ဒီနေ့ အလုပ်ပိတ်တယ် ဆိုတော့ ..အိမ်မှာ လုပ်စရာရှိတာလေးတွေ အပြေးအလွားလုပ် ပြီးတော့ ခပ်မြန်မြန်လေး ကွန်ပြူတာရှေ့ ပြေးထိုင် ...
သမီးစံရဲ့ ကို အကြွေးဆပ်ဖို့လေ...ရေးချင်နေတာက ဟိုးအရင်ရက်တွေ ကထဲက ဘာမှန်းမသိ တစ်ယောက်ထဲကို ဟိုဘက်နဲနဲ တိုးပါဦး ဖြစ်နေတာ..း)
မေးခွန်းလေးတွေ ဖြေကြည့်ဦးမယ်...
×××××××××××××××××××××××××××××××××××××××× ×××××××××××××××××××××××
♠ အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
ခေါင်းအုန်းအောက်က ဖုန်းကို အရင်စမ်းတယ် အချိန်ကြည့်ဖို့ ဆိုပါတော့...
♠ မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
ုမြန်မာအစားအစာပေါ့.. အလုပ်မှာ က ထုံးစံအတိုင်း.. သူတို့အစားအစာ ပဲ စားဖြစ်တယ်.. ကြိုက်ဖူးး(
♠ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
ပေါင်မုန့် ထောပတ် ချောကလက် သုပ်....နဲ့ ရေနွေးနွေးလေး တစ်ခွက်
♠ နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
ပုံမှန်က အိမ်မှာ .. ကြုံကြိုက်ရင် တစ်ခါတစ်လေ အပြောင်းအလဲ အပြင်မှာ စားရတာ ကြိုက်တယ်..
♠ အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
ဝက်စတူး ဟဲ ဟဲ...
♠ အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
နိုး.. သောက်ဖူး ကော်ဖီ
♠ ညနေစာကိုဘယ်မှာစားတတ်ပါလဲ
အိမ်မှာပါ.....
♠ ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
ပုံမှန်တော့ မစဉ်းစားဖြစ်ပါဘူး..စဉ်းစားရင်လဲ မနက်ဖြန်ဘာချက်စားရမလဲ ဆိုတာလောက်ပါပဲ..
♠ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
အမှန်အတိုင်း ပြောရရင် ထောင်ကလွတ်သလိုပဲ အဲ့လို အလုပ်ကို ချစ်တာလေ...အမှန်က သူများနိုင်ငံမှာ အလုပ်လုပ်နေရတယ်ဆိုတာကို မကြိုက်တာ...
♠ အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
အရင်ဆုံးလား အိတ်ကိုချ ဖိနပ်ကို ချွတ် ပေါ့..
♠ ဒုတိယလုပ်မိတာလေး..
ဟီး မရယ်နဲ့နော်.. ချူးချူး ပေါက်း)
♠ ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
မသောက်တက်ဖူး ....
♠ ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
ဆုတောင်းပါတယ်...
♠ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
ဆုတောင်းတယ် ငိုတယ် စာချရေးတယ် ဒိုင်ယာရီလိုမျိုးလေ...စိတ်ထဲမှာစကားပြောချင်စိတ် ဖြစ်လာပေါ်လာရင် တစ်ယောက်ယောက်နဲ့ စကားပြောလိုက်တယ်...
♠ အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
ပတ်စ်.. အိမ်သော့ ..အလုပ်သော့.. ဖုန်း...
♠ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
သူစိမ်းတွေထဲမှာ ?????????????? ......မရှိပါဘူး...
♠ အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
သူများထက်ပိုခင်တဲ့တစ်ယောက်တော့ ရှိတယ် အရမ်းခင်တာတော့မဟုတ်ပါဘူး.. ရုရှားသူပါ..
♠ ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
အိမ်မက်ရဲ့ ကွန်ပြူတာ အစုတ်ကလေးပါ...
♠ လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
လောလောဆယ် iphone 4.....
♠ ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
နားလည်ခွင့်လွတ်ပေးနိုင်ဆုံးဆိုတဲ့ စူပါဒီဂရီ မှာ တော့ ဘယ်သူမှ မရှိပါဘူး.. လက်ရှိ အိမ်မက်ကို တော်တော်များများ ခွင့်လွတ်နားလည်ပေးထားတာတော့ ကောင်းကင် ပါ....
♠ အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
အိမ်ပြန်ချင်တယ်....
ရေးပြီးသွားပြီ.. အိမ်မက်နောက်အကျဆုံးဖြစ်မယ်ထင်လို့ သူများတွေကို မတဂ်တော့ပါဘူး..
ဒါပေမယ့် တစ်ယောက်တော့ တဂ်ချင်တယ် သူက တဂ်ပို့စ်တွေ ရေးလေ့ ရေးထ ရှိမရှိတော့ မသိပါဘူး..
အဆင်ပြေမယ်ဆို ရေးပေးစေချင်ပါတယ် သူငယ်ချင်း 925 ရေ..
သူ့ဘလော့ဂ်လေးတော့ သိတဲ့သူတွေ သိမှာပါ .. http://multivitaminforall.blogspot.com ပါ..
စိတ်ရှည်လက်ရှည်စောင့်ပေးတဲ့ သမီးစံကိုလဲ ကျေးဇူးပါနော်..
ချစ်တဲ့
အိမ်မက်
7 comments:
♠ ဒုတိယလုပ်မိတာလေး..
ဟီး မရယ်နဲ့နော်.. ချူးချူး ပေါက်း-------တဲ့
ဖတ်ပြီးပြုံးခဲ့တယ်
အိပ်မက်ကလေးရဲ့တနေ့တာကို လာဖတ်သွားတယ်
ပျောက်နေတာတွေအကျွေးပြန်ဆပ်ဖို့ပြင်ပါး)
အမ မဒိုးကန်
တနေ့တာလေးလာဖတ်သွားပါတယ်ဗျာ့
ပျော်ရွှင်ပါစေ
ကြည့်စမ်း..လိမ်မာလိုက်တဲ့ကလေးး)
ဖြေထားတာ.ပျော်စရာကြီးပဲနော်အိပ်မက်
စကားမစပ်..ချူးချူးပေါက်တယ်ဆိုတာ
ဘာကိုပြောတာလဲဟင် :P
ပျော်ရွှင်ဖွယ်.တစ်နေ့တာပေါင်းများစွာ
မိသားစုနဲ့အတူ.အမြဲပိုင်ဆိုင်နိုင်ပါစေရှင်
ချစ်ခင်လျှက်
တိုတိုရှင်းရှင်းတဂ်စာလေးဖတ်သွားတယ်အိမ်မက်စေရာရေ။
တီတင့်လည်းရေးပြီးသွားပြီထပ်မတဂ်နဲ့တော့နော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟိဟိ ဖတ်သွားတယ်ဗျာ။ ကောင်းကင် ဆိုပဲ.... :P အစ်မလည်းလူဆိုးပဲ ခစ်ခစ်...
yeezys
yeezy boost 350 v2
birkin bag
air jordan
coach outlet sale
supreme shirt
air max 95
air max
hermes handbags
offwhite
Post a Comment