Pages

Friday, September 2, 2011

အားလုံးကို မဆိုလိုပါ နော်...





အားလုံးကို ဝါးလုံး ရှည်ကြီးနဲ့ ကြုံးမရိုက်ပါ... တွေ့ဖူးသမျှ လောက်လေးပါ.... :p


အသဲကွဲနေပါတယ် ဟု နေ့စဉ်နှင့်အမျှ ခံစားကြွေးကြော်နေသော သူငယ်ချင်းကို ဖေ့ဘွခ် မှာ တွေ့သောအခါ အနည်းငယ် အံသြချင်လာပါတယ်.. ဘယ်နှယ် ပို့စ်တွေ အမျိုးမျိုးရေးပြီး tag လိုက် share လိုက် လုပ်နေသော သူ့ရဲ့ ခံစားချက် message တွေကို အကြိမ်ကြိမ် ဖတ်လာရသောအခါ သူတကယ်ပဲ အသဲကွဲနေတာလားလို့ တွေးမိလာပါတယ်.. ကြုံကြိုက်တဲ့တခါ သူနဲ့ ချက်တော့ လဲ အဆင်မပြေဘူးသူငယ်ချင်းရယ် ဟု ညည်းပြပြန်လာပါသည်.. အင်း ဒါဆိုရင်တော့ ဟုတ်လောက်ပါတယ်လေ လို့ ဖြည့်တွေးပေးလိုက်ပါတယ်.. ဘာကြောင့်လဲ သူများအသဲကွဲနေတာ ခံစားနေရတာကို ဘယ့်နှယ်ကြောင့် သံသယ ဖြစ်နေရပါလိမ့် ဆိုရင်တော့ ဘဝမှာ အသဲကွဲ တဲ့ ယောက်ျားကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ခြင်းကြောင့်လို့ ဝန်ခံရမလိုပင်.. ဟုတ်ပါသည် မတွေဖူးပါ.. မကြုံဖူးပါ
ယောက်ျားတစ်ယောက် အချစ်အတွက် ခံစားနေရတာကို တွေ့ကို မတွေ့ဖူးခဲ့တာပါ..
ခံစားရတယ်ကွာ .. သူတို့ညည်းပြီး သိပ်မကြာမည် သကာလပင် သူတို့ ရဲ့ ခံစားရတယ်ကွာ ဟာ ပျောက်ပျက်သွားတက်ပါသည်.. နည်းအမျိုးမျိုးနှင့် ဖြေဖျောက်တက်လိုက်တာလဲ မပြောပါနှင့်. ဒါကတော့ ယောက်ျားများအသိ
ချစ်သူတစ်ယောက်ကို အသဲနှင့်အောင်ချစ်ပြတက်ပြီး တခြားမှာလဲ အီစီကလီ လုပ်ဖို့ ဝန်မလေးတက်သော ယောကျာ်းများတော်တော်လေး တွေ့ဖူးခဲ့ပါသည်. အထူးသဖြင့် အွန်လိုင်းပေါ်တွင်တော့ ပြောစရာကိုလိုတော့မည် မထင်ပါ.. တစ်ခါတစ်လေများ အချစ်စစ်ဆိုတာဟာ ကြားဖူးနားဝ သက်သက်များဖြစ်လာတော့လေမလား နဲ့ တွေးတော ပူပန်ရတဲ့ အဆင့်ကို ရောက်ချင်လာပါတယ်.
ငယ်စဉ်အခါက တွေ့ကြုံဖူးပါသည်..ယောကျာ်းနှစ်ဦး လမ်းလျှောက်လာရင်း ခပ်ချောချော ခပ်တောင့်တောင့် အမျိုးသမီးကို တွေ့လိုက်သောအခါ အိမ်ကဟာကြီးနဲ့တော့ ကွာပါ့ကွာ ဟုကြားမိလိုက်၍
ချက်ချင်းလှည့်ကြည့်မိသည်... မုန်းတီးလွန်းစွာလဲ တောက် တစ်ချက် ခေါက်မိသည်.. ဘာကိုမှန်းမသိ နောက်ပိုင်းတွင် ထိုစကားကြားတိုင်း စိတ်ထဲမှာ အလိုလို နာကျင်တက်လာသည်..ဒါကလဲ မိန်းမထဲ က မိန်းကတစ်ယောက် ဖြစ်နေလို့ ပဲ ဟု ကိုယ့်ကိုယ် ကိုထင်ပါတယ်... ယောက်ျားတွေကို မုန်းနေတာလားဟု မေးလျှင်မမုန်းပါ ဟု ပြောချင်ပါတယ်.. ယောက်ျားလေး သူငယ်ချင်းများစွာ ရှိခဲ့တာ ငယ်ငယ်ထဲကမို့ ယောက်ျားလေးတွေရဲ့ စိတ်ကို တော်တော်များများ တီးခေါက်မိကာ ငါတို့ မိန်းကလေးတွေနဲ့ ကွာလိုက်တာဟု တွေးမိ ရုံလေးပါ....
အချစ်ဆိုတာက နားလည်ရခက်သော ပုစ္ဆာတစ်ပုဒ် ရယ်ပါ...
သူပိုချစ်နိုင်တယ် ငါပိုချစ်နိုင်တယ် ဟု ပြောခက်သလို လူတစ်ဦး ချင်းစီရဲ့ စိတ်နဲ့တော့ တိုင်းတာ ဆုံးဖြတ်လို့ မရနိုင်ပါ....
အချစ်ဆုံးသူငယ်ချင်းတစ်ယောက် တုန်းကလဲ ထိုကဲ့သို့ ပင်..သူ၏ ချစ်သူပေးသော လက်ပတ်လေးကို တန်ဖိုးမထားစွာ ငါလိုချင်လိုက်တာ ဟုတောင်းခဲ့တုန်းက လွယ်လင့်တကူချွတ်ပေးခဲ့တာ သူ၏ချစ်သူက ဝတ်လာခဲ့ ဟု ပြောသောနေ့ကျမှပင် ပြန်တောင်းကာ အဲ့ဒါ ငါ့ချစ်သူပေးထားတာ တဲ့ ..ပြောပုံက သိရင် အစကထဲက မတောင်းဘဲ နေမှာပေါ့ တော်သေးတာက ရှိနေသေးလို့ ပျောက်များပျောက်သွားရင်ဖြင့် .. ...
ဘယ်လောက်ကြီးပဲ ချစ်တယ်ပြောပြော ချစ်သူနဲ့ ခွဲခွာပြီးသွားရင် အများဆုံးခံစားရတာက မိန်းကလေးတွင်ပင် လို့ တွေးမိတော့ မကျေနပ်ချင်..ယောက်ျားလေးတွေ အတွက် စိတ်ဖြေပျောက်စရာ နည်းလမ်းတယ်လဲ များသကိုး..နော်
ချစ်သူကို တစ်ခါပြောဖူးသည်.. အကယ်၍များငါတို့ ကွဲသွားရင် တစ်လလောက်တော့ အရမ်းခံစားရမှာနော် လို့ပြောတော့ သူက ကိုယ်က နှစ်ပတ်လောက်ပဲ တဲ့..............သူက တမင်ပြုံးစိစိဖြင့် ပြောသောငြား ကိုယ်ကတော့ မပြုံးနိုင်ပါ... နင်တို့ ယောက်ျားတွေက ဒါမျိုးပဲ....ဟု မဲ့ ရွဲ့ပြီး ပြန်ပြောရုံကလွဲ ဘာတက်နိုင်ဦးမည်နည်း..ဟုတ်ချင်လဲ ဟုတ်မှာပေါ့
ဆရာမ လွန်းထားထား ၏ စာလေးတစ်ပိုဒ်သွား သတိရမိသည်..
ယောက်ျားဆိုတာမျိုးဟာ အတောင်ပံသာ ရှိခဲ့လျှင် မိုးအဆုံး မြေအဆုံး ပျံချင်တိုင်း ပျံသန်းကြမယ့် လူတွေချည်းပဲလေ။ ............ တဲ့
ချစ်သူ/ မိန်းမ ရှိရက်နဲ့ အီစီကလီတွေ... ကိုယ့် ချစ်သူ/မိန်းမ ကျ ဆက်ဆံပုံတစ်မျိုး တခြားမိန်းကလေးကျ ဆက်ဆံပုံ တစ်မျိုး .. ဒါမျိုးတွေ တွေ့ပါများလာတဲ့ အခါ ငါ လဲ ဒါမျိုးကြုံရမှာလားလို့ တွေးတောပြီး ပင် ကြောက်တက်လာတယ်..တစ်ခါကလဲ အလုပ်ခွင်မှာ အမျိုးသားတစ်ယောက် သူ့ရဲ့ မိန်းမက ၂၄ အရွယ် ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ရယ် သူက မိန်းမနဲ့ နဲနဲ ဝေးပြီဆို နောက်လား ပြောင်လားလုပ်တက်ပါတယ်.. အမြင်ကတ်လွန်းစွာ တစ်ခါမှာတော့ ငါ့ ကို မထိနဲ့ ပိတ်အော်လိုက်တယ်.. ကိုယ့်စကားဘယ်ရောက်သွားလဲ ဆိုတာ သိပါတယ်.. ဒါပေမယ့် ဒါမျိုးကို မုန်းတယ်..
အဲ့လိုပဲ ကံဆိုးလွန်းတာ လား ဒီလို ယောက်ျားလေးမျိုးပဲ အကြိမ်ကြိမ် တွေ့ဖူးလာခဲ့တာ.. အသဲကွဲ တက်တဲ့ယောက်ျားလေး ကို မမြင်ခဲ့ဖူးရိုး အမှန်ပါ..မိန်းမ တစ်ယောက်ကို သိပ်ချစ်တဲ့ယောက်ျားမျိုးတွေ့ဖူးပေမယ့် ကွယ်ရာမှာ တော့ သိပ်တန်ဖိုးမထားတက်ကြတာ သဘာဝလားလို့ တောင်တွေးမိလာတယ်..
ငါ့ ကျရင် ရော.. ဘာတွေဖြစ်လာမလဲ ???????
ဒါမျိုးပဲ ကြုံရမှာလား....????????
နှုတ်ခမ်းဖျားက ချော့မော့တက်ပြီး ကိုယ်ကလွဲ အားလုံးအလှတွေ ချည်းပဲ လို့ သူမြင်နေမလား...????????
မလား ... မလား.... မလား.... တွေနဲ့ ........
သြော် သူငယ်ချင်းက အသဲကွဲ တယ် ဆိုတော့ အသဲကွဲတက်တဲ့ယောက်ျား မတွေ့ဖူးခဲ့လေသမျှ ခုတော့ တစ်ယောက်တွေ့လိုက်လို့ ဘယ်နှစ်ရက် ခံမလဲ စောင့်ကြည့်ပါဦးမယ်...

အိမ်မက်စေရာ

အားလုံးကို မဆိုလိုပါ နော် ..လို့ ကြိုပြောထားတယ်နော်.... တွေ့ဖူးသလောက် နဲ့ တိုက်ဆိုင်တာလေး တစ်ချို့လောက်ပဲ.. :p

8 comments:

ဟန်ကြည် said...

မှန်ပါတယ်...လူအမျိုမျိုး စိတ်အထွေထွေပါ...ကောင်းတဲ့ယောက်ျားတွေရှိသလို မကောင်းတဲ့ ယောက်ျားတွေလည်း ဒုနဲ့ဒေးပါ...အဲဒီကိစ္စကတော့ ပညာအဆင့်အတန်းနဲ့ မဆိုင်သလို၊ လူ့အဆင့်အတန်းနဲ့ မဆိုင်ပြန်ပါ...စာ၇ိတ္တအဆင့်အတန်းနဲ့ ပိုဆိုင်ပါတယ်...တစ်ချို့ယောက်ျားလေးများကျတော့လည်း စိတ်ထဲက မရှိပေမယ့် ပါးစပ်လွယ်တဲ့အကျင့်ကြောင့် လွတ်ခနဲပြောတတ်ကြတာမျိုးလည်း ရှိပါသေးရဲ့...ဦးဟန်ကြည်သိရသလောက်တော့ ယောက်ျားများလည်း အသည်းကွဲတတ်ကြပါသေးရဲ့...ခပ်ငယ်ငယ်က အသိထဲက တစ်ယောက် သူ့ရည်းစား အိမ်ထောင်ပြုသွားတာကြောင့် စိတ်ဓာတ်ကျပြီး အရက်သမားဘ၀နဲ့ ရေစုန်မြောရာကနေ နောက်ဆုံးမှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး သတ်သေသွားပါရောလား...သူ့ရင်ပတ်မှာလည်း သူ့ကောင်မလေးရဲ့ နံမည်ကို ဆေးမင်ကြောင်နဲ့ အထင်းသားထိုးလို့ပေါ့...

rose of sharon said...

ယောင်္ကျးလေးအသည်းကွဲတာ တွေ့ဖူးတယ်ညီမလေး... ဘယ်လောက်ခံလဲတော့မသိလိုက်ဘူး :)

Candy said...

အင်း.. ဟုတ်တယ်.. ကန်ဒီလည်း အဲ့လိုမျိုး တွေ့ဖူးတယ်.. အယုံလွယ်ရင်တော့ သွားမှာပဲ.. >.<

စံပယ်ချို said...

အမလေး ကျေးဇူးရှင်လေးရေ
အဲလိုပဲခေါ်တော့မယ်
ဟုတ်တယ်..ဟုတ်တယ်...ရေးမလို့ တင်ရမှန်း မတင်ရမှန်းမသိ
နေတာနဲ့ပဲ ...ထားလိုက်ပါတော့...အဲလိုလေးတွေလဲ များများရေးပါနော်။
လူတိုင်းကိုပြောတာ မဟုတ်ပါ....
ကိုယ်လဲ ယောက်င်္ကျားလေး အသဲကွဲတာ ဒီနေ့ထိ ကောင်းကောင်းမတွေ့ဖူးဘူးပါ။
ခင်မင်တဲ့ jas

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမလေးပြောတဲ့ ယောက်ျားမျိုးတွေ တွေ့ဖူးပါရဲ့ တော်တော်များများဘဲဆိုပါတော့ ။
အသဲကွဲတဲ့ ယောက်ျားတွေလည်း မရှိမဟုတ်ရှိပါတယ်
ဒါပေမဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်တဲ့ ယောက်ျားလေးတွေတော့ ရှိတော့ရှိတယ် ရှားတယ်လို့ ပြောရမယ်ထင်ရဲ့
အဲ သူတို့ကလည်း မိန်းခလေးတွေကို ဒီလိုဘဲ ပြန်ပြောမယ်ထင်ပါတယ်း)

မယ့်ကိုး said...

စာလေးကို ထောက်ခံပါတယ် ညီမလေး :P

အိမ်မက်စေရာ said...

အားလုံးလာ မန့်ပေးကြတာ ကျေးဇူးတင်ပါတယ်.. ကွန်မန့်တွေဖတ်ပြီး ငါ အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး ရန်တိုက်ပေးသလိုများ ဖြစ်သွားပြီလားလို့ စိုးရိမ်မိပါတယ်..
တွေ့ဖူးသမျှနဲ့ စိတ်ထဲရှိတာလေးတွေ စာအဖြစ်ချရေးဖြစ်တာပါ.. အဲ့လိုမဟုတ်ဖူးလို့ သက်သေပြချင်ရင် ယောက်ျားလေးများကိုယ့် ချစ်သူ မိန်းမ အပေါ် များများ ချစ်ပေးပါနော်...အိုကေ
အားလုံးကို ချစ်တဲ့
အိမ်မက်

yanmaneee said...

birkin bag
air yeezy
yeezy shoes
fila
moncler outlet
supreme clothing
supreme clothing
jordan shoes
yeezy boost 500
nike epic react