Pages

Sunday, August 28, 2011

Blog Day ( Tag Post)





Blog Day..........
Blog day.............


ဒီတစ်ခေါက်လဲ အစ်ကို ကိုချင်း tag ထားလို့ ရေးဖြစ်တယ်လေ.. blog စရေးတဲ့ အချိန်ကနေ ဒီနေ့အထိ tag လုပ်ပေးတဲ့သူဆိုလို့ အဟုတ် လက်ချိုးရေတွက် ကြည့်လို့ အစ်ကို ချင်း တစ်ယောက်ပဲ ရှိတာပါ . ဒါကြောင့် ပထမဆုံး အစ်ကိုချင်း chinmg.blogspot.com ကျေးဇူးတင်ကြောင်းလေး ပြောပါရစေ.
Blog day ဆိုတာ Aug 31 မှာ ကျရောက်တဲ့ အမှတ်တရနေ့လေးတစ်နေ့ပါ.. အထိမ်းအမှတ်အနေနဲ့ blogger တွေက blog အသစ် ၅ ခုကို စာဖတ်သူတွေ blogger တွေနဲ့ မိတ်ဆက်ပေးရတာပါ.. တဲ့
ဟုတ်ကဲ့ နံပါတ်တစ်က တော့ အိမ်မက်စေရာ ကျွန်မပါပဲ.. ၂၀၁၁ ဇန်နဝါရီလထဲ မှာ blog လောကထဲကို စဝင်ဖြစ်ခဲ့တာမို့ အသစ်ဆိုလဲဟုတ် အစိမ်းသက်သက် ဆိုလဲ ဟုတ်ပါတယ်..
blog လေး ဘယ်လိုဖြစ်လာလဲ ဆိုတော့.. သူများတွေ blog ရေးကြတာ အင်မတန်မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်လေးတွေနဲ့ပါ.. blog တော်တော်များများကို ဖတ်ကြည့်လိုက်ရင်ဖြင့် အားလုံးနီးပါးဟာ သုတ ရသ ..တွေ ဟာသ ရယ်ရွှင်စရာစေလေးတွေ အသိပညာ တွေ.. နူးညံ့တဲ့ စိတ်ခံစားမှုလေးတွေ ပေးနိုင်ကြတာ ချည်းပါပဲ..ဒါပေမယ့် အဲ့ဒီအထဲမှာ အိမ်မက်စေရာ မပါဘူး ထင်ပါရဲ့ .. :p


ဒီ Blog လေးကို စတင်ဖို့ အတွက် အဓိက တွန်းအားဖြစ်စေခဲ့တဲ့ blog လေးတစ်ခု ရှိပါတယ်.. အဲ့ဒါကတော့ မမမယ်ကိုး maecoe.blogspot.com ရဲ့ blog လေးပါပဲ.. ဘာကြောင့် စာရေးဖြစ်တာလဲ ဆိုရင် စိတ်ညစ်လို့ပါလို့ ပြောရမလိုပါ... တကယ်တော့ စိတ်ဓါတ်အရမ်းကျ နေတဲ့ အချိန်မှာ စတင်ပြီးတော့ စာရေးဖြစ်ခဲ့တာပါ.. ဘယ်သူမှ အားပေးမယ့်သူ မရှိသလို ဘယ်သူမှ ကူညီမယ့်သူ မရှိပဲ blog ကို တိတ်တိတ်လေး စတင်ဖြစ်ခဲ့တာပါ..မမမယ်ကိုးရေးတဲ့ အင်မတန်အနှစ်ပါတဲ့ စလေးတွေဖတ်ရင်းနဲ့ တစ်ယောက်ထဲ အရာရာကို ကြိတ်မှိတ်ခံစားနေမယ့်အစား စာရေးရင်းနဲ့ စိတ်ဖြေမယ် .. စိတ်အပြောင်းအလဲ လေးလုပ်မယ် ..လို့ စဉ်စားမိတယ်.. ငယ်ငယ်ကထဲက စာရေး ကဗျာရေးတော့ အရမ်းကို စိတ်ဝင်စားခဲ့တာပါ.. ပါရမီမပါသလို အရည်အချင်းလဲ မရှိလေတော့ စာကောင်းတစ်ပုဒ်ဖြစ်အောင်တော့ မရေးတက်ခဲ့ပါ. ဒါပေမယ့် စာရေးချင်တဲ့ စိတ်ကလေးနဲ့ ခြေထောက်သုံးချောင်းပါတဲ့ စားပွဲလို အနားမညီတဲ့ အိမ်မက်စေရာ ဆိုတဲ့ blog လေး ဖြစ်လာခဲ့တာပါ..

တိတ်တိတ်လေး ဟိုရေး ဒီရေး လုပ်နေရင်းက blgger တစ်ချို့ စတင် သထိတားဖို့ ဖြစ်လာခဲ့တာကလဲ မမမယ်ကိုးရဲ့ ကျေးဇူး ပါ. ဖေဖေါ်ဝါရီလမှာ ကျရောက်တဲ့ အိမ်မက်ရဲ့မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် သူ့ရဲ့ ဘလော့ဒ်မှာ post လေးတစ်ခုရေးပေးပြီး အိမ်မက်စေရာ link လေးကို အားလုံးစီကို အရောက်ပို့ပေးခဲ့တာပါ..
မမမယ်ကိုး အရမ်းကျေးဇူးတင်ကြောင်း ထပ်ပြီးပြောပါရစေ မမ....

ရောက်ဖြစ်တဲ့ Blog တွေကတော့ အများကြီးပါပဲ. . ဟင်းမချက်တက်တဲ့သူတွေအတွက် အဆင်ပြေပြီး ဖော်ရွေတဲ့ တီတီဆွိရဲ့ blog
သဘောကောင်းတဲ့ ကိုချင်း
အတက်ပညာတဲ့ ပါတက်တဲ့ ကိုထွဍ္ဍ် ရဲ့ Blog
ပြီး ဗဟုသုတတွေ မျှဝေပေးတဲ့ အစိမ်းရောင်လွင်ပြင်
ညီမလေး ဝက်ဝံလေး (ခုစာတွေ သိပ်မရးတော့ပါ)
စာရေးကောင်းတဲ့ နိုင်းနိုင်းစနေ
လပြည့်ရိပ်
Rose of sharon
အဖြူရောင်နတ်သမီး.... ဆက်ရေးရင် ဆံ့မှာ မဟုတ်တော့ပါဘူး.. အားတဲ့ အခါတိုင်းရောက်ဖြစ်တယ်ဆိုတဲ့အကြောင်းလေးပြောပါရစေ..နဲနဲ ရှည်သွားပြီထင်တယ်နော် Blog အသစ် ၅ခု က ခုနက တစ်ခုပြောပြီးသွားပြီ.. ကျန်တဲ့ စာရေးကောင်းတဲ့ သူတွေကတော့..
ဂငယ်၏လွယ်အိတ် 3rdalphabet.blogspot.com
ချက်လေး chatlay.blogspot.com
ပူးပူး su-lay.blogspot.com
မေသိမ့်သိမ့်ကျော် maytheint2kyaw.com


ကဲ နောက်ဆုံးအနေနေ့ ကျရောက်လာတဲ့ BLOG DAY နေ့ လေးမှာ စားရေးသူ Blogger အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ပြီး စာတွေအများ ရေးနိုင်ကြပါစေ လို့...........

မေတ္တာဖြင့်
အိမ်မက်စေရာ

13 comments:

KMC@ချင်းလေး said...

ဖတ်လိုက်တယ်၊ပြီးတော့စိတ်လည်းဆိုးတယ်:(....။
ကိုယ့်ထက်စောနေတယ်ဆိုတာကိုယ်ကမသိတော့ကိုယ့်
ထက်နောက်ကျတဲ့သူဆိုပြီးငဲ့နေမိတာ..ဟွန်းးးတော်ပြီ
မငဲ့တော့ဘူးမမကြီးရေ...:Pခုမိတ်ဆက်ပေးတဲ့သူတွေ
ဆီသွားလည်လိုက်ပါ့မယ်နော်အစ်မကြီး...။သြော်.မေ့လို့
တဂ်ပို့စ်လေးခင်မင်မှု့အမှတ်တရရေးပေးတာကျေးဇူးကျေးဇူး။
........အစ်မကြီးအိပ်မက်ပျော်ရွှင်ပါစေကွယ်......။

အိမ်မက်စေရာ said...

အဲတော် စိတ်ဆိုးပါနဲ့....တစ်ချက်လေး စောင်းငဲ့ကြည့်ဦး.. စောသာစောတာ blog က ဒီအတိုင်း ဗလာကြီးပါ.. ကိုချင်းရေ မငဲ့ဘဲနဲ့တော့ မနေပါနဲ့နော်..နိုလိုက်မှာ ဟင့် ရွတ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမရဲ့ အကြံပေးပါဆိုတဲ့ နေရာမှာ ဘာသာရေးအကြောင်း ရေးချင်တယ်လို့ ရေးထားတာ တွေ့လိုက်မိတယ်
ကိုယ်ကိုးကွယ်ယုံကြည်တဲ့ဘာသာအကြောင်း သူများတွေကို သိစေချင်တာ ၊ သိသင့်တယ်လို့ ထင်တာလေးတွေ မျှဝေသင့်ပါတယ်။ ဒါဟာလည်း မိမိဘာသာဖြစ်စေ သူတစ်ပါးဘာသာဖြစ်စေ လေ့လာစရာတွေ သိစရာတွေ အများကြီးရှိနေတဲ့ နက်နဲတဲ့အကြောင်းအရာတွေပါဘဲ။
ညီမသိတာလေးကို ရိုးရိုးသားသားနဲ့ ကိုယ်နားလည် ဥာဏ်မီသလောက် ဖော်ထုတ်ရေးသားသင့်တယ်လို့ ခင်မင်စွာနဲ့ အကြံပြုချင်ပါတယ်။

စံပယ်ချို said...

အိမ်မက်လေးရေ...ရောက်ပြီးစာတွေဖတ်နေပါတယ်
ကဗျာတွေရေးတာကောင်းပါတယ်...ဖတ်ခဲ့ဖူးတာပဲ
နောင်လဲဒီထက်ရေးနိုင်ပါစေ....
ချစ်ခင်တဲ့ jasmine

8Yar said...

Blog Day မှာရေးထားတဲ့ Blog သမိုင်းလေးကိုဖတ်သွားပါတယ် ခင်ဗျာ။ ကောင်းသောနေ့ လေးဖြစ်ပါစေ။

Anonymous said...

ညီမလေးလည်းဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျလို့..
ဘလော့ဂါတာဝန်များကိုဆက်လက်ထမ်းရွက်နိုင်ပါစေကြောင်း..
ဆုတောင်းပေးပါတယ်ရှင်။
ခင်မင်စွာနဲ့
အစ်မသမီးစံ

့မြသွေးနီ said...

ဤနေ့ ဤရက် ဤဘလော့ဒေးမှသည် ဆက်လက်၍ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် ဘလော့ဂ်ဂင် နိုင်ပါစေကြောင်း ဆုမွန်ချွေခဲ့ပါ၏။

မဒမ်ကိုး said...

ဘလော့ဂါကိုမြင်လိုက်သည်
သည်ဘလော့ဂါရုပါဖြောင့်သည်..
ဘလော့ဂါဒေးမှသည်.နောင်နှစ်ပေါင်းများစွာတိုင်
ဆက်လက်ချီတက်ဘလော့ဂင်နိုင်ပါစေ.....လို့
ခင်တဲ့
မဒိုးကန်

rose of sharon said...

လာလည်သွားတယ်ညီမလေးရေ... ဆက်လက်ဘလော့ဂင်းနိုင်ပါစေလို့ဆုတောင်းပေးသွားတယ်နော်...

မယ့်ကိုး said...

ညီမလေး ရေးထားတာလေးက ချစ်ဖို့ကောင်းလိုက်တာ ... ကိုယ့် blog လေးကို စတင်မိတ်ဆက်ပေးပုံလေးက သိပ်ချစ်ဖို့ကောင်းတယ်း)
မမကို သတိရတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
ညီမလေး ပျော်ပျော်ရွှင်ရွှင်နဲ့ စာတွေ အမြဲဆက်ရေးနိုင်ပါစေ။
ညီမလေးစာတွေကို အမြဲဖတ်ကာ အားပေးနေမယ့် မမပါး)

အိမ်မက်စေရာ said...

လာလည်ပြီးအားပေးတဲ့ အတွက် အိမ်မက် အားလုံးကို ကျေးဇူးတင်ပါတယ်..အကြံကောင်းလေးပေးသွားတဲ့ အစိမ်းရောင်လွင်ပြင်
ကဗျာတွေကြိုးစားပြီးရေးပါဦးမယ်လို့ မမjasmine ရေ
ဘလော့သမိုင်းလေး အားပေးသွားတဲ့ ကို 8yar
ပေးတဲ့ဆုနဲ့ပြည့်ပါရစေ အစ်မသမီးစံ
ဘလော့ဂါရူပါဖြေင့်တယ်ဆိုတဲ့ မဒိုးကန် ကြုံတဲ့အခါ မုန့်ကျွှေးမည်..
ပထဦးဆုံးအကြိမ်အလည်လာတယ် မမမြသွေးနီ
မရောက်တာကြာပြီဖြစ်တဲ့ ရှရွန်နှင်းဆီ
ချစ်ဖိုးကောင်းလိုက်တာဆိုတဲ့ မမ မယ်ကိုး..
အားလုံးကို အထူးကျေးကျေးပါလို့
အိမ်မက်စေရာ

ချက်လေး said...

အိမ်မက်ရေ လာဖတ်သွားတယ်နော်..ကျွန်တော် အိမ်မက်ဆီမှာ အကြွေးတစ်ခု ရှိတယ်...အလုပ်မအားလို့ ဘလော့ မ၀င်ဖြစ်တာ တောင်းပန်ပါတယ် ဒီတပါတ်တော့ ရေးဖြစ်မယ်ထင်ပါတယ်....
ဆက်ပြီး အားပေးနေမယ်နော်

yanmaneee said...

nike air max
lebron 17
coach handbags
michael kors handbags
lebron 17
nike max
off white shoes
kyrie shoes
golden goose outlet
kd 11