Pages

Tuesday, October 25, 2011

ကံကောင်းတဲ့သူတွေတော့ နှစ်ယောက်တွဲတောင် ယူကုန်ပြီ..


wichai အမည်ရှိတဲ့ အသက်၂၄ နှစ်အရွယ် ထိုင်းလူငယ်လေးတစ်ဦးဟာ Samut Songkram လို့ခေါ်တဲ့ ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်နည်တစ်ခုမှာ နေပါတယ်..သူဟာ ရှေးဟောင်းပစ္စည်းများ ဝယ်ရောင်းလုပ်တဲ့ လုပ်ငန်းတဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သာမာန်လူငယ်တစ်ဦးဖြစ်ပါတယ်..သူ့ရဲ့ဘဝကို ပုံမှန်လည်ပတ်သွားလာနေရင်းကနေ သူဟာ လက်ထပ်ဖို့ စဉ်းစားလာခဲ့တယ်..လက်ထပ်တာဟာ သာမာန် သမရိုးကျကိစ္စတစ်ခုပါ..ဒါပေမယ့် wichai ကတော့ တစ်မူထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်..
အဲ့ဒါကတော့...
အမွှာညီမနှစ်ဦးကို တစ်ပြိုင်ထဲ လက်ထပ်ဖို့ ပါပဲ..


wichai က သူမတို့ နှစ်ဦးစလုံးကို ညီမျှတဲ့ မေတ္တာစစ်နဲ့ ချစ်တယ်လို့ ဆိုပါတယ်..ဒါ့အပြင် အိမ်ထောင့်တာဝန်တွေ ထမ်းဆောင်ဖို့ကို လဲ သူဟာ အခက်အခဲ မရှိပါဘူးလို့..ဆိုပါတယ်..
wichai က ထိုအမွှာညီမ နှစ်ဦးစလုံးကို ရွှေ ၈ ကျပ်သား နဲ့ ထိုင်းဘတ်ငွေ ရှစ်သောင်း ဖြင့် တင်တောင်းခဲ့ပါတယ်.
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့မှာ တော့ wichai ဟာ သူ့ရဲ့ သတို့သမီး နှစ်ဦးဖြစ်တဲ့ Ms Sirintara and Ms Thipawan တို့ နှင့် လက်ထပ်ပွဲကို ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းများဖြင့် ပျော်ပျော် ရွှင်ရွင်ဆင်နွှဲခဲ့ပါတယ်..


wichai နဲ့ သူမတို့ နှစ်ဦးဟာ ငယ်စဉ်ကထဲမှ အိမ်နီးနားချင်း များဖြစ်ကြပြီး သူငယ်ချင်းကောင်းများလဲ ဖြစ်ကြပါတယ်.ဒါပေမယ့် wichai ဟာ တစ်ယောက်ယောက်ကို ပိုပြီး နှစ်သက်တာမျိုးမရှိခဲ့ပါဘူး..ဒါကြောင့်လဲ wichai ဟာ အရွယ်ရောက်လာတဲ့ အခါမှာ နှစ်ဦးစလုံးကို ချစ်ခွင့်ပန်ဖို့ ဆုံးဖြစ်ခဲ့ပါတယ်..ကံကောင်းတဲ့ wichai လို့ပဲ ဆိုရမလို ထိုအမွှာညီမ နှစ်ဦးစလုံးကလဲ wichai ကို ပြန်လည်မေတ္တာတုန့်ပြန်ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..


မင်္ဂလာပွဲ အပြီးမှာတော wichai က သူ့ရဲ့ မိသားစုအိမ်မှာ ပဲ အတူတူနေဖို့ ဆုံးစီစဉ်ခဲ့ပါတယ်..ပျော်ရွှင်နေတဲ့ wichai ရဲ့ မိခင်ကတော့ သူမရဲ့ သားအတွက် အိပ်ခန်း နှစ်ခန်း စီစဉ်ပေးခဲ့ပါတယ်..
wichai ရဲ့အစီအစဉ်ကတော့ တနင်္လာကနေ ဗုဒ္ဓဟူး နေ့အထိကို Ms Thipawan နဲ့ အိပ်ပြီး ကြာသာပတေးမှ စနေထိကိုတော့ Ms Sirinatara နဲ့ အိပ်မှာ ဖြစ်ပါတယ်..အဲ တနင်္ဂနွေနေ့ကို သုံးဦးသားအတူတူ ကုတင်တစ်လုံးမှာ စုအိပ်ကြမှာ ဖြစ်ပါတယ် လို့..wichai က ပြည်နယ် သတင်းစာတစ်စောင်ကို ပြောပြခဲ့ပါတယ်..

Thai-Man-Gets-Away-With-Marrying-Twin-Sisters သတင်းအား အဆင်ပြေသလိုဘာသာပြန်ထားပါသည်..

ချစ်တဲ့
အိမ်မက်စေရာ

9 comments:

မဒမ်ကိုး said...

အင်း အလှကလေးရေ သူတို့မဖတ်မိစေနဲ့ကွဲ့း)

ဘယ်အချိန်ထသတ်ကြမလဲစောင့်သာကြည့်နေနော်

925 said...

တော်တော်ဆိုးတဲ့ ကိုကို :D

TZH1985 said...

မှတ်သားလောက်ပါတယ် ခင်ဗျ... မှတ်သားလောက်ပါတယ်...

Candy said...

ဟိဟိ.. ဇွတ်ပဲ.. :P

Green said...

အင်း ဖတ်သွားတယ်ဗျ

သူ့ဘ၀ နဲ့သူကိုးဗျ ဒါကို အားကျလို့လည်းမဖြစ်ဘူး

အားရလို့လည်းမရဘူး

ဘာလို့လဲ ဆိုတော့ ..........( မသိတော့ဘူးဗျာ)

တစ်ခေါက်က ဖေ့ဘွတ်မှာ ဖတ်လိုက်ရသေးတယ်

ကျနော်တို့ ဗမာတွေ လည်း အဲလိုမင်္ဂလာဆောင်တယ်လို့လေ

mhanhomephyo said...

သူက ကံကောငိးတာလား ကံဆိုးတာလားဆိုတာ

ဘယ်သူပြောရဲလဲ.....၊

ချော(အစိမ်းရောင်လွင်ပြင်) said...

အားကျသူတွေ ကျကုန်ကြပြီ
တော်တော်စွံတဲ့ သူပါလားနော်း)

Anonymous said...

မုန့်ပဲဝေစားမယ်ကွယ်..း))
ပြောသာပြောရတယ်..တို့နိုင်ငံက..မင်းတုန်းမင်းကြီးဆို
သေတာတောင်..မိဖုရားဆောင်နှံ့အောင်
မသွားနိုင်ခဲ့ဖူးဆိုပဲးP
သူတို့ရှေးရေစက်ပေါ့နော်
ရှာရှာဖွေဖွေအိမ်မက်ရယ်း)
ချစ်ခင်စွာဖြင့်
သာမိစံ

Anonymous said...

supreme shirt
off white shoes outlet
off white hoodie
off white nike
russell westbrook shoes
fear of god hoodie
goyard bags
kyrie irving shoes
hermes outlet
palm angels