Napoleon ရဲ့ သချို င်္င်းဂူ ပါ... ပုံတွေ အများကြီးရိုက်ယူလာခဲ့ ပေမယ့် အကုန်တင်လို့ မရဘူး... အထဲမှာ ဓါတ်ပုံရိုက်တဲ့အခါ အလင်းဖွင့်ပြီးရိုက်လို့ မရတော့ ဒီအတိုင်းပဲ ရိုက်ခဲ့ရတယ်.. သချို င်္င်းဂူ လို့ ဆိုတဲ့အတိုင်း အထဲမှာ နေရာတော်တော် များများက မှောင် ပြီး မဲ နေတော့ ရိုက်ရတာ အဆင်မပြေခဲ့ ပါဘူး ..ဒါကြောင့် အဆင်ပြေတဲ့ ပုံလေးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်.. အားလုံးအတွက် ဗဟုသုတ ဖြစ်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ.. သမိုင်းကို မကျွမ်းကျင်သူမို့ ဒါက ဘာ ညာ ဆိုတာ ကို မရှင်းပြ နိုင်တာ စိတ်မကောင်းဖြစ်မိတယ် ... စာဖတ်ကြည့် ဖို့ က လဲ တစ်ချို့နေရာ တွေမှာ ဘာမှ မရေးထားပြန်တော့ အဆင်မပြေ ပြန်ဘူး .. ဒါကြောင့် ပုံလေးတွေ ကြည့်ပြီး ကျေနပ်ပေးပါ လို့ အိမ်မက် က မေတ္တာရပ်ခံပါတယ်...
ဒီပြန်ရောက်တော့ အစ်ကိုတစ်ယောက်က မေးပါတယ်..ညည်းမကြောက်ဘူးလား အဲ့ဒီမှာ ဒရယ်ကူလာ ရှိတယ်တဲ့...တကယ်တော့ လူတွေသာ ရှိမနေဘူးဆိုရင် တကယ်ကို ကြောက်စရာကောင်းနေမှာပါ နေရာတော်တော်များများက မှောင်မဲ ပြီး ခြောက်ခြားစရာ ကောင်းနေတာပါ..ခေါင်းတလားတွေ ကြီးပဲ တွေ့တွေ့ နေရတော့ လူ နဲနဲ ကြက်သီးထ မိတာ တော့ အမှန်ပဲ..တစ်ချို့နေရာ မှာ လမ်းကြို လမ်းကြားလေးတွေ မီးမှိန်မှိန်လေးတွေ နဲ့ တားမြစ်နယ်မြေတွေလဲ တွေ့ခဲ့ရပါသေးတယ်...
ချစ်တဲ့
အိမ်မက်စေရာ
အိမ်မက်စေရာ
3 comments:
အင်မတန်မှစိတ်ဝင်စားဖို့ကောင်းတဲ့ ဓာတ်ပုံတွေပဲ အိမ်မက်ကလေးရေ
ဘာလို့လဲဆိုတော့ ဒီဓာတ်ပုံတွေဟာ တကယ့်ကိုသမိုင်းကြောင်းရာကိုမြင်ရစေတယ်
မသွားနိုင်တဲ့သူတွေအတွက်ကတော့တကယ့်ကိုအထူးအဆန်းစိတ်ဝင်စားခဲ့ပါတယ်
ချစ်တဲ့ အမ
ဒိုးကန်
ဘယ်...နပိုလီယံဆိုတာ အိမ်မက်နဲ့ယှဉ်လိုက်တော့ ဘာမှမဟုတ်တာ သေချာသွားတယ် ..:P:P
ဗဟုသုတတွေ လာစားသွားတယ်ဝေ့
Post a Comment