Pages

Sunday, October 30, 2011

Vampire Woman

Vampire Woman ( ကြောက်တက်သူများ ပုံ မကြည့်ပါနှင့်)


အသက် ၃၅ နှစ်ရှိတဲ့ Mexico သူ Maria Joes Cristerna ဟာ သူမကိုယ်သူမ vampire တစ်ကောင်အဖြစ် ခံယူထား သူဖြစ်ပါတယ်..
သူမဟာ တက်တူး ဝါသနာရှင်တစ်ဦး ဖြစ်သလို တက်တူးကို ရူးသွပ်သူတစ်ဦးဖြစ်တယ်.. သူမရဲ့ ခန္ဓာကိုယ်ပေါ်တော့ ၁၀၀% ပြည့် တက်တူးများကို ထိုးထားပါတယ်..ဒါ့အပြင် သူမရဲ့ နဖူးပေါ်မှာလဲ titanium နဲ့ပြုလုပ်ထားတဲ့ ဂျိုနှစ်ခုကို အသားထဲမြုပ်၍ တပ်ဆင်ထားပါတယ်..ချွန်ထက်တဲ့ တိရစ္ဆာန် အစွယ်နှစ်ချောင်းကိုလဲ သွားရဲ့ ထောင့်နေရာ တစ်ဖက်တစ်ချက်စီမှာ တပ်ဆင်ထားပါသေးတယ်..သူမရဲ့ အသွင်ကို သွေးစုပ်ဖုတ်ကောင်ကဲ့သို့ အသွင်ပြောင်းထားသော်လည်း လက်တွေ့ဘဝမှာတော့ သာမန်လူတစ်ဦးရဲ့ဘဝ ကဲ့သို့သာ နေထိုင်ရသူပါ.. သူမရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ပြုလုပ်ထားသောအရာများဟာ သူမအတွက် ရဲစွမ်းသတ္တိနှင့် ခွန်အားကို ရရှိတယ်လို့ ဆိုပါတယ်..ဒါတွေအာလုံးကို ထုံဆေးအသုံးမပြုပဲ တပ်ဆင်ထားခဲ့တာပါလို့ လဲ သူမက ဆိုပါတယ်..သူမရဲ့ဦးခေါင်းပေါ်မှာ ဘာကြောင့်ဂျိုတပ်ဆင်ထားရသလဲဆိုရင် ငယ်စဉ်ကထဲက သူမဟာ vampire များကို ရူးသွယ်စွဲလန်းသူတစ်ဦးဖြစ်ခဲ့လို့ပါပဲ..ဒါကြောင့် သူမရဲ့ ခန္ဓာကိုယ်ကို သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ပြောင်းလဲ ယုံမက မျက်လုံးအရောင်ကိုပါ သူမလိုချင်တဲ့ vampire မျက်လုံးကဲ့သို့ ပြောင်းလဲ ခဲ့ပါတယ်..အခုထက်ထိတော့ သူမရဲ့ ပြောင်းလဲ မှုတွေအားလုံး မပြည့်စုံသေးပါဘူး လို့ သူမက ဆိုပါတယ်..နောက်ထပ်ဂျိုများကိုလဲ သူမရဲ့ ဦးခေါင်းအနောက်ဖက်မှာ ထပ်မံထည့်သွင်းချင်ပါသေးတယ် ဟုဆိုပါသေးတယ်..
တက်တူးဆိုတာ ခန္ဓာကိုယ်မှာ ထာဝရ တည်ရှိနိုင်မယ့် အရာတွေဖြစ်ပြီး ဖြစ်နိုင်မယ်ဆိုရင်တော့ သေဆုံးခြင်းဆိုတာ မရှိတဲ့ သွေးစုပ်ဖုတ်ကောင်အစစ် ကဲ့သို့ ဖြစ်ချင်ပြီး သူမရဲ့ အသက်ဝိဥာဉ်ကို တစ်ပါးသူတစ်ဦးရဲ့ခန္ဓာကိုယ်နဲ့ ဆက်လက်အသက်ရှင်သွားနိုင်တဲ့ ဘဝကို ရလိုကြောင်း.... ကို သူမရဲ့ vampire အဖြစ်ခံယူပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်..

အိမ်မက်စေရာ


Maria Jose Cristerna, Mexico 'Vampire Woman,' အား ဘာသာပြန်သည်..
ကြောက်တက်ရင် အောက်က ပုံတွေ မကြည့်နဲ့နော်......!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!





တကယ့် vampire တောင်သူ့လောက် ရုပ်ဆိုးမှာ မဟုတ်ဘူး..း( လေဒယ်


ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး

သူ့ကြည့်ပြီး vampire တောင်လန့်သွားမယ့် ..ဘယ့်နှယ်ဟာကြီးတုန်းဆိုပြီး


တစ်နေကုန်ထိုင်ပြီး အစိမ့်စိမ့်ကြည့် ... ဖိုးကာ သီချင်းက သူ့တွက်ထင်တယ်နော်.. အဟီး

8 comments:

မောင်ဘုန်း said...

ဟုတ်ပ ... ကြံကြံဖန်ဖန် လုပ်လည်း လုပ်တက်တယ်နော် ...

Candy said...

vampire က ဂျိုပါတာ သူလုပ်မှပဲ သိတော့တယ်.. :P

မေသိမ့်သိမ့် ကျော် said...

အခုမှ မြင်ဖူးတယ်။ ချောတာတော်... ခိခိ။

ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

ကိုရင့်ကို ပြောရမယ် ရှင်သူ့ကိုသွားချစ်လို့း)

သန်လျင်သား said...

ဆံပင်တိုလေးနဲ့လိုက်တယ်၊ ဆံပင်ရှည်လေးနဲ့ မိုက်တယ်..။ဟီးဟီး..ရင်တောင်ခုန်လာပြီ..

မောင်မောင်(မြစ်ဆုံ) said...

အိမ်မက်စေရာ
ဒီလိုပဲ ဟိုရေး ဒီရေး
ချစ်တဲ့သူတွေက လာဖတ်တယ်
မချစ်တဲ့သူတွေက လာမဖတ်ဘူး..
အရမ်းချစ်တဲ့သူတွေက မန့်သွားတယ်
နဲနဲပဲ ချစ်တဲ့သူတွေက မန့်သွားဘူး...
း)
ဒီစာလေး သဘောကျလို. မန်းခဲ.တယ်နော်။ စာအရေးအသားအရမ်းကောင်းတယ်နော်။
ခင်မင်စာဖြင်.
မောင်မောင်

Anonymous said...

လေဒီဂါဂါမြင်ရင်တော့..ထိုင်ငိုနေတော့မှာပဲနော်း)
အားမငယ်တော့ဘူးအိပ်မက်ရေ..သူကကိုယ့်ထက်ရုပ်ဆိုးတာကိုးးP
ဆိုးတော့မဆိုးပါဘူး..သူဖြစ်ချင်တာတစ်ခုအတွက်
အရာအားလုံးကိုစွန့်လွှတ်နိုင်တာလေးကိုတော့
သဘောကျသားကွယ့်း)
ချစ်ခင်စွာဖြင့်
သမီးစံ

Anonymous said...

bape clothing outlet
golden goose outlet
hermes outlet
air jordan shoes
kyrie 8