Pages

Thursday, October 20, 2011

ဂျာမနီမှ Mandalay Buddha ဆင်းတုတော်



မနှစ်က My Zeil ဆိုတဲ့ ကုန်တိုက်မှာ တွေ့ခဲ့တာပါ..
Germany , Frankfurt မှာ ပါပဲ..
တခြား ဆင်းတုတော်( အသုံးအနှုန်းမှား ရင်ပြင်ပေးပါ အိမ်မက်မခေါ်တက်လို့ပါ) တွေလဲ တွေ့ခဲ့တယ် တခြားနိုင်ငံတွေက ပေါ့.. ထိုင်း တို့ နီပေါလ် အိန္ဒိယ စသဖြင့်ပေါ့..

ကုန်တိုက်မှာပြထားတာပါ.. အဲ့ဒီကုန်တိုက်က အထူးအဆန်းတွေ တခါတလေ ပြလေ့ရှိတယ်..ဆင်းတုတော်တွေရှိတဲ့နေရာတွေကိုတော့ နယ်မြေကန့်သတ်ထားတယ် ခြေနဲ့ မနင်းရဘူး ဆိုပြီးလေ..ခပ်လှမ်းလှမ်းက လှမ်းကြည့်ပေါ့..

တစ်ခုပြောချင်တာလေ အိမ်မက် ဘုရားဆင်းတုတော်ခေါင်းတွေတွေ့ခဲ့တယ်..ဓါတ်ပုံတော့ မရိုက်မိခဲ့ဘူး..ထိုင်းနိုင်ငံကပါ..အခု ဒီဘက်နိုင်ငံတွေမှာ ဆင်းတုတော်ခေါင်း တွေကို အလှထားကြတာ အရမ်းခေတ်စားနေတယ်..အိမ်မက်တော့ ဒါ မကောင်းဘူးလို့ထင်တယ်.. အလှထားစရာမှ မဟုတ်တာနော်..အိမ်မက် မိတ်ဆွေတစ်ယောက်လုပ်တဲ့ စားသောက်ဆိုင်မှာ ဆိုရင် ဘုရားဆင်းတုတော်ခေါင်းအကြီးကြီး ကို အပေါက်ဝမှာ ချထားတယ်တဲ့.. ထိုင်းဘုရားလို့ သူတို့ပြောတာပဲ..

ဒီ့အပြင်လဲ တခြားစားသောက်ဆိုင်တွေမှာလဲ တွေ့ဖူးတယ်.. အဝင်အဝတို့ အလှပစ္စည်းထားတဲ့နေရာတွေတို့မှာ ဒီလိုဆင်းတုတော်ခေါင်းတွေ အလှထားထားကြတယ်..အိမ်မက်က ဗုဒွဘာသာ( ဓ အသေးလေး keyboard မှာ ရှာမတွေ့လို့)မဟုတ်ပေမယ့် ဗုဒွဘာသာထွန်းကားတဲ့ တိုင်းပြည်မှာ ကြီးပြင်းလာတာဆိုတော့ မျက်လုံးထဲမှာ မသင့်တော်ဘူးလို့ မြင်သလို စိတ်မကောင်းလဲ ဖြစ်ရတယ်..

ဆင်းတုတော်တွေမှမဟုတ်ဘူး.. အိမ်မက်တို့ အထွတ်အမြတ်ထားတက်တဲ့ လက်ဝါးကပ်တိုင်ပုံ ခရစ်တော်ပုံတော်တွေ ဆိုလဲ ဒီလိုပါပဲ.. သူတို့ လုပ်ချင်သလိုလုပ်နေတာ.
အရမ်းဝမ်းနည်းတာတစ်ခုက အခုဆို လူတွေက လက်ဝါးကပ်တိုင်ပုံကို တက်တူးအဖြစ် ကျောတွေ လက်တွေ ရင်ဘက် တွေ.. စတဲ့ လူ့ခနွာကိုယ်ပေါ်မှာ အသုံးပြုအလှဆင်နေကြတာလေ..
ဒါတွေဟာ မကောင်းတဲ့ အပြုအမူလို့ပဲ အိမ်မက်မြင်တယ်..
ယဉ်ကျေးမှု မရှိတာ က တော်တော်.. ကိုးကွယ်ယုံကြည်မှု မရှိဘူးဆိုရင်တော့ လူလို့တောင်မခေါ်ထိုက်ဘူးလို့ပဲထင်တယ်...

တစ်ရက် အလုပ်က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း အိမ်မက်က ဘုရားကျောင်းသွားတက်တဲ့အကြောင်းပြောပြတော့ ..နင်ဘာသွားလုပ်တာလဲလို့ မေးတယ်..နင်က ငယ်သေးတယ် ဒါတွေ မလိုပါဘူးတဲ့.. ဘုရားကျောင်းဆိုတာ အသက်ကြီးတဲ့သူတွေ အချိန်ပိုနေလို့ သွားကြတာ တဲ့..ဝမ်းနည်းစရာကောင်းလိုက်တာနော်
အိမ်မက်တို့ တိုင်းပြည်မှာ ဘယ်ဘာသာဝင်မဆို လူကြီး လူလတ် ကလေး မကျန် ကိုယ့်ဘာသာကို သက်ဝင်ယုံကြည် ပြီး ကိုင်းရှိုင်းကြတာများ သူတို့ကို ခေါ်သွားပြချင်လိုက်တာ..

တစ်ချို့ ကမေးတက်သေးတယ်.. Do you like Religion ..ဆိုတာမျိုးလေ
သူတို့ နားလည်အောင်ဘယ်လိုရှင်းပြရပါ့မလဲ.. အိမ်မက်တို့က ဘာသာရေးကို နှစ်သက်လို့ ကျင့်စဉ်လို လုပ်နေကြတာမျိုးမှ မဟုတ်ကြတာ..ကိုယ်ကိုးကွယ်တဲ့ ဘုရားအပေါ်ယုံကြည်သက်ဝင်ပြီး မှ ကျင့်ကြံ နေထိုင်မှုပုံစံက သူ့အလိုလို ဖြစ်သွားတာပါ..


သြော်တခါတလေ တော့လဲ တွေးမိတယ်..
ဘုရားဆိုတာ မရှိဘူး..
ဘာသာရေး ဆိုတာ မလိုအပ်ဘူး..
ကိုယ်လုပ်မှ ကိုယ်စားရမှာ ဆိုတဲ့ အသိခေါက်ခက် အဝင်နက်နေတဲ့ ဒီလိုလူစားမျိုးတွေ အများအပြားရှိတဲ့ နေရာမျိုးမှာ အသက်ရှင်နေရတာလဲ ဒုက္ခတစ်မျိုးပါလား လို့.........း(

အိမ်မက်စေရာ

( မှတ်ချက်..အသုံးမှားတာရှိရင်မေတ္တာနဲ့ ပြင်ပေးစေလိုပါတယ်..ဗုဒွ ရေးတဲ့ အသေးလေး ဘယ်နားမှာ ရှိလဲ ဆိုတာလေးလဲ ပြောပေးပါဦးနော်..)


5 comments:

Thameesan said...

ဆင်းတုတော်လေးက..ကြည်ညိုဖွယ်ကောင်းပြီ
လက်ရာမြောက်လိုက်တာရှင်..ဖူးမြော်ခွင့်ရအောင်
ပို့စ်မှာတင်ပေးတဲ့အတွက်ကျေးဇူးပါနော်
(လူမျိုးရေးခွဲခြားမှုမရှိတဲ့အိပ်မက်ရဲ့စိတ်ဓာတ်လေးကိုလေးစားသွားပါတယ်)
ဘာသာတရားနဲ့ပတ်သက်လို့
အစ်မ အမြင်ကတော့..
ကိုယ်မကိုးကွယ်ရင်နေပါ(သူများဘာသာကို)
မနှောင်ယှက်သင့်ဘူးလို့ယူဆပါတယ်
ကိုယ်တိုင်လည်း..လိုက်နာပါတယ်


အိပ်မက်ပြောတဲ့"ဒ"အောက်keyရိုက်တဲ့နည်းက
လွယ်မလိုနဲ့အခက်သားရှင့်...ခဏခဏရိုက်မှရပါတယ်
shift+ ~ + ဒ ဆိုရင်.အဆင်ပြေနိုင်ပါတယ်
shift ကိုအရင်နှိပ်ပြီးမှ ကျန်တဲ့နှစ်ခုကိုပြိုင်တူနှိပ်ရင်ရပါတယ်
သမာန်စီးကတော့ အဲလိုရိုက်တာပဲး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗုဒ္ဓ ကို အစ်မကတော့ ctrl + Alt+ shift+ဒ ရယ် တစ်ပြိုင်တည်း နှိပ်ပါတယ်။
အစ်မလည်း အင်ဒိုနီးရှားနဲ့ တစ်ခြားနိုင်ငံတွေက ဘားတွေမှာ မြတ်စွာဘုရားရဲ့ ဦးခေါင်းတော်တွေကို အလှထားတာ တွေ့ဖူးပါတယ်။ တရုတ်မှာတောင် ရှိပါသေးတယ်။
သူတစ်ပါးရဲ့ အမြတ်တနိုး ကိုးကွယ်ရာကို ခုလိုလုပ်တာ စော်ကားတာနဲ့ တူတူဘဲလို့ ယူဆပါတယ်။

မေသိမ့်သိမ့် ကျော် said...

အဲဒါကို ဧည့်ကြိုဘုရားတွေဆိုပြီး လိုက်လံ အလှူခံသိမ်းဆည်းတဲ့ ကိုယ်တော်တွေ ၊ လူတွေ ရှိတယ်။ ဒါပေမယ့် အများကြီးဖြစ်နေတော့အားလုံးကိုတော့ ဘယ်ထိရောက်ပါ့မလဲလေ။ ဘုရားကို ရောင်းတဲ့သူကလည်း ရောင်းလိုက်တာကိုးးးး။

ခင်တဲ့
မေသိမ့်

Candy said...

အိမ်မက်ရေ.. ဘုရား လာဖူးသွားတယ်
အိမ်မက်သုံးတဲ့ မြန်မာ font က Aspire myanmar ဆိုရင် Ctrl+Alt+Shift+ဒ နှိပ်ရင် ရတယ်..
မြန်မာ font က zawgyi ဆိုရင်.. Shift+`(tabအပေါ်က)+ဒ ကိုတပြိုင်တည်းနှိပ်ကြည့်.. သဘောက shiftနဲ့`နဲ့ကို နှိပ်ထားရင်း ဒ ကိုနှိပ်... ဗုဒ္ဓဆိုတာ ထွက်လာလိမ့်မယ်..
ကန်ဒီက font ၂မျိုးလုံးသုံးဖူးလို့ သိတာ.. အဟိ.. အဆင်ပြေပါစေ.. :D

မြသွေးနီ said...

လူတိုင်းက ယုံကြည်ရာ ဘာသာကို သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိပါတယ်။ သူများဘာသာကို ပုတ်ခတ်တဲ့ အသုံးအနှုန်း၊ အပြုအမူတို့ကတော့ မလုပ်အပ်ပါဘူး။