အချိန်တွေ .......
ကုန်တာ သိပ်မြန်သလိုပဲ..............
ဘာလိုလိုနဲ့ အိမ်မက်စေရာလေး တောင် တစ်နှစ်ပြည့်သွားပြီ...
တစ်နှစ်ဆိုတဲ့ အချိန်အတွင်း ဖြစ်ခဲ့တာတွေ ပျက်ခဲ့တာတွေ အများမှ အများကြီးရယ်..
မလိုချင်ပါပဲ နဲ့ ဖြစ်လာခဲ့တဲ့ အရာတစ်ချို့နဲ့ လိုချင်ရက်နဲ့ ပျက်စီးခဲ့ရတဲ့ အရာတစ်ချို့ ဟိုးလွန်ခဲ့တဲ့ တစ်နှစ်ဆိုတဲ့ အတိတ်စီမှာ .........
လွန်ခဲ့တဲ့ တစ်နှစ် ဒီလို ဇန်နဝါရီလ မှာ တိတိကျကျပြောရရင် ၂၄.၀၁.၁၁ မှာပေါ့...
အိမ်မက်စေရာ ဆိုတဲ့ ဘလော့ဂ်လေးတစ်ခုကို စတင်ပြီး အသက်သွင်း ကြည့်မိခဲ့တယ်...
တကယ်တော့ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ စတင်ခဲ့တာပါ..
စိတ်ညစ်စရာ စိတ်ရှုပ်ထွေးစရာ စိတ်ဓါတ်ကျစရာ ဝမ်းနည်းစရာ အို အားလုံး အားလုံး စုပုံပြီး လူက ရူးသွပ်သွားမတက် အချိန်ပေါ့ ..
ငယ်စဉ်နဂိုကထဲက ဒိုင်ယာရီ ရေးတက်တဲ့ အကျင့်ကြောင့်လဲ ဖြစ်ပါလိမ့်မယ် ..
စိတ်ထဲ ရှိတာတွေ ပြောချင်တာတွေ လုပ်ချင်တာတွေ တစ်ချို့ကို စာအဖြစ်ချရေး ရင် ခံစားနေရတာ နဲနဲ တော့ သက်သာ သွားမှာလို့ ထင်မိခဲ့ရင်း ..........
အိမ်မက်စေရာကို အသက်သွင်းမိခဲ့တယ်...
ဘလော့ဂါလို့လဲ သေသေချာချာ အမည်တပ်လို့ မရတဲ့ အခြေအနေပေမယ့် ရရှိလာခဲ့တာတော့ ဝမ်းသာစရာတွေချည်းသာ ...
ခင်မင်စရာ မိတ်ဆွေတွေ စိတ်ကူးခြင်းဖလှယ်လို့ရတဲ့ သူငယ်ချင်းတွေ
စိတ်ညစ်ရင်အားပေးတက်ပြီး စိတ်ပျော်ရင် မျှဝေခံစားတက်တဲ့ သူတွေ
အကြံဥာဏ်တွေ ဝိုင်းပေးတက်ကြသူတွေ...
စိတ်ကူးယဉ်တစ်ဝက် လက်တွေ့တစ်ဝက်နဲ့ ဘဝကို အကောင်အထည်ဖော်နေရသူတွေ ငါတစ်ယောက်ထဲ မဟုတ်ပါလား ဆိုတဲ့ အသိနဲ့ ...............
အိမ်မက်သာ မက်ခွင့်ရခဲ့တဲ့ စိတ်ကူးယဉ်တစ်ချို့ကို ဘလော့ဂါ ဆိုတဲ့ သူငယ်ချင်းများနဲ့ အတူ ခံစားခွင့်ရခဲ့တယ်..
ဘလော့ဂါမောင်နှမအိမ်တွေ အလည်သွားရင်းနဲ့ ထိတွေ့ သိမှတ်လာရတာတွေ လဲ မနည်းနဲ့ မနော...
ဒီလိုနဲ့ပဲ အိမ်မက်စေရာ ဆိုတာ ပိုပိုပြီး အဓိပ္ပါယ်ရှိလာခဲ့တယ်...
ကုန်ဆုံးသွားတဲ့ တစ်နှစ်အတွင်း အိမ်မက်စေရာ ကို အသိအမှတ်ပြုခဲ့တဲ့ သူငယ်ချင်း မောင်နှမ တွေ အားလုံး အားလုံးကို တစ်နှစ်ပြည့် အိမ်မက်စေရာ က အထူးပဲ ကျေးဇူးတင်ကြောင်းနဲ့ သိပ်ချစ်ရပါကြောင်း ...
အကြောင်းအမျိုးမျိုးကြောင့် အိမ်မလည်ဖြစ်တဲ့ အခါများ ရှိခဲ့ငြားလဲ အမြဲပဲ သတိတရရှိကြောင်း..... တစ်နှစ်ပြည့်ပို့စ်လေး နဲ့ အမှာပါးပါရစေနော်.....း))
အပေါ်ဆုံးက ပုံလေးက အိမ်မက်သိပ်ချစ်တဲ့ပုံလေးပါ... စာလေးရဲ့ အဓိပ္ပါယ်ကို ဖော်ကြည့်ကြပါဦးနော်..အိမ်မက်က တရုတ်လိုတက်လို့ မဟုတ်ဘူးနော်.. စာကို goggle ကနေ translate လုပ်ထားတာ.. မှန်အောင်ဖြေနိုင်ရင် အာဘွားပေးမယ်..း))
အိမ်မက်စေရာ