Pages

Monday, October 3, 2011

To Church.......... ..........

အိမ်မက်နေလို့မကောင်းပါ.. ဖျားတာတော့မဟုတ်ပါဘူး..ဒါပေမယ့် ဘယ်ဘက်မျက်လုံးထောင့်က ရဲပြီးယောင်နေတာ..အစကသိပ်မသိသာဘူး နာလာလို့ ကြည့်လိုက်မှ ယောင်နေတာ တွေ့တယ်လေ..ခုတော့ အောက်မျက်ခမ်းတစ်ခုလုံးယောင်နေပြီး မျက်တောင်ခပ်တိုင်း အောင့်အောင့် ပြီး နာနေတော့တာပဲ..တစ်ခုခုကို စူးစိုက်ပြီးကြည့်ရင် ပိုဆိုးပါတယ်..အရမ်းနာတယ်..အဲ့ဒီအနာကြီးနဲ့ပဲ အိမ်မက်မနေ့က ဘုရားကျောင်းတော့ သွားလိုက်ပါသေးတယ်..ပြီးတော့ စာလဲ နဲနဲရေးချင်တာနဲ့ပဲ အဲ့ဒါ နာတဲ့ကြားက စာရေးပါဦးမယ်..

............................................

ဒီတစ်ပါတ် တနင်္လာနေ့က ရုံးပိတ်ရက်ဖြစ်လို့ အိမ်မက် နှစ်ရက်ဆက်တိုက်အားပါတယ်..ဒါနဲ့ အမေ့ဆီဖုန်းဆက်ပြီး အမေဘုရားကျောင်းသွားရင် သမီးလိုက်မယ်လို့ ပြောလိုက်တယ်..အမေက တော်တော်ကိုဝမ်းသာသွားတာပါ..ဘာဖြစ်လို့လဲ ဆိုရင် အိမ်မက် ဒီရောက်ပြီးကထဲက ဘုရားကျောင်းတစ်ခါမှ မရောက်သေးလို့လေ..အရှေ့ပိုင်းမှာနေတုန်းကတော့ တစ်ခါသွားဖူးတယ် နိုင်ငံခြားသားတွေ ဦးစီးတဲ့ ကျောင်း.. ဒီ frankfurt ကိုရောက်တော့ မသွားဖြစ်သေးဘူး.
မသွားဖြစ်သေးဘူးဆိုတာ ဒီလိုလေ..ဒီကိုစရောက်တော့ ခရစ်ယာန်တွေ ဘုရားရှိခိုးရင် အိမ်တွေမှာပဲ ဆုရှိခိုးဖြစ်တယ် ဘုရားကျောင်းသီးသန့်မရှိဘူး ပေါ့ ..ဘာလို့လဲ ဆိုတော့ နေရာအခက်အခဲ နဲ့ ငွေကြေးအခက်အခဲ ကြောင့်ပါ..ဘုန်းကြီးကျောင်းဆိုလဲ ဒီလိုပါပဲ..အရင်က တစ်ကျောင်း နောက်တော့ ဖျက်သိမ်းလိုက်တယ်ကြားတယ် ..ခုတော့ အသစ်တစ်နေရာမှာ တဲ့.. အမှန်တိုင်းပြောရရင် လူတွေလဲ မညီကြတော့ တစ်ဖွဲ့ တွေ နှစ်ဖွဲ့တွေဖြစ်ကုန်ကြတာလေ. အိမ်မက်တို့လဲ ဒီလိုပါပဲ အခုမှ ဝိုင်းဝန်းမတည်ပြီး ဘုရားကျောင်းလေး တစ်ခု ငှားလိုက်တယ်.. အချိန်က ၁၂း၃၀ ကနေ ၀၃း၀၀ နာရီထိ..
တခြားအချိန်တွေက တခြားလူမျိုးတွေအတွက် ဝတ်ပြုချိန်ပေါ့.. ဂျာမန် .အင်္ဂလိပ်.. တခြားလူမျိုးအသီးသီးပေါ့


ဒါနဲ့ အိမ်မက် တနင်္ဂနွေနေ့က အိမ်ကနေနဲနဲ စောထွက်ခဲ့တယ် တစ်ခါမှမရောက်ဖူးသေးဘူးဆိုတော့ ဒါနဲ့ အမေပြောသလို u bahn ( underground bahn) စီးတယ် ဂိတ်ဆုံးအထိဆိုတော့ အိုကေပေါ့..
အမေဖုန်းဆက်တယ် ဘယ်ရောက်ပြီလဲ ဆိုတော့ ဘူတာရုံကြီးမှာလို့.. ဆက်စီးတယ်.. ၂၅ မိနစ်လောက်နေတော့အမေ ထပ်ဆက်တယ် . သမီး အဲ့ဒီဘက်မဟုတ်ဘူး ..တဲ့
သေရော အိမ်မက်စီးလာတာ ဂိတ်ဆုံးဖို့ ၃ မှတ်တိုင်ပဲ လိုတော့တယ်.. အဲ့ဒါနဲ့ပြန်ဆင်းရောက်တဲ့နေရာကနေ ပြောင်းပြန်ပြန်စီး တစ်ဘက်ဂိတ်ဆုံးအထိ..စဉ်းစားသာကြည့် အိမ်ကစောထွက်လာလို့ တော်သေးတာ..အိမ်မက် အမေလို့မပြောရဘူး နဲနဲ လွဲလိုက်မှ..ဒါပေမယ့် ဒီတစ်ခါသူလွဲတာ အိမ်မက်တော်တော်ခံရတာ..လူကိုခေါက်တုန့်ခေါက်ပြန်ရထားစီးခိုင်းတယ်လို့..
သမီးရယ် sorry ပဲ အမေဂိတ်ဆုံးကစောင့်နေမယ်နော်တဲ့..အင်း ပေါ့
ဂိတ်ဆုံးရောက်တော့ အိမ်မက် အရှေ့ဘက်သွားရမလား အနောက်ဘက်သွားရမလားမသိ..ရထားက အရှည်ကြီး သိတဲ့အတိုင်း ဘူတာမှာအပေါက် အနဲဆုံး အရှေ့တစ်ပေါက် အနောက်တစ်ပေါက် ရှိတာ..တော်သေးတာက မြန်မာ သုံး လေး ယောက်တွေ့လို့ သူတို့နောက်လိုက်ပြီးလျှောက်သွားတာ..အရှေ့ဘက်ကို အပေါက်ကိုရောက်မှ အံမယ် အမေရယ်လေ သူ့သမီးကို စောင့်နေတာ ဘယ်မှာထင်လို့လဲ ကားဂိတ်မှာလေ.. အပင်အောက်နားမှာ
ဒီဘက်မှာ နေပူလို့ ဟိုဘက်ကစောင့်တာ ဟုတ်ပါတယ် ဒါပေမယ့် ကြိုပြောပေါ့နော် ခုတော့ အိမ်မက်မှာ အရှေ့လိုလို အနောက်လိုလိုနဲ့ အိမ်မက်ထင်တာ ဂိတ်ဆုံးတာနဲ့ အမေ့ကိုတွေ့မယ်ထင်တာ ခုတော့ဟုတ်ဖူး . သူ့စီရောက်ဖို့ ကားလမ်းတစ်ဖက်ကူး လမ်းနဲနဲ လျှောက်ရသေးတယ်.
အနားရောက်တော့ သူ့သမီးကိုလက်လေးဆွဲ ဘုရားကျောင်းကို အမြန်ချီတက်တော့တာပဲ ..

ဘုရားကျောင်းရောက်တော့ အားလုံးက အိမ်မက် ဝိုင်းပြီး ကြိုဆိုကြတယ် ဝမ်းသားစရာပါ..အဒေါ်ကတော့ ရောက်နှင့်နေပြီ.. နာမည်တွေ ဘာတွေမေးကြ မိတ်ဆက်ကြနဲ့.. တစ်အောင့်လောက်နေတော့ အစီအစဉ်စပါတယ်..မြန်မာနိုင်ငံက ဘုရားကျောင်းများလို အကြီးကြီးလို့ အိမ်မက်ထင်ထားတာ မဟုတ်ပါဘူး.. သာမာန်အခန်းတစ်ခုပါပဲ.. ဒါက ဘာကို ပြလဲ ဆိုရင် ဒီနိုင်ငံမှာ ဘုရားကို ယုံကြည်တဲ့သူနည်းသလို ရှိတဲ့သူတွေကလဲ ဝတ်ပြုတယ်ဆိုတာ မရှိသလောက်ပါပဲ..တည့်တည့်လေးပြောရရင် ဒီနိုင်ငံဟာ ဘုရားမဲ့ တိုင်းပြည်တစ်ခုလိုပါပဲ.. ဒါပေမယ့် အိမ်မက်စိတ်ချမ်းသာပါတယ် ဘုရားကျောင်းက မကြီးပေမယ့် မသေးပါဘူး.. လူသိပ်မများပေမယ့် ရှိတဲ့လူလေးတွေ စည်းစည်းလုံးလုံးရှိကြတယ်..
အစီအစဉ်အစမှာ ဆုတောင်းတယ် ပြီးတော့ အားလုံးမတ်တပ်ရပ်ပြီး ဘုရားသီချင်းဆိုတဲ့အခါမှာ အိမ်မက်မျက်ရည်ကျခဲ့တယ် .. ဒါဟာ နောင်တမျက်ရည်ပါ.. အိမ်မက် ငွေနောက် ကိုယ့်အတ္တနောက် လိုက်ပြီး ကိုယ့်ဆန္ဒအတိုင်း အသက်ရှင်နေတာ ဘယ်လောက်ကြာပြီလဲ .. ဘုရားမေ့ တရားမေ့.. ဘုရားကျောင်းနဲ့ဝေး အိပ်ခါနီးဆုတောင်းတာတောင် ပုံမှန်မလုပ်ဖြစ်ဘူး.. ဘယ်လောက်များ ကျရှုံးနေတဲ့ အသက်တာလဲ လို့ စဉ်းစားပြီး ဝမ်းနည်းခဲ့မိတယ်..

ဒီနေ့ ဘုရားကျောင်းကိုလာခဲ့တာ တအားကိုမှန်သွားတယ်.. ပျောက်ဆုံးနေတဲ့ အရာတွေကို အိမ်မက်ပြန်ရရှိခဲ့တယ်..ဆရာဟော တဲ့ တရားဒေသနာတွေနားထောင်ပြီး အိမ်မက်ခွန်အားတွေ ရခဲ့တယ်..
အားလုံးရဲ့ ဆုတောင်းသံတွေကြားထဲမှာ အိမ်မက် ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ခဲ့တယ်..
အရွယ်ငယ်တဲ့ ကလေးတွေက ကျမ်းစာတွေဖတ်ကျက် ဘုရားသီချင်းလေးတွေ သီဆိုနေတာ တွေ့တော့ အိမ်မက် ကိုယ့်ကိုယ်ရှက်မိတယ်..
တကယ်တော့ အိမ်မက် ကိုယ့်ကိုယ်ကို အချိန်အကြာကြီးပျောက်ဆုံးနေခဲ့တာပါ..
ဆရာ့ရဲ့ တရားဟောချက်ထဲမှာတော့....
ကိုယ့်အပြစ်ကို ဝန်ချတောင်းပန်ပြီး ဘုရားသခင်ထံ ပြန်လည်ချဉ်းကပ်ပါ ဆိုတဲ့ အကြောင်းလေး ပါခဲ့တယ်..
ဒါက အိမ်မက်အတွက်လမ်းစ ပါပဲ..

အပြန်လမ်းမှာတော့ အိမ်မက်ခြေလှမ်းတွေ သွက်လက်နေခဲ့တယ်.. ဘုရားကျောင်းကို ဓါတ်ပုံရိုက်ချင်ပေမယ့် အဒေါ်က အိမ်မက်ဖုန်းကိုသုံးနေလို့ မရိုက်ဖြစ်ခဲ့ဘူး ..အမေက စိတ်တော့ သိပ်မကောင်းဘူး အိမ်မက်မျက်လုံးကယောက်နေလို့လေ ဒါနဲ့ ဆေးဝင်ဝယ်တယ် ပြီးတော့ အိမ်မှာ အမေနဲ့ အတူတူ ထမင်းစားဖြစ်တယ်..အမေကတော့ အဝတ်အစားတွေမပါလာလို့ဆိုပြီး အိမ်မှာအိပ်ခိုင်းပေမယ့် မအိပ်ပဲ ပြန်သွားတယ်..မပြန်ခင်မှာသွားသေးတယ် အချိန်ရရင် နောက်တစ်ပတ်ဘုရားသွားဦးနော်တဲ့....


God Bless You


ချစ်တဲ့
အိမ်မက်စေရာ

မှတ်ချက်.. မျက်လုံးတစ်ဖက်မှိတ်၍ စာရေးခြင်း စာဖတ်ခြင်း အမှု ပြုနေသည်..း)

6 comments:

မောင်ဘုန်း said...

God Bless You ....

Anonymous said...

ညီမအိမ်မက်
ညီမ မျက်လုံးက အစ်မအထင် မျက်စိစွံတာထင်တယ်
ဒါဆိုရင်တော့သိပ်မစိုးရိမ်ရပါဘူး။ခဏတော့သည်းခံရတာပေါ့
နောက်တော့ပျောက်သွားတာပဲကွယ့်
(အစ်မတော့ တစ်ခါမှမဖြစ်ဘူးဖူးး)
ကိုယ်ယုံကြည်တဲ့ဘာသာတစ်ခုမှာ အကောင်းဆုံးလိုက်နာနိုင်ရင်
လူတော်ဖြစ်ပါတယ်ကွယ်..။(အစ်မအထင်ပေါ့နော်)
ညီမလည်းမြန်မြန်နေကောင်းကျန်းမာပါစေ
ချစ်ခင်စွာဖြင့်
သမီးစံ

KMC said...

ကောင်းပါတယ်။တော်ပါတယ်။လေးစားပါတယ်။နောက်ဆိုအားတိုင်းဘုရားကျောင်း သွားပေးပါညီမငယ်။ကိုယ်ယုံကြည်ရာကိုအားကိုးရမှာပါ။မျက်စေ့ပိုနာအောင်ကွန်ပြူ တာနဲ့(ဝေးဝေးမနေပဲ)စာရေးစာဖတ်ထပ်လုပ်တာတော့အားမပေးပါ။ကန့်ကွတ်ပါသည်:)

Candy said...

မျက်လုံးမြန်မြန်သက်သာပါစေ အိမ်မက်ရေ... အဲ့တော့မှ ပဲများလို့ရမှာ.. :P

Shinlay said...

မျက်စိကိုအနားပေးပါ။ ဆေးခန်းသွားပြနော်။

Anonymous said...

Stay close to the Lord.....

May God be gracious to us and make His face shine upon us.

Psalm 67(1)

Ma Nwe Ni