Pages

Friday, September 23, 2011

ဧရာဝတီအတွက်..

အလုပ်က အပြန်အဝတ်တောင်မလဲ နိုင်သေးပဲ ထမင်းစားနေရင်း blog လေးဖွင့်ကြည့်တော့ တွေ့ရတာက

ဒီနေ့ ဒီရက်မှာ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း တစ်ညီတစ်ညွှတ်ထဲ တင်ကြဖို့ အကြောင်းလေးသွားဖတ်မိပါတယ်..

ဟုတ်ကဲ့ အိမ်မက် စာအရှည်ကြီးရေးဖို့ လုံးဝမအားလို့.. တစ်ကြောင်းထဲပဲ ရေးလိုက်ပါတယ်..

ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးကို ကန့်ကွက်ပါတယ်..
လုံးဝကို ကန့်ကွက်ပါတယ် ..

ထမင်းစားပြီးရင် ချက်ချင်းအပြင်ပြန်ထွက်ရမှာမို့ စာအရှည်ကြီးရေးချင်ပေမယ့်.. ဒီလောက်လေးပဲ ရေးဖို့ အချိန်ရလိုက်ပါတယ်...

အားလုံးကိုချစ်တဲ့..
ဧရာဝတီကို ချစ်တဲ့..
အိမ်မက်စေရာ

8 comments:

ကိုရင် said...

နွားတွေရှေ့ ထွန်ကြူးပြလိုက်စမ်းပါ...:)
ဒီလောက်နဲ့လည်း လုံလောက်ပါတယ်..

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

မောင်ဘုန်း said...

အတူတကွ ကန့် ကွက်ပါတယ် ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမလေးလိုပါဘဲ မြစ်ဆုံဆည်တည်ဆေက်ရေးကို ကန့်ကွက်ပါတယ်
အားလုံး တူညီစွာ ကန့်ကွက်ကြတာပေါ့နော်

သဒ္ဓါလှိုင်း said...

ထပ်တူပါပဲရှင်..။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါသည်။ အားလုံးနဲ့အတူ လက်တွဲပါဝင်တဲ့အတွက် ဝမ်းသာမိပါတယ်။
ခင်မင်လျက်
သဒ္ဓါ

Anonymous said...

မြစ်ဧရာ လွတ်လပ်စွာ စီးဆင်းခွင့်ပေးပါ။

Anonymous said...

ကန့်ကွက်ပါတယ်ညီမ။
အကြွင်းမဲ့ကန့်ကွက်ပါတယ်။
လက်တွဲညီညီဆက်လက်ချီတက်ကြပါစို့ညီမရေ။
ချစ်ခင်စွာဖြင့်
သမီးစံ

Candy said...

ဟုတ် ... ကန့်ကွက်ပါတယ်... :D