သစ်သားနဲ့ ပြုလုပ်ထားတဲ့ ထူးခြားအံ့သြဖွယ် ထူးဆန်းတဲ့ လက်ရာများပါ... ဒီလက်ရာများ တည်ရှိရာနေရာကို Amazing Forest ဆိုပြီးတော့လဲ တင်စားထားတာ တွေ့ရပါတယ်..
ခက်တာတစ်ခုက ဘယ်နိုင်ငံ ဘယ်နေရာမှာ တည်ရှိနေလဲ ဆိုတာကို ရှာလို့ မတွေ့နိုင်တာ ပါ..
သိတဲ့ လူရှိရင် တည်နေရာလေး ပြောပြပေးပါလို့ မေတ္တာရပ်ခံပါတယ် ...

အဝင်ဝလို့ ယူဆရတဲ့ နေရာ

ထူးဆန်းတဲ့ ပုံစံနဲ့ လူသား

ဒါဘာပုံလဲ သေချာကြည့်ပါဦးနော်....

မြင်းဖြူစီးနေတဲ့ မင်းသမီးလေး ထင်ပါတယ်...

ဒီပုံအရမ်းလက်ရာမြောက်တယ်နော်... လူပိစိလေးတွေလဲ ပါတယ်..သူ့ပုံစံအတိုင်းကို လက်ကိုင်ပေါ်မှာလဲ ထပ်ထွင်းထားသေးတယ် ...တော်လိုက်တာနော်

ကလေးလေးတွေ တစ်ခုခုကို မျှော်ကြည့်နေပုံလေး...

ကဲ ကြည့်ပါဦး.. ကျားသစ်နက် နဲ့ ကောင်လေး ..အိပ်များပျော် နေသလား....????

ဒီပုံက ဘာအဓိပ္ပါယ်ဘာလိမ့်...လူတော့မဟုတ်လောက်ဘူးရယ်..

ဒီပုံက နဲနဲ ကြောက်စရာကောင်းတယ်...ဒါပေမယ့်လဲ လက်ရာတော့ မြောက်တယ်နော်..တောကြီးထဲမှာ ဒီပုံတွေ့ရင် လိပ်ပြာလန့်နိုင်တယ်

ချစ်စရာလေး.. ကောင်မလေးရယ်... .လူပိစိလေးရယ်...ပြီး ....ဘာကောင်စီးထားတာလဲ မသိ ..
ပုံလေးတွေအရမ်းသဘောကျလို့ အားလုံးလဲ ကြည့်လို့ရအောင်ပါ..ဓါတ်ပုံတွေကို Amazing Photo ထဲကယူပါတယ်......
အားလုံးအပျင်းပြေပေါ့နော်...
ချစ်တဲ့
အိမ်မက်
6 comments:
အပျင်းပြေအောင်တင်တာအပျင်းပြေသွားပါပြီဗျာ...ညီမလေးအဆင်ပြေပါစေ.။ ကျေးဇူးတင်ပါတယ်အိပ်မက်ညီမရေ..။
အရုပ်တွေက တောကြီးထဲမှာတွေ့ရတာ ထူးဆန်းတယ်နော်
ပြီးတော့လည်း တကယ့်လူတွေနဲ့တောင် တူသေးတယ်
လက်ရာမြောက်လိုက်တာ စိတ်ဝင်စားစရာဘဲ
ကျေးဇူးပါ ညီမရေ..
ထူးထူးဆန်းဆန်း ပါလား အလှကလေးရေ ..
ကျုပ်တော့သွားရဲပေါင် ..
မဒိုးကန်ကအသဲငယ်သကွဲ့း)
တစ်ကယ်ကိုထူးဆန်းပါတယ်....
ပုံတွေကြည့်ရတာရှေးကပုံတွေထင်တယ်။
ရှာရှာဖွေဖွေ တင်ပေးတာပဲကျေးဇူးပါ။
မဒိုးကန်ရေ....jasနဲ့ တူတူသွားတာပေါ့။
ခင်မင်တဲ့ jasmine
ပုံတွေကအရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။ ကလေးလေးတွေ တန်းစီထိုင်နေတဲ့ပုံဆို အရမ်းလက်ရာမြောက်တယ်။ တကယ့်လူတွေအတိုင်းပဲ။ ပီပြင်လိုက်တာ။ လူအစစ်တွေ ထူးဆန်းတဲ့ တစုံတရာကြောင့် ရုတ်တရက်အေးခဲပြီး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားတာကျနေတာပဲနော်။ တခြားထူးဆန်းတဲ့ပုံသဏ္ဍာန်တွေကလည်း လက်ရာမြောက်လွန်းလို့ ကြည့်ရတာစိတ်ထဲတောင်တမျိုးဖြစ်တယ်။
ဝတ္ထုတစ်ပုဒ်ထဲကလိုများလားမသိဘူး။ လူတွေက အဲဒီရွာကြီးထဲရောက်သွားပြီး တန်ခိုးရှင်ကို မြင်ဖူးသွားရင် ရုပ်တုတွေဖြစ်သွားတာလေ။ အဲလိုများဖြစ်နေသလားလို့။ အင်မတန်လက်ရာမြောက်ပြီး ထူးဆန်းလွန်းလို့ အံ့သြနေမိပါတယ်။
ခင်တဲ့
မေသိမ့်
Post a Comment