မင်္ဂလာရှိတဲ့ မိခင်များနေ့ပါ…း)
အိမ်မက်ရဲ့ မေမေနဲ့ ကမ္ဘာပေါ်ရှိ အားလုံးသော မိခင်များကို နှုတ်ဆက်ပါတယ်…ရှင်
အိမ်မက်တစ်ယောက် ဒီပို့စ်ကို ရေးဖို့ တော်တော်လေး အချိန်ယူရပါတယ်..
အမှန်က အားလပ်ရက်ရှည် ယူထားတဲ့ အချိန်မှာ စာတွေ အများကြီးရေးမယ်လို့ စိတ်ကူးထားသော်လည်း..
ရုတ်တရက် ဖြစ်လာတဲ့ မေမေ့ ရဲ့ operation ကြောင့် အိမ်မက် အချိန်မရခဲ့ပါဘူး..
ဟုတ်တယ် အိမ်မက်ရဲ့ မေမေ ဗုဒ္ဓဟူး နေ့က ဒူး ခွဲခဲ့ရတယ်..
ဒူးနာနေတာ ကြာပေမယ့် ဆေးခန်းမပြဖြစ်ခဲ့လို့ ခုပြတဲ့ အချိန်ကျတော့
ခွဲစိတ်ဖို့ အထိ ဖြစ်သွားတာပေါ့..
အိမ်မက် မေမေ့ကို အနီးကပ် ပြုစုခွင့်ရခဲ့တယ်..
လမ်းလျှောက်လို့ မရသေးတဲ့ မေမေ့ကို ပြုစုရင်း အိမ်မက်တစ်ယောက်
မိခင်များနေ့ကို အဓိပ္ပါယ် ရှိရှိ ဖြတ်သန်းခွင့် ရခဲ့ပါတယ်..
အိမ်မက်တို့လို သားသမီးတွေက မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှု သာ ခံခဲ့ရပြီး
ကိုယ်က ပြန်ပြီး ပြုစုခွင့်ရတယ် ဆိုတာ ရှားကြတယ်..ခုလို နိုင်ငံခြားရောက်နေတဲ့
သူတွေအတွက် ပိုလို့ တောင် ဆိုးပါသေးတယ်..
ကိုယ့်မိဘနေမကောင်းတာတောင် ချက်ချင်း ပြေးမသွားနိုင်တဲ့ အခြေအနေမို့
..အိမ်မက်အနေနဲ့ မေမေ့ကို ခုလို ပြုစုခွင့်ရတာ ကံကောင်းတယ်လို့ ခံစားရပါတယ်..
စာအများကြီး မရေးနိုင်လို့ ဓါတ်ပုံလေးတွေပါ တင်ပေးလိုက်တယ်….အိမ်မက်စေရာ
သေးသေးလေးကို ကြည့်လိုက်ကြပါဦးနော်…
အားလုံးသော မောင်နှမများလည်း မိခင်များနေ့ကို အဓိပ္ပါယ်စွာ ဖြတ်သန်းနိုင်ပါစေလို့
ဆန္ဒပြုရင်း………
| ပါးပါး ရယ် မိုးမိုးရယ်.. အိမ်မက်သေးသေးလေး ရယ် |
တစ်နှစ်သမီး အိမ်မက်စေရာ
၎ နှစ်လောက်ရှိပြီထင်တယ် ဒီပုံမှာ .. မင်္ဂလာဆောင် ပန်းကျဲရမှာ ဗိုက်ဆာလို့ ဆိုပြီး ငိုနေတာတဲ့...
ဖွားဖွား မေမေရဲ့ အမေ.. အိမ်မက်သိပ်ချစ်တဲ့ ဖွားဖွားပါ..
အိမ်မက်သေးသေးလေး ပဲပေးနေတယ်..
ခွဲစိတ်ခန်း ဝင်ခါနီးမေမေ...
( ခုမေမေ က ဝတယ် အရင်တုန်းက မေမေက တအားပိန်တယ်.)
အိမ်မက်စေရာ
၁၂.၀၅.၁၂
5 comments:
ကန်ဒီအမေလည်း ဒူးမကောင်းဘူး..
ခွဲစိတ်ရမယ့် အခြေအနေတော့ မရောက်သေးဘူး
အိမ်မက်မေမေ မြန်မြန်သက်သာပါစေနော် :D
အိပ်မက်လေးသေးသေးလေးပုံတွေကော
အိပ်မက် မေမေနဲ့ ဘွားဘွားပုံပါကြည့်သွားပါတယ်
ညီမ အမေလည်း ဒူးနာတယ်။ ဝလို့။ သက်သာသွားမှာပါ။
ခုရော...ညီမလေးမေမေ နေကောင်းသွားပြီလား... ဆုတောင်းပေးနေမယ်နော်....
အမေ့မေတ္တာ
ရင်ထဲမှာပြည့်
နေ့ရက်တိုင်းသည် အမေနေ့...
အိပ်မက်ရဲ့ အမိုးနဲ့ အပါးပုံကိုကြည့်ရင်း ဦးဟန်ကြည်ရဲ့ မေမေနဲ့ ဖေဖေကို လွမ်းမိပါရဲ့ဗျား...
Post a Comment