Pages

Sunday, November 11, 2012

ကိုယ့်ကြောင့် ဖြစ်ပေါ်လာတဲ့ စာအုပ်တစ်အုပ် my life with a soul.. တဲ့




လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် က လူတစ်ယောက်( မြန်မာ မဟုတ်သူတစ်ဦး) နဲ့ အွန်လိုင်းမှ တစ်ဆင့်ရင်းနှီးခဲ့တယ်..
အွန်လိုင်းရဲ့ သဘောသဘာဝ အရ ဒီလိုပဲ ဟိုပြော ဒီပြော ရင်း သူငယ်ချင်း ဖြစ်သွားခဲ့ဖူးတယ်..
သူ့အကြောင်းသိရသလောက် အသက်ငယ်ငယ်လေး နဲ့ စိတ်ကျ သလိုဖြစ်နေပြီး အပေါင်းအသင်း လဲ သိပ်မရှိ သလောက်ပဲ..

အားတဲ့ အချိန် စကားပြော မအားတော့လဲ မက်ဆေ့ထားခဲ့ ဒီလို နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာခဲ့တယ်..

အခက်အခဲတွေ ရှိလဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုင်ပင် အားပေးဖြစ်တယ်..

ဘာမှ မဟုတ်ပေမယ့် စိတ်ညစ်စရာတွေကို မျှဝေရင်းပဲ အချိန်တွေ ကို ဖြတ်ကျော် လာခဲ့တယ်..

သူက စာဖတ် ဝါသနာပါသူ.. စာရေးတာ ဝါသနာ ပါသူ....ကိုယ်နဲ့ ဝါသနာတူသူပေါ့..

သူက အင်္ဂလိပ်စကားကို ကျွမ်းကျင်သူ..ကိုယ်က ဟိုတစ်လုံး ဒီတစ်လုံး ပြောတက်သူ.. 

အချိန်တွေ ကြာလာခဲ့ပြီးတော့ ကိုယ့်ဖက်ကပဲ အဆက်အသွယ် ဖြတ်ခဲ့တာ..အကြောင်းအရင်းကတော့ 

ကိုယ့်ဘဝရဲ့ လက်တွဲဖောက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး သူအထင်လွဲမှာကို မလိုလားလို့ပါ..

ဒီလိုနဲ့ အွန်လိုင်းပေါ်က သူငယ်ချင်းတစ်ယောက်ကို လွယ်လွယ်လေးပဲ မေ့သွားခဲ့တယ်..

တစ်ဖက်ကတော့ မကြာမကြာ မက်ဆေ့တွေ ထားပြီး နှုတ်ဆက်လေ့ရှိတယ်..

ကိုယ့်ဖက်ကတော့ အကြောင်းမပြန်ဖြစ်ခဲ့ဘူး.............

သူက ပြောလာတယ်..စာအုပ်တစ်အုပ်ရေးဖြစ်တယ်..
သူ့ရဲ့ ဘဝအကြောင်း ခံစားမှုအကြောင်း ဘာသာရေးနဲ့ ခံယူချက် အကြောင်း ပြီး ကိုယ့်အကြောင်းတဲ့...

ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ရဲ့ စကားက ကိုယ့်ကို ဘယ်လို မှ ဆွဲဆောင်မှုမပေးနိုင်ခဲ့သလို ယုံလဲ မယုံခဲ့ဘူး..
သူက ထပ်ပြောသေးတယ်..
စာအုပ်ကို ပက်ဘလစ်ရှ် လုပ်ပြီးပြီ...ထုတ်လုပ်ဖြန့်ချီ ပြီးပြီတဲ့...

တစ်နှစ်ကျော်မက ကြာပြီးတဲ့အချိန် ကိုယ်သိပ်ပျင်းလို့ အွန်လိုင်းပေါ် ကိုယ့်နာမည်ရိုက်ထည့် ပြီး ဘာတွေများ ရှိမလဲလို့ ရှာကြည့်လိုက်တော့ ....
စာလုပ်လေး တစ်အုပ်ပေါ်လာတယ်... 

My Life With a Soul တဲ့...


စာရေးသူ အမည်မှာတော့ ..ထို ဆယ်ကျော်သက်အမည်နဲ့ စာအုပ်အကြောင်း အကျဉ်းချုပ်မှာတော့ ကိုယ့်နာမည် တွေ့လိုက်တယ်..

တကယ်ကို အံ့သြသွားခဲ့ရသူက ကိုယ်ပါ..
သူ့စီကို ကွန်ကရက်ကျူလေးရှင်း လုပ်ကြောင်း စာပို့လောက်တယ်..သူ့ရဲ့ အောင်မြင်မှုအတွက်တော့ တကယ့်ကို ဂုဏ်ယူ ဝမ်းသာမိပါတယ်..

သူနဲ့ ဆုံတွေ့စဉ်က ကိုယ်က ပျော်ပျော်နေတက်တဲ့ ကောင်မလေး ..
သူက စိတ်ကျနေတဲ့ ကောင်လေး..

အချိန်အကြာကြီး ကုန်လွန်ပြီးတော့ ကိုယ်က ရက်စက်တဲ့ အပြောင်းအလဲတွေကြားမှာ လောကဓံကို လူးလှိမ့်ပြီးခံစားရင်း စိတ်ကျချင်လာတဲ့ ကောင်မလေး..
သူက ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ သူ့ရဲ့ လမ်းကြောင်းပေါ် ရပ်တည်နိုင်ခဲ့သူ ကောင်လေး..


ဒီထက်ပိုပြီး အောင်မြင်ပါစေ ....!!!!

အိမ်မက်စေရာ
၁၁.၁၁.၁၂

5 comments:

လပြည့်ရိပ် said...

စာအုပ်ကလေးက စိတ်ဝင်စားစရာ.. အင်တာနက်ကနေခင်မင်မိသူတွေက အလေးအနက်ဖြစ်သွားတတ်သူတွေလည်း ရှိတတ်ပါတယ်။

Mrs. Bagel said...

အမှန်ကတော့ ဘယ်ကခင်ခင်၊ သူငယ်ချင်းအစစ်အမှန်ဆိုတာ ရှိတတ်မြဲပဲနော်။

Candy said...

ဘယ်လောက်ပျော်စရာကောင်းလဲနော်.... ကိုယ့်နာမည်လေးနဲ့ဆိုတော့ အမှတ်တရလေးပေါ့ :D

အလွမ်းမြို့ said...

တကယ်အားပေးသွားတယ်။ မင်္ဂလာ သတင်းလေးပေါ့။
ထပ်တူထပ်မျှ ဝမ်းသာပါတယ်။



ခင်မင်တဲ့
အလွမ်း

yanmaneee said...

louboutin shoes
vans shoes
yeezys
supreme new york
converse outlet
louboutin shoes
yeezy shoes
kobe sneakers
converse outlet
kd shoes