Pages

Thursday, November 1, 2012

မငိုပါနဲ့ သူငယ်ချင်းရယ်..း(




မငိုပါနဲ့ သူငယ်ချင်းရယ်..
ဟိုမှာ နင့်အတွက် လှပတဲ့ အနာဂတ်တွေ ရှိသေးတယ်..

မငိုပါနဲ့ သူငယ်ချင်းရယ်..
အချစ်ကို ဆုံးရှုံးရုံနဲ့တော့ နင့်ဘဝတစ်ခုလုံး ပျက်သုဉ်းမသွားပါဘူး..

လက်ချောင်းလေးတွေနဲ့ ရေတွက်ကြည့် 
အရွယ်ဆိုတာ နင့်မှာ ရှိသေးတယ်..
ဘာကို အားငယ်နေတာလဲ ..

အချစ်ဆိုတာလေ ဘဝထဲမှာရှိတဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ..
သူမရှိရင် မဖြစ်ဖူးဆိုပေမယ့်..
ရူးမတက်တော့ မခံစားပါနဲ့..

တစ်ယောက်ထဲလို့ မတွေးပါနဲ့ ..
ဒီကမ္ဘာမှာလေ ကိုယ်ချင်းစာစိတ်မရှိသူတွေ ရှိနေပေမယ့် 
နင့်ကို ဖေးမ ကူညီချင်သူလဲ ရှိနေနိုင်တာပဲလေ...

သတ္တိရှိပါ သူငယ်ချင်းရယ်..
ငါတို့တွေ မိဝေး ဖဝေး ဆွေမျိုးဝေးနဲ့ 
တစ်နိုင်ငံရပ်ခြားမှာ စီးပွားရှာနေရာတာ..
စိတ်ကို လျှော့ချလိုက်တာနဲ့..
အားလုံးပြိုလဲ သွားနိုင်တာလေ..

နင်လဲ ရင် နင့်ကို ထူမယ့်သူ ခုချိန်မှာ မရှိဘူး..

နင်ဘာလုပ်မလဲ သေချာစဉ်းစား..
လကုန်ချိန်ကို မျှော်နေမယ့် အမေ့မျက်နှာကို မြင်ယောင်ကြည့်..
ကျောင်းက အပေါင်းအသင်းတွေကြား မျက်နှာ ငယ်နေမလားလို့ မောင်လေးကို မြင်ယောင်ကြည့်..
အခက်အခဲတွေကြားက တစ်ဖက်ကအားလို့ ယုံကြည်နေတဲ့ အဖေ့ကိုလဲ မြင်ယောင်ကြည့်..
အဖြေတစ်ခုတော့ နင့်မှာ ရှိလာလိမ့်မယ်..

မငဲ့ကွက်သူကို ထည့်မတွက်နဲ့..
အထာကြွယ်သူကို အညှာမလွယ်နဲ့...
နောင်တ ဆိုတာ ရှိသ၍ 
နောက်ကျတယ်ဆိုတာ မရှိသေးပါဘူး..
စွန့်လွတ်ရဲဖို့ပဲ လိုတယ်..
ခြေဗလာနဲ့ မသွားရဲလို့
မတော်တဲ့ ဖိနပ်ကို စီးမိရင် 
နင်တစ်သက်လုံး ခြေထောက်နာမယ်..

နင့်ခေါင်းကို မော့ကြည့်လိုက်
လှပတဲ့ အရာတွေက နင့်ဦးခေါင်းနားလေး စီမှာပဲ..
အတုအယောင်တွေကြားထဲမှာ
အမြဲမသာယာပါနဲ့...
နင့်ကို နာကျင်စေတဲ့ အရာဆိုရင်
ဘာကြောင့် ဆုပ်ကိုင်ထားဦးမှာလဲ..
လွတ်ချချိန်ခဏတော့ နင်နှမြောလိမ့်မယ်..
အချိန်ကြာသွားရင်တော့ 
အမှန်တရားအတွက် နင်ကျေနပ်သွားလိမ့်မယ်..

သူငယ်ချင်းရယ်..
နင်လုပ်နိုင်တာတွေ အများကြီးရှိပါသေးတယ်..
လောကကို ရဲရဲ ရင်ဆိုင်လိုက်..
ခြေတစ်လှမ်းထပ်တိုးပြီး ဘဝ ကို ကြိုးစား..
သူများဆွဲချတိုင်း လဲ မကျပါစေနဲ့..
ကွယ်ရာမှာ နင့်ကို လှောင်ရယ်လိမ့်မယ်..
အဲ့လို အဖြစ်မခံနဲ့..
လောကဓံ ဆိုတာလေ
ရုတ်တရက်တိုက်တဲ့ လေကြမ်းလိုပဲ..
ကြိုတင်ပြင်ဆင်ချိန်မပေးတက်ဘူး..
စိတ်ခိုင်ဖို့ပဲ လိုတယ်..

မငိုပါနဲ့ သူငယ်ချင်းရယ်...... မငိုပါနဲ့....

အိမ်မက်စေရာ
၀၁.၁၁.၁၂

 ****************************                     **************************

( သိပ်ချစ်တဲ့ သူငယ်ချင်းအတွက်ရေးဖြစ်တဲ့ စာလေးပါ..ဖတ်ပြီး သွားရင် တစ်ခုခု အားပေးစကားလေးတွေ ထားခဲ့ စေချင်တယ်..အဝေးကြီးမှာ ရှိနေတဲ့ သူငယ်ချင်းအတွက် လုပ်ပေးနိုင်တာဆိုလို့ ဒါပဲ ရှိတာမို့ပါ )


11 comments:

Anonymous said...

cant typing MM font but i have full feeling into this poem reading

kaung kin said...

နင်ဘာလုပ်မလဲ သေချာစဉ်းစား..
လကုန်ချိန်ကို မျှော်နေမယ့် အမေ့မျက်နှာကို မြင်ယောင်ကြည့်..
i love those words :(

မဒမ်ကိုး said...

ခြေဗလာနဲ့ မသွားရဲလို့
မတော်တဲ့ ဖိနပ်ကို စီးမိရင်
နင်တစ်သက်လုံး ခြေထောက်နာမယ်..

သိပ်ကြိုက်တယ် အိမ်မက်လေး မတွေ့ရတာကြာပြီ ခုမှဘဲအလည်ရောက်တော့တယ်
ချစ်တဲ့

ဒိုးကန်

စံပယ်ချို said...

အိမ်မက်ရေ သူငယ်ချင်းကျေနပ်မှာပါ
ဂျက်လဲ ဘယ်တော့မှမငိုတော့ဘူးနော်
ချစ်တဲ့ sis jasmine

အလွမ်းမြို့ said...

အိမ်မက်လေးရေ

သူငယ်ချင်းအတွက် ကဗျာက
ခွန်အားပြည့်စေပါတယ်။
သူငယ်ချင်းလည်း ဖတ်ပြီး
ခွန်အားရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။


ခင်တဲ့
အလွမ်း

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးတကယ်ကောင်းတယ်

မြတ်နိုးသူ said...

ကဗျာလေးအားပေးသွားပါတယ်

Unknown said...

သူငယ်​ချင်း ကဗျာ​လေးအရမ်း​ကောင်​တယ်​​နော်​ကူယူသွားခွင့်​ပြုပါ​နော်​သူငယ်​ချင်း မျှ​ဝေချင်​လို့
ပါ ​ကျေးဇူးတင်​ပါတယ်​​နော်​...

Unknown said...

ကောင်းတယ်​ဗျာ ... သူငယ်​ချင်းတစ်​​ယောက်​ရဲ့ခံစားချက်​ ​တွေ အားမာန်​​တွေ ​လောကဓံ ကိုရင်​ဆိုင်​ရဲ နိုင်​​လောက်​ ကဗျာ ကြိုက်​တယ်​ဗျာ .......

yanmaneee said...

birkin bag
jordans
converse shoes
kate spade outlet
balenciaga trainers
balenciaga sneakers
adidas tubular x
adidas stan smith men
nike air max 97
yeezy

Unknown said...

c5k72w6g12 i5l12v0a42 j4g61g1d25 k0a52i9c40 d2k11d5v84 y4g54q4a08