Pages

Wednesday, October 19, 2011

ချစ်သူငယ်ချင်းအတွက်မင်္ဂလာလက်ဖွဲ့

ချစ်သူငယ်ချင်းရေ ..
နင်ကတော့ ချစ်သူနဲ့ ရွှေလက်တွဲဖို့ အရေးကြိုးစားပမ်းစား ပြင်ဆင်နေတယ်ပေါ့..ဝမ်းသာပါတယ်သူငယ်ချင်းရယ် စိတ်မကောင်းတာတစ်ခုက ငါနင့်မင်္ဂလာပွဲမှာ ရှိမနေနိုင်တာကိုပါ..

ချစ်သူငယ်ချင်းရေ..
မှတ်မိသေးလား ငါတို့အိမ်ရှေ့က ကျောင်းကိုလေ.. ငါက ဆယ်တန်းအထိ တက်ခဲ့ပေမယ့် နင်က တော့ ၈ တန်းမှာ ကျောင်းပြောင်းသွားတယ်.. ကောင်မလေးတွေတိုင်းသဘောကျတက်တဲ့နင့်ကို ငါကြည့်မရပေမယ့် ငါ့သူငယ်ချင်းကတော့ နင့်ရည်းစားဖြစ်သွားသေးတယ်..
နင်နဲ့ သူပြတ်သွားတာ ငါ့မယောဂမကင်းဘူးလို့ တစ်ချို့ပြောကြပေမယ့် ငါက တော့ ငါ့လိပ်ပြာငါသန့် တယ် ..နင်လဲ ဒီလိုပဲမို့ ငါတို့တွေ အခင်အမင်မပြတ်ခဲ့ဘူးနော်..

တက္ကသိုလ်မှာလဲ မေဂျာမတူပေမယ့် ငါတို့ သူငယ်ချင်းတွေ အမြဲမခွဲပဲ တတွဲတွဲ ရှိနေတယ်နော်.. ကျောင်းသားရေးရာ ကန်န်တင်းကို မှတ်မိသေးရဲ့လား.နင်က နင့်ကောင်မလေးနဲ့ အတူတူ ထိုင်တိုင်း ငါတို့တွေမကျေမချမ်းဖြစ်ကြသေးတယ်..ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်နင်က အားလုံးထဲမှာ ပေါ်ပြူလာပဲ ပေါ့..း)

နင့်ရဲ့အရှုပ်ထုပ်တွေကြားထဲမှာ ငါက အမြဲကန့်လန့် ကန့်လန့် ဝင်လုပ်တက်တယ်.. နင်လဲငါ့ကို တစ်ခါတစ်လေခုတုံးလုပ်တယ်.. ဒါပေမယ့်ငါတို့ အခင်အမင်မပြတ်ခဲ့ဘူးရယ်နော်..

ဒုတိယနှစ်ရောက်တော့ အရမ်းလှတဲ့ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးနဲ့ နင့်ကို ငါအောင်သွယ်ပေးခဲ့တာလေ..မရမကကို ငါ အောင်သွယ်ခဲ့လို့ နင်တို့ ချစ်သူတွေ ဖြစ်ခဲ့ကြသေးတယ်.. သူက သိပ်ချစ်ပြီး နင်ကမချစ်လို့ နင်တို့ လမ်းခွဲခဲ့ကြပြန်ရော.. ငါနင့်ကို စိတ်တိုလိုက်တာလေ ဘာပဲဖြစ်ဖြစ်နင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတော့ဖြစ်နေဆဲပါနော်..

အဲ့ဒီလိုနဲ့ နင်နဲ့ အဝေးဆုံးကို ငါရောက်သွားလဲ သံယောဇဉ်တွေပြတ်သွားတယ်လို့မရှိပဲ နားလည်နေကြတုန်း..
ရုတ်တရက်ဆိုသလို နင်ငါ့ကို အဆက်အသွယ်ဖြတ်ခဲ့တယ်..
မှတ်မှတ်ရရ မိခင်များနေ့က ပေါ့ ..
ငါနင့်ညီလေး နဲ့တောင် အဲ့ဒီနေ့က စကားပြောခဲ့သေးတယ်.. ငါတို့နှစ်ယောက်စောင့်နေလဲ နင်ရောက်မလာခဲ့ဘူးရယ်....

နောက်ဆုံးတော့ မှ ငါသိရတာက နင့်ကောင်မလေးကမကြိုက်လို့တဲ့...
စိတ်မကောင်းပါဘူး လို့ ပြောယုံကလွဲ ငါဘာပြောရမလဲ သူငယ်ချင်းရယ်..
ငါတို့ သူငယ်ချင်းသံယောဇဉ် နှစ်ပေါင်းအများကြီး ရှည်ကြာခဲ့တာ..မိန်းကလေး တစ်ယောက်အတွက်နဲ့ သူငယ်ချင်းကို မမေ့တက်တာ ငါအသိ..

ခုတော့ နင်ပြောင်းလဲသွားပြီ နော်..
ဒါပေမယ့် ငါနားလည်ပါတယ်.. နင့်ရဲ့ဘဝလက်တွဲဖော်လေ နော်..
အပျော်တွဲတဲ့ ချစ်သူရည်းစားမဟုတ်ဘူးရယ်.. နင် သူ့အပေါ်အလေးအနက်ထားတာ ငါဝမ်းသာပါတယ်..
သစ္စာမတည် ဖောက်ပြန်တက်တဲ့ ယောက်ျားတွေထဲ ငါ့သူငယ်ချင်းနင်မပါဘူးရယ်ဆိုတာ ငါသေချာနေမှတော့ နင်ငါ့ကို အဆက်အသွယ်ဖြတ်လဲ ငါဝမ်းမနည်းပါဘူး...နင့်ရဲ့မင်္ဂလာပွဲအတွက် ငါတို့ရဲ့ သူငယ်ချင်းမေတ္တာကို လက်ဖွဲ့လို့ သဘောထားပါတယ်..နင်ဇနီးလောင်းလေး ကြည်ဖြူပါစေကွယ်...

နေကောင်းလား ဆိုတဲ့အမေးကို လဲ ပြန်မဖြေတော့..
အဆင်ပြေလားဆိုတာ လဲ အကြောင်းမကြားတက်တော့..
နင့်ကို သတိရတာတောင် အိမ်ဖုန်းကို ငါမခေါ်ခဲ့ဘူး.. နင်ချစ်သူလေး မျက်နှာညိုမှာစိုးလို့
နင့်ရဲ့သာယာပျော်ရွှင်မှုတွေ မပျက်စီးစေလို့
နင်ပြောပြောတက်တဲ့ နင့်ရဲ့ အချစ်အိမ်လေး ငါကြောင့် ပြိုပျက်သွားမှာစိုးလို့...

သူငယ်ချင်းရယ်..

ငါတို့ဟာ အချစ်ဆုံးသူငယ်ချင်းပါ ဆိုတာကို ဒီနေ့က စ မေ့ပစ်လို့..
နင့်ဘဝ နေ့သစ်တွေကို ချစ်သူနဲ့ အတူတူ လျှောက်လှမ်းလို့..
နင့်အနာဂတ်မှာ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့စာရင်းကို ပယ်ဖျက်လိုက်စမ်းပါ...
ငါကျေကျေနပ်နပ် နဲ့ လက်ခုပ်တီးနေမှာပါ...

ငါ့အတွက်တော့ နင်ဟာ အမြဲတမ်း အချစ်ဆုံးသူငယ်ချင်းပါ..
သူငယ်ချင်းဆိုတာဟာ ဘဝအစိတ်အပိုင်းတစ်ခုမှာ တစ်ကြိမ်တစ်ခါရှိခဲ့ဖူးလဲ .. တစ်သက်တာလုံးအမှတ်တရ ရှိနေမယ့် အရိပ်တစ်ခုဆိုတာ နင်နားလည်မယ်ဆိုရင်

ငါတို့ရဲ့သူငယ်ချင်းမေတ္တာကို နင့်အတွက်မင်္ဂလာလက်ဖွဲ့ပေးမယ် နင့်ချစ်သူလေး ကျေနပ်စေကွယ်....
(အိမ်မက်စေရာ)


( နောက်ဆုံးလက်ကျန်မကောင်းစိတ်နဲ့ နင့်ဓါတ်ပုံပါထည့်ထားတယ် မကျေနပ်လေဖြတ် ပဲ )



11 comments:

mstint said...

တကယ်တော့ သူငယ်ချင်းဖြစ်သူက လွန်ကဲတဲ့စိုးရိမ်မှုလေးကြောင့် သူငယ်ချင်းမေတ္တာကို လက်ဖွဲ့အဖြစ်ယူသွားရတာပဲ။
သူငယ်ချင်းမေတ္တာဆိုတာ အရာရာထက်ပိုခိုင်မြဲတယ်လို့ယူဆတယ် အိမ်မက်စေရာရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မိတ်ဆွေအယောက်တစ်ရာက
သူငယ်ချင်းကောင်း တစ်ယောက်နဲ့ညီမျှတယ်တဲ့
ခင်မင်မှုလေးအဓွန့်ရှည်ပါစေရှင်
ချစ်ခင်စွာဖြင့်
သာမီးရှံး)

Candy said...

စိတ်မကောင်းလိုက်တာ... နားလည်မှုရှိသင့်တယ်... သူငယ်ချင်းပဲ... ဖတ်ရင်း..စိတ်မကောင်းရင်း.. ဖတ်ရင်း စိတ်မကောင်းရင်း.. အောက်ဆုံးစာကြောင်းရောက်တော့ ရီချင်သွားတယ်.. အဟိ.. :P

ချော(အစိမ်းရောင်လွင်ပြင်) said...

သူငယ်ချင်းထက်စာရင် ချစ်သူစကားဘဲ သူက နားထောင်မှာပေါ့လေ။။
သူ့ချစ်သူနဲ့ သူပျော်ရွှင်တယ်ဆိုရင် သူငယ်ချင်း တစ်ယောက်အနေနဲ့ ကျေနပ်ပေးရမှာပေါ့နော်။ ညီမ သူငယ်ချင်းလေး ညီမရဲ့ မေတ္တာကို နားလည်မှာပါ။

မဒမ်ကိုး said...

သြော်ဖီလင်အပြည့်နဲ့ဖတ်လာတာ အောက်လဲရောက်ရော တခါထဲ ဂင့်ခနဲ့ပဲ ဟယ် ....

အဲဒါဆိုရင်တော့တော်တော်သဘောထားသေးသိမ်တာပဲ .
ဒိုးကန်တို့များ ခင်စေချင်လို့ကိုးခက်နေတာ ဟင်းးးးး

ဘာပဲဖြစ်ဖြစ် အရွယ်လေးရလာရင်သိလာလိမ့်မယ် လွှတ်သာထားလိုက် အလှကလေးရေး)

အိမ်မက်စေရာ said...

အန်တီတင့် ကျေးဇူးတင်ပါတယ်နော်..
သမီးစံ ရေ ခင်မင်မှုကအဓွန့်ရှည်ချင်ရဲ့ကိုယ့်သူငယ်ချင်းက မ ယ က.. ဖြစ်နေတော့ခက်သား..း)
ဟုတ်တယ်ကန်န်ဒီရေ ရေးတုန်းကလဲ စိတ်မကောင်းတဲ့ခံစားချက်လေးနဲ့ပေါ့ ရေးရင်းနဲ့ စိတ်တိုလာလို့ အောက်ကစာကြောင်းပါသွားတယ်..း)
ဟုတ်ပါတယ် မချော သူနားလည်မယ်လို့ မျှော်လင့်ပါတယ်..ကိုယ်ကတော့ စိတ်မကောင်းတာလေးတစ်ခုပါပဲ..း(
ဟီး ဟုတ် မမ မဒမ်ကိုး ...အောက်ကျရင်ဖတ်တဲ့လူတွေ အဲ့လိုဖြစ်မယ်ဆိုတာသိတယ်.. သူ့စီကို မက်စေ့ထည့်ပို့ထားလို့ တမင်ကို ထည့်ထားတာ ညစ်တာလေ.သူငယ်ချင်းဆိုတော့ အကျင့်က မပျောက်ချင်ဘူး...
အားလုံးကိုချစ်တဲ့
အိမ်မက်

Mrs. Bagel said...

အဲလိုပဲ ဖြစ်တတ်ပါတယ်။ ကိုယ့်အလှည့်ကျတော့ မနွဲ့စတမ်းပေါ့။ ကိုယ်က ကိုယ့်သူငယ်ချင်းမို့ အခင်မင်မပျက်ပေမယ့်၊ သူကြင်မှကိုယ်ကြင် ဂျင်းစိမ်းနဲ့ မိတ်သလင်ပေါ့။

Nitrix said...

ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေးရေ...
ဒို့တွေဟာ ဘ၀ခရီးကြမ်းမှာ အတူတူလက်တွဲကျော်ဖြတ်ခဲ့ကြတယ်... မမေ့နိုင်တဲ့ အမှတ်တရတွေလဲ ရှိခဲ့ကြတယ်...
နင့်အတွက် ငါ့ရင်ထဲက နာကျင်မှုတွေကိုတောင် ပျော်စရာလုပ်ခဲ့သေးတာ...
နင်ပေးတဲ့ လက်ဖွဲ့ကို ငါမယူပါရစေနဲ့တော့...
နင် ငါ့ကို ခွဲသွားခဲ့တုန်းက နင့်ရင်ထဲမှာ ငါ့အတွက် နေရာလေးတစ်ခုတောင် မရှိခဲ့ဘူးလေ...
စပြီး ထွက်သွားခဲ့တာက နင်ပါလေ... ဘာကိုမှ ဂရုမစိုက်ဘဲနဲ့ပေါ့...
အတိတ်ကို အတိတ်မှာ ထားခဲ့ပါပြီ သူငယ်ချင်းလေးရာ...
နင့်ဘ၀ တိုးတက်မယ် ပျော်ရွှင်မယ်ဆိုရင် ငါဟာ ဘယ်တော့မှ မပိတ်ပင် ခဲ့တာ နင်အသိပါ...
ငါ့ရင်ထဲမှာ ထာဝရ နင်ရှိနေမှာပါ... သူငယ်ချင်းရာ..

pene said...

Lire le rapport complet Dolabuy Louis Vuitton Lire le rapport complet Source cliquez sur les ressources dolabuy

pheaut said...

get redirected here p2c92i5r38 replica ysl bags replica bags philippines t3n63z4g55 additional hints c2p21u5g24 replica louis vuitton bags replica bags karachi d0k83y4i04 sites d5e92n4f54 replica ysl bags replica bags by joy

mctoache said...

u5q04c9t65 o0k46d1q48 l7a12d0l45 a3w31e1e15 t5n66x9k42 m5q63x4j57