ဒေါ်ဒေါ် ရေ ဆီထမင်းစားချင်တယ်...
ဆီထမင်း စားချင်တိုင်း အဒေါ်ဆီမှာ ပဲ ပူစာနေကျပါ.. ကိုယ်တိုင်က မချက်တက်လို့လေ..အိမ်မှာတော့ မကြာမကြာချက်စားနေကျ ဒါပေမယ့် တစ်ခါမှ ကို ကြည့်မထားမိတော့ ဆီထမင်းဘယ်လိုချက်ရမှန်းကို မသိတာပါ.. တစ်ရက်တော့ သိပ်စားချင် တာနဲ့ အဒေါ်ကို ဖုန်းဆက်မေးကြည့်ပြီး ချက်စားကြည့်ပေမယ့် အဆင်မပြေပါ.. ဇောက်နက်ပြီး ခွက်တဲ့ ဒယ်အိုးနဲ့ ချက်မိတော့ အကျက်က မညီ.. ရေများတော့ ပျော့ သွားတယ်.. ဆနွင်းများတော့ ဝါသွားတာနဲ့... ဘယ်လိုမှ အဆင်မပြေနိုင် သြော် ဆရာမပြ နည်းမကျ ဆိုတာလေ ဒါနဲ့ တစ်ရက်တော့ အဒေါ်အိမ်သွားပြီး သေချာကြည့်တော့မှ အော်ဒီလို ဒီလို ပေါ့နော် ...
ဒါနဲ့ ဒီနေ့ စမ်းချက်ကြည့်တော့ အဆင်ပြေသွားတယ်
တကယ်ဆို ဆီထမင်းကို ဂျာမနီရောက်မှ စားဖူးပြီး အရမ်းကြိုက်သွားတဲ့ ကောင်းကင်တစ်ယောက်ကို ချက်ကျွေးချင်တာလဲပါပါတယ်..

ကဲ အိမ်မက်ရဲ့ ဆီထမင်းလေး စားသွားပါဦးနော်..
ကော်ဖီပူပူလေးတစ်ခွက်လဲ ပါသေးတယ်...
ကိုယ်တိုင်ချက်ထားတဲ့ အိမ်မက်ရဲ့ Sunday ဆီထမင်းလေး ပါ
အားလုံး Gute Appetit ( စားကောင်းပါစေ) ရှင်........
အိမ်မက်စေရာ
6 comments:
စားချင်တယ်။ Frankfurt ရောက်ရင် ဖိတ်ကျွေးမှာလား.. :P စတာနှော် .. :P
ဆီထမင်ကိုကြိုက်တယ်
ကောက်ညင်းနဲ့လုပ်တဲ့အရာတွေကိုကြိုက်လို့
ခဏခဏလုပ်စားတယ်
ခုလဲစားသွားတယ်နော်....
ကော်ဖီလဲသောက်သွားပါတယ်
ကျေးဇူးတင်ပါတယ်
ချစ်ခင်တဲ့ jas
jas ရေ လာစားသွားလို့ ကျေးဇူး..
လပြည့်ရေ ချက်ကျွေးချင်တာပေါ့ ..ဘာမှ ကောင်းကောင်းမချက်တက်လို့ပဲ အားနာတာ..တကယ်ဆို သူများကို ဟင်းကောင်းကောင်းလေး တွေ တအားချက်ကျွေးချင်တာလေ...
အိမ်မက်
ပဲပြုတ်လာဖြူးသွား၏း)
စားချင်တာပြောပါတယ် ......
စားချင်စရာလေး
ငပိကျော်နဲ့ဆိုတော့ ရှယ်ဘဲ
ဗိုက်ဆာလိုက်တာကြည့်နေရင်းး)
golden goose
cheap hermes belt
nike travis scott
fear of god outlet
off white
golden goose sale
Post a Comment