Pages

Sunday, June 19, 2011

ပါးပါး အတွက်....

ပါးပါး အတွက်..

ဟိုးအရင် ကနှစ်တိုင်းဒီအချိန်ဆို အဖေ့အတွက် အမှတ်တရလက်ဆောင် တစ်ခုခုပေး ဖြစ်နေကျ.. ဒီနိုင်ငံကြီးရောက်ပြီးနောက်တော့ အဖေ့ကို မပေးဖြစ်တော့ဘူး.. ဒါပေမယ့် ရင်ထဲမှာ အဖေ အမြဲရှိနေတယ်..
သမီးက အဖေတူသမီး အဖေ့ရဲ့ အသဲ.. လောကကြီးထဲမှာ ဘယ်သူ့ကို မှ မျှဝေမပေးချင်လို့ တစ်ယောက်ထဲရောက်လာခဲ့တာ.. သမီးလောကကြီးထဲ ပထမဆုံးရောက်တဲ့နေ့ အဖေအနားမှာ မရှိဘူး

အဲဒီနေ့က

စနေနေ့.... တိုက်ဆိုင်စွာ တူညီမှုတွေထဲက အဖေ့ရဲ့ မွေးရက်မှာ ပဲ သမီးလောကထဲ ရောက်လာတာ.. အဲ့ဒါ သမီးအမြဲကျေနပ်နေတဲ့ အချက်..လှိုင်းလုံးတွေကြားမှာအလုပ်လုပ်ရတဲ့အဖေက နောက်တစ်ရက်မှ သမီးရဲ့မျက်နှာကို မြင်ခွင့်ရခဲ့တယ်.. အဲ့လိုနဲ့ ကောင်မလေး တစ်ယောက် ကြီးပြင်းလာတယ် အဖေ.. အော် အဖေတူသမီးက အဖေ့လိုပဲ ခြေထောက်ခွင်ခွင်လေးနဲ့ မလှပေမယ့်လဲ သမီး နှစ်သက်တယ် အဖေ.. ပြီးတော့ အဖေ့ရဲ့ ပါးမို့မို့ လဲ သမီးရထားလေရဲ့....


သူများတွေက ပြောတာ အမေဆိုတာ သူငယ်ချင်းလိုပဲတဲ့.. သမီး အတွက် တော့ အဖကသာ သူငယ်ချင်းကောင်းဖြစ်ခဲ့တာ လောကမှာ ဘယ်အရာကို မဆို အဖေနဲ့တိုင်ပင် နေကျ အဖေ့ရဲ့ အကြံဥာဏ်သာ သမီးအတွက် အရေးပါဆုံးဖြစ်ခဲ့တာ.. ဘာကိုမဆို အဖေနားလည်ပေးတက်တယ် ဒေါသဆိုတာ အဖေ့မျက်နှာပေါ်မှာ တစ်ခါမှာ သမီးမမြင်ဖူးခဲ့ရဘူး တကယ်တော့ အဖေက အတ္တနဲ့ အသက်မရှင်သူပေါ့.. သမီးမျက်ရည်ကျရင် ထပ်တူထပ်မျှ ဝမ်းနည်းတက်သူ.. မငိုပါနဲ့ သမီးရယ် လို့ အမြဲနှစ်သိမ့်တက်သူ

ဒါတင်မက လူငယ်သဘာဝကို နားလည်ပေးတက်သူ ..သမီးရဲ့ မွေးနေ့ပွဲတိုင်းကို ပျော်ရွင် လွပ်လပ်စွာ ဖန်တီးပေးသူ .. သူငယ်ချင်းတွေ အားလုံးပေါ်မှာ လဲ သားသမီးလို ချစ်တက်သူပေါ့ ဒါကြောင့် အားလုံးကလဲ အဖေ့ကို သမီးခေါ်သလို ပါးပါး လို့ ခေါ်ကြတာပေါ့....


ဟော နောက်တစ်ခု သမီးစားတဲ့ ဟင်းလျာတိုင်းကို အဖေလက်ရာ ပဲဖြစ်စေသူပေါ့.. ဒီခက်ဆိုးဆိုးသမီးက အဖေမှ ဟင်းမချက်ရင် ထမင်းကို ကောင်းကောင်း မစားတက်လွန်းလို့ အဖေ အလုပ် အမြဲ များရတာပေါ့.. သမီးက အဖေ့သမီးဖြစ်ရခြင်းကို အမြဲပဲ ဝမ်းသာ ဂုဏ်ယူတယ် အဖေ.. ဘယ်လို ပြဿနာ မျိုးမဆို အဖေနဲ့ တိုင်ပင် ရင်ဖွင့်ရင်း အသက်ရှင်ရတာကို က သမီးကျေနပ်နေတာ...

အဖေ့ကို သမီး သိပ်ချစ်တယ်အဖေ ဘယ်သူတွေ ဘာတွေနဲ့မှ နှိုင်းမရအောင်ချစ်တာပါ.. မှတ်မိသေးလားအဖေ သမီးဘွဲ့ယူတဲ့နေ့ အဖေ့ရဲ့ ပီတိပြုံးတွေနဲ့ သမီးခေါင်းပေါ်က ပန်းကလေးတွေကိုတောင် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးနေသေးတာ... အဲ့ဒီနေ့က အဖေသိပ်ပျော်တယ်.. အဖေက သမီးရဲ့ မျက်ရည်ကို သိပ်မုန်းတယ် ဒါကြောင့်လဲ သမီး အဖေ့ရှေ့မှာ ဘယ်တော့မှ မငိုဘူးအဖ.. အဖေကို လေ သိပ်စိတ်ချမ်းသာစေချင်လို့...


အခုတော့ သမီး အဖေနဲ့ ဝေးနေရတယ်အဖေ.. အဲ့ဒါ သမီးစိတ်အဆင်းရဲဆုံး.. သူငယ်ချင်းတစ်ယောက်ကပြောတယ် အဖေ.. အဲ့ဒါ နင်အသုံးမကျလို့တဲ့ နင် အဖေ့ကို ပစ်ထားတယ်တဲ့.. မဟုတ်ရပါဘူး အဖေရယ်.. ဒီလမ်း ဒီခရီးကိုသမီး မလာချင်ဆုံး ဆိုတာ အဖေ အသိ...

ဒါဆို ဘာကြောင့် ရောက်လာလဲ.. ဘာကြောင့်လို့ အဖေထင်လဲ... ဒါဟာ အဖေ့ရဲ့ ဆန္ဒမို့ပေါ့ အဖေ
ပြီး အဖေ့ကို အပစ်တင်မခံရအောင်ပေါ့.. မျက်ရည်တွေနဲ့ သမီး ဒီခရီး ကို ထွက်ခဲ့တာပါ အဖေရယ်...


တမ်းတတယ် အဖေရယ် ..အဖေ့ရဲ့ ချစ်ခြင်း နားလည်မှု အားပေးမှု အားလုံးပါ အဖေ

တကယ်တော့ အဖေ့သမီးဟာ.. အဖေ့ရဲ့ မေတ္တာကြောင့်သာ လောကကြီးထဲမှာ အသက်ရှင်နေနိုင်တာပါ....
စာတွေအများကြီးရေးချင်သေးတယ်အဖေ.. ဘယ်လောက်ရေးရေး ရေးလို့ကုန်မှာ မဟုတ်ဘူး..
အဖေ့ကို ပိုပို ပြီး သတိရမှာ ကြောက်လို့ ဒီလောက်ပဲရေးလိုက်တယ်နော် အဖေ...
အဖေ့ကို လွမ်းတဲ့ ဝေဒနာက သမီး အနာကျင်ဆုံးမို့ပါ .....

ချစ်တဲ့သမီး
( သမီးရဲ့ facebook မှာ အဖေ ရှိတယ် ဆိုတာ သူများတွေသိရင် အံသြမှာနော် အဖေ သမီးတို့သားအဖက သိပ်ပွင့်လင်းလွန်းလို့လေ....)

7 comments:

လပြည့်ရိပ် said...

မိဘနဲ့ ဝေးနေတဲ့ သားသမီးတိုင်းမှာတော့ ခံစားချက်တူညီမှုရှိမှာပါလေ။ စကားလုံးလေးတွေက အဖေကို ချစ်တဲ့သမီးမှန်းသိသာလွန်းပါတယ်။ အိမ်လွမ်းရင်၊ ပျော်ရွှင်စရာ၊ စိတ်ညစ်စရာတွေရှိရင် စကားလုံးတွေသာ များများသွန်ချရေးလိုက်ပါ။ ကိုယ်လည်းပေါ့သွားမယ်။ စာဖတ်သူတွေကိုလည်း မျှဝေခံစားစေတယ်ပေါ့။ အားပေးနေပါ့မယ်။ :-) ဖရန့်ဖွတ်အကြောင်းလေးတွေလည်း မျှဝေပါဦး ညီမရေ...

မယ့်ကိုး said...

ချစ်သောသူနဲ့ကွေကွင်းရခြင်း ဆင်းရဲဟာ သိပ်ဆိုးတယ်ဆိုတာ နားလည်ခံစားမိပါတယ် ညီမလေး...

KMC@ချင်းလေး said...

သူငယ်ချင်းရေးထားတာဖတ်ပြီးတော့ငိုင်ကျသွား မိတယ်ဗျာ။ပါပါးဆိုတာကိုအဲလိုတစ်ခေါက်မှမစဉ်း
စားပေးမိဘူးလေ။ကျနော်ကမာမားCrazy ပေါ့...။
အရေးအသား၊ အနွဲ့လေးတွေကြိုက်တယ်ဗျာ.. :-)

အိမ်မက်စေရာ said...

ဟုတ်ကဲ့ပါနော် ဖရန့်ဖွတ်အကြောင်း ရေးပါဦးမယ် လပြည့်ရိပ် လာလည်တာ ကျေးဇူးပါ..
မမမယ်ကိုး အမြဲ နားလည် ခံစားပေးတဲ့အတွက် မွမွ..
သူငယ်ချင်း ကိုချင်းရေ အဲလိုလေး အားပေးတော့ တော်တော့ကို အားရှိသွားတာ..ကျေးဇူးပါ.

tavo said...

f1y56w2u05 b7a84h5x34 a5k62m1n16 r8d30c4k01 e2i81d0t08 z8x80i8s13

Unknown said...

e5x14o9y22 m6u55n8h49 x3j79w2w49 j2i76m8w19 z7m17g5k71 b2a33z9q64

pheyto said...

f4n77y6c59 k1z65b0i29 m3y39z7m90 a3a20o4w39 u1m51l5g57 f3g01y0k48