အိမ်မက် သူငယ်ချင်းတစ်ယောက် ကို ဖဘ မှာတွေ့တယ်****မတွေ့တာ ကြာပြီဖြစ်တဲ့သူငယ်ချင်းတစ်ယောက်ပေါ့ ခုနှစ် နှစ်လောက်ရှိပြီလေ****အဲ့ဒါ သူ့ကို ဖဘ မှာ နာမည်တွေ့လိုက်တော့ တော်တော် ပျော်သွားတာ ဒါနဲ့ သူကို invited လုပ်လိုက်တယ်ပေါ့****လုပ်သာလုပ်ရတာ အားမရှိဘူးလေ သူ့ရဲ့ wall မှာ ကြည့်တော့ သူသိပ်မသုံးဘူးဆိုတာ သိလိုက်တယ်****၂၀၁၀ က ပို့စ်ပဲ တွေ့တယ် ****ထင်တဲ့ အတိုင်းပဲ အိမ်မက် invite ကို သူငယ်ချင်းက accept မလုပ်သေးဘူး****အင်း ယောက်ျားလေး သူငယ်ချင်း အဲ့ဒီကောင်က တာရာပွကြီးကာတွန်းနဲ့ တူတယ်****မျက်မှန်လဲတက်တယ်****
ဒါကြောင့် သူငယ်ချင်းတွေကလဲ နောက်ပြီးခေါ်တယ် တာရာတဲ့****ဒါပေမယ့် စာတော်တယ် DSMA ကလေ အဲ့ဒါကြောင့် ပဲ အိမ်မက်နဲ့ သိပ်မတည့်တာ****အိမ်မက်က သူ့ဆို သိပ်မပေါင်းချင်ဘူးလေ သူကတော့ သံယောဇဉ်ကြီးရှာတယ်****ဟုတ်တယ် အိမ်မက်က နိုင်ငံခြားထွက်လာပြီးမှ သူငယ်ချင်းတွေ အကြောင်းစဉ်းစားရင်း သူ့ကို သတိရသွားတာ မြန်မာနိုင်ငံမှာတုန်းက လုံးဝ ပဲ အဟိ****ကြီးကျယ်တယ်နော်း)****အဲ့ဒီ တာရာ နဲ့ သိတုန်းက အိမ်မက်က ဆယ်တန်းဖြေထားတာ သူက ပထမနှစ် ဆေးကျောင်းသားကြီးလေ****စာအရမ်းတော်တဲ့ သူငယ်ချင်းပေါ့****စာခဏလေး ကြည့်ယုံနဲ့ ရတယ် အိမ်မက်က တကယ်မနာလိုဘူး သူ့ကို ****အိမ်မက်က တုံးလို့လေ****
နောက်တော့ အင်း သူက အိမ်မက်ကို စိတ်ဝင်စားတယ်ပေါ့လေး)****ရယ်ရတယ်****ထားပါတော့ ဒါပေမယ့် စိတ်ထားတော့ အရမ်းကောင်းတယ် ****အိမ်ကို ဖုန်းဆက်လွန်းလို့ အိမ်က လဲ သိတယ်****သူ့ရဲ့ သူငယ်ချင်းလဲ အိမ်နဲ့ တအားရင်နှီးတော့ သိနေတာပေါ့****သူ့အကြောင်းပြောချင်တာ တစ်ခု ရှိလို့လေ****
တစ်ရက် ပေါ့ အိမ်နဲ့ သိတဲ့ သူငယ်ချင်းက ဖျားပါလေရော ဆေးရုံတောင် တင်ရတယ်****အိမ်မက်တို့ က မသိလိုက်ဘူး****သိတဲ့ အခါ သူက ဆေးရုံဆင်းပြီ****အဲ့ဒါကို တာရာ ကို ပြောပြတယ် ငါ မသွားကြည့်ဖြစ်လိုက်ဘူး ဟယ် စိတ်မကောင်းဘူး လို့****ဒါနဲ့ သူက ငါ ဖျားရင်ရော နင်လာကြည့်မှာ လားတဲ့****အင်းပေါ့ နင် ဆေးရုံတက်ရ ရင်လဲ ငါလာမှာပေါ့ လို့ ဖြေလိုက်တာ ****အိမ်မက်က ဘာရယ်မဟုတ် ဒီလိုပဲ ဖြေလိုက်တာလေ****ဆရာသမား ဘယ်လို လုပ်တယ် မသိဘူး နောက် သုံးရက်လောက်နေတော့ သူ့သူငယ်ချင်းက ဖုန်းဆက်တယ်****တာရာဆေးရုံတင်လိုက်ရတယ် တဲ့ ****အိမ်မက်လဲ မျက်လုံးပြူးသွားတာ ဘာဖြစ်တာ လဲ ဘယ်လိုဖြစ်တာလဲ ဆိုပြီး**** နောက်နေ့ ဆေးရုံလိုက်သွားတယ်***
ဆေးရုံကလဲ ရိုးရိုးဝင်လို့ ရတယ် မထင်နဲ့နော် ****စစ်ဆေးရုံလေ မှတ်ပုံတင်တောင်းတယ်****အိမ်မက် က ဆောင်ထားတဲ့ အကျင့်မှ မရှိတာ****မရှိရင် မဝင်ရဘူးတဲ့****သူငယ်ချင်း ကို လာကြည့်တာ ပါ မဝင်လို့ ဘယ်လို လုပ်ရမလဲ ဘာ ညာ ပြောတော့****ပိုက်ဆံ အပေါင်ထားပြီး ကဒ် တစ်ခုလုပ်ရတယ် **** ပြန်လာရင် ပိုက်ဆံ ပြန်ပေးမယ်ပေါ့****စိတ်တိုလိုက်တာ အဟုတ်****ပြီးရော ဆိုပြီး လုပ်လိုက်တယ် ပိုက်ဆံပေး ကဒ် ယူပြီး အခန်းနံပါတ် ရှာ****ဟော တွေ့ပါပြီ****
အဲ့ဒီ လဒ လေ**** ပိုက်တန်းလန်းနဲ့ လက်မှာ ****တကယ် ဘာဖြစ်တာလဲ မေးတော့****အားနည်းတာတဲ့****၂ ရက် ၃ ရက်အတွင်း အားနည်းအောင် ဘယ်လိုလုပ်လိုက်လဲ မသိပါဘူး တကယ် ****အမြင်ကတ်လိုက်တာ လွန်ရော****သူက ပြောတာသာ အားနည်းတာ လူက ပြောင်စပ်စပ်နဲ့**** ပိုက်သာ မမြင်ရင် အိမ်မက် မယုံဘူး ****စကားခဏပြော ပေးပြီး ငါပြန်မယ် ဆိုပြီး ထပြန်လာ ခဲ့တယ်****သူက လိုက်ပို့ မယ် လုပ်သေးတာ ****စောင့်ပေးနေတဲ့သူ က ဆရာလေး မလုပ်ပါနဲ့ဗျာ ကျွန်တော် အဆူခံရမှာ ဆိုပြီး မနဲ တောင်းပန်မှ ကျန်ခဲ့တာလေ**** တကယ် မလွယ်ဘူးရော ပဲ****
အိမ်ကို ဖုန်းဆက်ရင် တခါ တလေ ဆို အိမ်မက်က မပြောချင်ရင် အဖေ့ကို ညာခိုင်းတာ မရှိဘူး ဆိုပြီး****အဖေက လဲ ရတယ် ပြောပေးတယ် ဖုန်းဆက်တိုင်း မရှိဘူးပဲ****ဒါပေမယ့် အခါ များလာတော့ အိမ်မက် ရှောင်မှန်း သိတာပေါ့****အဲ့ဒီအခါ ဘာပြောတယ်ထင်လဲ****အဖေ့ကို လေ. ဦးရယ် ကျွန်တော် တောင်းပန်ပါတယ် ဗျာ ကျွန်တော်သူနဲ့ တကယ် စကားပြောချင်လို့ပါ ခဏလေးပါဗျာ တောင်းပန်ပါတယ် ကြီးလုပ်တော့တာ ****အဖေ လဲ ဘယ်နေနိုင်မလဲ သနားတာရော နာငြီးတာရောနဲ့****အိမ်မက်ကို ခေါ်တယ် ဘယ်လိုခေါ်လဲ သိလား****သမီး နင့်ဟာ နင်လာရှင်း ငါ မနိုင်တော့ဘူး ဒီကောင် မလွယ်ဘူး တဲ့း)**** အိမ်မက်မှာလေ ရယ်လဲ ရယ်ချင် စိတ်ကလဲ တိုနဲ့****ဟင်း ဟင်း ဟင်း****ခုပြောတောင် ပြုံးမိတယ်****
အဲ့ဒီ သူငယ်ချင်းပေါ့ ****တာရာလေ****ခုတော့ ဆရာဝန်ကြီးဖြစ်နေပြီ****သူကပြောသေးတယ်****ငါ ဂျာမနီလာနိုင်အောင် ကြိုးစားမယ်တဲ့****ခု သူ့ကို ဖဘ မှာ နာမည်တွေ့လိုက်တော့ အရမ်းကို စကားပြောချင်လာတာ****သူ့ကို လဲ စချင်တယ်****ဒါပေမယ့် သူငယ်ချင်းက ခုထိ accept မလုပ်သေးဘူး****အိမ်မက် အထင် တွေ့တောင် တွေ့မှာ မဟုတ်သေးဘူး****ဆရာဝန်ကြီးက အလုပ်များတယ် ထင်ပါတယ်****
ဒါပေမယ့် ဘာပဲ ပြောပြော ငယ်စဉ်ဘဝ အမှတ်တရတွေက****ပြန်တွေးကြည့်ရင် ပျော်စရာပါနော်****
ဒါမျိုးအမှတ်တရ တွေက ပြန်မရနိုင်တော့ဘူး****အသက်အရွယ်ရလာရင် လူတွေက အရာရာကို ချင့်ချိန် စဉ်းစားပြီးမှ လုပ်ကြ တာ****ငယ်ငယ် ကလို ကမူးရှူးထိုး မလုပ်တက်ကြတော့ဘူးလေ****ဒါကြောင့် ခုချိန်က အပျော်က ငယ်စဉ် ဘဝက အပျော်တွေနဲ့ ယှဉ်ရင်တော့ လွတ်လပ်မှုနည်းသွားတာ အမှန်ရယ်****ဘာရယ်မဟုတ်ပါဘူး သူငယ်ချင်းကို ဖဘ မှာတွေ့တော့ သူ့အကြောင်းပြန်စဉ်းစားရင်း နဲနဲ သူငယ်ပြန်သွားတာ****တွေ့တဲ့ အချိန်တော့ ပြောပြရပါဦးမယ်း)****
အိမ်မက်စေရာ
၁၃.၀၃.၁၂

7 comments:
ဖတ်သွားတယ်....အိမ်မက်ရေ.....အရေးအသားကောင်းတယ်.....
ဟုတ်တယ်ငယ်ငယ်က သူငယ်ချင်းတွေအကြောင်းစဉ်းစားမိရင်
စိတ်ထဲမှာအလိုလိုပျော်လာတယ်သိလား
သူတစ်နေ့တွေ့မှာပါ ဆရာဝန်ဆိုတော့လဲ အလုပ်များနေမှာလေ
ချစ်တဲ့ sis jasmine
အိမ်မက်ရေ...ယz လဲမတွေ့တာ ဆယ်နှစ်လောက်ကြာပြီ ဖြစ်တဲ့ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်နဲ့ တလောကမှပြန်တွေ့တယ်
အရင်ကအကြောင်းတွေ ပြောလိုက် စလိုက်နောက်လိုက်နဲ့ ဟိဟိး) ... ပျော်ဖို့ကောင်းတယ်
အိမ်မက်လဲသူငယ်ချင်းနဲ့အမြန်ဆုံးပြန်တွေ့နိုင်ပါစေ
yeezy shoes
yeezy boost 350
kyrie 6 shoes
fitflops sale clearance
nike basketball shoes
golden goose sneakers
yeezy supply
air max 90
yeezy shoes
balenciaga shoes
replica bags korea replica bags on amazon replica bags koh samui
look at here replica gucci handbags useful link replica designer bags wholesale visit this web-site replica bags online
fear of god essentials
supreme new york
kyrie 8
jordan outlet
OFF-White
birkin bag
supreme clothing
goyard handbags
bapesta hoodie
off white nike
Post a Comment