Pages

Tuesday, June 26, 2012

ချစ်သော ငါးကလေးသို့...


တကယ်ဆို သူသည် ကျွန်မ၏ ငါးကလေး တစ်ကောင်သာ ဖြစ်သည်။
သူ့ကို ဟိုး ရေနက်နက် တစ်နေရာက ရရှိခဲ့ခြင်း ဖြစ်သည်။
သူပိုင်ဆိုင်တဲ့ သူ့အတွက် အရာသည် ကျွန်မဖန်တီးပေးထားသော ငါးကန်သေးသေးလေး တစ်ခု ဖြစ်ပြီး ထိုငါးကန်လေးကို ကျွန်မနားမှာ အမြဲထားကာ မျက်စိအောက်က အပျောက်မခံ နိုင်အောင်ပင် ကျွန်မ တန်ဖိုးထားလေသည်။

************************************************************************

သူ့ကို ကျွန်မ ချစ်လှသည်။
ထိုငါးကလေးကို ကျွန်မ သိပ်ချစ်သည်။
မျက်ဝန်းရှေ့က ပျောက်ကွယ်သွားမှာ ကို စိုးရိမ်စွာ အရိပ် တကြည့်ကြည့် နှင့် ချစ်သည်။
လူစကား မပြောတက်သော်ငြား သူ့ဆီမှ ထွက်ကျလှသော ဗလုံးဗထွေး အသံတွေက ပင် ကျွန်မကို သာယာ စေသည်။
သူ့ရဲ့ လှုပ်ရှားမှုကို တစ်စိမ့်စိမ့် ကြည့်နေရခြင်းကို ပင် ကျွန်မ အရသာတွေ့လှသည်။
သူမပြုံးတက်သော်လည်း သူ့ နှုတ်ခမ်းလေး တစ်ချက်ချက် လှုပ်ရှားတာကိုပင် လူတစ်ယောက်ရဲ့ အပြုံးထက် ပိုပြီး ကျွန်မအတွက် တန်ဖိုးရှိလှသည်။



************************************************************************


သူ့ကို ကျွန်မ အနားမှာ ရှိစေချင်သည်။
သူ့ကို ချစ်တဲ့ အကြောင်းကို သူနားမလည်သော်ငြား ကျွန်မ အမြဲပင် ပြောပြချင်နေသည်။
တစ်ခါတစ်ခါ သူ့အသားကို လက်ဖျားလေးနှင့် အထိတထိ တို့ ရတာကို ပင် ရင်ခုန်ဖွယ်ကောင်း နေသည်။
သူ့ကို ကျွန်မ အချိန်အကြာကြီး စောင့်ရှောက်ခဲ့သည်။
သူနှစ်သက်သည့် အစားအစာတွေ ကျွေးသည်။
သူကြိုက်မည်ထင်သည့် အရာမှန်သမျှ ကျွန်မကြိုးစားပြီး သူ့အတွက် ဖန်တီးပေးခဲ့သည်။
အကြောင်းအရာသည် တစ်ခုထဲပင်။
ထိုငါးကလေးကို သိပ်ချစ်လွန်းလို့သာပင်။


************************************************************************
ငါးသည် လူစကား နားလည်နိုင်စွမ်း မရှိပါ။

လူ့ အကြင်အနာတွေကို ခံစား နိုင်စွမ်း မရှိပါ။
လူ့ အချစ်ကိုလဲ မခံစားတက်ပါ။
လူ့ နှလုံးသားကိုလဲ မစာနာတက်ပါ။
လူတစ်ယောက်သူ့အပေါ် ဘယ်လောက်တန်ဖိုးထားသည် ဆိုတာကလဲ သူ့အတွက် အရေးပါစရာ မဟုတ်ခဲ့ပါ။



************************************************************************
နောက်ဆုံး တော့လဲ ထိုငါးကလေးသည် ပုံပြင်ထဲကအတိုင်း ကျွန်မ လက်ကလေးကို နာနာကျင်ကျင်ပင် သွေးစက်စက်ကျအောင် ကိုက်ပစ်ခဲ့သည်။

ကျွန်မလက်ကလေးထက် ကျွန်မ အသဲနှလုံးသည် ပို၍ သွေးထွက်ခဲ့သည်ဟု ထင်သည်။
ကျွန်မငိုသည် ။
နာကျင်လွန်းစွာ ရှိုက်သည်။
ပြီးသည့်အခါ ကျွန်မသူ့ကို စွန့်လွတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။



************************************************************************

သူပျော်ရွှင်ရာ
သူနှစ်သက်ရာ
သူပျော်မွေ့ရာ.................
ထိုတစ်နေရာသို့ ကျွန်မ သူ့ကို ယူသွားပြီး အပြီးတိုင် ထားပစ်ခဲ့သည်။
" နင်ပျော်တဲ့ နေရာမှာ ပဲ နေပါ.. သိပ်ချစ်လွန်းလို့ ငါနင့်ကို စွန့်လွတ်ခဲ့တာပါ.. နင်မပျော်မွေ့တဲ့ ငါ့ရင်ခွင်မှာ နင်ကို မနစ်မွန်းစေချင် လို့ပါ.. တကယ်တော့ ငါနင့်ကို တအားချစ်တာပါ.. "
တစ်ချက်ကလေးမျှပင် လှည့်မကြည့်ပဲ သူပျော်ရွှင်စွာ ကူးခတ်သွားခြင်းကို ကြည့်ပြီး ကျွန်မ စကားဆိုမိသည်။



************************************************************************


ကျွန်မ နောင်တရသလိုတော့ ခံစားရသည်။
ထိုငါးကလေး ကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်သလို ခံစားရသည်။
ဘာကြောင့် ငါးကလေးကို အဲ့လောက် ချစ်မိခဲ့သည်ကို လဲ ကျွန်မ ကို ကျွန်မ မသိပါ။
နောင်တ ရလွန်းစွာ သူထွက်သွားရာကို မျက်စိ တစ်ဆုံး ကြည့်မိရင်း ထိုနေရာမှ ကျွန်မ မရွေ့နိုင်ခဲ့ပါ။
သူကျွန်မကို နာကျင်အောင် ပြုလုပ်တာထက်ပို၍ သူ့ကို ဆုံးရှုံးရသည်ကို ကျွန်မ ပိုနာကျင်မိသည်။
သို့ပေမယ့် ကျွန်မ သူ့ကို ဆုံးရှုံး ခဲ့ပြီး ဖြစ်သည်။
ဘယ်အရာမှ ပြန်၍ မရနိုင်တော့ပါ။



************************************************************************

နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူပြန်လာမလား လို့ ကျွန်မ မျှော်လင့်နေဆဲ ဖြစ်သည်။
မတော်တဆများ မြင်ရမလား ဆိုသော အတွေးလေးဖြင့်လဲ သူရှိမည့် နေရာသို့ မကြာမကြာ ကျွန်မရောက်မိသည်။
သူ့အရိပ်ကလေးကို ရှာဖွေ မိသည်။
ထိုအခါ ကျွန်မ ငိုပြန်သည်။
သူနှင့် သက်ဆိုင်သည့် အရာများစွာ ကို မတော်တဆ မြင်မိ တွေ့မိ ယုံဖြင့်လဲ ကျွန်မ ငိုတက်သည်။



************************************************************************


လူသားတစ်ဦးသည် ကျွန်မလက်ကို တင်းတင်း ဆုပ်ကိုင်ရင်း စကားတွေ ပြောနေသည်။
ကြားတစ်ချက် မကြားတစ်ချက်နှင့် ကျွန်မ နားထောင်နေသည်။
ကျွန်မ နှစ်သက်တက်သည့် ပန်းပွင့်တွေ အများကြီး ကျွန်မအတွက် ဖန်ဆင်းပေးသည်။
ကျွန်မ ကြိုက်သည့် နူးညံ့သည့် သံစဉ်တွေကို ဖန်တီးပေးသည်။
နေ့စဉ်တိုင်း ကျွန်မကို ပြုံးပြသည်။


************************************************************************


လူသားဆန်သည့် လူသားတစ်ဦး နှင့် ကျွန်မဆုံခဲ့သည်။
ထိုလူသားသည် ပြုံးတက်သည်။
ရယ်တက်သည်။
ကြင်နာတက်သည်။
ချစ်တက်သည့် နှလုံးသား ရှိသည်။
ကျွန်မ ကံကောင်းလှပါသည်။


************************************************************************


အရာရာကို မေ့သွားပြီဟု ကျွန်မ ထင်သည်။


************************************************************************
 သို့ပေမယ့် မမှန်ပါ။

လူသားတစ်ဦး ၏ လက်ကို တင်းတင်း ဆုပ်ကိုင်ရင်းပင် ငါးကလေးကို တမ်းတမိသည်။
လူသားတစ်ဦးရဲ့ သံစဉ်တွေကို နားထောင်ရင်းပင် ငါးကလေး၏ ရေကူးသံကို ကြားယောင်မိသည်။
လူသားရဲ့ အပြုံးကို မြင်နေရင်းက ငါးကလေးရဲ့ လှုပ်တုပ်တုပ် နှုတ်ခမ်းလေးကို သတိရပြန်သည်။


************************************************************************


ကျွန်မသည် လူသားမကလေး တစ်ဦးသာ ဖြစ်သည်။
ဟန်ဆောင်တက်သည်။
သာယာတက်သည်။
ပျော်ရွှင်ဖွယ် အိမ်ကလေး တစ်လုံးကို ကျွန်မ တည်ဆောက်ခဲ့သည်။
ကျွန်မနေ့တိုင်း နီးပါး ပြုံးရယ်တက်ပါသည်။



************************************************************************


တစ်ဦးထဲ နေသည့် အချိန်မှသာလျှင် ကျွန်မငိုတက်သည်။
ရေစက်ကလေးတွေ ကြည့်ပြီး ငိုသည်။
ငါးကလေး ထွက်သွားရာသို့ မျက်နှာမူပြီး ငိုသည်။
အသံတစ်ချို့ ကြားရလျှင်ငိုသည်။
အမှတ်တရ တစ်ချို့ မြင်မိ သတိရမိလျှင် ငိုသည်။
ကျွန်မသည် နေ့တိုင်းနီးပါး ငိုတက်သည်။



************************************************************************
ကျွန်မသည် လူသားဆန်သော လူသားမကလေး တစ်ဦးသာ ဖြစ်သည်။
ထို့ကြောင့် လူ့လောကမှ အသက်ရှင်ရဦးမည် ဖြစ်သည်။
ထိုကဲသို့ပင် ငိုခြင်းနှင့် ရယ်ခြင်း ကြားမှ အသက်ရှင် ရမည်။



************************************************************************
မရိုးနိုင်သော ကျွန်မ၏ နေ့ရက် များစွာကို ခိုးခိုးခစ်ခစ် ရယ်သံဖြင့် ဖြတ်သန်းသည်။

မမေ့နိုင်သော ထိုနေ့ရက်များကိုပင် တဟင့် ဟင့် ရှိုက်သံဖြင့် အသက်သွင်းပြန်သည်။

ကျွန်မ အသက်ရှူသံတွေ မရပ်သွားခင် အချိန် အထိတော့ ကျွန်မ ဒီလိုပင် အသက်ရှင် သွားရမည်ထင်သည်။

ထိုကြားထဲမှာမှ မပြောင်းလဲသော အကြောင်းအရာတစ်ခု ကတော့ ကျွန်မ အသက်ရှူသံတွေ ရပ်တန့်သွားမည့် နောက်ဆုံးနေ့ အထိ ငါးကလေး တစ်ကောင်ကို ချစ်နေဦးမှာ ပင် ဖြစ်သည်။


************************************************************************

တစ် နှစ် သုံး လေး ငါး 

ငါးကလေး တစ်ကောင် ဖမ်းမိတယ် 
ဘာဖြစ်လို့ လွတ်လိုက်တယ်...
ကျွန်မလက်ကို သူကိုက်တယ်....
အသဲတွေတောင် ကြွေသွားခဲ့ရတယ်.....
ကျွန်မ မျက်ရည်တွေ တထွေထွေ ကျတယ်....
ကျွန်မ သူ့ကို သိပ်ချစ်တယ်.....။


အိမ်မက်စေရာ
၂၆.၀၆.၁၂

**pictures from google

11 comments:

Candy said...

ခံစားချက်တချို့ကို ခံစားသွားတယ် အိမ်မက်ရေ..........

စံပယ်ချို said...

အကိုက်ခံရမယ်ဆိုတာ သိရဲ့သားနဲ့
ဆက်ချစ်နိုင်တာ ကောင်းပါတယ်
ခံစားချက်လေးတွေ ထိတယ်

ဟန်ကြည် said...

ပို့ Lay out ကလေး အတော်လှသား အိပ်မက်ရေ...ဆရာတို့ကတော့ အနှီလောက် စိတ်မရှည်တာ သေချာတယ်...

အတွေးရိုးရိုးလေးကို လှလှပပဖြစ်အောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးတတ်တာကိုတော့ ချီးကျူးသဗျား...

mstint said...

ခံစားချက်ဆိုတာအတိုင်းအတာတစ်ခုအထိလောက်ပဲ ခံစားတာအကောင်းဆုံးပဲအိမ်မက်ရေ။
ခံနိုင်ရည်မရှိတဲ့စိတ်ကလေးယိုင်လဲမသွားဘို့လိုတယ်။
အရေးအသားလေးတွေကောင်းတယ် အားပေးလျှက်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thameesan said...

ဘာဘဲဖြစ်ဖြစ်၊ဘာဘဲလုပ်လုပ်၊ဘယ်လိုဘဲခံစားခံစား
limitလေးရှိရင်အားလုံးအဆင်ပြေသွားမှာပါ။ :)

အားပေးခံစားသွားပါတယ်..
ပျော်ရွှင်ပါစေနော်အိမ်မက်..

Anonymous said...

ကဗျာလေး Modify လုပ်ထားတာ မိုက်တယ်

ငါးကလေး တစ်ကောင် ဖမ်းမိတယ်
ဘာဖြစ်လို့ လွတ်လိုက်တယ်...
ကျွန်မလက်ကို သူကိုက်တယ်....
အသဲတွေတောင် ကြွေသွားခဲ့ရတယ်.....
ကျွန်မ မျက်ရည်တွေ တထွေထွေ ကျတယ်....
ကျွန်မ သူ့ကို သိပ်ချစ်တယ်.....

ကျွန်တော်ဆိုလည်း ဒီလိုလုပ်မိမှာပဲ
ဒါကလည်း သူ့ကို သိပ်ချစ်လို့ပါ
အရမ်းမိုက်တယ် အစ်မရေ

နွေလ

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

Anonymous said...

တိုက်ဆိုင်လိုက်တာ......ရင်ထဲနင့်သွားတယ်.

ကြည်ဖြူခင်ခင် said...

ရင်ထဲမှာ အရမ်းခံစားလိုက်ရတယ်.. အိမ်မက်ရယ်.. အဲ့ဒါဟာ အစွဲအလမ်းကြီးပြီး သံယောဇဉ်တစ်ခုကို မလွှတ်တမ်းဖက်တွယ်ချင်တဲ့ ခံစားချက်ကြောင့်ပါ.. ကြည်ဖြူကိုယ်တိုင်က အိမ်မက်လိုမို့.. နားလည်ပြီးသိနေတယ်.. ! !

မြတ်နိုးသူ said...

" နင်ပျော်တဲ့ နေရာမှာ ပဲ နေပါ.. သိပ်ချစ်လွန်းလို့ ငါနင့်ကို စွန့်လွတ်ခဲ့တာပါ.. နင်မပျော်မွေ့တဲ့ ငါ့ရင်ခွင်မှာ နင်ကို မနစ်မွန်းစေချင် လို့ပါ.. တကယ်တော့ ငါနင့်ကို တအားချစ်တာပါ.. "
ခံစားချက်အပြည့်ပါတယ်နော်
အားပေးသွားပါတယ်

မောင်ဘုန်း said...

လင့် က update မဖြစ်တာနဲ့  မရောက်ဖြစ်ဘူး အစ်မရေ ...
ပျောက်နေသလိုပဲနော် .... နေကောင်းပါစေဗျာ ... ။

ချစ်သောငါးလေး ကိုေ၇းထားတာ ခံစားချက်တွေ အပြည့်ပဲနော် .... ။


ခင်မင်စွာဖြင့်

မောင်ဘုန်း