ငါ့ နှလုံးသား
သံယောဇဉ် တိုက်စားလို့
လုံးပါး ပါးလာတယ်..။

မေ့ချင်တယ်ဆိုလဲ
အမေ့ခက်သူ
တစ်မူထူးတယ်
နင့်ကိုမှ ချစ်မိပါတယ်။

အိပ်ရေးပျက်လို့
အိပ်ယာတွေ တွန့်ခေါက်
လှိမ့်နောက် လို့ ကြေမွ
အဲ့ဒီညပေါ့
ခဏ ခဏ ကြုံရတာ။

မကြင်နာသူလား
မစာနာစကားဆိုတယ်
နာကျင်ခံရခက်ပေါ့
ခံစားစေသူ။

လှည့်စားတယ်ဆိုမလား
မာယာများတယ်
မုသားတွေ အထပ်ထပ်
သုံးပြီးရင် ထပ်သုံးလဲ
မမုန်းနိုင်တဲ့ ငါပဲ
ရှုံးပြီးရင်း ရှုံးတယ်..။

အိမ်မက်စေရာ
၂၇.၀၁.၁၃
8 comments:
လှည့်စားတယ်ဆိုမလား
မာယာများတယ်
မုသားတွေ အထပ်ထပ်
သုံးပြီးရင် ထပ်သုံးလဲ
မမုန်းနိုင်တဲ့ ငါပဲ
ရှုံးပြီးရင်း ရှုံးတယ်-------
ကဗျာလေးဖတ်ပြီး ငါ့ညီမငယ် အိပ်မက်လေးကိုသနားလာပြီကွယ်
သုံးပြီးရင်းသုံး...
ရှုံးပြီးရင်းရှုံး...
နဘေထပ်ထားတာလေး လှလိုက်တာ...ရိုးရိုးလေးနဲ့ ချစ်စရာ ကဗျာလေးပါပဲ...ဖတ်ကြည့်ပြီးတော့ အိပ်ပျော်နေတဲ့ ဦးဟန်ကြည်ရဲ့ ကဗျာဗီဇတောင် ပြန်နိုးလာသလိုလို ဖြစ်သွားပါရဲ့ဗျား...
လှည့်စားတယ်ဆိုမလား
မာယာများတယ်
မုသားတွေ အထပ်ထပ်
သုံးပြီးရင် ထပ်သုံးလဲ
မမုန်းနိုင်တဲ့ ငါပဲ
ရှုံးပြီးရင်း ရှုံးတယ်....
ဟုတ်တယ်...ဒါပေသိ
မိုးနတ်ကတော့ ဘယ်တော့မှ
အရှုံးမခံနိုင်ပါဘူးးးးးးးးးး
အဲဒါ အတ္တ :)))
ခင်တဲ့....မိုးနတ်
ကဗျာပြန်ရေးချင်စိတ်တောင်ပေါက်လာတယ်အစ်မရေ..:)))
လှည့်စားတယ်ဆိုမလား
မာယာများတယ်
မုသားတွေ အထပ်ထပ်
သုံးပြီးရင် ထပ်သုံးလဲ
မမုန်းနိုင်တဲ့ ငါပဲ
ရှုံးပြီးရင်း ရှုံးတယ်..။
စာသားတွေကြိုက်တယ်..
ချစ်စံအိမ်
ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားတယ်နော်
ကဗျာရေးသူက ခံစားချက်တော်တော်ပြင်းမဲ့ပုံပဲနော် :P
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)
ကဗျာလေး ကောင်းတယ်
supreme shirt
off white shoes outlet
off white hoodie
off white nike
russell westbrook shoes
fear of god hoodie
goyard bags
kyrie irving shoes
hermes outlet
palm angels
Post a Comment