ကျွန်မ ကရင်လူမျိုးတစ်ဦးဖြစ်သည့် အားလျှော်စွာ ကရင်အမျိုးသားအလံတော် အကြောင်း ကို ဗဟုသုတအနေနဲ့ အနည်းငယ် ဖော်ပြပေးချင်ပါတယ်..ဒီပို့စ်ထဲမှာ မည်သည့်ရည်ရွယ် တစ်စုံတစ်ခုမျှမပါဝင်ပါဘူး.. သူ့ရဲ့ အဓိပ္ပါယ်နဲ့ ဖြစ်ပေါ်လာပုံကို စိတ်ဝင်စားစရာတစ်ခုကအနေနဲ့ ရေးသားခြင်းသာဖြစ်ပါတယ်....
ကရင်အမျိုးသားအလံတော်ဟာ လွန်ခဲ့တဲ့ ၁၉၃၅ ခုနှစ်လောက်က စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်.. စတင်ရေးဆွဲစဉ်မှာတော့ အလံတော်ပုံစံရေးဆွဲပြိုင်ပွဲအဖြစ်သတ်မှတ်ပေးခဲ့ ပါတယ်..
ပထမဆုရရှိတဲ့အလံဟာ ဖားစည်ပုံ ဖြစ်ပါတယ်.. အဓိပ္ပါယ်ကိုဖော်ပြရာမှာတော့ ရှေးခောတ်ကရင်လူမျိုးဟာ ဖားစည်ကို လက်နတ်သဖွယ် ကိုင်ဆောင်ကြပါတယ်..အသက်တစ်မျှတန်ဖိုးထားလွန်းလို့ သက်ရှိအဖြစ်သတ်မှတ်ကာ ဖားစည်တစ်လုံး ဟုမခေါ်ဝေါ်ပဲ ဖားစည်တစ်ခု အဖြစ်ခေါ်ဝေါ်ကြပါတယ်..စည်းလုံးညီညွတ်မှုကိုလဲ ရည်ညွန်းပါတယ်..
ဒုတိယဆုရရှိတဲ့အလံကတော့တက်သစ်စနေဝန်းအမှတ်အသားဖြစ်ပါတယ်..အဓိပ္ပါယ်ကိုဖော်ပြရာမှာတော့ကရင်လူမျိုးများရဲ့ တိုးတက်ထွန်းလင်းတောက်ပမှု..ကြောက်စိတ်ဖယ်ရှားမှု ကို ရည်ညွန်းပါတယ်..
အဲ့ဒီနောက် အမျိုးသားအလံတောက်ကို အတည်ပြုတဲ့အခါမှာ အရောင်သုံးမျိုးနဲ့ နေဖြာရောင်ခြည်(၉) ခုလဲပါဝင်ခဲ့ပါတယ်..
အနီရောင်မှာ ရဲရင့်ပြတ်သား သတ္တိရှိခြင်း ဇွဲရှိခြင်း
အဖြူရောင်မှာ ဖြူစင်ခြင်း နှင့် သန့်ရှင်းစင်ကြယ်ခြင်း
အပြာရောင်မှာ ဖြောင့်မတ်တည်ကြည်ခြင်း ငြိမ်းချမ်းသာယာခြင်း
နေဖြာရောင်ခြည်(၉)ခု မှာ ကရင်လူမျိုးများရဲ့ နေရပ်ဌာနီကို ဖော်ပြခြင်း.............တို့ဖြစ်ပါတယ်
ဒါကြောင့် ဒီလိုအဓိပ္ပါယ်ပြည့်ဝပြီး ကရင်လူမျိုးများ အလေးအနက် တန်ဖိုးထားရာ ကရင်အမျိုးသားအလံတော်ကို
ကရင်နှစ်သစ်ကူး နေ့တိုင်းမှာ အလံတော်လွင့်ထူပြီး ကရင်လူမျိုးအားလုံး အလေးပြုကြပါတယ်....

2 comments:
ဒီအကြောင်းလေးသိရတာ အ၇မ်းကျေးဇူးတင်ပါတယ်..
ကျမ ၉ထာနီအကြောင်းကိုလည်းသိချင်မိပါတယ်..ကျေးဇူးပြုပြီးတင်ပေးပါ..
bapesta
kyrie 7 shoes
nba star shoes
off white clothing
golden goose outlet
kobe shoes
supreme
supreme clothing
goyard bag
jordan
Post a Comment