ဘယ်လိုလဲ အိမ်မက်ကို မေ့ကုန်ကြပြီ ထင်တယ်..မတွေ့တာလဲ ကြာပြီဆိုတော့..
တော်တော် စိတ်အနှောင့် အယှက်ပေးနိုင်လွန်းတဲ့ Facebook ကြီးကို ပိတ်လိုက်ပြီ ဆိုတော့ ကွန်ပြူတာ ဖွင့်တာနဲ့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး..။ အော် Facebook Facebook....
သူ့ကို စွဲလန်းနေတာနဲ့ပဲ blog လေးတောင် ပြစ်ထားမိတာ တော်တော် ကြာပြီပဲ နော်...။
ခုတလော အိမ်မက် တစ်ယောက်လဲ ဟိုသင်္ကြန်ပြေးလိုက် ဒီသင်္ကြန်ပြေးလိုက်နဲ့ frankfurt မှာ တော်တော် အလုပ်ရှုပ်နေတာများ ကိုယ့်ကိုယ် ကိုယ်တောင် ကြည့်မရဘူး.။
ဘယ်လိုမှ မတည့်နိုင်တဲ့ အသံနဲ့လဲ သီချင်းလေး ဘာလေး ပြေးဆိုလိုက်သေး..။
ပွဲဆိုတော့လဲ အလှလေး ဘာလေး ပြင် တယ်ပေါ့လေ..။
ဒီမှာက လက်သည်း ပြင်ရင် . အလှဆိုးရင် သိပ်ဈေးကြီးတော့ ဆိုင်မှာ ဘယ်တော့မှ မပြင်ဖြစ်ဖူးလေ.။
အိမ်မှာ ပဲ စိတ်ထဲရှိတဲ့ ဒီဇိုင်းကို စိတ်ကူးပေါက်သလို လုပ်ဖြစ်တာ များတယ်..။
ဒါကြောင့် ပြီးခဲ့တဲ့ အပတ်က လုပ်ဖြစ်တဲ့ ဒီဇိုင်းလေး မမတို့ ညလေးတို့ကို ပြောချင်စိတ်လေး ပေါ်လာလို့..။
လုပ်ရတာ အရမ်းလွယ် လွန်းလို့ ရှင်းပြစရာကို မလိုဘူး ထင်တယ်။
ကြည့်လိုက်တာနဲ့ သိမယ် ထင်တယ်နော်..။ ကြည့် ကြည့်ပါဦး...။
အောက်က သုံးဖြစ်တဲ့ လက်သည်းနီ အရောင်...

အဲ့ဒီ အရောင်လေးကို အောက်ခံ ဆိုးပြီး ..အောက်ပုံထဲက လုပ်ပြီးသားသစ်သီးပုံ လေးတွေကို မခြောက်တခြောက်မှာ ကပ်လိုက်..ပြီးရင် အပေါ်က နောက်တစ်ထပ် ထပ်ဆိုးလိုက် ဆို..ပြီးသွားပြီ..။
အိမ်မက်စေရာ
၂၄.၀၄.၁၃







