Pages

Sunday, October 16, 2011

ကြီးကြီးလား သေးသေးလား (သို့) ကား

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အိမ်မက် ၉ တန်းနှစ်လောက်တုန်းကပါ.
အိမ်ကို နိုင်ငံခြားဧည့်သည်တွေ လာလည်ပါတယ်.. ဂျာမနီကပါ ..
ဘယ်သူတွေလဲဆိုတော့ အိမ်မက် အစ်ကိုတစ်ဝမ်းကွဲ ရဲ့ ရည်းစားမိသားစုပါ..သူတို့လာလည်တော့ မြေနီကုန်းမှာ နေတဲ့ အသိမိတ်ဆွေတွေက အိမ်မက်တို့ အိမ်ကိုလိုက်ပို့ပေးပါတယ်.. ရောက်လာတာက ညနေပိုင်းပေါ့..မိသားစုက သုံးယောက်ပါ..
သူတို့ကို လာပို့တဲ့ကားက ပါဂျဲရိုးထင်တယ် သေချာတော့ မမှတ်မိတော့ဘူး.. ဒါပေမယ့် ကားကြီးမျိုးပဲ အမြင့်ပေါ့နော်.သူတို့မိသားစုက အရပ်တော်တော်ရှည်ကြတယ် ထွားလဲ ထွားတယ်..သူ့သမီး အစ်ကို့ရည်းစားက ဒူးတော်တော် ရှည်ပါတယ်..နဲနဲပိန်တယ်ပေါ့ ..အဲ့ဒီတုန်းက အစ်ကိုနဲ့ သူက ရည်းစားပေါ့ အခုတော့ပြတ်သွားပြီ
ဘာလို့ပြတ်သွားတာလဲလို့မေးတော့ အစ်ကို ဘာဖြေတယ်မှတ်လဲ...
အဲ့ဒီကောင်မလေးက ဒူးအရမ်းရှည်လို့တဲ့း) .. ပြော ပြောချင်ဘူး လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနော် ယောက်ျားတွေများ..း)..

သူတို့လာလည်တော့ အဲ့ဒီကားအကြီးကြီးနဲ့ပေါ့. .ဆင်းတော့ သမီးက အရင်ဆင်းတယ်.. ဒူးက ရှည်တော့ ခြေထောက်ကိုထုတ် ခါးကိုကုန်းပြီးဆင်းတယ်... အရပ်ကကလန်ကလားရယ်..ပြီး အမေကဆင်းတယ် အမေက နဲနဲဝတော့ ကြိုးစားပမ်းစားဆင်းရတယ်..ပြီးတော့ အဖေ ဆင်းတယ်.. ခြေထောက်လဲ ရှည် အရပ်ကမြင့် လူကနဲနဲဝ ဆိုတော့ ကားအပေါ်မိုးနဲ့ မလွတ်တော့ ခေါင်းဆောင့်ပါလေရော .. ဒုတ်)))) အာရား))))
(ခေါင်းဆောင့်မိလို့ ထွက်တဲ့အသံနဲ့ သူအော်တဲ့အသံပါ)...း)

အဲ့ဒီနောက်ပိုင်း အိမ်မက်ထင်လိုက်တာက အော် အနောက်တိုင်းသားဆို အကောင်အကြီးကြီးတွေချည်းပဲပေါ့ အင်း သူတို့ စီးတဲ့ကားဆို လဲ အကြီးကြီးမှ ရမှာလို့..

အဲ ဂျာမနီလဲရောက်ရော အထင်နဲ့ အမြင်တက်တက်စင်အောင်လွဲပါလေရော..လူကောင်ထွားတဲ့လူ ရှိသလို ညှက်တဲ့သူတွေလဲ ရှိတာပါပဲ ..ထားတော့ အိမ်မက် အဓိကပြောချင်တာက ကား.. သူတို့စီးတဲ့ကား..

အိမ်မက်သိသလောက် အမေရိကန်မှာတော့ ကိုယ်ပိုင်ကားမရှိတဲ့လူ မရှိသလောက်ပဲထင်တယ်နော်.. ဂျာမနီမှာတော့ လမ်းပန်းဆက်သွယ်ရေးက ရထားနဲ့ဆိုပိုအဆင်ပြေတယ်..ကိုယ်ပိုင်ရှိတာကောင်းပါတယ်..ဒါပေမယ့် သိတဲ့အတိုင်းပဲ ကားဆိုတော့ ဈေးကြီးတယ်ပေါ့ ..ပြီးတော့ အခွန် ..ကားကြီးရင်လဲ အခွန်ပိုပေးရတယ်တဲ့
ပြီးတော့ ဟိုင်းဝေးလမ်းအတွက် အခွန်...
အာမခံ ကြေး..
ကားဆီ
နောက် ကားပါကင်လဲ ဈေးကြီးတယ်..( အလုပ်က လူတစ်ချို့ frankfurt လာမယ်ဆို ကားကို အလုပ်မှာထား ရထားစီးပြီးလာ ပြန်မှ အလုပ်မှာ ကားဝင်ယူတယ် ကဲ) အဲ့လို
နောက် ဘာတွေရှိသေးလဲ မသိဘူး အိမ်မက်က ကိုယ်ပိုင်ကားမရှိတော့ သေချာတော့မသိဘူး .. ခန့်မှန်းခြေသိသလောက် ပြောတာ.. ဒါကြောင့် ဒီမှာ လူတွေကားဝယ်ရင် ကားအသေးဝယ်ကြတယ်.. မိသားစုနဲ့မနေကြတာလဲပါတယ်.. တစ်ယောက်ထဲသမား.. လင်မယား/သမီးရည်းစား ဒါမျိုးပဲဆိုတော့ ကားအသေးဆိုပိုအဆင်ပြေတယ်လေ..သက်သာတယ်ပေါ့..

အဲ့ဒါကြောင့်ပြောတာပေါ့ အထင်နဲ့ အမြင်လွဲတယ်ဆိုတာ မြန်မာနိုင်ငံမှာ ကားမဝယ်ဘူးဆို မဝယ်ဘူး.. ဝယ်ရင်လဲ မိသားစုစီးလောက်တာမျိုးဝယ်ကြတာဆိုတော့.ဒီမှာလို တံခါးတစ်ပေါက်လေးတွေ တစ်ပေါက်ခွဲလေးတွေမရှိဘူး..
အဲ သူတို့ကတော့ ဝယ်တယ် ဒါပေမယ့် ပိစိလေးတွေလေ ကားနဲ့မတူပဲ ဆော့စရာနဲ့ပဲတူနေတာ...

အောက်က ပုံလေးတွေ ကြည့် ကြည့်ပါဦး..











ချစ်ဖို့တော့ကောင်းပါတယ် စီးဖို့တော့ ကျဉ်းကျဉ်း ကြုတ်ကြုတ် ရယ်...နော့

( အိမ်မက် ခုတလော ပျောက်လိုက်ပေါ်လိုက်ဖြစ်နေတာ အလုပ်ကြောင့်ပါ မနက်ပိုင်းဆင်းရတဲ့အပတ်တွေအားပေမယ့် ညနေပိုင်းဆိုတော့ မအားတော့ဘူး ဒါကြောင့်မောင်နှမတွေစီမရောက်ဖြစ်တာပါ သတိတရလာလည်ကြတဲ့သူများ အားလုံးကို အာဘွားပါနော်..)
မမ မဒမ်ကိုး
ကိုချင်း
မ ချော
မမ ဂျက်စ်မင်း
မေသိမ့်
ပျောက်နေတဲ့ မမ မမယ်ကိုး
ကန်န်ဒီ
ကို ၈ ယား)
မ သမီးစံ( ထင်တာက အိမ်မက်ထက် ငယ်မလားလို့ ဟီး)
ကိုဘုန်း
လပြည့်ရိပ် ( ပို့စ်ရေးပေးလို့ ကျေးဇူးပါနော်)
မဖော( ရှရွန်)
မရှင်လေး
အိန်ဂျယ်လိုင်း( လှိုင်)

အားလုံးကို အာဘွားပါ.. မရောက်ဖြစ် မနှုတ်ဆက်ဖြစ်ပေမယ့် အမြဲသတိရနေတယ်နော်..
ချစ်တဲ့
အိမ်မက်စေရာ

7 comments:

Thameesan said...

အံမယ်..အံမယ်..ကားသေးသေးလေးတွေပေးပြီး အာဘွားတယ်လား
ရဘူးနော်..း)
ပျောက်နေတာဒါ့ကြောင့်ကိုး
အလုပ်တွေလည်းအရမ်းမကြိုးစားပါနဲ့အုံးနော်
ကျန်းမာရေးကိုလည်းဂရုစိုက်ပါကွယ်းP
သြော်ဒါနဲ့..
အသက်ကတော့ မငယ်တော့ပါဘူး....
(levelလောက်ပဲရှိမယ်ထင်တယ် :P)
အိပ်မက်ပြောသလိုပြန်ပြောပေးခဲ့ပါတယ်
အာဘွားးးးးးးးးးးးးးးး ပါရှင်း)
ချစ်ခင်လျှက်..

Candy said...

ကားပိစိလေးတွေ ကြည့်သွားတယ်.. သေးသေးလေးပဲဟာ ၁စီးလောက် ၀ယ်ပေးချင်ဘူးလား.. အာဘွား.. :D :D

မေသိမ့်သိမ့် ကျော် said...

တို့များလည်း မြန်မာဆန်ဆန်ပဲ ကားအကြီးကြီးကြိုက်တယ်။ ခုတော့ ပုံထဲက ကားပိစိလေးလည်း ချစ်သွားပြီ။ ခိခိ။
သတိတရ ရှိနေလို့ ကျေးကျေးပါရှင်။

ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

အိုး အလှကလေးရေ ဘာပဲပြောပြော ပျောက်နေပေမယ့်ပေါါ်လာတုန်း ကားကလေးပေးလို့ စိတ်ပြေတယ်ဟေ့း)
အဲဒါပေမယ့် မဒိုးကန်က မိသားစုကားနဲ့မှဖြစ်တော့မှာကွဲ့း)
ကောင်းကောင်းအနားယူပါအလှကလေးရေ အလှတွေပျက်ကုန်ပါဦးမယ် ပင်ပန်းလို့း)

ခင်တဲ့

မဒိုးကန်

ချော(အစိမ်းရောင်လွင်ပြင်) said...

သတိရတဲ့အတွက် ကျေူးဇူးပါ ညီမရေ။
ကားသေးသေး မှန်ခုံးခုံးလေး ချစ်ဖို့ကောင်းတယ်
တစ်ယောက်တည်း စီးချင်တာ
အဖော်မပါဘဲ တစ်ယောက်တည်း မောင်းရင် အဲဒီကားလေး လာငှားမယ်နော် နော်
ခုတော့ သိမ်းထားပေးဦးး)

မယ့်ကိုး said...

မပျောက်ပါဘူး ညီမလေး.... စာတွေ မမအမြဲဖတ်ဖြစ်ပါတယ်း)
မမကို သတိရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မမကတော့ ကားသေးသေးခုံးခုံးလေးတွေ အရမ်းကြိုက်တာ။
BMW ကနောက်ပေါ်ကားသေးသေးလေးတွေဆိုလည်း ချစ်တယ်း)

Shinlay said...

ကားသေးသေးနဲ့  လူကြီးကြီးများ အကြောင်းလာဖတ်သွားပါတယ်။
လမ်းကြုံရင်ဝင်လည်မယ်နော်။