Pages

Thursday, March 14, 2013

“ အယ်ဂျာ”


အိမ်မက်စဉ်( ၁ )

ငါတို့ ..ဘဝ အဆက်ဆက် က ချစ်သူတွေ ဆိုတာ ဘယ်သူကမှ မယုံဘူးတဲ့  “အယ်ဂျာ”.....ဘယ်တော့မှ ပေါင်းစည်းခွင့် မရှိလဲ၊ ဘယ်တော့မှ မြင်နိုင်ခွင့်၊ ကြားနိုင်ခွင့်တွေ မရှိလဲ ငါတို့ နှစ်ယောက်ကြား တည်ထားတဲ့ ချစ်ခြင်းတရား ပျောက်သွားမှာ မဟုတ်ဖူး ဆိုတာ သူတို့သိအောင် ပြောပြချင်တယ် ..တကယ်တော့ ရက်စက်လွန်းတဲ့ ကျိန်စာတစ်ခုကြောင့်သာ မဟုတ်ရင် ငါဟာ နင့်ရဲ့ မိဖုရားဖြစ်နိုင်ပါရဲ့နော်.။ ငါယုံတယ် “အယ်ဂျာ” ငါတို့ ရဲ့ အံ့သြဖွယ် ချစ်ခြင်းကြောင့် ဘဝ အဆက်တစ်နေရာမှာတော့ ဒီကျိန်စာ ပြယ်ကောင်း ပြယ်မှာပါ..။ နင်လဲ ယုံကြည်ပေးပါ..နော် “အယ်ဂျာ”..။ သူတို့ နင့်ကို ငါနဲ့ အဝေးဆုံးနေရာ ပို့ထားတယ် ပေါ့ ဟုတ်လား “အယ်ဂျာ”..။ မငိုပါနဲ့ ကွယ် ငါတို့ နှစ်ယောက်ကို ခွဲနိုင်တဲ့ အကြောင်းတရား ဒီလောကမှာ ရှိရိုးတဲ့လား..။ အရင်ဘဝတွေတုန်းကလိုပဲ သွေးစစ်ခင်းရဦးမယ် ထင်ရဲ့ “အယ်ဂျာ” ရယ်...။ ငါမကြောက်ပါဘူး ဒီတိုက်ပွဲဟာ နင့်ကို ပိုင်ဆိုင်ဖို့ ဆိုတာထက် ငါတို့ ချစ်ခြင်းတရားကို ဖျောက်ဖျက်ပစ်လို့ မရဘူးဆိုတာကို ပြတဲ့ တိုက်ပွဲပါ..။ ငါဟာ စုန်းမ၊ ဖောက်ပြန်တက်တဲ့ မိန်းမတဲ့လား “အယ်ဂျာ”..။ သူမငါ့ကို တိုက်ခဲ့တဲ့ ကျိန်စာ ဟာ ကြောက်စရာ ကောင်းလှချည်ရဲ့..လူတွေကြားမှာ မျက်နှာ မပြဝံ့အောင်ပဲ “အယ်ဂျာ”...။ နင်သိလား ငါအရှုံးပေးမယ် မထင်ပါနဲ့ ..သူမရဲ့ ကျိန်စာအောက်မှာ ငါရှိနေပေမယ့် ငါရဲ့ ချစ်ခြင်းကြောင့် သူမ သိပ်ပူပြင်းနေတယ်..လေ။ “ံအယ်ဂျာ” ပထမဆုံး ဆုံစည်းရစဉ်ကထဲက အချစ်မလျော့ ခဲ့ပါဘူး ..အဲ့ဒီ အတွက်လဲ ငါ ဟာ စုန်းမ အဖြစ်နဲ့ ပဲ ဒီတိုက်ပွဲကို ဆင်နွဲဖြစ် အောင် ဆင်နွဲမယ် “အယ်ဂျာ”..။ အနည်းဆုံးတော့ ငါ ဈပနာကို သူတို့ နင့်ကို ပြမှာပါ...ငါတို့ မဝေးပါဘူး “ အယ်ဂျာ”..။
...........................................
.....................
...................
............
.........
....

“ အယ်ဂျာ”


အိမ်မက်စေရာ
၁၄.၀၃.၁၃
photo from google..

3 comments:

ဟန်ကြည် said...

အယ်ဂျာ အကြောင်း လာဖတ်သွားတယ်...မဒမ်ဟန်ကြည်က ကရင်သွေးတစ်ဝက်ပါလေတော့ ကရင်လို မီးကျိုးမောင်းပျက်လောက်တော့ ဦးဟန်ကြည် ရပါ့...သို့ပေမင့် စအဲ တို့ဘာတို့လောက်ပဲ ခေါင်းထဲဝင်တာဆိုတော့ အယ်ဂျာဆိုတာကို ကလေးတွေ ပြောလေ့ရှိတဲ့ ဟာဂျာ ဆိုတာနဲ့ ခပ်ဝါးဝါးရယ်...

ဟာဂျာ ဟုတ်တေးပါဝူးး)

အိပ်မက်ကောင်းကင် said...

အယ်ဂျာ အကြောင်းဖတ်သွားတယ်နော်
အရေးအသားလေးတွေက နူးညံ့ပြီး ဆွဲဆောင်မှုရှိလွန်းလှပါတယ်
နောင်လည်းသည်ထက်မက ဆက်လက်ရေးသားနိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

yanmaneee said...

louboutin shoes
vans shoes
yeezys
supreme new york
converse outlet
louboutin shoes
yeezy shoes
kobe sneakers
converse outlet
kd shoes