Pages

Saturday, May 19, 2012

ရင်နဲ့ရေးတဲ့ ငါ့ကဗျာ



ငါပြောမယ်..
ချစ်တယ်ဆိုတာ အသာထား
တည်ဆောက်ပြီးသားကို မပျက်ဆီးချင်တာ
သိက္ခာဆိုတာ ဘယ်လိုလူမျိုးအတွက် ဆုလာဘ်လဲ
ငါ့ကိုယ်ကျင့်တရားအတွက်တော့
ငါ အာမခံတယ်..

သတ္တိဆိုတာတော့ နင်ရှိရမှာပေါ့
နင်ရွေးချယ်မှာ ဘာလဲ.. သေချာစဉ်းစား
အချိန်ဆိုတာ ကျန်နေသေးတယ်
ဘာမဆို ပြောလိုက်လို့ ရတယ်

ငါမငိုဘူး စိတ်ချ..
ဒူး နဲ့ မျက်ရည်သုတ်တဲ့ခေတ်လဲ
ရာစုနှစ်တစ်ဝက်မှာ ကျန်ခဲ့ပြီ..
ပြတ်သားစမ်းပါ..
နင်ဘာလိုချင်လဲ ..
နင့်ကိုယ်နင် ပြန်မေးဦး
သိပ်ပင်ပန်းနေပါ့မယ်..
ဟိုဘက်ကိုလှည့် ဒီဘက်ကိုလိမ်နဲ့
အချစ်ဆိုတာ ဒါမျိုးကို ခေါ်တာမဟုတ်ဘူး ကွဲ့

ငါရယ်ရင် လှောင်တယ် နင်ထင်မယ်
အမှန်တော့ ငါလဲချစ်ခဲ့ဖူးပါတယ်..
ဘဝဆိုတာကို စာချပြတဲ့ အချိန်ကျ
အချစ်ဆိုတာ က
ဟိုဘက်နားတော့ နဲနဲ ရောက်သွားလိမ့်မယ်...
သစ္စာဆိုတာတော့ အရောင်းအဝယ်မလုပ်သင့်ဘူးပေါ့..
ငါက မိန်းကလေးပါ
တကယ်တော့ သတ္တိနည်းတယ်..

ငါမျှော်လင့်တဲ့ မနက်ဖြန်ဆိုတာ မရောက်ခင်ထိ
ငါ အချိန်ရှိနေဦးမယ်ထင်တယ်..

တစ်ချို့သော ဆုံးဖြတ်ချက်တွေချဖို့ အတွက်
ပတ်ပတ်လည်က မျက်နှာ တစ်ချို့ကို
မမြင်ချင်ယောင် ဆောင်ကြည့်တယ်
သိပ်တော့မလွယ်ဘူး..

သံယောဇဉ်က လူကို ရူးစေတယ်လေ...

ဟိုဘက်အိမ်ကို လှမ်းကြည့်တော့လဲ
သူတို့ပျော်နေကြတယ်..
အတုလား အစစ်လားတော့ မသိဘူး..

အော် ပျော်ရွှင်မှုတောင် ဆေးရည်စိမ်ရမယ့် အချိန်ရောက်နေပါလား..

အတ္တတွေ သိပ်မများပါဘူးရယ်
ကြည်နူးချမ်းမြေ့မှုလေးတွေပဲ လိုချင်တာပါ
ငါ မသေခင်အချိန်လေးအတွင်းပေါ့..

ချစ်သူရယ်လို့ ငါမခေါ်ဘူး
ကြင်သူရယ်လို့ စကားချိုမသွေးဘူး
ဘာလို့လဲ ဆို
နင်က ငါ့ရဲ့ လက်တွဲဖော်လေ...

သူများရဲ့ စိတ်ကူးယဉ်မင်းသားဖြစ်ချင်သေးတာလား..

လောဘကြီးတာပေါ့..
ငါ့လက်ကိုတွဲ
ရဲရဲကျော်ဖြတ် လေ..ဟိုမှာ အနာဂတ်သစ်ရှိတယ်
ငါ့ရင်ဘတ်ကိုတော့ နင်မြင်မှာ မဟုတ်ဘူး.
ဟာသပျက်လုံးတွေနဲ့ ဖုံးထားလို့လေ..

ဒါမှမဟုတ်လဲ
ငါ့လက်ကို ဖြုတ်
နောက်ဆုတ်လို့ပြန်သွား..ငါမတားပါဘူး
ဟိုမှာ လဲ အလှပ တရားတွေ ရှိနေမှာပါ....

မငိုပါဘူးလို့ ပြောပြီးပြီလေ..
နင့်ကို ဆုံးဖြတ်စေချင်တာပါ..
မရောရာပေမယ့်..သေချာတာတွေက
ဆုံးဖြတ်ချက်ရဲ့ အနောက်မှာ ရှိနေမှာပါ

ငါ့ကိုတော့ အထင်မသေးပါနဲ့...
ပျော်ပျော်နေတက်တဲ့ သူဆိုတာ နင်သိမှာပါ..

တစ်ခုပဲ ပြောစရာရှိတာက
ငါမမြင်ရတဲ့ နင့်တစ်ဖက်လက်မှာ
ပဉ္စလက်အတက်ပညာတွေ ကိန်းဝပ်မနေဖို့နဲ့......
သစ္စာတရားကို ဖိနပ်လုပ် မစီးဖို့ပါ..


အိမ်မက်စေရာ
၁၉.၀၅.၁၂

13 comments:

မိုးဇက် said...

ငါမမြင်ရတဲ့ နင့်တစ်ဖက်လက်မှာ
ပဉ္စလက်အတက်ပညာတွေ ကိန်းဝပ်မနေဖို့နဲ့......
သစ္စာတရားကို ဖိနပ်လုပ် မစီးဖို့ပါ..

အဲဒီအတိုင်းပဲ

mstint said...

လူသားတိုင်းမှာ ရှိသင့်တဲ့ အတ္တတော့ ရှိကြစမြဲပေါ့ အိမ်မက်ရေ။ အတုအစစ်ဆိုတာကလည်း ယှဉ်တွဲပြီး ရှိနေကြတာ သဘာဝတရားရဲ့ နိယာမပဲလေ။
ကဗျာလေး အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

rose of sharon said...

ကဗျာလေးကိုခံစားသွားတယ်နော်...

ချစ်စံအိမ် said...

အိမ်မက်ရေ ပေါက်ကွဲနေပြီထင်တယ်
အရမ်းကြိုက်တယ် သိလား ထိတယ်
လမင်းရင်ထဲကပြောချင်တာနဲ့ ကွက်တိပဲ ဟီး
မရေးတတ်လို့ ပေါ့ အရမ်းကြိုက်တယ်..

မောင်ဘုန်း said...

ခံစားချက်တွေ များနေပြီ ထင်တယ် ...အစ်မ ရေ ...
ကဗျာလေးကောင်းပါတယ် .... ။

စံပယ်ချို said...

ဟုတ်တယ်နော် ခံစားချင်တွေများနေပြီ
ပေါက်ကွဲသံလိုလို
(သိက္ခာဆိုတာ ဘယ်လိုလူမျိုးအတွက် ဆုလာဘ်လဲ
ငါ့ကိုယ်ကျင့်တရားအတွက်တော့
ငါ အာမခံတယ်.)
ခင်မင်မှုတွေကို အာမခံတဲ့ jasmine

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေး အရမ်းကောင်းတယ်

Snow May said...

ခံစားချက်တွေမို့လားမသိ.. ကဗျာလေးကတော့ ရင်ထဲထိ ရောက်တယ်

Anonymous said...

ပြတ်သားတယ်း))

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ငါမငိုဘူး စိတ်ချ..
ဒူး နဲ့ မျက်ရည်သုတ်တဲ့ခေတ်လဲ
ရာစုနှစ်တစ်ဝက်မှာ ကျန်ခဲ့ပြီ..

အဲနားလေးမှာ မာန်လေးတစ်ခုကို တွေ့လိုက်ရတယ်။
ဒူး နဲ့ မျက်ရည်သုတ်တဲ့ခေတ်က ရာစုနှစ်တစ်ဝက်မှာ ကျန်ခဲ့လည်း ခုထိတော့ ငိုတတ်နေဆဲပါ..း(

ခင်မင်စွာဖြင့်
မြတ်

Mrs. Bagel said...

မရေရာသေချာတာတွေထဲ သေချာဆုံးဖြတ် ချင်တယ်။ :(

မဒမ်ကိုး said...

ခံစားချက်ကနေဖွင့်အံသမျှ ကဗျာတွေကကာရန်တွေလှပလို့နေလေရဲ့ အလှကလေးရေ


ချစ်တဲ့အမ

မဒိုးကန်

Unknown said...

click site more my review here why not look here useful content hop over to this web-site