ်ပေမယ့် စိတ်ညစ်စရာတွေကို မျှဝေရင်းပဲ အချိန်တွေ ကို ဖြတ်ကျော် လာခဲ့တယ်..

သူက စာဖတ် ဝါသနာပါသူ.. စာရေးတာ ဝါသနာ ပါသူ....ကိုယ်နဲ့ ဝါသနာတူသူပေါ့..

သူက အင်္ဂလိပ်စကားကို ကျွမ်းကျင်သူ..ကိုယ်က ဟိုတစ်လုံး ဒီတစ်လုံး ပြောတက်သူ.. 

အချိန်တွေ ကြာလာခဲ့ပြီးတော့ ကိုယ့်ဖက်ကပဲ အဆက်အသွယ် ဖြတ်ခဲ့တာ..အကြောင်းအရင်းကတော့ 

ကိုယ့်ဘဝရဲ့ လက်တွဲဖောက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး သူအထင်လွဲမှာကို မလိုလားလို့ပါ..

ဒီလိုနဲ့ အွန်လိုင်းပေါ်က သူငယ်ချင်းတစ်ယောက်ကို လွယ်လွယ်လေးပဲ မေ့သွားခဲ့တယ်..

တစ်ဖက်ကတော့ မကြာမကြာ မက်ဆေ့တွေ ထားပြီး နှုတ်ဆက်လေ့ရှိတယ်..

ကိုယ့်ဖက်ကတော့ အကြောင်းမပြန်ဖြစ်ခဲ့ဘူး.............

သူက ပြောလာတယ်..စာအုပ်တစ်အုပ်ရေးဖြစ်တယ်..
သူ့ရဲ့ ဘဝအကြောင်း ခံစားမှုအကြောင်း ဘာသာရေးနဲ့ ခံယူချက် အကြောင်း ပြီး ကိုယ့်အကြောင်းတဲ့...

ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ရဲ့ စကားက ကိုယ့်ကို ဘယ်လို မှ ဆွဲဆောင်မှုမပေးနိုင်ခဲ့သလို ယုံလဲ မယုံခဲ့ဘူး..
သူက ထပ်ပြောသေးတယ်..
စာအုပ်ကို ပက်ဘလစ်ရှ် လုပ်ပြီးပြီ...ထုတ်လုပ်ဖြန့်ချီ ပြီးပြီတဲ့...

တစ်နှစ်ကျော်မက ကြာပြီးတဲ့အချိန် ကိုယ်သိပ်ပျင်းလို့ အွန်လိုင်းပေါ် ကိုယ့်နာမည်ရိုက်ထည့် ပြီး ဘာတွေများ ရှိမလဲလို့ ရှာကြည့်လိုက်တော့ ....
စာလုပ်လေး တစ်အုပ်ပေါ်လာတယ်... 

My Life With a Soul တဲ့...


စာရေးသူ အမည်မှာတော့ ..ထို ဆယ်ကျော်သက်အမည်နဲ့ စာအုပ်အကြောင်း အကျဉ်းချုပ်မှာတော့ ကိုယ့်နာမည် တွေ့လိုက်တယ်..

တကယ်ကို အံ့သြသွားခဲ့ရသူက ကိုယ်ပါ..
သူ့စီကို ကွန်ကရက်ကျူလေးရှင်း လုပ်ကြောင်း စာပို့လောက်တယ်..သူ့ရဲ့ အောင်မြင်မှုအတွက်တော့ တကယ့်ကို ဂုဏ်ယူ ဝမ်းသာမိပါတယ်..

သူနဲ့ ဆုံတွေ့စဉ်က ကိုယ်က ပျော်ပျော်နေတက်တဲ့ ကောင်မလေး ..
သူက စိတ်ကျနေတဲ့ ကောင်လေး..

အချိန်အကြာကြီး ကုန်လွန်ပြီးတော့ ကိုယ်က ရက်စက်တဲ့ အပြောင်းအလဲတွေကြားမှာ လောကဓံကို လူးလှိမ့်ပြီးခံစားရင်း စိတ်ကျချင်လာတဲ့ ကောင်မလေး..
သူက ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ သူ့ရဲ့ လမ်းကြောင်းပေါ် ရပ်တည်နိုင်ခဲ့သူ ကောင်လေး..


ဒီထက်ပိုပြီး အောင်မြင်ပါစေ ....!!!!

အိမ်မက်စေရာ
၁၁.၁၁.၁၂

Monday, April 2, 2012

ဧပရယ်လ် suicide





ဘာလိုလိုနဲ့ မတ် လထဲကိုရောက်နေပြီ..နောက်လဆို ဧပြီလ..သြော် နှစ်တွေ လတွေပြောင်းလဲခဲ့တာများ အိမ်မက်မက်သလိုရယ်..ဧပြီလ ရောက်တော့မယ်ဆိုတိုင်း စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းအရာက ခေါင်းထဲအလိုလိုရောက်လာတယ်..ကြာခဲ့ပြီ သုံးနှစ် လေးနှစ်လောက်တောင် ကြာခဲ့ပြီ ဒါပေမယ့် သတိရဆဲ အမှတ်ရဆဲ ..မောင်လေး နေကောင်းပါစေ..
( ၂၀၁၁ မတ်လထဲက ရေးခဲ့တဲ့ ပို့စ်လေးကို ခုမှ အဆုံးသတ် ဖြစ်သွားလို့ အကြောင်းအရာရဲ့ အစက မတ်လ ဖြစ်နေတာပါ..)
........................

ဧပြီရဲ့ လဆန်းတစ်ရက်မှာ အဲ့ဒီအဆောင်ကို ကျွန်မတို့ရောက်ခဲ့တယ်..ကျွန်မရယ် ကျွန်မရဲ့သူငယ်ချင်း မေရယ် သူ့မောင်လေး ဝမ်းကွဲ ကောင်းကောင်းရယ်..အကြောင်းအမျိုးမျိုးကြောင့် ဒီအဆောင်ကို အတူတူပြောင်းဖြစ်ခဲ့တယ်..

မြန်မာသူငယ်ချင်းတွေလဲ တော်တော်များပါတယ်..ရောက်ခါစနေ့မို့တော်တော်လေးပင်ပန်းတယ် ပစ္စည်းတွေ နေရာချ လိုအပ်တာတွေဝယ် ချက်လိုက် ပြုတ်လိုက်ပေါ့..ကျွန်မက မေနဲ့ တစ်ခန်း ကောင်းကောင်းက တစ်ခြားသူငယ်ချင်းကောင်လေးနဲ့ တစ်ခန်း..ကျွန်မတို့ရဲ့ အပေါ်ထပ်မှာ..

ဒီအဆောင် ကတောအုပ်စပ်နားလေးမှာ လူနေအိမ်တွေရှိပေမယ့် သူဝန်းနဲ့ သူ့ခြံ ခပ်ကြဲကြဲ ရယ်..အတော်လေးတော့ အေးချမ်းတဲ့ နေရာလေးလို့ ကျွန်မသတ်မှတ်မိတယ်...အဆောင်က ငါးထပ် ဒါပေမယ့် တော်တော်လေးမြင့်တယ်..ရောက်ခါစမှာ အားလုံးလာနှုတ်ဆက်ကျရင်း တော်တော်လေးကို ရင်းနှီးသွားခဲ့ကြတယ်..ပျော်စရာကောင်းတဲ့ နေ့လေး တစ်ရက်ပေါ့..

လောလောဆယ် ကျွန်မတို့လုပ်စရာမရှိ ကျောင်းတက်ဖို့ လဲ ရက်ကလဲလိုသေး အဲ့ဒီတော့ စားလိုက် အိပ်လိုက် ဈေးဝယ်သွားလိုက်ပေါ့..

"မေရေ ဒီနေ့ ဘာချက်လဲ".. ဟင်းချက်ကောင်းတဲ့မေက ကျွန်မကို တစ်ရက်တစ်မျိုး မရိုးအောင်လဲ ချက်ကျွေးတက်သေးပါတယ် ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းပါ...နေ့လည်ထမင်းစားချိန်ဆို ကောင်းကောင်းလဲ ကျွန်မတို့နဲ့ အတူလာစားပါတယ်...
"မကြီးတို့ရေ ဘာချက် ကောင်းကောင်း ဗိုက်ဆာပြီ.."
"လာဟေ့ စားမယ် အဆင်သင့်ပဲမောင်လေးရေ..."
ဒါက ကျွန်မတို့ သုံးဦးစီက နေ့စဉ်ကြားရနေကျ အသံလေးတွေ..

ညနေဆိုလဲ အတူတူပဲ စားဖြစ်ကြတယ်..အဲ စားပြီးရင် တော့ ကျွန်မရယ် မေရယ် တောအုပ်လေးထဲ လမ်းလျှောက်ထွက်ကြတယ်..နဲနဲ တော့ ကျောထဲစိမ့်မိတယ် တကယ့်ကို တောစစ်စစ်မို့ ဒါပေမယ့် အန္တရာယ်ရှိတဲ့ နေရာဆိုရင် အစိုးရက တားမြစ်နယ်မြေအဖြစ်သတ်မှတ်ပေးထားတယ်..အဲ့ဒီထဲတော့ သွားလို့မရဘူးပေါ့နော်...တောကောင်တွေရှိလိမ့်မယ်လို့ တော့ကျွန်မထင်တာပဲ...ညဘက်ဆိုရင်တော့ တကယ့်ကိုကြောက်စရာ...ကျွန်မရဲ့ ဒုက္ခက ဘာလဲဆိုရင် ညဘက် အပေါ့အပါးသွားတက်တဲ့ အကျင့်ရယ်..


တစ်ည ကျွန်မအပေါ့သွားဖို့ထွက်လာတယ်.. အိပ်ခန်းနဲ့ အိမ်သာကလဲ နဲနဲဝေးတယ်..အပေါ့သွားပြီးအပြန် ဖွင့်ထားတဲ့ ပြတင်းပေါက်က လေတစ်ဖျပ်ဖျပ်ဝင်နေတဲ့ အသံကို နားထောင်ပြီး ကျွန်မခြေလှမ်းမြန်မြန်လျှောက်မိတယ်..ဘာကြောင့်မှန်းမသိ ကျောထဲမှာချမ်းသလို အခန်းနားမရောက်ခင် “ အား” ဆိုတဲ့ အသံတစ်ခုကြားလိုက်ရတယ် ဘာမှန်းမသိ ကျွန်မတော့ ကြောက်ကြောက်နဲ့ ဘယ်လိုအခန်းပြန်ရောက်လာမှန်းမသိလိုက်ဘူး...နောက်နေ့မနက်တော့ ပြောကြတာက အပေါ်ထပ်က လူတစ်ယောက်အိမ်မက်မက်ပြီးရောင်အော်တာတဲ့...ဒါပေမယ့် စိတ်ထဲမှာ မသိုးမသန့်ရယ်..

နောက်ရက်လဲ ဒီလိုမျိုးထပ်ဖြစ်တယ်ပြောတာပဲ ကျွန်မတော့မကြားလိုက်မိဘူး အဲ ဟိုတစ်ရက်ကဖြစ်တဲ့သူတော့မဟုတ်ဘူးနောက်တစ်ယောက်တဲ့...

ဒီလိုမျိုးတွေဖြစ်ပြီး ရက်ပိုင်းအတွင်း ပြဿနာနောက်တစ်ခုက ..ကျွန်မတို့ အဆောင်ရဲ့ အပေါ်ထပ်အခန်းက TV ကြည့်ဖို့ဆိုပြီး အခန်းတစ်ခုထားထားပေးထားတယ်..အဲ့ဒီမှာ လူတစ်ယောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတယ် မြန်မာထဲက တော့မဟုတ်ဘူး..ကျွန်မတော့ ယောင်လို့တောင်အပေါ်ထပ်ကို မသွားတော့ဘူး..ခုချိန်ထိတော့ ဒီပြဿနာတွေက ကျွန်မတို့နဲ့ ဘာမှ မဆိုင်သေးပါဘူး..ဆိုင်လာနိုင်လိမ့် မယ်လို့လဲ ကျွန်မတို့ ဘယ်လိုမှ တွေးမထားမိကြပါဘူး..

“ဟေး ညီမတို့ သင်္ကြန်အတွက် ဘာအစီအစဉ်ရှိကြလဲဟေ့”..သူငယ်ချင်းဖြစ်တဲ့ ကိုကျော်ကျော်က မေးလာတယ်

“ ဟင့်အင်း ဘာမှမရှိဘူး ဘာအစီအစဉ်ရှိလို့လဲ အစ်ကို”

“ frankfurt သွားလည်မလားလို့ အဲ့မှာ သင်္ကြန်လုပ်မှာလေ”

“ဟုတ်လား ဒါဆို လဲ အားလုံးစုပြီးသွားကြတာပေါ့”

“အေး ကောင်းတယ် ..ဟုတ်တယ် ကောင်းတယ်” ..အားလုံးသဘောတူခဲ့ကြတယ်

“ ညီမရေထမင်းစားရအောင် ကောင်းကောင်းလဲ ဆင်းမလာသေးဘူးနော်” မေက မေးလာတယ်

“အင်း ဟုတ်တယ် စားနှင့်မလား”
“အင်း စားနှင့်တာပေါ့ သူဗိုင်ဆာရင်ဆင်းလာလိမ့်မယ်”

“ခဏနေ လမ်းလျှောက်ကြရအောင်နော်..”

လမ်းလျှောက်ပြီးပြန်လာတော့..“ ညီမရေ ကောင်းတစ်ယောက်ထမင်းလဲ လာမစားဘူးနေမကောင်းဘူးလား မသိဘူး သွားကြည့်ရအော် နော်”

“ ဟုတ်လား မေ သွားကြည့်မယ်လေ”..အဲ့ဒါနဲ့ အပေါ်ထပ်ကို တက်ဖြစ်ခဲ့တယ် အခန်းတံခါးက စေ့ရုံစေ့ထားတော့ ကျွန်မတို့တွန်းဝင်သွားလိုက်တယ်.. အိပ်ယာပေါ်လှဲနေတဲ့ ကောင်းကောင်းကိုတွေ့ရတယ်..

“ ကောင်းကောင်း နေမကောင်းဘူးလား”
“အင်း”

“ထမင်းလားစားလေ”
“မစားသေးဘူး”..
ကျွန်မနဲ့မေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အောက်ကို ပြန်ဆင်းလားခဲ့တယ် ကောင်းကောင်းက ဘယ်သူနဲ့မှ စကားပြောချင်ပုံမရဘူး..

နောက်တစ်ရက်...ကောင်းကောင်းရဲ့ အခန်းဖော်ရောက်လာတယ်.

“ကောင်းကောင်းက ညဘက်တွေ မအိပ်ဘူးအမ ကျွန်တော် အမတို့သိအောင်ပြောပြတာ သုံး လေးရက်ဆက်တိုက်ရှိပြီ”

“ဘာဖြစ်လို့လဲ”

“မသိဘူး အမ ကျွန်တော်မေးတော့ နေမကောင်းဘူးပြောတယ် ဒါနဲ့ကျွန်တော်လဲ ဆေးပေးလိုက်တယ်”

နေ့လည်ဘက် ချက်ပြုတ်နေတော့ မီးဖိုချောင်မှာ လူစုံနေကြတယ်...အားလုံးနောက်လိုက်ပြောင်လိုက်နဲ့..အဲ့ဒီအချိန်ကောင်းကောင်းရောက်လာတယ်..နှုတ်ခမ်းမှာလဲ ဖွေးလို့ ဆေးတွေ ဝါးစားထားတယ်ထင်တယ်..ကျွန်မတို့လဲ မျက်လုံးပြူးပြီး“ ကောင်းကောင်း ဘာဖြစ်လို့လဲ နေမကောင်းဘူးလား” လို့ ဝိုင်းမေးတော့..

“ ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော် အားလုံးကို တောင်းပန်ပါတယ် ကျွန်တော်မှားပါတယ်”

“ဘာလဲ ဘာဖြစ်လို့လဲ”

“ကျွန်တော်တောင်းပန်ပါတယ်”..ဒါပဲ ထပ်ခါထပ်ခါ ပြောပြီး အပေါ်ပြန်တက်သွားတယ်...

“ဟဲ့ နင်တို့တွေ ဘယ်လိုထင်လဲ ဒါပုံမှန်မဟုတ်ဘူးနော်..မေ ဘယ်လိုလုပ်ကြမလဲ”

“ငါတို့ သူ့အစ်ကို စီဖုန်းဆက်ပြောပြထားရင်ကောင်းမယ်ထင်တယ်နော်.”

“အေး ငါလဲ အဲ့လိုပဲထင်တယ်” .ကဲ ကျွန်မတို့ ဖုန်းဆက်ပြောရပြီပေါ့ သူ့အစ်ကို က သိပ်တော့မယုံချင်ပါ ဒါပေမယ့် လာခဲ့မယ်လို့ပြောပါတယ်..တစ်ခြားမြို့က မို့လို့ပါ..

ကောင်းကောင်း အကြောင်းကြားတော့ အားလုံးသတင်းမေးဖို့ သူ့အခန်းသွားကြတယ်..ကျွန်မတို့လဲစားစရာသွားပို့ရင်းသွားဖြစ်တယ်..
ကောင်းကောင်းက မစားပါ..ဘယ်လိုကျွေးကျွေး မစား ဘယ်သူနှင့်မှလဲ စကားမပြော ကျွန်မတို့ ဘယ်လိုလုပ်ရမှန်းကို မသိပါ..အဲ့ဒီ အချိန်မှာ အောက်ထပ်က အမ တစ်ယောက်ကဝင်လာပြီး..
ကောင်းကောင်း နေမကောင်းဘူးဆို လို့မေးပါတယ်...
ဘာကို နေမကောင်းကမှာ လဲ..သွား ခင်ဗျား ထွက်သွားစမ်းပါ..
ဟဲ့ ဟဲ့ ဘယ်လိုဖြစ်တာလဲ..ကောင်းကောင်း ကောင်းကောင်း.... ဆိုပြီး ကျွန်မတို့မှာ ထဆွဲရပါလေရော..
အဲ့ဒီ အမက သူနဲ့ သိပ်အဆင်မပြေတဲ့ တစ်ယောက်ရယ်..
"ဟူး..ဒုက္ခ ဒီပုံ အတိုင်းဆို မလွယ်ဘူးနော် မေ သူ့အစ်ကို မြန်မြန်ရောက်မှ"
"ကဲ ကောင်းကောင်း ရေ အမတို့ ပြန်ပြီနော်..ထမင်းထားခဲ့တယ် ဗိုက်ဆာရင် ထစား ဟုတ်ပြီလား.."

နောက်တစ်ရက်....

ညီမရေ.. ကောင်းကောင်း အစ်ကို ဒီနေ့ ညရထားနဲ့ ရောက်မယ်တဲ့
ဟုတ်လား တော်သေးတာပေါ့ .. မြန်မြန်ရောက်မှနော်.
ဒေါက် ဒေါက် .. ဟင် ဘယ်သူလဲ မသိဘူး တံခါးခေါက်တာ
ဟယ် ကောင်းကောင်း လာထိုင်.. ဘာစိတ်ကူးပေါက်သည်မသိ ကောင်းကောင်းတစ်ယောက်ကျွန်မတို့အခန်းထဲ ရောက်လာတယ်..
"ကောင်းကောင်း သက်သာလား အမတို့နဲ့ ဈေးဝယ်လိုက်ခဲ့ပါလား.."
"မလိုက်တော့ဘူး.."
" အေး အေး ဒါဆိုလဲ အေးဆေးနေနော်..အပြန်မုန့်ဝယ်ပေးခဲ့မယ်..."
ကလေးလို ချော့ပြောပြီး ထားခဲ့ရသည်...

"အမ တို့ဈေးသွားမလို့လား.."
"အင်း ဟုတ်တယ်..ဘယ်လိုလဲ ကောင်းကောင်းတစ်ယောက် ညက အိပ်ရဲ့လား."..သူ့ရဲ့အခန်းဖော်ကို ကျွန်မတို့မေးတော့..
ဘယ်ကအိပ်ရမှာလဲ အမ ရယ်...တစ်ညလုံးအဲ့ဒီ ပုံစံအတိုင်း ကျွန်တော်လဲ ဓါးတစ်ချောင်း ပျောက်လို့ သူအပေါ့သွားတုန်း သူ့အိပ်ယာ မှာ သွားရှာ ကြည့်တာ ထင်တဲ့ အတိုင်းပဲ..ခေါင်းအုံး အောက်မှာ တွေ့တယ် ကျွန်တော်မှာ မြန်မြန်ပြန်ယူပြီး ဖွက်ထား လိုက်ရတယ်..
ဘုရား ဘုရား... ကျွန်မတို့ မှာ ဘုရား တပြီး ဈေးကို အပြေးတစ်ပိုင်းသွား ပြီး ပြန်လာခဲ့ရတယ်..

ဈေးက ပြန်ရောက်လို့ ထိုင်ရုံရှိသေး.. ဆူဆူ ညံညံ အသံတွေ ကြားလိုက်တယ်..ထွက်ကြည့်တော့.

"လုပ်ကြပါဦး ..ကောင်းကောင်း တိုက်ပေါ်က ခုန်ချသွားပြီ.." တစ်ယောက်က လာအော်ပြောတယ်..
ဘုရား ဘုရား ..ကျွန်မ ရင်ထဲ အလုံးကြီးဆောင့်တက်သွားသလို.. မေ့လက်ကို ဆွဲပြီး အောက်ထပ်ကို အပြေးတစ်ပိုင်း ဆင်းလာခဲ့တယ်..မေ့ မျက်နှာ မှာ က သွေးမရှိတော့ဘူး...

အောက်ရောက်တော့ ကောင်းကောင်းကို ပက်လက်ကလေး မြက်ခင်းပြင်ပေါ်မှာတွေ့ လိုက်တယ်..
လူတွေ ဝိုင်းနေတယ်..

"ကောင်းကောင်း ကောင်းကောင်း "
" အစ်မ"
သတိတော့ မလစ်ပါ.. ကျွန်မတို့ ခေါ်တော့ ပြန်ထူးတယ်..
"နင်ဘာဖြစ်လို့ အဲ့လို လုပ်တာလဲ..ကောင်းကောင်း ဟင် နင်ဘာဖြစ်လို့ လုပ်တာလဲ"
ငိုကြီး ချက်မ နဲ့ မေ့ရဲ့ အမေးကို ကောင်းကောင်း ပြန်ဖြေတာက " မသိဘူး " တဲ့..

မေ ငိုတယ် .. မျက်နှာပြင်တစ်ခုလုံး ရဲပြီး စကားကို မပြောနိုင်လောက်အောင် ဖြစ်နေတာ ကျွန်မ မှာ ကောင်းကောင်းကို စိတ်ပူရင်း မေ့ကို ရောပူနေရတယ်..

မြန်မာသူငယ်ချင်းတွေ က ကောင်းကောင်းကိုပွေ့ ပြီး အထဲ သွင်းမလို့ လုပ်တော့ ..အဲ့ဒီက တာဝန်ရှိသူတွေက တားတယ်.. မပွေ့နဲ့.. တဲ့ အရိုးတွေ ကျိုးသွားနိုင်တယ် ဒီအတိုင်းပဲ ထား ..ခဏနေ ဆေးရုံကားလာလိမ့်မယ် ပြောတယ်.. ပြီးတော့ ငွေရောင် စက္ကူတစ်မျိုးနဲ့ အချမ်းသက်သာအောင် ခြုံပေးထားတယ်..

ကျွန်မတို့ နေတာက လေးထပ် ..ကောင်းကောင်းက ငါးထပ် ..ခုသူခုန်ချတာ သူနေတဲ့ အထပ်ကနေပေါ့... အရင် ကထဲ က ဆောက်ထားတဲ့ တိုက်မို့ ငါးထပ်ပေမယ့် တော်တော်လေး မြင့်တယ်...

ခဏနေတော့ ရဲကားတွေ.. ဆေးရုံကားတွေ ရောက်လာတယ်..

မေက ကောင်းကောင်း အစ်ကို တွေဆီကို ဖုန်းဆက်ရင်း တက်မလို လို ဖြစ်ဖြစ်သွားလို့.. ကျွန်မက ဘေးက နေ သတိပေးနေရတယ်.. ကျွန်မ ကိုယ်တိုင်လဲ မျက်ရည်တွေ စီး စီးကျနေတယ်..ငိုချင်တာလား ဘာလားမသိဘူး..လူက ရုတ်တရက် ဆောင့်တက်လာတဲ့ ခံစားချက်ကို မထိန်းနိုင်သလိုမျိုး.စိတ်လဲ ပူတယ် ..ကြောက်လဲ ကြောက်သလို..ဝမ်းလဲ နည်းသလို..

ဟုတ်တယ်လေ...မိဘ ဆွေမျိုး တွေ မရှိတဲ့ နေရာမှာ ဒါမျိုး ဖြစ်တာ..ဘယ်လောက် အသဲငယ်စရာ ကောင်းလိုက်လဲ...

ဆရာဝန်တွေ ကောင်းကောင်းဘေးမှာ ဝိုင်းနေတယ်..လက်ကို အကြောဆေးလိုမျိုး ဆေးသွင်းတယ်..ခက်တာက ကောင်းကောင်းက သွေးတစ်စက်မှ မထွက်ဘူး အတွင်းကြေဖြစ်မှာ စိုးရတယ်.. ရဲတွေလဲ ရောက်လာတယ်...ဟော်လီကောင်ပတာ တစ်စီး ရောက်လာတယ်..
တော်သေးတယ် ကျွန်မတို့ အဆောင်ရှေ့မှာ မြေ အလွတ် ရှိလို့ ရပ်လို့ ရတာ..ပစ္စည်းတွေ အစုံသယ်လာတယ်..စက်တွေကို စုံလို့ပဲ.. အရေးပေါ် ကုသမှုလုပ်ကြတယ်..လူနာကို လူနာစင်ပေါ်တင်ပြီး သေချာထိန်းထားတယ် ..အထူးသဖြင့် လည်ပင်းနဲ့ ခေါင်းကို မလှုပ်နိုင်အောင်.. နောက်တော့ ခေါ်သွားကြတယ်...ကျွန်မတို့ လိုက်ချင်တာ လိုက်ခွင့်မရှိဘူးတဲ့..ဆေးရုံ လိပ်စာ ပြောခဲ့တယ်.. နောက်ရက်လိုက်လာ ခဲ့ပါတဲ့..


ဟုတ်တော့ ဟုတ်ပါတယ်.. ကျွန်မတို့လဲ သူတို့ ဘာပြောပြော တစ်လုံးမှ နားမလည်ပဲ..သူ့အစ်ကို တွေ ရောက်လာမှ အဆင်ပြေမှာလေ..

ညနေ ကောင်းကောင်း အစ်ကို တွေ ရောက်လာတယ်..နောက်နေ့ဆေးရုံ လိုက်သွားတော့ အရေးပေါ်ခန်းမို့ ဘယ်သူမှ ပေးမဝင်သေးဘူးတဲ့..နောက်တစ်ရက် မှာ ဝင်ရတယ်.. ဒုတိယ အရေးပေါ်ခန်း ဆိုပါတော့..လူနာ ကြည့်မယ့် သူတွေကို နာမည်စာရင်း ပေးထားရတယ်.. နာမည်ပါတဲ့ သူမဟုတ်ရင် ကြည့်ခွင့်မရှိဘူး..

ကောင်းကောင်းက လုံးဝ သတိမရတော့ဘူး.. ဘယ်လိုခေါ်လဲ ကိုးမား ဝင်တယ်လို့ ပြောရမယ်ထင်တယ်..ပြီးတော့ လည်ပင်းမှာ ဖောက်ပြီး ပိုက်ကြီးထိုးထားတယ်..မြင်ရတာ မသက်သာလိုက်တာလေ..အရမ်းသနားဖို့ ကောင်းတယ် တစ်ကိုယ်လုံးပိုက်တွေ ကြီးပဲ..ဆရာဝန်က ကျွန်မတို့ကို ကောင်းကောင်းနဲ့ စကားများများ ပြောခိုင်းတယ်.. သူကြားနိုင်တယ် တဲ့.. ဒါမှ သူမြန်မြန် ပြန်သတိရလာမှာတဲ............................

ကျွန်မတို့ အရမ်းကို စိတ်မကောင်းဖြစ်မိကြတာ...လေ

.................................................

ဆေးရုံပေါ်မှာ ၂ ပတ်လောက်နေပြီး.. ကောင်းကောင်း ပြန်သတိရလာတယ်..ဒါပေမယ့်.........
........

ကျွန်မတို့ရဲ့ မောင်လေး..ခန္ဓာကိုယ်မလှုပ်ရှား နိုင်တော့ဘူးလေ..

သိပ်ကို ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်တစ်ခုပါ..စကားတောင် ပီအောင်မပြောနိုင်ရှာဘူး.. လေ့ကျင့်ခန်းလုပ်ပေး ရင်တော့ ပြန်ကောာင်းလာ နိုင်ပါတယ်လို့ ဆရာဝန်က ပြောတယ်....

အဲ့ဒီ မျှော်လင့်ချက်လေးနဲ့ ကျွန်မတို့ အချိန်ရသလောက် သူ့ကို ပြုစု ခဲ့ကြတယ်..သူ့ရဲ့ အစ်ကို တွေက အလုပ်တစ်ဖက်နဲ့ မို့ ပြန်သွားကြတယ်..ကျွန်မတို့ တော့ အချိန်ရတိုင်း သူ့ဆီသွားဖြစ်တယ်.. ဆေးရုံဆိုတော့ သိတဲ့ အတိုင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ မရဘူးလေ.. အချိန်နဲ့သွား ပြီး အချိန်နဲ့ ပြန်ရတယ်..ပြန်လာတဲ့ အချိန် သူ့ကို တစ်ယောက်ထဲ ထားပစ်ခဲ့ရတာ စိတ်မကောင်းဘူး...

သုံး လေး လလောက် ကြာတော့ ကောင်းကောင်း အခြေအနေ တိုးတက်လာတယ်..စကား ကို ကောင်းကောင်း ပြောနိုင်လာပြီး လက်နှစ်ဖက်လဲလှုပ်ရှားနိုင်လာတယ်..ဝမ်းသာစရာပါ..ဒါပေမယ့် ခြေထောက်တွေတော့ မလှုပ်ရှားနိုင်တော့ဘူး.. ဝှီးချဲ နဲ့ပဲသွားရတယ်..ဘာပဲ ပြောပြော သေတွင်းက လွတ်လာတာတော့ ဝမ်းသာစရာပါ...

ဒါပေမယ့် အဲ့ဒီအချိန် .. အဲ့ဒီ အဖြစ်အပျက်တွေက ဘာမှ မေးကြည့်လို့ မရဘူး..သူမသိဘူးပဲ ပြောတယ်.. သူထိုင်နေတာ တဲ့...ဘာဖြစ်သွား မှန်းမသိဘူးပဲ ပြောတယ်..

စိတ်လဲ သိပ် ပုံမှန်မဟုတ်တော့ဘူး..

စိတ်မကောင်း ဘူး.. ဝမ်းနည်းတယ်..

ဒီလိုနဲ့ ကျွန်မ ဒီ မြို့ကို ပြောင်းလာပြီး နောက်ပိုင်း သူတို့ နဲ့ အဆက်အသွယ် သိပ်မရှိတော့ဘူး.. သူ့အကြောင်းတော့ မေးမိပါတယ်.. ခုချိန်ထိ ဝှီးချဲ နဲ့ပါပဲ တဲ့...........

.......................

သင်္ကြန်တွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်လေးကို ကျွန်မ သင်္ကြန်ရောက်ခါနီးတိုင်း ပြန်တွေးမိတယ်..
အချိန်တွေကတော့ ကြာသွားပါပြီ..ခံစားချက်တွေကတော့ မနေ့တစ်နေ့ ကလိုပဲ..

စဉ်းစားမိလိုက်တိုင်းလဲ ..ကောင်းကောင်းတစ်ယောက် နေကောင်းပါစေ..
နောင်ဘဝတွေမှာ ဒီလို အဖြစ်မျိုး မကြုံပါစေနဲ့ လို့ ဆုတောင်းမိရင်း.........................

အိမ်မက်စေရာ
၀၂.၀၄.၁၂






Tuesday, March 13, 2012

တာရာပွကြီးနဲ့ တူတဲ့ ဆရာဝန် သူငယ်ချင်း


အိမ်မက် သူငယ်ချင်းတစ်ယောက် ကို ဖဘ မှာတွေ့တယ်****မတွေ့တာ ကြာပြီဖြစ်တဲ့သူငယ်ချင်းတစ်ယောက်ပေါ့ ခုနှစ် နှစ်လောက်ရှိပြီလေ****အဲ့ဒါ သူ့ကို ဖဘ မှာ နာမည်တွေ့လိုက်တော့ တော်တော် ပျော်သွားတာ ဒါနဲ့ သူကို invited လုပ်လိုက်တယ်ပေါ့****လုပ်သာလုပ်ရတာ အားမရှိဘူးလေ သူ့ရဲ့ wall မှာ ကြည့်တော့ သူသိပ်မသုံးဘူးဆိုတာ သိလိုက်တယ်****၂၀၁၀ က ပို့စ်ပဲ တွေ့တယ် ****ထင်တဲ့ အတိုင်းပဲ အိမ်မက် invite ကို သူငယ်ချင်းက accept မလုပ်သေးဘူး****အင်း ယောက်ျားလေး သူငယ်ချင်း အဲ့ဒီကောင်က တာရာပွကြီးကာတွန်းနဲ့ တူတယ်****မျက်မှန်လဲတက်တယ်****

ဒါကြောင့် သူငယ်ချင်းတွေကလဲ နောက်ပြီးခေါ်တယ် တာရာတဲ့****ဒါပေမယ့် စာတော်တယ် DSMA ကလေ အဲ့ဒါကြောင့် ပဲ အိမ်မက်နဲ့ သိပ်မတည့်တာ****အိမ်မက်က သူ့ဆို သိပ်မပေါင်းချင်ဘူးလေ သူကတော့ သံယောဇဉ်ကြီးရှာတယ်****ဟုတ်တယ် အိမ်မက်က နိုင်ငံခြားထွက်လာပြီးမှ သူငယ်ချင်းတွေ အကြောင်းစဉ်းစားရင်း သူ့ကို သတိရသွားတာ မြန်မာနိုင်ငံမှာတုန်းက လုံးဝ ပဲ အဟိ****ကြီးကျယ်တယ်နော်း)****အဲ့ဒီ တာရာ နဲ့ သိတုန်းက အိမ်မက်က ဆယ်တန်းဖြေထားတာ သူက ပထမနှစ် ဆေးကျောင်းသားကြီးလေ****စာအရမ်းတော်တဲ့ သူငယ်ချင်းပေါ့****စာခဏလေး ကြည့်ယုံနဲ့ ရတယ် အိမ်မက်က တကယ်မနာလိုဘူး သူ့ကို ****အိမ်မက်က တုံးလို့လေ****

နောက်တော့ အင်း သူက အိမ်မက်ကို စိတ်ဝင်စားတယ်ပေါ့လေး)****ရယ်ရတယ်****ထားပါတော့ ဒါပေမယ့် စိတ်ထားတော့ အရမ်းကောင်းတယ် ****အိမ်ကို ဖုန်းဆက်လွန်းလို့ အိမ်က လဲ သိတယ်****သူ့ရဲ့ သူငယ်ချင်းလဲ အိမ်နဲ့ တအားရင်နှီးတော့ သိနေတာပေါ့****သူ့အကြောင်းပြောချင်တာ တစ်ခု ရှိလို့လေ****
တစ်ရက် ပေါ့ အိမ်နဲ့ သိတဲ့ သူငယ်ချင်းက ဖျားပါလေရော ဆေးရုံတောင် တင်ရတယ်****အိမ်မက်တို့ က မသိလိုက်ဘူး****သိတဲ့ အခါ သူက ဆေးရုံဆင်းပြီ****အဲ့ဒါကို တာရာ ကို ပြောပြတယ် ငါ မသွားကြည့်ဖြစ်လိုက်ဘူး ဟယ် စိတ်မကောင်းဘူး လို့****ဒါနဲ့ သူက ငါ ဖျားရင်ရော နင်လာကြည့်မှာ လားတဲ့****အင်းပေါ့ နင် ဆေးရုံတက်ရ ရင်လဲ ငါလာမှာပေါ့ လို့ ဖြေလိုက်တာ ****အိမ်မက်က ဘာရယ်မဟုတ် ဒီလိုပဲ ဖြေလိုက်တာလေ****ဆရာသမား ဘယ်လို လုပ်တယ် မသိဘူး နောက် သုံးရက်လောက်နေတော့ သူ့သူငယ်ချင်းက ဖုန်းဆက်တယ်****
တာရာဆေးရုံတင်လိုက်ရတယ် တဲ့ ****အိမ်မက်လဲ မျက်လုံးပြူးသွားတာ ဘာဖြစ်တာ လဲ ဘယ်လိုဖြစ်တာလဲ ဆိုပြီး**** နောက်နေ့ ဆေးရုံလိုက်သွားတယ်***

ဆေးရုံကလဲ ရိုးရိုးဝင်လို့ ရတယ် မထင်နဲ့နော် ****စစ်ဆေးရုံလေ မှတ်ပုံတင်တောင်းတယ်****အိမ်မက် က ဆောင်ထားတဲ့ အကျင့်မှ မရှိတာ****မရှိရင် မဝင်ရဘူးတဲ့****သူငယ်ချင်း ကို လာကြည့်တာ ပါ မဝင်လို့ ဘယ်လို လုပ်ရမလဲ ဘာ ညာ ပြောတော့****ပိုက်ဆံ အပေါင်ထားပြီး ကဒ် တစ်ခုလုပ်ရတယ် **** ပြန်လာရင် ပိုက်ဆံ ပြန်ပေးမယ်ပေါ့****စိတ်တိုလိုက်တာ အဟုတ်****ပြီးရော ဆိုပြီး လုပ်လိုက်တယ် ပိုက်ဆံပေး ကဒ် ယူပြီး အခန်းနံပါတ် ရှာ****ဟော တွေ့ပါပြီ****
အဲ့ဒီ လဒ လေ**** ပိုက်တန်းလန်းနဲ့ လက်မှာ ****တကယ် ဘာဖြစ်တာလဲ မေးတော့****အားနည်းတာတဲ့****၂ ရက် ၃ ရက်အတွင်း အားနည်းအောင် ဘယ်လိုလုပ်လိုက်လဲ မသိပါဘူး တကယ် ****အမြင်ကတ်လိုက်တာ လွန်ရော****သူက ပြောတာသာ အားနည်းတာ လူက ပြောင်စပ်စပ်နဲ့**** ပိုက်သာ မမြင်ရင် အိမ်မက် မယုံဘူး ****စကားခဏပြော ပေးပြီး ငါပြန်မယ် ဆိုပြီး ထပြန်လာ ခဲ့တယ်****သူက လိုက်ပို့ မယ် လုပ်သေးတာ ****စောင့်ပေးနေတဲ့သူ က ဆရာလေး မလုပ်ပါနဲ့ဗျာ ကျွန်တော် အဆူခံရမှာ ဆိုပြီး မနဲ တောင်းပန်မှ ကျန်ခဲ့တာလေ**** တကယ် မလွယ်ဘူးရော ပဲ****

အိမ်ကို ဖုန်းဆက်ရင် တခါ တလေ ဆို အိမ်မက်က မပြောချင်ရင် အဖေ့ကို ညာခိုင်းတာ မရှိဘူး ဆိုပြီး****အဖေက လဲ ရတယ် ပြောပေးတယ် ဖုန်းဆက်တိုင်း မရှိဘူးပဲ****ဒါပေမယ့် အခါ များလာတော့ အိမ်မက် ရှောင်မှန်း သိတာပေါ့****အဲ့ဒီအခါ ဘာပြောတယ်ထင်လဲ****အဖေ့ကို လေ. ဦးရယ် ကျွန်တော် တောင်းပန်ပါတယ် ဗျာ ကျွန်တော်သူနဲ့ တကယ် စကားပြောချင်လို့ပါ ခဏလေးပါဗျာ တောင်းပန်ပါတယ် ကြီးလုပ်တော့တာ ****အဖေ လဲ ဘယ်နေနိုင်မလဲ သနားတာရော နာငြီးတာရောနဲ့****အိမ်မက်ကို ခေါ်တယ် ဘယ်လိုခေါ်လဲ သိလား****သမီး နင့်ဟာ နင်လာရှင်း ငါ မနိုင်တော့ဘူး ဒီကောင် မလွယ်ဘူး တဲ့း)**** အိမ်မက်မှာလေ ရယ်လဲ ရယ်ချင် စိတ်ကလဲ တိုနဲ့****ဟင်း ဟင်း ဟင်း****ခုပြောတောင် ပြုံးမိတယ်****

အဲ့ဒီ သူငယ်ချင်းပေါ့ ****တာရာလေ****ခုတော့ ဆရာဝန်ကြီးဖြစ်နေပြီ****သူကပြောသေးတယ်****ငါ ဂျာမနီလာနိုင်အောင် ကြိုးစားမယ်တဲ့****ခု သူ့ကို ဖဘ မှာ နာမည်တွေ့လိုက်တော့ အရမ်းကို စကားပြောချင်လာတာ****သူ့ကို လဲ စချင်တယ်****ဒါပေမယ့် သူငယ်ချင်းက ခုထိ accept မလုပ်သေးဘူး****အိမ်မက် အထင် တွေ့တောင် တွေ့မှာ မဟုတ်သေးဘူး****ဆရာဝန်ကြီးက အလုပ်များတယ် ထင်ပါတယ်****

ဒါပေမယ့် ဘာပဲ ပြောပြော ငယ်စဉ်ဘဝ အမှတ်တရတွေက****ပြန်တွေးကြည့်ရင် ပျော်စရာပါနော်****
ဒါမျိုးအမှတ်တရ တွေက ပြန်မရနိုင်တော့ဘူး****အသက်အရွယ်ရလာရင် လူတွေက အရာရာကို ချင့်ချိန် စဉ်းစားပြီးမှ လုပ်ကြ တာ****ငယ်ငယ် ကလို ကမူးရှူးထိုး မလုပ်တက်ကြတော့ဘူးလေ****ဒါကြောင့် ခုချိန်က အပျော်က ငယ်စဉ် ဘဝက အပျော်တွေနဲ့ ယှဉ်ရင်တော့ လွတ်လပ်မှုနည်းသွားတာ အမှန်ရယ်****ဘာရယ်မဟုတ်ပါဘူး သူငယ်ချင်းကို ဖဘ မှာတွေ့တော့ သူ့အကြောင်းပြန်စဉ်းစားရင်း နဲနဲ သူငယ်ပြန်သွားတာ****တွေ့တဲ့ အချိန်တော့ ပြောပြရပါဦးမယ်း)****

အိမ်မက်စေရာ
၁၃.၀၃.၁၂

Sunday, February 5, 2012

ဆရာဝန် ဆိုတာ ဆရာဝန်ပါ ဆိုပေမယ့်



အမျိုးသမီးအထူးကုဆရာဝန် ဆီကို ရောက်ဖူးပါသလား?
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဖူးပါသလား?

အဲ့ဒီမေးခွန်းမျိုးမေးလာရင် ဘယ်လိုဖြေကြမလဲ....
မြန်မာနိုင်ငံက လာတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ ဆိုရင် ဖြေစရာက No ပဲ ရှိပါတယ်..
ဟုတ်တယ်လေ ဘာမှ မဖြစ်ပဲနဲ့ ဘာလို့ အမျိုးသမီးအထူးကု ဆီကို သွားရမလဲ ..ဘာအတွက်စစ်ဆေးမှု ပြုလုပ်ရမလဲ
ကလေးမွေးတဲ့ မိခင်တွေတောင် မဖြစ်မနေ အခြေအနေ မျိုးမှာ မှ သွားကြတာမဟုတ်လား..
တကယ်တော့ အိမ်မက်တို့ ကြီးပြင်းလာတဲ့ နေရာဒေသ ယဉ်ကျေးမှု နဲ့ အရှက်အကြောက်ကြီးတက်မှုတို့ ကြောင့် မိန်းကလေးတစ်ယောက်ဟာ အမျိုးသမီးရောဂါ တစ်ခုခု ဖြစ်လာပြီဆိုရင် တော်ရုံတန်ရုံ နဲ့ ဆေးခန်းမပြ စစ်ဆေးမှုတွေ မပြုလုပ်တက်ကြပါဘူး.. ဒါကြောင့် လဲ အခြေအနေ တော်တော်ဆိုးမှ သိရတာမျိုး ရောဂါလွန်ပြီး ကုသလို့ မပျောက်ကင်းနိုင်တော့ပဲ အသက်ဆုံးရှုံးရတာမျိုးတွေ ကြုံတွေ့ရတာပါ...


ဒါကြောင့် မိန်းကလေးတွေ အတွက် ကိုယ့်မှာ တစ်ခုခု ပုံမမှန်တဲ့ ခံစားချက် ဝေဒနာ မျိုးကြုံရင် ဆရာဝန်နဲ့ ပြသပြီး အမြန်ဆုံး စစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ အိမ်မက် ထင်ပါတယ်..
ဒါဆိုရင် ပုံမှန်စစ်ဆေးမှုရော မကြာမကြာ ပြုလုပ်သင့် သလား? ဆိုရင် ဒါကတော့ လုပ်နိုင်ရင် အကောင်းဆုံးပေါ့နော်.. ကိုယ့်ကျန်းမာရေးအတွက် အလုံခြုံစိတ်အချရဆုံးပေါ့.....
ကဲ သွားပြီ ဆိုပါစို့...................
ဆရာဝန်ဆီသွားပြမလား ?
ဆရာဝန်မဆီ သွားပြမလား?
သိတယ် အဲ့လိုများမေးလို့ ကတော့ အားလုံးက ဆရာဝန်မဆီ သွားပြမယ် ပဲ ဖြေမှာပေါ့ ..
ဘာကြောင့်လဲ ဆိုတာ မေးစရာ မလိုပါဘူး မြန်မာနိုင်ငံ မှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတွေအတွက် ဘယ့်နှယ် ဆရာဝန်ဆီ သွားပြဖို့ သတ္တိဆိုတာ ဘယ်က ဘယ်လို ရနိုင်မှာလဲ...မျက်နှာကပဲ ရှက်တက်တာ မျက်နှာအုပ်ထားလိုက်ဖို့ ဆိုတာက ဒီလိုကိစ္စမျိုးမှာဖြစ်နိုင်ပါ့မလား..
အဲ့ဒါပါပဲ အိမ်မက် ကြုံနေရတဲ့ ဒုက္ခက ....


ပြီးခဲ့တဲ့လက အိမ်မက်ရင်သားမှာ နာကျင်တဲ့ ဝေဒနာမျိုးခံစားခဲ့ ရတယ် .. ဆေးခန်းသွားပြမယ်ဆိုပြီး သွားတော့ ဆေးခန်းက ပိတ်နေတယ်..ဒါနဲ့ ပြန်လာပြီး weekend ကို အိမ်မှာနေလိုက်တာ နောက်နေ့တော့ သက်သာသွားတာနဲ့ မသွားဖြစ်တော့ဘူး...
မနေ့ကတော့ သူငယ်ချင်းက သတိတရနဲ့ မေးလာ တယ် ..နင်ဆေးခန်းသွားပြီးပြီလား တဲ့.. မသွားရသေးဘူုးဆိုတော့ ဘာလို့မသွားတာလဲ ငါပြတဲ့ ဆရာဝန်နဲ့ သွားပြ အရမ်းကောင်းတယ် စိတ်ရှည်တယ် ပြောလာတယ်..


သူက အရင်တစ်ခါကလဲ အိမ်မက်ကို အကြံပေးဖူးပါတယ် ..အိမ်မက်မသွားခဲ့တာက သူ့ဆရာဝန်က အမျိုးသမီးရောဂါအထူးကု ဆရာဝန် ဆိုပေမယ့် ဆရာဝန်မ မှ မဟုတ်ဘဲ....အဲ့ဒီကနေ စပြီး အလုပ်မှာ ရှိသမျှ အမျိုးသမီးထုက ပြောတာ ဆရာဝန်ဆီပဲ သွား ဆရာဝန်မ ဆီမသွားနဲ့တဲ့...ဘာကြောင့်လဲ ဆိုရင် ဆရာဝန်မတွေက ဘယ်တော့မှ စိတ်မရှည်ဘူး.. စစ်ဆေးမှုလုပ်ရင်လဲ ကြမ်းတယ်တဲ့ ..စကားပြောပြီး ဆွေးနွေးတာမျိုးလဲ မရှိဘူး ဆေးခန်းလာပြီဆိုရင် ကုတင်ပေါ်တက် ..ချွတ်.. ဒါပဲ တဲ့..

တကယ်တော့ အိမ်မက်လဲ ဆေးခန်းသွားပြီး ကျန်းမာရေး စစ်ဆေးမှုလုပ်ချင်တာကြပါပြီ..
ဒီကိုရောက်ကထဲက အိမ်မက် သွေးလဲ သုံးခေါက်လောက်စစ်ပြီးပြီ အဆုတ် အသဲ နဲ့ ဓါတ်မှန်ရိုက်တဲ့ စစ်ဆေးမှုတွေလဲ လုပ်ဖူးတယ်..အလုပ်ကတော့ တစ်နှစ်တစ်ခါ ဝမ်း စစ်တာမျိုးလုပ်တယ် ..ကောင်းတာတစ်ခုက တစ်ခုခုဖြစ်လာရင် ချက်ချင်းသိရတယ်လေ..ဓါတ်မှန်ရိုက်တုန်းက အိမ်မက် ပြဿနာ ဖြစ်ဖူးတယ် ..ဘာလဲ ဆိုတော့ အသဲ ..အိမ်မက်အသဲက ကြီးနေတာတဲ့ ဆေးပြန်စစ်ရမယ် ရောဂါရှာရမယ်ပေါ့.. အိမ်မက်ဆိုမျက်ရည်နဲ့ မျက်ခွက် ငါအသဲကြီးနေပါပြီဆိုပြီး တွေးတွေးပြီးငိုလိုက်ရတာလေ..နောက်ဆုံးတော့ ဘာရောဂါမှ ရှာမတွေ့လို့ နက်ဂတစ် ဆိုပြီး အဖြေထွက်လာတယ်.. သူတို့က မကျေနပ်ဖူး အိမ်မက်ကိုမေးတယ် ဆေးလိပ် အရက်သောက်လားတဲ့ ဖြစ်မှ ဖြစ်ရလေ ဒီရုပ်က ဒါတွေ လုပ်မယ့် ရုပ်လားမသိပါဘူး တစ်ခါမှ မသောက်ဖူးဘူး လို့ဖြေလိုက်တယ် ..ဒီတော့ သူတို့က အိုကေ ပေါ့ ဒါပေမယ့် တစ်နှစ်တစ်ခါ စစ်ဆေးမှု လုပ်ပါတဲ့..
ဒါနဲ့ ပြီးသွားရော..ပြီးမှ အမေ့ကို ပြောရဲတယ် ဒီလို ဒီလိုပဲ ပေါ့ အမေ့ကို ပြောပြတော့ ... အမေက ဘာပြောတယ်ထင်လဲ ?????

ငါ့ သမီးက မွေးရာပါ အသဲက ကြီးနေတာတဲ့..............

အမ် ဆိုပြီး မျက်လုံးပါ ပြူးသွားတယ် ဟုတ်တယ် အမေတစ်ခါမှ မပြောဖူးတာ..
သမီးမမွေးခင်ကထဲ က ဆေးစစ်တော့ သိရတယ်.. ပုံမှန်တာ တစ်ခါ ရှိနေတယ်ပေါ့ အမေတို့က တစ်ခုခု ချို့တဲ့ပြီးမွေးလာမှာ စိုးရိမ်နေတာ မွေးလာတော့ အားလုံးအကောင်း အသဲကြီးနေတာ လေး တစ်ခုပဲတဲ့..

ခုလဲ အဲ့လိုပေါ့ ဆေးစစ်ချင်တဲ့ ရောဂါက ဖြစ်ပြန်ရော.. ကိုယ့်ဘေးနားက လူတွေ ရောဂါတွေ တစ်ခုပြီး တစ်ခုဖြစ် တော့ ဘာပဲ ဖြစ်ဖြစ် စစ်ထားချင်တာပေါ့.. အမျိုးသမီးတစ်ယောက်က အသက်လေးဆယ်ကျော်ရင် တော့ မဖြစ်မနေ စစ်ဆေးမှုတွေ ပြုလုပ်ရတယ် .. ကြိုပြီး စစ်ထားတာတော့ ပိုကောင်းတာပေါ့နော်..အိမ်မက်သူငယ်ချင်းဆစ်ယော်ကဆို ၂၃ နှစ်ပဲ ရှိသေးတယ် ..ရာသီမမှန်လို့ ဆေးသောက်ပေးနေရတယ်... သူ့မှာ အိမ်ထောင်ရှိတယ် သနားစရာကောင်းတာက ကလေး မရနိုင်တော့ဘုးတဲ့.. အိမ်ထောင်သက် ၃ နှစ်ရှိပြီ.. ဒါပေမယ့် တစ်နှစ်ပဲ ခင်ပွန်းသည်နဲ့ အိပ်လို့ ရတယ်.. ၂ နှစ်ရှိပြီ သူတို့ အတူတူ မနေတာတဲ့..အခုသူက ဆေးခန်းထပ်ပြမှာ ဆရာဝန်မတွေနဲ့ ပြရတာ အဆင်မပြေလို့ ဆရာဝန်နဲ့ သွားပြမှာ အိမ်မက်အကြောင်းသိတော့ မရမက ခေါ်တော့တာ အတူတူသွားပြမယ် ဆိုပြီးလေ..

အိမ်မက်တို့ အလုပ်ခွင်က အရမ်းအေးတယ် အမျိုးသမီးတွေအတွက် ရေရှည်မှာ မကောင်းဘူး ..
ပြီးတော့ အိမ်မက်က အလေးတစ်ခုခု မ လိုက်ရင် ဘယ်ဘက် ဆီးစပ်က နာတက်တယ် .. ဘာဖြစ်တာလဲတော့ အိမ်မက်မသိဘူး... နောက်တခြားဖြစ်တာမျိုးလဲ ရှိတယ်.. အမျိုးသမီးရောဂါ လိုမျိုးလေ.. ဒါကြောင့် အိမ်မက် ဆေးစစ်ချင်တာ.. တစ်ခါမှလဲ မစစ်ဖူးတော့ သူတို့ပြောပြတာ နားထောင်ရင်းနဲ့ လူက ကြောက်တာ..
ဆေးစစ်ရင် ဘယ်လို စစ်လဲ ဆိုတာ မကြုံဖူးရင်တောင် ကြားဖူး နားဝနဲ့ သိကြမှာ ပါ.. အမတစ်ယောက် က တစ်ခါက ဆေးခန်းသွားတာ သူက ကလေးတစ်ယောက်အမေနော်.. အမလေး အော် ပြီး ပြန်လာရတယ်..
ငါ့မှာ ကလေး တစ်ယောက် မွေးထားတာတောင် မခံနိုင်ဘူးတဲ့....ကဲ
ဘယ်လို စစ်လိုက်လို့ လဲ တော့ မသိဘူး..း(
အိမ်မက်တော့ စိတ်ညစ်တယ်..

သူငယ်ချင်းကလဲ ခေါ်တယ် အတူတူ သွားမယ် နင် မဖြစ်မနေ သွားရမယ် ဒါကြောက်စရာ ရှက်စရာ မဟုန်ဘူး..တဲ့ နောက်ကျ မှာ ပို ဒုက္ခရောက်မှာ တဲ့ ဟိုက ဆရာဝန် ..ဆရာဝန်ကို ဆရာဝန်လို့ ပဲ သဘောထားတဲ့.
ပြီးတော့ ဒါပထမဆုံးအကြိမ် ဆေးစစ်တာ လို့ ပြောပြ.. ဒါဆို သူတို့ က စကားလေး ပြော ပေးပြီး သတိထားပြီး လုပ်တယ် တဲ့.. ခုသွားမယ့် ဆရာဝန်က အသက်လဲ ကြီးတယ် စိတ်လဲ ရှည်တယ် အရမ်းလဲ မလုပ်ဖူးတဲ့...
စေတနာတွေ စေတနာတွေ.......သူငယ်ချင်းရဲ့ စေတနာပါ...
အိမ်မက်သိပါတယ်.. ဒါပေမယ့် ဘယ်လို လုပ်ရမလဲ

ဆေးစစ်ချင်တယ်..
ဆရာဝန်မဆီ သွားဖို့ ကလဲ သူတို့ပြောတာနဲ့ တင် ကြောက်နေပြီ.. တစ်ယောက်ထဲ ပြောတာ မဟုတ်ပဲ ရောက်ဖူးတဲ့ သူတိုင်းက ပြောတာ.. မြန်မာ တွေတောင် ဆရာဝန်နဲ့ ပဲ ပြကြတယ်..
ဆရာဝန်ဆီကို သွားပြဖို့ကလဲ ..

မြန်မာနိုင်ငံက အဒေါ်တစ်ယောက်လို.. စစ်ဆေးရုံမှာပေါ့ ဗိုက်ကြီးလို့ မွေးခန်းထဲ ရောက်ခါမှ မွေးပေးမှာက ဆရာဝန်ဆိုတော့ ငိုကြီးချက်မှနဲ့ ငါမမွေးဘူး ငါမမွေးဘူး ဆို ပေါင်နှစ်ချောင်း စိထားလို့ .. မနဲချော့မော့ ပြီး နပ်စ်ကပဲ မွေးပေးလိုက်ရတယ်...း)

အိမ်မက်လဲ တော်ကြာ သွားပြီး ကာမှ..ကုတင်ပေါ်တက်လဲ ဆိုရော အိမ်မက်တို့ ငုတ်တုတ်ကြီး ထိုင်ငို နေမှ ဖြင့် အရှက်တွေ ကွဲရချည်ရဲ့ လို့ တွေးပြီး...

ဘာလုပ်ရမှန်းကို မသိတော့ပါဘူး....ကွယ်








အိမ်မက်စေရာ
၀၄.၀၁.၁၂