Pages

Saturday, October 27, 2012

မြန်မာ ပြည်က လာတယ်ရှင့်..


တစ်ခုလောက် ရင်ဖွင့်ဦးမယ်..
အိမ်မက်တစ်ယောက်လဲ စိတ်ထဲ ရှိတိုင်း ဘလော့ဒ်ထဲ လာလာ အော်နေရတာ လာဖတ်တဲ့ သူတွေကို တစ်ခါတစ်လေ တော့လဲ အားနာတယ်..
ဒါပေမယ့်လဲ မအော်ရရင် ရင်ထဲ ပိုနေရခက်လွန်းလို့..
အင်း ပြောမယ်...

ဒီလိုလေ..
အသိမိတ်ဆွေ အသစ်ပဲ တိုးတိုး..
ကြုံလို့ပဲ ဖြစ်ဖြစ် ..
လမ်းသွားရင်း လာရင်းပဲ တွေ့တွေ့...
လူတစ်ချို့ မေးတက်တယ်...

ဘယ်က နိုင်ငံကလာလဲ တဲ့????
အိမ်မက် အမြဲ ပြန်ဖြေတယ် ...မြန်မာပြည်က လာတယ်လို့..
အများသိတာ Burma ဆိုတော့ Burma က လာတယ်ပေါ့..
ဒီတော့ အဲ့ဒါ ဘယ်မှာလဲ တဲ့..
ဒါနဲ့ Burma က အခု Myanmar လို့ခေါ်တယ် ပြောတော့ ..
ကျွန်းနိုင်ငံလားတဲ့...
ဒါနဲ့ သူတို့ ဂျာမန်တွေ စတန့်ထွင်ထားတဲ့ နာမည်ကို ပြောလိုက်တယ်.
Birma လို့.. 
တစ်ချို့လဲသိတယ် တစ်ချို့လဲ မသိဘူး....း(

မြန်မာဆိုတာကို မြန်မာလို့ ပဲ ပြောချင်တယ် ..ဖြစ်နိုင်ရင် တခြားနာမည်တွေ မပြောချင်တာတော့ အမှန်..ကိုယ့်နိုင်ငံကို နာမည် အရင်းနဲ့ ပဲ သူတို့ကို သိစေချင်တယ်..

သူတို့က တည်နေရာကို မသိတာနဲ့ပဲ ထုံးစံအတိုင်း Thailand နားမှာ ဆိုတော့ ...
အော် ထိုင်းလားတဲ့..
အဲ့လို အမေးခံရရင် တအားကို ဒေါသထွက်တာ..
မဟုတ်ဘူး ဆိုရင်..ထပ်မေးကြတယ်..
စကားတူလား အစားတူလား နီးလား..ဘာလားနဲ့..

ထိုင်းက ထိုင်း 
မြန်မာက မြန်မာပါ...
ထိုင်းနဲ့ မြန်မာ ဆင်တယ် ဆိုပေမယ့် သေချာကြည့်ရင် မတူသလို ရိုးရာ ယဉ်ကျေးမှုတွေလဲ ကွဲပြားနေတာ အများကြီးပါ..

ပြီးတော့ လမ်းမှာ ကြုံဖူးတာ..
ထိုင်းကလာတာလား ဖုန်းနံပါတ်ပေးပါလား ဆိုတာမျိုး...
သိပ်ကိုမုန်းတာ..
အိမ်မက် ဘယ်သူ့ကိုမှ စော်ကားတဲ့စကားမျိုး မပြောချင်ပါဘူး...ဒါပေမယ့် မြန်မာမိန်းကလေးတွေ ကို ထိုင်းထင်ပြီး လာလာ ညှိနေကြတာတွေကို ခံရခက်လွန်းလို့ပါ..
အိမ်မက်မှာလဲ ထိုင်းမိန်းကလေးမိတ်ဆွေ တွေရှိတယ် ..သူတို့ကိုယ်တိုင်တောင် တစ်ခါတစ်လေ ထိုင်းပါလို့ မပြောကြဘူး...ဟင်းးး

သင်္ကြန်ဆိုလဲ ဒီအတိုင်းပဲ..
အဲ့ဒါနင်တို့ နိုင်ငံမှာရော ရှိလားတဲ့..တကယ်တမ်းပြောကြေးဆို သူတို့က ယဉ်ကျေးမှုဆိုပေမယ့် ခုမှ ပိုပြီး ပေါ်ပြူလာ လုပ်နေကြတာပါ..
အိမ်မက်တို့ မြန်မာနိုင်ငံမှာ ရိုးရာ အတာသင်္ကြန်ဆိုတာ ရှိလာခဲ့တာ နှစ်ပေါင်းပဲ မရေတွက်နိုင်တော့ဘူး..ဒါကို သူတို့ကပဲ သူတို့စီက ကော်ပီလိုလို လာထင်ချင်သေး..စိတ်နာတယ် အဟုတ်

ခုချိန်မှာ ထိုင်း ထိုင်း ဆိုတာက ဥရောပတစ်ခွင် ပြဲပြဲစင် အောင် သိနေကြတော့..
မြန်မာ ဆိုတာကို ထိုင်းနဲ့ ရောထွေးပစ်ချင်ကြတာ..
မြန်မာဆိုတာက သူတို့ရဲ့ ကလုန်းလိုလို ထင်ချင်ကြတာ..

တကယ်တော့ မြန်မာ ကိုယ့်ထီးကိုယ့်နန်းနဲ့နေလာတာ.
ကိုယ်ပိုင်သမိုင်းရှိတယ်..
ကိုယ်ပိုင် ယဉ်ကျေးမှုရှိတယ်..
ကိုယ်ပိုင် ရိုးရာရှိတယ်..

အဲ့ဒါပဲ ခုတော့ အိမ်မက်ဘယ်တော့မှ ထိုင်းနားကလာတယ်လို့ မဖြေတော့ဘူး..အရင်ကတော့ သူတို့ သိသာမယ့် နေရာမျိုးနဲ့ ပြောရင် ပိုသိမယ်ထင်တာ..ဒါမျိုး ဖြစ်ဖြစ်နေတော့..
ခုမေးလာတိုင်း နဲနဲ အချိန်ယူပြီး ပြောတယ်..ငါတို့ နိုင်ငံက မြန်မာ..
ငါက မြန်မာပြည်က လာတာ.
မြန်မာပြည်ဆိုတာ China , India နဲ့ Thailand ကြားလောက်မှာ ရှိတာ..လို့

အဲ့ဒါမှ မသိသေးဘူး ဆိုရင် ထပ်မေးလိုက်တယ်..
ကမ္ဘာ့မြေပုံရော နင်တို့ မြင်ဖူးကြလားလို့.. မှတ်ကရော
ဒီလောက် အ  ပြီး ဗဟုသုတ မရှိတဲ့သူတွေ...

တစ်ခုတော့ ရှိတယ်နော်.. ဘာပဲပြောပြော အိမ်မက်တို့က ကမ္ဘာ့ နိုင်ငံတော်တော်များများကို ကျောင်းမှာ ကထဲက သင်ထားရတာ မသိတဲ့ နိုင်ငံမရှိသလောက်ပဲ..

သူတို့ကျတော့ ဥရောပ သာဆိုကြတယ် ကမ္ဘာ့မြေပုံတောင် စေ့စ့ စပ်စပ် မကြည့်ခဲ့ရဘူးထင်တယ်..

အဲ့ဒါကြောင့် အိမ်မက် သူတို့ကို ပြောတာ..
အိမ်မက်တို့ နိုင်ငံ ပညာရေးက သူတို့ထက်သာတယ် လို့...
း))

အိမ်မက်စေရာ
၂၇.၁၀.၁၂


5 comments:

ချစ်စံအိမ် said...

ပြောလိုက်အိမ်မက်ပြောလိုက်..စီး

နွေလ said...

ထိုင်းတွေနဲ့တော့ မတူချင်ပေါင်ခင်ဗျာ
အသံတွေက ဘယ်လိုမှန်းမသိ
မကောင်းဘူး ... မတူချင်ဘူး












စံပယ်ချို said...

jas လဲတွေ့ဖူးတယ် တချို့ပေါ့နော်
ခုထိမြန်မာဆိုတာမသိကြဘူး
သေချာကိုရှင်းပြတော့ လက်ကိုကွေးကွေးလေး
လုပ်ပြီးသေနပ်ပစ်သလိုပေါ့
အဲဒီနိုင်ငံကလားတဲ့ ပြီးပါလေရော
မသိသလိုထားတာမှကောင်းနေတာ
ကိုယ့်အတတ်ကိုယ်စူး
ပညာတတ်တဲ့သူတွေအတော်များများတော့သိကြပါတယ်
အရင်က ခဏခဏစိတ်ဆိုးတယ်
စိတ်ဆိုးရတာများတော့လဲ နေတတ်သွားတာပဲလေ
ချစ်တဲ့ sis jasmine

လပြည့်ရိပ် said...

ဟုတ်တယ် ညီမ ဒီမှာလည်း တူတူပဲ။

Candy said...

အိမ်မက်က တခါတခါ ထထပြီး ပေါက်ကွဲတတ်တယ် ကန်ဒီ့လိုပဲ :P ဒီမှာတော့ အာရှနိုင်ငံဆိုတော့ တော်တော်များများက ကွဲပြားသိကြတယ် ထင်တာပဲ :)