Pages

Wednesday, February 8, 2012

ကြောင်ကလေး ဓါတ်ပုံ

ပိုလန် နိုင်ငံသူ သူငယ်ချင်းမလေး မှာ အရမ်းချစ်ရတဲ့ ကြောင်ကလေး တစ်ကောင်ရှိတယ်..
အလုပ်မှာ စကားပြောဖြစ်တဲ့ အချိန်တိုင်း ကြောင်လေး အကြောင်း အမြဲမေးဖြစ်တယ်..
ကိုယ်တိုင်က တိရစ္ဆာန် ချစ်တက်တော့ သူ့ကြောင်လေးလဲ မမြင်ဖူး ပဲ နဲ့ သူ့အပြောနဲ့ကို ချစ်နေတာ..
အဲ ဟိုတလောက တော့ သူ့ခမျာ နေမကောင်းရှာဘူး..
သူ့သခင်မက သူ့ကို ဆေးခန်းပို့ပြီး အဝှာဒင်း လုပ်ပေးလိုက်တာ သူ့မှာ မိန်းမမရနိုင်တော့ဘူးလေ.. သနားပါတယ်
ခေတ်ကာလက တိရစ္ဆာန်တွေတောင် သဘာဝအတိုင်း ပေးမနေ ကြဘူး..
တနေ့ကတော့သူငယ်ချင်းမရဲ့ ကြောင်ကလေးကို ဖဘ မှာ ဓါတ်ပုံတွေတွေ့လိုက်တယ်..
အမွေးမရှိတဲ့ ကြောင်အမျိုးအစားလေ.. အင်္ကျီလေး ဝတ်ပြီး ရှိုးထုတ်နေတာများ..
အိမ်မက်မှာ ကြည့်ပြီး ရယ်လိုက်ရတာ ခွက်ထိုး ခွက်လန်..
တကယ် အဲ့ဒီကြောင်လေး မျက်နှာက စပ်ဖြီးဖြီးနဲ့ .....သဘောကျလွန်းလို့ ပြန်တင်ပေးလိုက်တာ..
ကြောင်လှလှလေးမှ ချစ်တက်တဲ့ သူတွေအတွက်တော့ ဒီကြောင်ကလေးကတော့ ရုပ်ဆိုးနေလိမ့်မယ်..
ဒါပေမယ့် ချစ်ဖို့ကောင်းပါတယ်..
ကဲ ကဲ စပ်ဖြည်းဖြည်းနဲ့ ပဲ များနေတဲ့ပုံတွေ ကြည့်လိုက်ကြဦးနော်....

မခို့တရို့...း)

ဒါက နောက်ထပ် စတိုင်လ် တစ်မျိုး


တားတား အိပ်နေတယ်နော်..လာမနှိုးနဲ့..


သူမှာ လဲ အသဲ နဲ့ ချစ်တက်ပါတယ်တဲ့..


တစ်နှစ်သား ကြောင်ကလေးနဲ့ သူ့သခင်မ ချောချောလေး

အိမ်မက်စေရာ
၀၈.၀၂.၁၂

13 comments:

Anonymous said...

အဲ့လိုအမွှေးမရှိတဲ့ ကြောင်မျိုးတခါမှမတွေ့ဖူးဘူး
ဗိုက်ကအမဲစက်လေးတွေကဘာလေးတွေလဲမသိဘူးနော်...

camomilla

မဒမ်ကိုး said...

အာ ထူးထူးဆန်းဆန်း မဲမဲလေးပါလားဟယ် အမွှေးလဲမပါဘူး အသဲယားထှာ အိမ်မက်ကလေးရယ်း))


ချစ်တဲ့

မဒိုးကန်

စံပယ်ချို said...

ကြောင်လေးကလဲ ဂျက်လိုပဲ ရုပ်ဆိုးပြီးအိုစာနေသလိုပါပဲ
ချစ်ဖို့ကောင်းမယ့်ပုံပါ အက်ရှင်ကလဲများသေး
ကြောင်တွေခွေးတွေကို ချစ်တယ်
အိမ်မက်လေးကိုလဲချစ်တယ်

Mrs. Bagel said...

အဲဒီကြောင်က ဈေးကြီးတယ်လို့ FRIENDS ရုပ်သံ series ထဲမှာ မြင်ဖူးတယ်။ Rachel က ဝယ်လာတာ၊ ပြန်ရောင်းမထွက်လို့ စိတ်ညစ်ရတာ episode တစ်ခုရှိတယ်။ ဘယ် season လည်းတော့ မမှတ်မိတော့ဘူး။

မယ့်ကိုး said...

အဲဒီကြောင်လေးက ခွေးလို အရည်အသွေးရှိတယ်။ ဥာဏ်ရည်လည်း မြင့်တယ် ပြောတယ်။ မမအိမ်ပိုင်ယာပိုင်ရှိတဲ့အခါ အဲလိုကြောင်လေး မွေးချင်တယ် :)

Thameesan said...

ကြောင်ထူးဆန်းပဲး)
သိပ်မမြင်ဖူးဘူး။
အမှန်တိုင်းပြောရရင်.တရိစ္ဆာန်တွေကို
အဲ့လောက်မချစ်တတ်ဘူး။
ခွေးလေးတွေ၊ကြောင်လေးတွေနဲ့
သတ္တ၀ါလေးတွေ.ချစ်တတ်တဲ့သူက
စိတ်ထားနူးညံ့တယ်တဲ့ :D

ဘိုဖြူ said...

ကြောင်တို့ခွေးတို့ဘယ်လိုပုံလေးဖြစ်ဖြစ်ချစ်တယ်ဗျာ

KMC@ချင်းလေး said...

ညီမလေးအိပ်မက်..မင်္ဂလာပါ။ ညီမတို့စေ့စပ်ပွဲလေးကိုဖတ်လိုက်ရသေးတယ်။ အစ်ကိုလည်းအရမ်းချောတယ်နော် :P ညီမလည်းချောပါတယ်။လိုက်ဖက်ညီပါတယ်။ ကျနော်နေကောင်းပါတယ်ညီမ။နော်ဝေမှာပဲရှိနေပါတယ်။ မမငယ်ကပြန်ခွင့်မပြုဘူးလေ။အကြောင်းကြောင်းကြောင့်ပေါ့။ အထူးသဖြင့်တော့ပြန်မလာတော့မှာသိလို့နေမှာပေါ့ :P မောင်နှမနှစ်ယောက်ပဲရှိတာမို့သူမသိအောင်ဘာမှမလုပ်ချင်ဘူးညီမရယ်။ ဒါပါပဲ..စိတ်တွေညစ်လို့ဘာမှမလုပ်တော့တာပါ။ညီမတို့အားလုံးခုလိုဝိုင်းဝန်း ကြိုဆိုကြတာမြင်တော့ဝမ်းသာမိသလိုကျေးဇူးလည်းအရမ်းတင်ပါတယ်ညီမ။ လက်ထပ်ပွဲလုပ်ခါနီးဖိတ်မယ်မဟုတ်လား....ဟဲဟဲ..(စားချင်လို့စောင့်နေတာနော်..) ညီမအိပ်မက်တစ်ယောက်အစစအရာရာအဆင်ပြေပါစေကွယ်။

Kyaw said...

ကြောင်ကချစ်ဖို့လည်းမကောင်းဘူး........

yanmaneee said...

air jordan
louboutin outlet
nike outlet
supreme clothing
nike air force 1 high
kate spade handbags
yeezy shoes
curry 4
timberlands
converse

king fitted sheet said...

သူ့သခင်မက သူ့ကို ဆေးခန်းပို့ပြီး အဝှာဒင်း လုပ်ပေးလိုက်တာ သူ့မှာ မိန်းမမရနိုင်တော့ဘူးလေ.. သနားပါတယ်
industrial sewing factory ,
stitching units near me ,

thoatulou said...

my blog bags replica ysl navigate here 7a replica bags wholesale have a peek here gucci replica bags

Anonymous said...

golden goose outlet
giannis antetokounmpo shoes
off white hoodie
golden goose online
golden goose sale
hermes outlet
golden goose sneakers
bape clothing
off white t shirt
bape