Pages

Monday, September 19, 2011

ရင်ထဲက ဝေဒနာပါ မြစ်ဧရာ









ကြည့်စမ်းပါဦး မြစ်ဆုံစီမံကိန်းတဲ့.....ငါတို့ဧရာဝတီကိုဖျက်ဆီးမယ့် သေမင်းရဲ့လက်နက်လေ.....မြင်ရက်စရာတောင်မရှိဘူး..စက်သံတွေ တဒုန်းဒုန်း ဖုံတွေ တလုံးလုံးနဲ့ ဧရာဝတီအလှကို ခြေနဲ့ နင်းချနေကြတာ.. ရင်နင့်လိုက်တဲ့ မြင်ကွင်းရယ်
အတ္တသမားတွေ ပြုသမျှ ဧရာဝတီက နုနေရတာ..
တကယ်တော့ အသွင်သွင်စီးဆင်းနေတဲ့ မြစ်ဧရာဟာ ငါတို့ခနာရဲ့ အသက်သွေးကြောပါ..
ခုတော့ ငါတော့ သွေးကြောကို ဖောက်ထုတ်လို့ သောက်စုပ်ဖို့ ကြံသတဲ့လေ..ရိုင်းလိုက်လေခြင်းကွယ်..
နောင်တစ်ချိန်ရဲ့ အနာဂတ် နောင်လာနောင်သားတွေအတွက် ဧရာဝတီဟာ ပုံပြင်တစ်ပုဒ်ဖြစ်တော့မတဲ့လား..
မြန်မာပြည်မြေပုံကို လက်ငြိုးထိုးပြီး ဧရာဝတီရောလို့ မေးလာ တဲ့အခါ
တစ်ရံရောအခါကလို့ ဖြေရတော့မှာလား..
ရင်နာလိုက်ပါဘိ ..ဧရာဝတီရယ်
ကူပါ ကယ်ပါ လို့သာ တစာစာ အော်လိုက်ချင်တယ်...










မြစ်ဧရာရဲ့ အလှ က ငါတို့ ရဲ့ ဘဝ
မြစ်ဧရာရဲ့ အသက် ငါတို့ အသက်ပဲမို့
မြစ်ဧရာရဲ့ အရေး ငါတို့ အရေးလို့ တွေး
ဘေးထွက်မနေကြပဲ
တက်နိုင်တဲ့ အရပ်
တစ်ဘက် တစ်ချက်ကနေ
ဝိုင်းဝန်းကူလို့
တိုက်ပွဲဝင်ကြပါစို့နော်..............

( ကဗျာလဲ မဟုတ် စာလဲမဟုတ် ဘာမှန်းတော့ မသိဘူး ရင်ထဲ ရှိတာလေး ချရေးဖြစ်တာ..)

အိမ်မက်စေရာ

2 comments:

KMC@ချင်းလေး said...

ဖြောင်းဖြောင်းဖြောင်းဖြောင်း...အရမ်းမိတယ်ညီမ။
ရင်ထဲကအလိုလိုထွက်လာတဲ့ခံစားချက်ဆိုတာကိုအ
ထူးပြောနေစရာမလိုလောက်အောင်ပေါ်လွင်လွန်းနေ
ပါတယ်။ဧရာဝတီကိုချစ်စိတ်ရှိတာလေးစားဂုဏ်ယူပါ
ကြောင်းညီမငယ်ရေ...ပျော်ရွှင်နိုင်ပါစေဗျာ။

မေသိမ့်သိမ့်ကျော် said...

မြစ်ဧရာကို ကာကွယ်ကြတာ အားရစရာပါပဲ။ ကောင်းလိုက်တဲ့ ကဗျာလေး။

ခင်တဲ့
မေသိမ့်